Tuesday, September 14, 2010
NLD ပါတီနှင့် CRPPသို့ လမ်းပြကြယ်မှအိတ်ဖွင့်ပေးစာ ၂၀၁၀ခုနှစ်စက်တင်ဘာလ(၁၄)၇က်
ပြည်သူလူထုက အားကိုးပြီး အလေးထားနေကြသည့် စွမ်းအားကို ဘယ်လိုမြင့်တင်ပေးရမလဲ ဆိုတဲ့အချိန် တနည်းပြောရရင် နောက်ဆုံးအချိန် ရောက်ရှိနေပါပြီ။ သို့လောသို့လော တွေဝေနေရမည့် အချိန်မဟုတ်တော့ လေလှိုင်းကနေပြီး တိုင်းပြည်ကို ကယ်တင်ရှင်ကြီးသဖွယ်လုပ်နေခြင်း၊ နောက်၁ခုက ဒေါ်စုကမှာလိုက်တယ် ပြောလိုက်တယ်ဆိုပြီး မိမိတစ်ဦးထည်းဆန္ဒကို ထည့်သွင်းပြီး နိုင်ငံရေးလုပ်နေသော ရှေ့နေကြီး ဦးဥာဏ်ဝင်းလုပ်ရပ်ကို ရပ်တန်းကရပ်သင့်ပြီလို့ ပြောချင်ပါတယ်။
၂၀၁၀ခုနှစ် ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း NLD ကကြေညာလိုက်တော့ ပြည်သူလူထုက ၀မ်းသာသွားကြတယ် ဒါပေမယ့် နှုတ်ကသာပြောပြီး လက်တွေ့ကျကျအလုပ် အပြောနှင့်ညီအောင်မလုပ်ခဲ့ပါဘူး ကြေညာချက်တွေထုတ်နေတာလည်း ဂိုဒေါင်နှင့်ထည့်ထားရတာ အများကြီးဖြစ်နေပါပြီ။ လက်တွေ့ကျကျ အကောင်အထည်မဖော်နိုင်လို့ ရွေးကောက်ပွဲ ဇွတ်အတင်းလုပ်လာရင် ဘာလုပ်သင့်လဲဆိုတာကို ထည့်သွင်း မစဉ်းစားတော့ဘူးလား အသက်တွေလည်းကြီးလို့ သေရမှာ မကြောက်ရတော့မည့်အရွယ်တွေ ရောက်နေကြပါပြီ ပြတ်သားသောဆုံးဖြတ်ချက်ကို ချပေးစေလိုပါတယ်။
တိုင်းပြည်အပြောင်းအလဲဖြစ်အောင် လုပ်မည့်သူ၏ ဦးဆောင်မည့်နောက်ကို အသက်နှင့်ထောင်ကိုရင်းပြီး စွန့်ကြမည့်သူတွေ အများကြီိးရှိနေတယ်ဆိုတာ သတိပေးလိုက်ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အား ယုံကြည်လေးစားလျှက်
ဦးအေးမြင့် (လမ်းပြကြယ်)
မှတ်ချက်။ ။ အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းပြောတဲ့ စကားတွေအပေါ် အန်အယ်လ်ဒီက ခွဲထွက်သွားခဲ့တဲ့ အန်ဒီအက်ဖ်ခေါင်းဆောင် ဦးခင်မောင်ဆွေကလည်း ဒေါ်စုက တဆင့်ပြောလိုက်တယ်ဆိုတာ ကျနော်တို့ သိရတာမှမဟုတ်ပဲ ဦးဥာဏ်ဝင်း ပါးစပ်ကပြောမှ တဆင့်သိရတာဆိုတဲ့ အပြောမျိုး မီဒီယာတွေကို ပြောခဲ့ဘူးပါတယ်။ စာဖတ်သူတို့ကရော ဘာဖြစ်ချင်လဲ ဘယ်လိုသဘောထားလဲ သဘောထားတွေ သိချင်ပါတယ်။
5 comments:
  1. ဦးအေးမြင့်အပေါ် ပြည်သူတစ်ဦးအနေဖြင့် ဖြေကြားချက်
    ဦးအေးမြင့်အပေါ် တချို့ ဒီမိုကရေစီဘက်တော်သားအစစ်တွေ ကိုယ်တိုင်က အနှုတ်လက္ခဏာ နဲ့ သံသယ အမြင်အမျိုးမျိုး ရှိကြပါတယ်။ ကျွန်တော် လက်မခံခဲ့ပါ။ ဦးအေးမြင့် လုပ်ဆောင်ခဲ့တာတွေနဲ့ပါတ်သက်ပြီး လေးစားပါတယ်။ အကျိုးရှိခဲ့တာလည်း ယုံကြည်ပါတယ်။
