Saturday, January 5, 2013

သားရွှေအိုးထားလာတာလား ချေးထုပ်ပွေ့လာတာလား

ဓါတ်ပုံ ၈၈မျိုးဆက် ဖေ့ဘုတ်

ကေအိုင်အေကနေ ဖမ်းမိထားတဲ့ မြန်မာစစ်တပ်က သုံ့ပန်း အယောက် ၃၀ ကျော်ကို လိုင်ဇာမှာရောက်နေတဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးကနေတဆင့် အစိုးရဆီကို လွှဲပြောင်းပေးမယ်ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့သတင်းထွက်လာပါတယ်။

ဒီကိစ္စအသေချာအလေးနက်ထားစဉ်းစားစေချင်ပါတယ်။ ဒီစစ်သားတွေကို ပြန်ခေါ်လာတာဟုတ်ပါပြီ အစိုးရလက်ထဲရောက်ရင် လက်နက်စွန့်ခွာမှု၊ အညံ့ခံမှုစတဲ့ ပုဒ်မတွေနဲ့ အရေးမယူဘူးလို့ ဘယ်သူအာမခံပေးမလဲ ဆိုတာ ဦးနှောက်ထဲထည့်ထားဖို့လိုပါမယ်။ ဥပမာ အိုင်စီအာစီကြီးကြပ်မှု ဒါမှမဟုတ် ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံးတို့လိုတွေက ကြားဝင်ကူညီပေးဖို့လိုအပ်မယ်ထင်ပါတယ်။ ဒီလိုကြီးကြပ်မှုရှိမှ စစ်ခုံရုံးတင်ခံရလည်း အရေးယူခံရတာက ကင်းလွတ်နိုင်ပါမယ်။ ဖေ့ဘွတ်မှာ အင်တာဗျူးတင်ထားတဲ့ ဒုတပ်ကြပ်ဆိုရင် ပိုပြီးတော့ အန္တရယ်ရှိတယ်လို့ထင်ပါတယ်။ ဘာကြောင့် ဒီလိုပြောရသလဲဆိုရင် ထောင်ထဲမှာ ရန်သူထံအညံ့ခံလို့ပြစ်ဒဏ်ချထားသူတွေရှိနေလို့ပါ။

စစ်တပ်ဖက်ကတော့ အဲဒီသုံ့ပန်းတွေပြင်ပမီဒီယာတွေနဲ့တွေ့ရင် အကုန်ပေါ်ကုန်မှာမို့ ပြန်ခေါ်ချင်တာဖြစ်နိုင်ပါတယ်။ သူတို့လက်ထဲရောက်ရင်တော့ သူတို့သဘောပေါ့။

 ကေအိုင်အေအနေနဲ့ကတော့ စစ်ဖြစ်တဲ့အချိန် စိတ်မချရတဲ့သူတွေကို ထိန်းထားရတာ အန္တရာယ်အလွန်များပါတယ်။ ပြန်ပို့လိုက်ရင် လုံခြုံရေးအရလည်းကောင်းမယ်။ နိုင်ငံရေးအရလည်း အမြတ်ထွက်နိုင်ပါတယ်။

 ဒီတော့ ပြန်ခေါ်လာမယ်ဆိုတဲ့ ၈၈မျိုးဆက်တွေအနေနဲ့ နက်နက်ရှိုင်းရှိုင်းတွေးသင့်တယ်ထင်လို့ အတွေးအပိုင်းအစလေးတခုကို တင်ပြလိုက်ရပါတယ်။ တကယ်သာ ဒီသုံ့ပန်းတွေကို ခေါ်လာမယ်ဆိုရင် ၈၈တွေအနေနဲ့ သားရွှေအိုးထမ်းလာတယ်လို့ ပြောမလား ချေးထုပ်ပွေ့လာတယ်လို့ ပြောခံရမလား စဉ်းစားဖို့ပါ။

ကျနော် စစ်ရေးအကဲခတ်မဟုတ်ပါ။ တွေးမိသမျှ ၀င်လျှာရှည်ကြည့်ခြင်းဖြစ်ပါတယ်။

ပြန်ကြားရေးဝဘ်ဆိုဘ်မှာတော့ ခုလိုတက်လာပါပြီ 

ကြားဖြတ်သတင်း
Sat - 05 Jan written by administrator

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကေအိုင်အို/ကေအိုင်အေ အဖွဲ့အစည်းတွင် ထိန်းသိမ်းထားသော တပ်မတော်/ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် (၃၀) ဦးအား ၎င်းင်းတို့ထံမှ တဆင့
် လွှဲပြောင်းပေးအပ် လိုပါကြောင်း သက်ဆိုင်ရာသို့ ဆက်သွယ် အကြောင်းကြားလာခဲ့ပါသည်။ ထိုကိစ်စနှင့်ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ဆက်လက် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သတင်းရရှိပါသည်။

2 comments:

  1. Hi there, just became alert to your blog through Google, and found that it's really informative. I'm going to
    watch out for brussels. I will be grateful if you continue this in future.
    Many people will be benefited from your writing.
    Cheers!
    Also see my website - laser tattoo removal

    ReplyDelete
  2. I would like to thank you for the efforts you've put in penning this website. I'm hoping
    to view the same high-grade blog posts by you in the future as
    well. In fact, your creative writing abilities has inspired me to
    get my very own site now ;)
    my site: male breast reduction

    ReplyDelete