
ကိုင်းဗျာ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကြတော့ အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းကိုယ်တိုင် တယောက်စီကို လိုက်မိတ်ဆက်ပေးနေတယ်။

အိန္ဒိယသတင်းစာတွေမှာ မြို့မေတ္တာခံယူတဲ့ ခရုသင်းစွဲဆင်ဖြူရှင်မင်းတြားကြီး ကြွက်ဖြူများရဲ့သခင် ဦးသန်းရွှေကို သတင်းစာ ရှေ့ဖုံးနေရာမပေးဘူး နောက်နားမှာ အဖြူအမဲနဲ့ပဲတွေ့ရတယ်။ ဒေးဗစ်ကင်မရွန်းကြတော့ ကလေးတွေနဲ့ ခရစ်ကတ်ကစားနေတဲ့ပုံတောင် သတင်းစာ ရှေ့ဖုံးမှာ ရောင်စုံနဲ့ဖေါ်ပြပေးထားတာတွေ့ရပါတယ်။

ကျုပ်တို့ မောင်သန်းရွှေက ခရစ်ကတ်ကစားတာမဟုတ်ပဲ ဘုရားတရားလာကိုင်းရှိုင်းပြတာတောင် ဘယ်သတင်းစာကမှ ရေးမပေးဘူးဗျာ ။ သူ့ကိုကြိုဆိုတဲ့ပုံနဲ့ ဗြိတိန်ဝန်ကြီးချုပ်ကို ကြိုဆိုတွေ့ဆုံပုံ ဘယ်လိုကွာခြားလဲ ရဲဘော်အောက်ကပုံတွေကြည့်


ကိုယ့်မြန်မာနိုင်ငံမှာတော့ တီဗီ သတင်းစာတိုင်းမှာ ဒင်းတို့ပုံတွေပဲ မမြင်ချင်မနေရ စိုးမိုးထားတယ်။ ၀ါးလုံးခေါင်းထဲ လသာတယ်ဆိုတာ ဒါမျိုးပေါ့။ ခုအိန္ဒိယအစိုးရရဲ့လုပ်ရပ် ရွှေရွှေတယောက် အကျေနပ်ကြီးကျေနပ်နေလေသလားမသိ ဘာပဲပြောပြော ဒေါ်လာ သန်း ၇၀ ကျော်နဲ့ အကူအညီတွေရသွားတော့ အရင်ခိုးထားတာ ဓမြတိုက်ထားတာနဲ့ဆို ဘယ်လောက်ရှိပြီဆိုပြီး ရေတွက်နေလေမလား
ဓါတ်ပုံတွေကို အေပီ အေအက်ဖ်ပီ နှင့် အိန္ဒိယ သတင်းဌာနတွေကနေကူးယူပါသည်။
အညာနွေတမာမြေ
No comments:
Post a Comment