    အခု ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုနဲ့ အသင့်တော်ဆုံး အလုပ်ကို NLD ခေါင်းဆောင် တွေ လုပ်နေကြတယ်လို့ ရှင်းလင်းစွာ ယုံကြည်ပါတယ်။ ဆေးကုသမှုခံယူနေတဲ့ အဘ ဦးတင်ဦး၊ ဦးဝင်းတင် တို့ ကို အားပေးခြင်း၊ စကားနာထိုး မြှောက်ပေးခြင်း ကိုလည်း ဦးအေးမြင့်ရဲ့ ရိုးသားတဲ့ အားပေးမှု လို့ပဲ လက်ခံ ပါတယ်။ ခေါင်းဆောင်ကြီးတွေလည်း ကျွန်တော်တို့ ခင်ဗျားတို့ထက် ပိုတဲ့အမြင်၊ ခင်ဗျားတို့ ကျွန်တော်တို့သိတာထက် ပိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အကြံပေးလမ်းညွှန်မှုတွေကို ဆွဲကိုင်ထားကြ မှာ ဖြစ်ပါတယ်။ အချိန်ကိုစောင့်ကြည့်ပြီး အဆင်သင့်ဖြစ်စေဖို့၊ ကိုယ့်ဝန်းကျင်ကို အဆင်သင့်ဖြစ်အောင် လုပ်ထားကြဖို့ ပဲ ရှိပါတယ်။
    ဦးဥာဏ်ဝင်းကတစ်ဆင့် ညွှန်ကြားမှု ပြောဆိုမှုအတွက်တော့ သံသယဖြစ်စရာ အကြောင်းမရှိပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ရေဒီယို နားထောင်ပါတယ်။ အခြေအနေအားလုံးကို မြင် သိ နေပါတယ်။ ဦးဥာဏ်ဝင်း နဲ့ တစ်ခါတည်း တွေ့ခဲ့တာမဟုတ်ပဲ အကြိမ်ကြိမ်တွေ့ခဲ့တာ ဘာမှ မရိုးမသား လုပ်စရာ အကြောင်းမရှိပါ။ ဒါက common sense နဲ့ စဉ်းစားရင် ကို သိသာပါတယ်။ ဦးအေးမြင့် ဆန္ဒစော နေတယ် လို့ပဲ ပြောလိုပါတယ်။ အများပြည်သူအကျိုးအတွက် လုပ်ဆောင်နေသမျှ အားပေးပါတယ်။ လမ်းညွှန် အကြံပေးခြင်း၊ ဝေဖန်ပြုပြင်ခြင်း များကို ကြိုဆိုအားပေးပါတယ်။ ဦးအေးမြင့်အပေါ် အမြင်ဆိုးတွေ သံသယ တွေကို ဦးအေးမြင့် လုပ်ပြနေတာတွေနဲ့ ကျွန်တော်တို့ ခြေဖျက်ပြီးမြင်သလို မခိုင်လုံတဲ့ သံသယ တွေကို မေ့မပစ်နိုင်တောင် ဗိုက်ထဲမှာထားပြီး မိမိယုံကြည်ချက်အတိုင်း ဆက်လုပ်ရမှာဖြစ်ပါတယ်။ လူတိုင်း ဟာ ကိုယ့်တာဝန်ကိုယ်ကျေကြခြင်းဖြင့် ဒီမိုကရေစီ ပန်းတိုင်ကို မကြာခင်ရောက်နိုင်ကြမှာဖြစ်ပါတယ်။
    မောင်စောနောင်
    ရန်ကုန်မြို့။
    ReplyDelete
  2. ဦးအေးမြင့်ရဲ့ လုပ်ဆောင်နေတဲ့ ... ခဲ့တဲ့ ... အလုပ်တွေ အပေါ်မှာ ချီးကျူးဂုဏ်ပြုမိပါသည် ... မီဒီယာများ၏ ကျေးဇူးကြောင့် သူတစ်ယောက်ထဲသာ စွမ်းစွမ်းတမံဖြင့် လုပ်ဆောင်နိုင်သည်ဟု ထင်မြင်နေကြသူများလဲ ရှိနိုင်ပါသည် .......
