Thursday, February 9, 2012
Thursday, June 16, 2011
အချိန်အကြာဆုံး လအပြည့်ကြတ်ခြင်း
နေ ကမ္ဘာနဲ့ လတို့ တတန်းတည်း ကျတဲ့အချိန်မှာ လကြတ်မှု ဖြစ်ပေါ်လေ့ရှိတာမှာ တနှစ်မှာ အနည်းဆုံး ၂ ကြိမ်ဖြစ်ပေါ်လေ့ရှိပါတယ်။ မနေ့ ဂျွန်လ ၁၅ ရက်မှာ ဖြစ်တာကတော့ ဒီနှစ်အတွက် ပထမဆုံး အကြိမ်ပါ။ ဒုတိယ တကြိမ်ကတော့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ဖြစ်နိုင်သေးတယ်လို့ ပညာရှင်တွေကတွက်ဆပါတယ်။
မနေ့ကဖြစ်တဲ့ အချိန် အကြာမြင့်ဆုံး လအပြည့်ကြတ်တာမျိုးကတော့ ရှားပါးပါတယ်။ လကြတ်ချိန်ဟာ ၅ နာရီနီးပါး ကြာမြင့်ပါတယ်။ လဟာ ကမ္ဘာ့အရိပ်ရဲ့ အလယ်ဗဟိုအထိ ဖြတ်သန်းသွားတဲ့ အခုလို လအပြည့်ကြတ်ခြင်းကို လာမယ့် ၂၀၂၂ မှာမှ နောက်တခေါက် ပြန်ကြုံရမှာပါ။
ဒီလို လကြတ်တာမျိုးဟာ ပြီးခဲ့တဲ့ နှစ် ၁၀၀ အတွင်းမှာ ၃ ကြိမ်ပဲ ရှိခဲ့ပါတယ်။ အခုတကြိမ် မတိုင်ခင် နောက်ဆုံးမြင်တွေ့ခဲ့ရတဲ့ လအပြည့်ကြတ်ခြင်းက ဂျူလိုင် ၁၆၊ ၂၀၀၀ ပြည့်နှစ်တုန်းက ဖြစ်ခဲ့ပြီး လကြတ်ချိန်ဟာ ၁၀၇ မိနစ် ကြာမြင့်တယ်ခဲ့ပါတယ်။
အခုလို လအပြည့်ကြတ်တဲ့အခါ ကမ္ဘာ့အရိပ်က လပေါ်ကျရောက်တဲ့ နေရောင်ချည်တွေကို ကာလိုက်တဲ့အချိန်မှာ လကိုလာတဲ့ နေက ရောင်ခြည်တွေထဲက အနီရောင် ရောင်ခြည်တွေပဲ လဆီကို ရောက်သွားတာကြောင့် လရဲ့အရောင်ဟာ လိမ္မော်ရောင်ကနေ တဖြည်းဖြည်း အနီရောင်ကိုပြောင်းသွားပါတယ်။ ဒါကို Red Blood Moon သွေးနီရောင် လ လို့ ခေါ်ကြပါတယ်။
အိန္ဒိယနိုင်ငံမှာကတော့ လကြတ်တဲ့ညကို လောကရဲ့ အမှောင်မိုက်ဆုံးည၊ လကြတ်တာဟာ ကံဆိုးတယ်၊ မကောင်းတဲ့ လက္ခဏာဖြစ်တယ်၊ လကြတ်တာကို မကြည့်ရဘူး၊ လကြတ်ချိန်မှာ အစားအသောက် မစားမသောက်၊ မချက်မပြုတ်ရဘူးလို့ အယူသည်း ယူဆမှုတွေ ရှိကြပါတယ်။
ဒါကြောင့် လကြတ်ချိန်မှာ ပူဇော်ဝတ်ပြုတာတွေ၊ ဂင်္ဂါမြစ်၊ ယမုံနာမြစ်စတဲ့ ထူးမြတ်တဲ့ ဒဏ္ဍာရီတွေနဲ့ နာမည်ကျော်ကြားတဲ့ မြစ်တွေ၊ ချောင်းတွေထဲ ရေဆင်းချိုးပြီး မကောင်းတာတွေ ပပျောက်အောင် ၀တ်ပြုဆုတောင်းကြပါတယ်။
အယူသည်းမှုတွေကို တိုက်ဖျက်မယ့် လူငယ်တွေကလည်း လူကြီးတွေ နည်းမျိုးစုံနဲ့ တားမြစ်ပေမယ့် ထူးခြားတဲ့ လကြတ်မှုကို ကိုယ်တိုင်မျက်မြင် မြင်ရအောင်လို့ ကြိုးပမ်းကြတာပါပဲ။
Thursday, May 19, 2011
ရေသောက်ခြင်း၏ အကျိုးများ
