-->
Showing posts with label 4စကားမစပ် သတင်းများ. Show all posts
Showing posts with label 4စကားမစပ် သတင်းများ. Show all posts

Thursday, June 16, 2011

အချိန်အကြာဆုံး လအပြည့်ကြတ်ခြင်း

နေ ကမ္ဘာနဲ့ လတို့ တတန်းတည်း ကျတဲ့အချိန်မှာ လကြတ်မှု ဖြစ်ပေါ်လေ့ရှိတာမှာ တနှစ်မှာ အနည်းဆုံး ၂ ကြိမ်ဖြစ်ပေါ်လေ့ရှိပါတယ်။ မနေ့ ဂျွန်လ ၁၅ ရက်မှာ ဖြစ်တာကတော့ ဒီနှစ်အတွက် ပထမဆုံး အကြိမ်ပါ။ ဒုတိယ တကြိမ်ကတော့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ဖြစ်နိုင်သေးတယ်လို့ ပညာရှင်တွေကတွက်ဆပါတယ်။

မနေ့ကဖြစ်တဲ့ အချိန် အကြာမြင့်ဆုံး လအပြည့်ကြတ်တာမျိုးကတော့ ရှားပါးပါတယ်။ လကြတ်ချိန်ဟာ ၅ နာရီနီးပါး ကြာမြင့်ပါတယ်။ လဟာ ကမ္ဘာ့အရိပ်ရဲ့ အလယ်ဗဟိုအထိ ဖြတ်သန်းသွားတဲ့ အခုလို လအပြည့်ကြတ်ခြင်းကို လာမယ့် ၂၀၂၂ မှာမှ နောက်တခေါက် ပြန်ကြုံရမှာပါ။

ဒီလို လကြတ်တာမျိုးဟာ ပြီးခဲ့တဲ့ နှစ် ၁၀၀ အတွင်းမှာ ၃ ကြိမ်ပဲ ရှိခဲ့ပါတယ်။ အခုတကြိမ် မတိုင်ခင် နောက်ဆုံးမြင်တွေ့ခဲ့ရတဲ့ လအပြည့်ကြတ်ခြင်းက ဂျူလိုင် ၁၆၊ ၂၀၀၀ ပြည့်နှစ်တုန်းက ဖြစ်ခဲ့ပြီး လကြတ်ချိန်ဟာ ၁၀၇ မိနစ် ကြာမြင့်တယ်ခဲ့ပါတယ်။



အခုလို လအပြည့်ကြတ်တဲ့အခါ ကမ္ဘာ့အရိပ်က လပေါ်ကျရောက်တဲ့ နေရောင်ချည်တွေကို ကာလိုက်တဲ့အချိန်မှာ လကိုလာတဲ့ နေက ရောင်ခြည်တွေထဲက အနီရောင် ရောင်ခြည်တွေပဲ လဆီကို ရောက်သွားတာကြောင့် လရဲ့အရောင်ဟာ လိမ္မော်ရောင်ကနေ တဖြည်းဖြည်း အနီရောင်ကိုပြောင်းသွားပါတယ်။ ဒါကို Red Blood Moon သွေးနီရောင် လ လို့ ခေါ်ကြပါတယ်။

အိန္ဒိယနိုင်ငံမှာကတော့ လကြတ်တဲ့ညကို လောကရဲ့ အမှောင်မိုက်ဆုံးည၊ လကြတ်တာဟာ ကံဆိုးတယ်၊ မကောင်းတဲ့ လက္ခဏာဖြစ်တယ်၊ လကြတ်တာကို မကြည့်ရဘူး၊ လကြတ်ချိန်မှာ အစားအသောက် မစားမသောက်၊ မချက်မပြုတ်ရဘူးလို့ အယူသည်း ယူဆမှုတွေ ရှိကြပါတယ်။

ဒါကြောင့် လကြတ်ချိန်မှာ ပူဇော်ဝတ်ပြုတာတွေ၊ ဂင်္ဂါမြစ်၊ ယမုံနာမြစ်စတဲ့ ထူးမြတ်တဲ့ ဒဏ္ဍာရီတွေနဲ့ နာမည်ကျော်ကြားတဲ့ မြစ်တွေ၊ ချောင်းတွေထဲ ရေဆင်းချိုးပြီး မကောင်းတာတွေ ပပျောက်အောင် ၀တ်ပြုဆုတောင်းကြပါတယ်။

အယူသည်းမှုတွေကို တိုက်ဖျက်မယ့် လူငယ်တွေကလည်း လူကြီးတွေ နည်းမျိုးစုံနဲ့ တားမြစ်ပေမယ့် ထူးခြားတဲ့ လကြတ်မှုကို ကိုယ်တိုင်မျက်မြင် မြင်ရအောင်လို့ ကြိုးပမ်းကြတာပါပဲ။

ဆက်ဖတ်ရန် ....