    သို့သော် ....သူ့လိုပင် ကျိုးပမ်းလုပ်ဆောင်နေကြသော လူမသိ သူမသိ ပုဂ္ဂိုလ်တွေ ...... ဖြစ်ရပ်တွေလဲ များစွာရှိနေပါသည် ...
    ယခုကိစ္စမှာ ... ကိုယ်လုပ်ရမည့် အလုပ်ကို ကိုယ်မလုပ်ဘဲ ... ကိုယ်မသိ နားမလည်သည့် ကိစ္စကို ဝင်ရှုပ်သည့် လူရှုပ်တဦး၏ လုပ်ရပ် အဖြစ်သာ သုံးသပ် ထင်မြင်မိပါသည် ......
    နိုင်ငံရေးကိစ္စများကို ခုတမျိုး တော်ကြာတမျိုး ဗလောင်းဗလဲ ပြောလို့ရသည်ဟု မထင်ပါ ....
    လူတွင်ကျယ် ဝင်လုပ်ပြီး ဆရာကြီး လုပ်ချင်နေသည့် စိတ်ကို ပြန်သတိထား ပြုပြင်ဖို့ အချိန်ရပါသေးသည် ....
    အာဏာရှင် စစ်အုပ်စု၏ အောက်တွင် ဖြစ်ချင်တိုင်းဖြစ် ပျက်ချင်တိုင်းပျက် နေသည့်နိုင်ငံနှင့် ဥပဒေမဲ့လုပ်ရပ်များ ... တရားမျှတမှု ကင်းမဲ့နေမှုများကို ဥပဒေပညာရှင် တယောက်ဖြစ်သော ဦးအေးမြင့် ပိုနားလည်ပါလိမ့်မည် ... ဦးအေးမြင့် နေသော ပဲခူးတွင် ဖြစ်သွားခဲ့သည့် အဖြစ်ကလည်း ပူပူနွေးနွေးပင် ရှိနေပါသေးသည် ...
    နိုင်ငံကို စစ်ကျွန်အဖြစ် ရာသက်ပန်ဖြစ်စေမည့် ဖွဲ့စည်းပုံ ဥပဒေကို အတည်ပြုကာ ...
    တရားဝင် အာဏာရယူချင်နေသည့် စစ်အုပ်စုကို တရားဝင်ကြောင်း အသိအမှတ်ပြုအောင် လိမ်လည်ဖန်တီး လုပ်ကြံပြုလုပ်ထားသော ရွေးကောက်ပွဲကို မဲပေးဖို့ ... အထူးသဖြင့် NLD က သစ္စာဖေါက် ပဲ့ထွက်သွားသည့် NDF ကို မဲဆွယ်ကာ ... NLD ကို စော်ကားတိုက်ခိုက်သည့် စကားကို ပြောနေခြင်းသည် .... လက်ခံနိုင်စရာမရှိပါ ....
    ကိုယ့်ကိုကိုယ် ပြန်ပြင်ဖို့ အချိန်ရှိပါသေးသည် ဟု အကြံပြုလိုပါသည် ... သို့သော် မြန်မြန်ပြင်ဖို့တော့ လိုပါသည်ခင်ဗျား .... မပြင်လဲ ကိစ္စမရှိပါ ....... ကိုယ်ပြုသောကံ ကိုယ်သာခံရမည် .................