ရေသည် လူတို့၏ အသက်ရှင် ရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်လှပါသည်။ ထို့ကြောင့်လည်း ရေအသက် တစ်မနက်လို့ ပြောကြတယ်ထင်ပါတယ်။ သို့ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်ဖို့ ဆိုရင်တော့ ရေကို စနစ်တကျ သောက်တတ်ဖို့လိုပါတယ်။ သောက်သင့်သည့် အချိန်တွင် သောက်သင့်သည့် ပမာဏကို သောက်သုံးပါက ခန္ဓာကိုယ်ကို အထိရောက်ဆုံး အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။
ရေသောက်သုံးသင့်သော အချိန်များ
* နံနက်အိပ်ယာထထချင်းတွင် ရေ ၂ ဖန်ခွက်သောက်ပါ။ ကိုယ်အတွင်းရှိ ကလီစာများအား နိုးရာတွင် အဆင်ပြေပါသည်။
* အစာမစားမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက်သောက်ပါ။ အစာကြေလွယ်သည်။
* ရေမချိုးမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက် သောက်ပါ။ သွေးပေါင်ချိန်ကျစေပါသည်။
* မအိပ်မီ ရေ တစ်ဖန်ခွက်သောက်ပါ။ လေဖြတ်ခြင်းနှင့် နှလုံးရောဂါကြောင့် လေဖြတ်ခြင်းတို့ကို လျော့နည်းစေပါသည်။
ရေအကျိုး ဆယ်ပါး
* ရေသည် ကျောက်ကပ်တွင် ကျောက်တည်ခြင်းအား တားဆီးနိုင်ပါသည်။ ကျောက်ကပ်တွင် ကျောက်တည်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ခန္ဓာကိုယ်တွင် ရေဓာတ်နည်းပါးသောကြောင့် ဖြစ်ပါသည်။ ရေသောက်များပါက ဆီးတွင် အနယ်ထိုင်နှုန်း နည်းသွားသည်။ ထို့ကြောင့် ကျောက်ကပ်တွင် ကျောက်တည်ဝေဒနာသည်များပါမက ရောဂါ မဖြစ်ပွားလိုသူများပါ တစ်နေ့ကို ရေ ၁၂ ဖန်ခွက်လောက် အနည်းဆုံးသောက်သင့်ပါသည်။
* ရေသည် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ကုသပေးနိုင်ပါသည်။ ရေများများသောက်လေလေ ဆီးများများသွာလေလေဖြစ်ပါသည်။ ဆီးခဏခဏသွားနေပါက ဆီအိမ်အတွင်းရှိ bacteria ပိုးများ ဆီးနှင့်အတူပါသွားသောကြောင့် မြန်မြန်သက်သာနိုင်ပါသည်။
* ရေသည် ၀မ်းလျောသည့်အခါတွင် ဆုံးရှုံးသွားသော ရေဓာတ်ကို ပြန်လည်ဖြည့်တင်းရာတွင် အထောက်အကူပြုပါသည်။ သို့သော် ရိုးရိုးရေထက် ဓာတ်ဆားရည်က ပိုမိုထိရောက်ပါသည်။
* ရေသည် အဖျားကို လျော့ချရာတွင် အထောက်အကူပြုပါသည်။ ကိုယ်အပူချိန်တက်လျင် ရေဓာတ်ဆုံးရှုံးမှု ပိုမိုများပြားပါသည်။ ရေများများသောက်ပါက ကိုယ်အပူချိန်ကျသည့်အပြင် ဆီးများများသွားသောကြောင့်လည်း ကိုယ်ပူကျ ပိုမြန်ပါသည်။
* ရေများများသောက်ပါက တုတ်ကွေးမိသောအခါ သို့မဟုတ် နှာစေးချောင်းဆိုးဖြစ်သောအခါ အထောက်အကူပြုပါသည်။ ရေဓာတ်များပါက လည်ခေါင်းအတွင်းရှိ သလိပ်များ ပိုမိုကျဲသွားပြီး ဟတ်ထုတ်ရာတွင် လွယ်ကူစေပါသည်။ ထို့အတူ နှာခေါင်းပိတ်ခြင်းကိုလည်း သက်သာစေပါသည်။
