ဗိုလ်သန်းရွှေက တမတ်သား
ဦးသိန်းစိန်က သုံးမတ်သား
ဘယ်တရွေးသားမှ
ခင်ဗျားအတွက် မပါဘူးမှတ်…
“လွတ်လပ်၍ တရားမျှတ”
“နိုင်ငံရေးအရ
စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ”တဲ့
အနှီ နိုင်ငံရေးသုခမိန်ရဲ့
နှစ်ပင်လိမ် ရောကြော်ဝါဒဟာ
ပါလီမန်ကို ဆွဲကြိုးချ
ဟစ်တလာကြီး သြချလောက်ပါပေရဲ့…
တခါသေဖူး
ဘွာတေးပုံ ထူးလှချည့်
အပ်ကျသံ ကြားရမယ့်
ဘုရားစူး ပါလီမန်မှာ
အီးပေါက်သံ ကြားရရင်တောင်
မဟာဂရုဏာတော်မို့
တော်ရှာပေတယ် မှတ်ရမယ်…
ဤ
“ခေတ်မီတိုးတက်တော်မူလှသော
အနာဂတ်နိုင်ငံတော်သစ်ကြီးမှာ”
ပူးသတ်စရာတောင်
ဘယ် တော်သလင်းလမြတ်မှ
အူစရာ ချောင်တွေ့မယ်မထင်နဲ့…
ကဲကဲ ရှင်မရေ
မြင်မြင်သမျှ
ဘဝင်မကျစရာ
ရင်ဝ နာလှသမို့
ရန်/ငါစည်းပြတ်
သွေးထွက်အောင် ပြတ်နိုင်မှ
အပြီးသတ်တိုက်ပွဲ
ဆင်နွှဲနိုင်မှာမို့
ငါတို့အဖို့ ကွင်းဆင်းစရာဟာ
ရန်သူရဲ့ သတ်ကွင်းမဟုတ်
ပြည်သူရဲ့ ခတ်ကွင်းဆိုတာ
ရှင်းရှင်းကြီးမြင်ထား…
ဒါ ပြည်သူတို့ရဲ့သင်ကြားချက်
ငါတို့ရဲ့တက္ကသိုလ်
ဒီပလိုမာနဲ့ဆာတီဖီကိတ်
အေဂရိတ်နဲ့
ရွှေတံဆိပ်ရအောင် ဖြေစို့ရဲ့…။ ။
နေမင်းနီ
၁၂.၆.၂၀၁၀
Rest of your postအညာနွေတမာမြေ
No comments:
Post a Comment