    ReplyDelete
  3. (ကြေညာချက်တွေထုတ်နေတာလည်း ဂိုဒေါင်နှင့်
    ထည့်ထားရတာ အများကြီးဖြစ်နေပါပြီ။) …..
    ခင်ဗျားက မှတ်တမ်းအဖြစ် သေသေချာချာ
    သိမ်းထားတယ်ထင်တယ် ကောင်းပါတယ် …..
    နိုင်ငံရေးပါတီ တရပ်ရဲ့ သဘောထားကို အများသိအောင်
    ကြေညာချက်ထုတ်တာ မလုပ်သင့်ဘူးလား ….
    အဲဒါမှ မဟုတ်ရင် ဘာတွေလုပ်သင့်တယ်ဆိုတာ
    သေသေချာချာရှင်းအောင်ပြောပေါ့ ….
    (လက်တွေ့ကျကျ အကောင်အထည်မဖော်နိုင်လို့
    ရွေးကောက်ပွဲ ဇွတ်အတင်းလုပ်လာရင် ဘာလုပ်သင့်လဲ
    ဆိုတာကို ထည့်သွင်း မစဉ်းစားတော့ဘူးလား) …..
    သပိတ်မှောက်တယ်လို့ ကြေညာပြီးပြီလေ …
    ခင်ဗျား နားမလည်သေးဘူးနဲ့တူတယ် …
    အတုအယောင် ရွေးကောက်ပွဲကို မဲမပေးနဲ့ပေါ့ …
    မဲမပေးဘဲ နေပိုင်ခွင့်ရှိတယ်လို့ ပြောပြီးပြီ
    အတင်းမဲပေးခိုင်းရင်လဲ ပယ်မဲဖြစ်အောင်လုပ်ပေါ့….
    ဘာလဲ … ခင်ဗျားက အခက်အခဲ အတားအဆီး
    အကြပ်အတည်းကြားက လုပ်နေတဲ့သူတွေကို
    ထောင်ထဲအတင်းဝင်ခိုင်း စေချင်နေတာလား …
    အင်းလေ …. ခင်ဗျားက နားမလည်လို့လဲ
    မဲထည့်ဖို့ စည်းရုံးနေတာကိုး ……
    ခင်ဗျားက ကိုယ်ကလည်း ဦးမဆောင်နိုင်
    ရှေ့ကနေ ဦးဆောင်လဲ နောက်ကမလိုက်
    ဘေးကကန့်လန့်လိုက်မဲ့ ဂဏန်း၊ လွယ်အိတ်မျိုး ….
    (အသက်တွေလည်းကြီးလို့ သေရမှာ
    မကြောက်ရတော့မည့်အရွယ်တွေ
    ရောက်နေကြပါပြီ ပြတ်သားသော
    ဆုံးဖြတ်ချက်ကို ချပေးစေလိုပါတယ်)။ …
    ခင်ဗျားဆိုလိုချင်တာက အဖိုးကြီးတွေကို
    မထူးဇတ်အတင်းခင်းခိုင်းနေတာလား
    ပြတ်သားတဲ့ ဆုံးဖြတ်ချက်ဆိုတာ
    ဘယ်လိုပြတ်သားခိုင်းတာလဲ …
    ပြတ်သတ်ထွက်ကုန်တာမျိုးကိုလား ..
    ရှင်းရှင်းပြောစေချင်ပါတယ် …
    အစိုးရဖွဲ့ခိုင်းတာလား ..
