-->

Friday, April 20, 2012

ကူဝိတ်ရောက် ရွှေမြန်မာများ ဒုက္ခရောက်နေ

ပြီးခဲ့တဲ့နှစ်က ရွှေအင်အားကုမ္ပဏီကနေ ကူဝိတ်ကို ပို့လိုက်တဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေဟာ မူလက ကတိစာချုပ်မှာပါတဲ့ လခ အမေရိကန်ဒေါ်လာ ၃၅၀ မရတဲ့အပြင် ပန်းရံနဲ့လက်သမားအလုပ်တွေဘဲလုပ်ရမယ်ဆိုပြီး ခုတော့ မြေကျင်းတူးတဲ့အလုပ်တွေလုပ်နေရလို့ အဆင်မပြေဖြစ်နေကြပါတယ်။ ပြန်ပို့ဖို့ တောင်းဆိုတော့လည်း လတ်တလောပြန်မပို့နိုင်သေးဘူးလို့ ကုမ္ပဏီဘက်ကပြောလို့ မြန်မာသံရုံးကို အကူအညီတောင်းတော့လည်း သူတို့နဲ့မသက်ဆိုင်ဘူး ကုမ္ပဏီနဲ့ ညှိပေးပါ့မယ်ပြောတာ ရက်ကြာနေပြီလို့ပြောကြပါတယ်။ အခုနောက်ဆုံး စာရင်းအရ မြန်မာပြည်ကို ဘာဖြစ်ဖြစ်ပြန်မယ်ဆိုတဲ့ မြန်မာ ၆၄ ယောက်ဟာ မြန်မာသံရုံးရှေ့ကို သွားရောက် တောင်းဆိုဆန္ဒပြဖို့ထိ စီစဉ်ထားတယ်လို့ သိရကြောင်းပါ။

1 comment:

Tenissary said...

လုပ့်လိုက်လေ၊ ကြာသလားလို့ ။
ပြောမှသိ၊ထိမှနာ၊ သာမှနေ၊ သေမှခင်
ဤလေးအင်၊ လူ တွင်မကျင့်ရာ လို့ မှတ်ဘူးပါတယ်။
ပြောလို့ လဲမသိ၊ ဆိုလို့ လည်းမရ၊ ကိုယ်တာဝန်ကိုလည်းကိုယ်ကျေပြွန်အောင်မလုပ်နိုင်၊ ရ၊ လ၊ ဝ၊....ရဘို့ ချည်းဘဲ့ကြည့်နေတတ်တဲ့၊ လူ ဗလနံတွေကို ဆန္ဒပြမှ ရနိုင်မယ်ဆို ဆန္ဒပြ၊ ဒီထက်မက လုပ့်ဘို့ လိုရင်လည်း၊ ပြောမနေနှင့်၊ ဖြစ်အောင်သာ
လုပ့်ကြ ပါဗျို့ ။