
အိုင်းရခ်ျလူမျိုး အသက် ၃၃ နှစ်အရွယ် Stephan Gately ဟာ သူနဲ့လက်ထပ်ထားတဲ့ လိင်တူချစ်သူ Andy Cowles နဲ့အတူရှိနေခဲ့ပြီး နောက်တနေ့မှာတော့ နှိုးမရတော့ပဲ သေဆုံးနေတာကိုတွေ့ရတယ်လို့ ဆိုပါတယ်။
သူနဲ့နီးစပ်တဲ့ အသိုင်းအ၀ိုင်းကတော့ သူဟာ အရက်သောက်ထားဟန်ရှိပြီး အိပ်ပျော်သွားရာက နောက်တနေ့မှာတော့ နှိုးမရတော့တာဖြစ်တယ်လို့ ပြောပါတယ်။
သူသေဆုံးသွားတယ်ဆိုတဲ့ သတင်းကို ကြားလိုက်ရတဲ့ သူ့ရဲ့သူငယ်ချင်း Boyzone အဖွဲ့သားတွေဟာ ထိတ်လန့်ပြီး မယုံကြည်နိုင်လောက်အောင် အံ့သြခဲ့ရတယ်လို့ ဆိုပါတယ်။
Boyzone က သူ့ရဲ့ သူငယ်ချင်းတွေဟာ တနင်္ဂနွေနေ့မှာ သူသေဆုံးရာ မာဂျောကာကို သွားလိမ့်မယ်လို့ သိရပါတယ်။
အညာနွေတမာမြေ
No comments:
Post a Comment