ဒီကနေ့ မတ်လ ၂၉ ရက်နေ့ အန်အယ်လ်ဒီဗဟိုရုံးချုပ်မှာ ကျင်းပနေတဲ့ ပြည်နယ်တိုင်းပေါင်းစုံက အန်အယ်လ်ဒီ ကိုယ်စားလှယ်တွေ ၄၀၀ ကျော်လောက် တက်ရောက်နေပါတယ်၊ ရုံးရှေ့ မှာတော့ လုံထိမ်းကား အစီး ၂၀ လောက် ချထားတာတွေ့နေရပါတယ်၊ အစည်းအဝေးကို ဥက္ကဌ ဦးအောင်ရွှေ ကျမ္မာရေး မကောင်းသဖြင့် မတက်ရောက်နိုင်ပါ။ သူ့ သဘောထားကိုတော့ ဒုဥက္ကဌ ဦးတင်ဦးက ဖတ်ကြားပါလိမ့်မယ်။
အခုလတ်တလော နောက်ဆုံးသတင်းအရ မကွေး။ ပဲခူး၊ ကချင်၊ ကရင်၊ ချင်း၊ တနင်္သာရီ နဲ့ စစ်ကိုင်း တိုင်းက ကိုယ်စားလှယ်တွေ သဘောထားတင်ပြပြီးပါပြီ၊ အားလုံးက မှတ်ပုံမတင်ရေး သဘောထားတွေ တင်ထားပါတယ်၊ နောက် တနာရီနေရင် အရေးကြီးတဲ ဆုံးဖြတ်ချက်ကို ချနိုင်တော့မှာပါ၊
ဆက်လက်ပြီး တင်ပြပေးပါ့မယ်၊
Rest of your post
အညာနွေတမာမြေ
No comments:
Post a Comment