    လမ်းပေါ်ထွက်ခိုင်းတာလား …
    သပိတ်မှောက်ဖို့ပြောတာကိုတောင်
    လိုက်မလုပ်နိုင်ဘဲ အတုအယောင်
    ရွေးကောက်ပွဲကို မဲပေးဖို့ကြိုးစားနေတာ
    ဘာသဘောနဲ့ သူများကိုတိုက်တွန်းတာလဲ
    (တိုင်းပြည်အပြောင်းအလဲဖြစ်အောင်
    လုပ်မည့်သူ၏ ဦးဆောင်မည့်နောက်ကို
    အသက်နှင့်ထောင်ကိုရင်းပြီး စွန့်ကြမည့်သူတွေ
    အများကြီိးရှိနေတယ်ဆိုတာ သတိပေးလိုက်ရပါတယ်)။
    အဲဒီအထဲမှာတော့ ခင်ဗျားပါမယ်လို့
    မထင်ဘူး … ဘာဖြစ်လို့လဲဆိုတော့
    အခုရွေးကောက်ပွဲကိစ္စမှာ
    ခင်ဗျားရဲ့ ရပ်တည်ချက် သဘောထားကို
    သိလိုက်ရလို့ပဲ ……
    ဦးအေးမြင့် … ခင်ဗျား
    ကိုယ်တတ်နိုင်တဲ့ … လုပ်နိုင်တဲ့
    နေရာကနေပြီး တိုင်းပြည်အကျိုး
    ပြည်သူတွေအကျိုးကို အကောင်းဆုံး
    သယ်ပိုးထမ်းဆောင်ခြင်းသာ
    အကောင်းဆုံးဖြစ်လိမ့်မည်ဟု
    အကြံပြုလိုပါသည် …..
    ကိုယ်နားမလည်သော မသိသော
    အကြောင်းအရာများကို ဝေဖန်ပြီး
    လူတွင်ကျယ်လုပ်ခြင်းမှာ
    ကောင်းသည့်အရာမဟုတ်ပါ ….
    လမ်းပြကြယ် မှ လမ်းပျောက်ကြယ်
    အဖြစ်သို့ မရောက်ရန် ပြုပြင်ဖို့
    အချိန် အနည်းငယ်ရှိသေးကြောင်း
    အကြံပြုလိုက်ပါသည်။
    အောင်ကျော်နိုင် (၈၈)
    ReplyDelete
  4. မှတ်မိနေပါသေးတယ် … ဦးအေးမြင့်ခင်ဗျား
    လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က ….
    နယ်မြို့လေးတမြို့ကနေ
    ဒေသခံအာဏာပိုင်တွေရဲ့
    အနိုင်ကျင့်ဗိုလ်ကျခြင်းခံရလို့
    အားကိုးတကြီးနဲ့ အထက်လူကြီး ဆိုသူတွေကို
    တိုင်ကြားပေးဖို့ အကူအညီ လာတောင်းကြတာ …..
    သေချာချိန်းထားတဲ့နေရာကို ခင်ဗျားကရောက်မလာဘဲ
    ဒုက္ခရောက်ခဲ့လို့ … ပြန်ပြောပြသူတွေအကြောင်း
    ပြည်တွင်းသတင်းထောက်တွေရဲ့
    သတင်းပေးပို့မှုကြောင့် DVB ကထုတ်လွှင့်ပေးတဲ့
    ရုပ်မြင်သံကြားအစီအစဉ်ကနေ ကြည့်လိုက်ရပါတယ် ….
    အဲဒီတုန်းကတည်းက …. အပေါ်မှာရေးထားသလို
    ခင်ဗျားကို ယုံကြည်မှုမရှိခဲ့ပါဘူး ….
    ပြည်ပမီဒီယာတွေရဲ့ ကောင်းမှုနဲ့
    နာမည်လေးနဲနဲ ထွက်လာတော့…
    အခု … ဆရာကြီးလိုလိုနဲ့
    သူများကို လျှောက်စော်ကား
    လူတွယ်ကျယ်ဝင်လုပ်ပြန်ပြီ …
    ခင်ဗျားရဲ့ အိတ်ဖွင့်ပေးစာထဲက ….
    (နောက်ဆုံးအချိန် ရောက်ရှိနေပါပြီ) ဆိုတာ
    ခင်ဗျားရောက်နေတဲ့ အချိန်လား ဦးအေးမြင့် …
    (လေလှိုင်းကနေ တိုင်းပြည်ကို
    ကယ်တင်ရှင်ကြီးသဖွယ် လုပ်နေခြင်း)
    ဆိုတာလည်း ကိုယ့်ကိုကိုယ် ပြောတယ်နဲ့တူတယ်
    ခင်ဗျား ဆိုလိုချင်တဲ့ NLD က အဲဒီလိုပြောခဲ့လို့လား …
    (ဒေါ်စုကမှာလိုက်တယ် ပြောလိုက်တယ်ဆိုပြီး…..
