
စာထဲမှာတော့ ဘယ်သူတွေ ဘယ်လောက်လှူတယ် စက်ကဘယ်လောက်ကျမယ် ဘယ်လောက်ရပြီဆိုတာတွေ ရေးထားပြီး လုပ်ငန်းရှင်တွေရဲ့ စေတနာသဒ္ဓါတွေကို ဈေးဖြတ်ပြီး ၁၀ သိန်းကနေ သိန်း ၁၀၀ ထိ ဓမြတိုက်ပါတော့တယ်၊


်
အရင်က ဆေးခန်းလိုင်စင်ကြေး နှစ်စဉ် ၁၀၀၀ ပေးနေရာက အခု ၁သိန်းကောက်ခံတဲ့အပြင် ဒီလိုတွေတောင်းခံတာကြောင့် လုပ်ငန်းရှင်တွေ အခက်တွေ့နေရပါတယ်၊ သူများနိုင်ငံမှာ ဘတ် ၂၀ ရှိရင်ဆေးရုံတက်ကုသခွင့်ရှိပေမဲ့ စရိတ်မျှပေး ကျမ္မာရေး ဆိုတဲ့ ဆောင်ပုဒ်တွေအများကြီးချိတ်ထားတဲ့ ရန်ကုန်မြို့က ဆေးရုံမှာ ပြည်သူက စက်ဝယ်ပေးရမယ်တဲ့၊ အရင်က ရှိတဲ့စက်တွေကို လူနာတွေအသုံးပြုတုန်းက အလကားမရခဲ့ပါဘူး၊ ခုအသစ်ကိုလည်း ပြည်သူပိုက်ဆံနဲ့ဝယ်မယ် လူနာဆီပိုက်ဆံတောင်းမယ်၊ အကြံတွေကတော့ပိုင်ပါ့၊ ဒါနဲ့များ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးဆီသို့တဲ့ ကောင်းရောင်းကောင်းဝယ်နဲ့ လုပ်စားသူတွေကတော့ ဒီလောက်ငွေပမာဏ မလှူနိုင်ပေါင် ခေတ်ပျက်သူဌေးဘွဲ့လိုချင်သူတွေအတွက်တော့ အခွင့်ကောင်းဖြစ်မှာပါ၊ သီရီသုဓမ္မသိဂီ င်္တို့ ဘာတို့ ပေးမယ်တဲ့ဗျို့ သုံးမကုန်သူများ ၁၉ ရက်နေ့ ကြွရောက်လှူဒါန်းထား သတင်းစာထဲ စာလုံးမဲကြီးနဲ့ကို ပါဦးမှာ ၊
ဆင်းရဲနွမ်းပါးသူများအတွက် အခမဲ့ကုသပေးသောဆေးရုံဖြစ်သည်၊
တတ်နိုင်သူများအတွက်တော့ စရိတ်မျှပေး ကျမ္မာရေး စနစ်ကျင့်သုံးသည်တဲ့၊
၇ ရက်သားသမီးများ ကျမ္မာချမ်းသာကြပါစေ၊ `
မှတ်ချက် ။ ။ နအဖ မပါ
အညာနွေတမာမြေ
No comments:
Post a Comment