မြန်မာ့လေတပ်သုံး တိုက်လေယာဉ်တစီး ရန်ကုန် မင်္ဂလာဒုံ လေတပ်စခန်းနားမှာ ဒီကနေ့ မနက်ပိုင်းက ပျက်ကျခဲ့ပြီး လေယာဉ်မှုး ပြည့်ဖြိုးမျိုး သေဆုံးသွားတယ်လို့ ရန်ကုန်ကလာတဲ့ အေပီနဲ့ ရိုက်တာ သတင်းတွေမှာ ဖော်ပြထားပါတယ်။
လေယာဉ်မှူးတဦးတည်း မောင်းလို့ရတဲ့ တရုတ်နိုင်ငံလုပ် F-7 ဂျက်တိုက်လေယာဉ် အမျိုးအစားဟာ မြေပြင်ကို ပြန်ဆင်းတဲ့ ဂီယာ ထိုးလို့မရ ဖြစ်ခဲ့ပြီး မြေပြင်ကို ပျက်ကျခဲ့တာ ဖြစ်ပါတယ်။
မြေပြင်ကို လေယာဉ်မကျခင် လေယာဉ်မှူးက အချိန်မီ ခုန်ထွက်ခဲ့ပေမဲ့လည်း အရေးပေါ်လေထီး မပွင့်ခဲ့လို့ လေယာဉ်မှူး သေဆုံးခဲ့ရတယ်လို့ မျက်မြင်သက်သေတဦးက ဗွီအိုအေကို ရှင်းပြပါတယ်။
မြန်မာစစ်အစိုးရဟာ လေတပ်သုံး တိုက်လေယာဉ်တွေကို တရုတ်နဲ့ ရုရှားနိုင်ငံတွေက ၀ယ်ယူတယ်လို့ သတင်းတွေ ထွက်နေတာပါ။
ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကလည်း ရုရှားနိုင်ငံက MIG 29 ဂျက်တိုက်လေယာဉ် အစီး ၂၀ ၀ယ်ယူဖို့ သဘောတူခဲ့တဲ့အကြောင်း၊ ဒီ တိုက်လေယာဉ်တွေအတွက် အမေရိကန်ဒေါ်လာ ၅၇၂ သန်းကျော် ကုန်ကျမယ့်အကြောင်း ရုရှားနိုင်ငံ မော်စကိုထုတ် သတင်းစာတစောင်မှာ ဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့ ဒီသတင်းနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ကိုတော့ မြန်မာစစ်အစိုးရကရော ရုရှားအစိုးရကပါ ငြင်းဆိုခဲ့ကြပါတယ်။
၁၉၉၀ ခုနှစ်ကစပြီး မြန်မာပြည်မှာ စစ်လေယာဉ် မတော်တဆ ဖြစ်မှုတွေ အနည်းဆုံး ၁၀ ခုလောက် ရှိပါပြီ။
ဒီသတင်းကို ဗီအိုအေ စာမျက်နှာမှ ကူးယူပါသည်၊
Rest of your post
အညာနွေတမာမြေ
No comments:
Post a Comment