    မိမိတဦးထဲဆန္ဒကို ထည့်သွင်းပြီး
    နိုင်ငံရေးလုပ်နေသော
    ရှေ့နေကြီး ဦးဥာဏ်ဝင်းလုပ်ရပ်ကို
    ရပ်တန်းကရပ်သင့်ပြီလို့ပြောချင်ပါတယ်။) …
    ဆိုတော့ … ခင်ဗျားက ဦးဥာဏ်ဝင်းကို
    ပုဂ္ဂိုလ်ရေးအရ စော်ကားတိုက်ခိုက်ပြီး
    ရပ်တန်းကရပ်လို့ အမိန့်ပေးရအောင်
    ခင်ဗျားက ဘာလဲ ….
    စွမ်းအားရှင်လား သတင်းပေးလား ……
    (၂၀၁၀ခုနှစ် ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း
    NLD ကကြေညာလိုက်တော့ ပြည်သူလူထုက
    ပြည်သူလူထုက ဝမ်းသာသွားကြတယ် ဆိုတော့
    ခင်ဗျားကတော့ ဝမ်းသာတဲ့အထဲ ပါပုံမရဘူး
    ဘာဖြစ်လို့လဲ ဆိုတော့ အခု ဦးခင်မောင်ဆွေ၊
    ဒေါက်တာသန်းငြိမ်း တို့ကို ဆရာတင်
    NDF ကို ထောက်ခံမဲပေးဖို့
    မဲဆွယ်ပေးဖို့ လုပ်နေတာကိုး …
    (ဒါပေမယ့် နှုတ်ကသာပြောပြီး
    လက်တွေ့ကျကျအလုပ်
    အပြောနှင့်ညီအောင်မလုပ်ခဲ့ပါဘူး)
    ဒါလည်း ခင်ဗျားကိုယ့်ကိုကိုယ် ပြောနေတာနဲ့တူတယ်
    ခင်ဗျားပြောခဲ့တာတွေနဲ့ အခုလုပ်နေတာတွေလေ
    မဟုတ်ဘူးလား ……
    ReplyDelete
  5. (ကြေညာချက်တွေထုတ်နေတာလည်း ဂိုဒေါင်နှင့်
    ထည့်ထားရတာ အများကြီးဖြစ်နေပါပြီ။) …..
    ခင်ဗျားက မှတ်တမ်းအဖြစ် သေသေချာချာ
    သိမ်းထားတယ်ထင်တယ် ကောင်းပါတယ် …..
    နိုင်ငံရေးပါတီ တရပ်ရဲ့ သဘောထားကို အများသိအောင်
    ကြေညာချက်ထုတ်တာ မလုပ်သင့်ဘူးလား ….
    အဲဒါမှ မဟုတ်ရင် ဘာတွေလုပ်သင့်တယ်ဆိုတာ
    သေသေချာချာရှင်းအောင်ပြောပေါ့ ….
    (လက်တွေ့ကျကျ အကောင်အထည်မဖော်နိုင်လို့
    ရွေးကောက်ပွဲ ဇွတ်အတင်းလုပ်လာရင် ဘာလုပ်သင့်လဲ
    ဆိုတာကို ထည့်သွင်း မစဉ်းစားတော့ဘူးလား) …..
    သပိတ်မှောက်တယ်လို့ ကြေညာပြီးပြီလေ …
    ခင်ဗျား နားမလည်သေးဘူးနဲ့တူတယ် …
    အတုအယောင် ရွေးကောက်ပွဲကို မဲမပေးနဲ့ပေါ့ …
    မဲမပေးဘဲ နေပိုင်ခွင့်ရှိတယ်လို့ ပြောပြီးပြီ
    အတင်းမဲပေးခိုင်းရင်လဲ ပယ်မဲဖြစ်အောင်လုပ်ပေါ့….
