
နိုင်ငံကျော်ဓမ္မကထိက ပြည်တွင်းပြည်ပသာသနာပြု ဖြူးဆရာတော်ဘုရားကြီး ဘဒ္ဒန္တနရပတိ သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ရှိ ဖရာရမ် ၉ ဆေးရုံ (PRARAM 9 HOSPITAL)၊ စတုတ္ထထပ် အတွင်းလူနာဆောင် အခန်းအမှတ် (၃)တွင် ကျောက်ကပ်ရောဂါဝေဒနာကို ဆေးကုသမှုခံယူလျှက်ရှိနေရာမှ နိုဝင်ဘာလ(၂၁)ရက်နေ့တွင် စင်းလုံးငှားလေယာဉ်ဖြင့် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ ပြန်လည် ကြွသွားခဲ့ပါတယ်။ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ အာရှတော်ဝင်ဆေးကုခန်းမှာ ဆက်လက်ဆေးကုသမှု ခံယူလျှက်ရှိနေရာ ဒီကနေ့မနက် ၇နာရီခန့်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူသွားခဲ့ပါတယ်။
ဆရာတော်ကို စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ပင်စိမ်းခင်းရွာနေ အဖ ဦးဘဇွန် အမိ ဒေါ်ဒေါ်မေ တို့မှ ၁၉၄၁ တွင်ဖွားမြင်ပြီး မွေးချင်းလေးယောက်အနက် အငယ်ဆုံးသားရတနာဖြစ်သည်၊ ဆရာတော်ကို နိုင်ငံတော်အစိုးရက ဓမ္မကထိက ဗဟုဇနဟိတဓရ ဘွဲ့ကိုဆက်ကပ်ခဲ့သည်၊ ဆရာတော်ရဲ့ ရုပ်ကလာပ်ကို လှိုင်မြို့နယ် ဓမ္မရက္ခိတမဟာစည်သာသနာရိပ်သာမှာ ပူဇော်ခံထားမှာဖြစ်ပါတယ်။
မနက်ဖြန်ကစပြီး နာမည်ကျော်ဓမ္မကထိက ဆရာတော်တွေက အလှည့်ကျ ဓမ္မပူဇာသဘင် ဆင်ယင်ကျင်းပမှာဖြစ်ပါတယ်။ နိုဝင်ဘာ ၃၀ ရက်နေ့ရောက်ရင်တော နိဗ္ဗာန်ကျောင်းချအခမ်းအနားနဲ့ သာဓုကီဠန ဈာပန သဘင် ပြုလုပ်မှာဖြစ်ပြီး ရေးဝေးသုဿန်မှာ မီးသဂြိုဟ်ပါမည့်အကြောင်း ရပ်ဝေးရပ်နည်းမှ ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းကို ၀မ်းနည်းစွာ အကြောင်းကြားအပ်ပါတယ်။
ဆရာတော်ဟောကြားခဲ့သော တရားများကို နာယူလိုသူများအနေနဲ့ အောက်ပါလင်ခ်တွေမှာ သွားရောက်နားကြားနိုင်ပါကြောင်း လက်ဆင့်ကမ်းဓမ္မဒါနပြုလိုက်ပါတယ်။
http://zambuthiri.blogspot.com
http://maymaelapyaewann.tk/
အညာနွေတမာမြေ
No comments:
Post a Comment