    ဘာလဲ … ခင်ဗျားက အခက်အခဲ အတားအဆီး
    အကြပ်အတည်းကြားက လုပ်နေတဲ့သူတွေကို
    ထောင်ထဲအတင်းဝင်ခိုင်း စေချင်နေတာလား …
    အင်းလေ …. ခင်ဗျားက နားမလည်လို့လဲ
    မဲထည့်ဖို့ စည်းရုံးနေတာကိုး ……
    ခင်ဗျားက ကိုယ်ကလည်း ဦးမဆောင်နိုင်
    ရှေ့ကနေ ဦးဆောင်လဲ နောက်ကမလိုက်
    ဘေးကကန့်လန့်လိုက်မဲ့ ဂဏန်း၊ လွယ်အိတ်မျိုး ….
    (အသက်တွေလည်းကြီးလို့ သေရမှာ
    မကြောက်ရတော့မည့်အရွယ်တွေ
    ရောက်နေကြပါပြီ ပြတ်သားသော
    ဆုံးဖြတ်ချက်ကို ချပေးစေလိုပါတယ်)။ …
    ခင်ဗျားဆိုလိုချင်တာက အဖိုးကြီးတွေကို
    မထူးဇတ်အတင်းခင်းခိုင်းနေတာလား
    ပြတ်သားတဲ့ ဆုံးဖြတ်ချက်ဆိုတာ
    ဘယ်လိုပြတ်သားခိုင်းတာလဲ …
    ပြတ်သတ်ထွက်ကုန်တာမျိုးကိုလား ..
    ရှင်းရှင်းပြောစေချင်ပါတယ် …
    အစိုးရဖွဲ့ခိုင်းတာလား ..
    လမ်းပေါ်ထွက်ခိုင်းတာလား …
    သပိတ်မှောက်ဖို့ပြောတာကိုတောင်
    လိုက်မလုပ်နိုင်ဘဲ အတုအယောင်
    ရွေးကောက်ပွဲကို မဲပေးဖို့ကြိုးစားနေတာ
    ဘာသဘောနဲ့ သူများကိုတိုက်တွန်းတာလဲ
    (တိုင်းပြည်အပြောင်းအလဲဖြစ်အောင်
    လုပ်မည့်သူ၏ ဦးဆောင်မည့်နောက်ကို
    အသက်နှင့်ထောင်ကိုရင်းပြီး စွန့်ကြမည့်သူတွေ
    အများကြီိးရှိနေတယ်ဆိုတာ သတိပေးလိုက်ရပါတယ်)။
    အဲဒီအထဲမှာတော့ ခင်ဗျားပါမယ်လို့
    မထင်ဘူး … ဘာဖြစ်လို့လဲဆိုတော့
    အခုရွေးကောက်ပွဲကိစ္စမှာ
    ခင်ဗျားရဲ့ ရပ်တည်ချက် သဘောထားကို
    သိလိုက်ရလို့ပဲ ……
    ဦးအေးမြင့် … ခင်ဗျား
    ကိုယ်တတ်နိုင်တဲ့ … လုပ်နိုင်တဲ့
    နေရာကနေပြီး တိုင်းပြည်အကျိုး
    ပြည်သူတွေအကျိုးကို အကောင်းဆုံး
    သယ်ပိုးထမ်းဆောင်ခြင်းသာ
    အကောင်းဆုံးဖြစ်လိမ့်မည်ဟု
    အကြံပြုလိုပါသည် …..
    ကိုယ်နားမလည်သော မသိသော
    အကြောင်းအရာများကို ဝေဖန်ပြီး
    လူတွင်ကျယ်လုပ်ခြင်းမှာ
    ကောင်းသည့်အရာမဟုတ်ပါ ….
    လမ်းပြကြယ် မှ လမ်းပျောက်ကြယ်
    အဖြစ်သို့ မရောက်ရန် ပြုပြင်ဖို့
    အချိန် အနည်းငယ်ရှိသေးကြောင်း
    အကြံပြုလိုက်ပါသည်။
    အောင်ကျော်နိုင် (၈၈)
    ReplyDelete