* ရေသည် အစာစားနောက်ကျသောကြောင့် ဖြစ်ပေါ်လာသည့် ရင်ပူခြင်း (acid ကြောင့် ဗိုက်အောင့်ခြင်း) ကိုသက်သာစေပါသည်။ ရေ ၂ ခွက်နှင့် ငှက်ပျောသီး တစ်လုံးသည် Antacid တစ်လုံးကဲ့သို့ စွမ်းဆောင်နိုင်ပါသည်။
* ရေများများသောက်ပါက ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ ရေသောက်နည်းပါက မစင်တုံးများသည် ပိုမိုမာကျောသွားပြီး ၀မ်းချုပ်စေပါသည်။ ထို့ကြောင့် ၀မ်းချုပ်၍ မရသည့် လိပ်ခေါင်းနှင့် စအိုဝကွဲနာ ဝေဒနာသည်များအတွက် ရေသည် ဆေးတစ်ခွက်ပင် ဖြစ်ပါသည်။
* ရေသည် လူကို လန်းဆန်းတက်ကြွ စေပါသည်။ ရေဓာတ်နည်းပါးလာပါက သွေးသည် အလိုလို စေးပျစ်လာတတ်သည်။ ထိုအခါ ဦးနှောက်သို့ သွေးစီးနှုန်း နည်းသွားပြီး ခေါင်းနောက်ခြင်းနှင့် ပင်ပန်းခြင်းတို့ကို ခံစားရနိုင်ပါသည်။
* အစာမစားမီ ရေသောက်လေ့ရှိပါက ဗိုက်ပိုတင်းပြီး အစာသိပ်မစားဖြစ်တော့ချေ။ ထို့ကြောင့် ကိုယ်အလေးချိန်လျှော့ရာတွင် ရေသည် အရေးကြီးပါသည်။
* ရေသည် အရေပြားနှင့် အသားအရေကို စိုစွတ်အေးမြစေပါသည်။ အသားအရေကိုလည်း လှပစေပါသည်။
ရေသောက်ရာတွင် လိုက်နာသင့်သည် အချက် ဆယ်ချက်
* အိပ်ယာနိုးနိုးချင်း ရေသောက်ပါ။
* တစ်နေ့ကို အနည်းဆုံး ရေဖန်ခွက် ၈ ခွက်မှ ၁၂ ခွက် အထိသောက်ပါ။
* ရေကို နည်းနည်း ဖြင့် ခဏခဏ သောက်ခြင်းက တစ်ခါတည်း အများကြီးသောက်ခြင်းထက် ပိုမို အကျိုးရှိပါသည်။
* ရေငတ်မှ ရေသောက်ခြင်းကို ရှောင်ကြဉ်ပါ။ အထူးသဖြင့် အသက်ကြီးသူများတွင် ခန္ဓာကိုယ်အတွက် ရေဓာတ်နည်းပါးနေသည်ကို အာရုံခံစွမ်းအား နည်းသွားပါသည်။
* ရေသောက်ရာတွင် ရိုးရိုးရေကိုသာသောက်ပါ။ အအေး၊ ကော်ဖီ၊ ဘီယာ နှင့် အရက်သောက်ခြင်းများ ရှောင်ကြဉ်ပါ။ အဆိုပါ အရေများသောက်ပါက ရေဓာတ်ဆုံးရှုံးမှု ပိုမို များပြားသွားပါလိမ့်မည်။
* ကလေးများကို ရေများများသောက်ရန် ကျင့်ပေးပါ။ မိမိကိုယ်တိုင် စံပြအဖြစ်လုပ်ပြပါ။
* ကစားပြီး လေ့ကျင့်ခန်းများလုပ်ပြီးပါက ရေပိုသောက်ပါ။
* ဖျားနာပြီး ကိုယ်ပူနေပါက ရေပိုသောက်ပါ။ ရေဓာတ်ဆုံးရှုံးမှု များသောကြောင့် ဖြစ်ပါသည်။
* ကိုယ်ဝန်ဆောင်သည်များအနေဖြင့် ရေပိုသောက်ပါ။ ပုံမှန်သောက်နေကျထက် ၃-၄ ခွက်ခန့် ပိုသောက်သင့်သည်။
မှော်ဆရာဆီက ကူးယူသည်။
Wednesday, April 20, 2011
သမိုင်းစစ်ကိုဖော်ထုတ်ခြင်း
ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ကျေးဇူးရှင် လူမှုရေးအာဇာနည် တစ်ဦးဖြစ် သောစာရေးဆရာ၊ ဒါရိုက်တာ၊ နာယကကြီး ဘဘဦးသုခ၏ သမိုင်းကိုတော့ ဖုံးကွယ်၍မရ၊ ဖျောက်ဖျက်၍မရ၊ လစ်လျူရှု၍မရ၊ ထိမ်ချန်၍မရ။ အများပြည်သူ (၇) ရက်သားသမီး ဆင်းရဲချမ်းသာ လူမျိုးဘာသာမရွေး လူသားအားလုံး၏ နာရေးကိစ္စများကိုအခမဲ့ ကူညီဖေးမပေးခဲ့သော စာရေးဆရာ၊ ဒါရိုက်တာ၊ နာယကကြီး ဘဘဦးသုခသည် နာရေးကူညီမှုအသင်း (ရန်ကုန်) ဟူသော လူမှုရေး အသင်းအဖွဲ့ကြီးအား ၂၀၀၁ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့မှစ၍ မျိုးစေ့ချ၊ အုတ်မြစ်ချ ထူထောင် ခဲ့သော လူမှုရေးအာဇာနည်ကြီးတစ်ဦး ဖြစ်သည့်အပြင် ဘဘဦးသုခသည် အနုပညာမှာရော စာပေ လောကနယ်ပယ်မှာပါ စိတ်ရောကိုယ်ပါ၊ ပါဝင်လှုပ်ရှားခဲ့တဲ့အတွက် ဘွဲ့ထူး၊ ဂုဏ်ထူးပေါင်းများလည်း ပေးအပ်ချီးမြင့်ခြင်းကို ခံခဲ့ရပါတယ်။

၁၉၈၃ခုနှစ် နောက်ပိုင်းတွေမှစပြီး ဘဘဟာ ရန်ကုန်တိုင်း ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းနဲ့ တက္ကသိုလ်ဆရာလောင်း မွမ်းမံသင်တန်းတွေမှာလည်း စကားပြောဟောနည်းပညာ၊ တရားဟောပြော နည်းပညာတွေကို သင်ကြားပို့ချခဲ့ပါသည်။ ၁၉၉၄ ခုနှစ်မှာလည်း ရာမာခရစ္စနာ၏ သုတပုံပြင်များစာအုပ်ကို ထုတ်ဝေခဲ့သည်။ ဇန်န၀ါရီလ (၄) ရက် လွတ်လပ်ရေးနေ့မှာပဲ ဘဘဟာ မဟာသဒ္ဓမ္မ ဇောတိက ဘွဲ့တံဆိပ်ကို ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

ထို့အပြင် ဘဘဟာ စာပေဟောပြောပွဲတိုင်းမှာ အမေနဲ့ပက်သက်တဲ့ အကြောင်းအရာ တစ်ခုခု ကိုတော့ ဟောပြောတတ်စမြဲပါ။ အမေများနေ့အတွက် ကျင်းပတဲ့ စာပေဟောပြောပွဲ တစ်ခုမှာတော့ ဘဘဟာ အမေတွေကိုဂုဏ်ပြုတဲ့ စာပိုဒ်လေးတစ်ပုဒ်ကို ရွတ်ဆိုပေးခဲ့ပါတယ်။

ယခုကဲ့သို့ အောင်မြင်ကျော်ကြားပြီး လူထုအတွက် အကျိုးပြုခဲ့ရုံသာမက ဘာသာသာသနာအတွက်ပါ တန်ဖိုးမဖြတ်နိုင်အောင် လေးစားအတုယူဖွယ်ကောင်းတဲ့ စာရေးဆရာ၊ ဒါရိုက်တာ၊ နာယကကြီး ဘဘဦးသုခသည် ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာ(၇)ရက်နေ့ (ဗုဒ္ဓဟူးနေ့) နံနက် (၁၁း၃၀) နာရီအချိန်၌ အမှတ်(၂) စစ်ဆေးရုံ၌ ကွယ်လွန်အနိစ္စရောက်ခဲ့ပါတယ်။ သို့သော် ကျေးဇူးရှင် ဘဘဦးသုခ ဒီလောကကြီးမှာ မရှိတော့ပေမယ့်လည်း ဘဘရဲ့ အနုပညာတွေ၊ စာပေတွေနဲ့ ဂုဏ်ထူးဆောင်မူတွေဟာ လူမျိုးနဲ့ဘာသာ သာသနာအတွက်ကို အခုချိန်ထိ တန်ဖိုးမဖြတ်နိုင်ဘဲ ပြည်သူလူထုအတွက် မှတ်သားဖွယ် ကျန်ရစ်နေစေရန်အတွက် ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်) သည် အစွမ်းကုန် ဘဘဦးသုခ၏ သမိုင်းအတ္ထုပ္ပတိကို ဖော်ထုတ်ပေးရမည်ဖြစ်သည်။
ဘဘဦးသုခ၏ လမ်းညွှန်မှာကြားချက်များဖြစ်သော ဗြဟ္မစိုရ်တရား (၄) ပါးအား မြေ၀ယ်မကျ လက်ကိုင်ကျင့်တုန်း ပေးဆပ်ရမည်ဖြစ်သည်။ ထို့အပြင် ဘဘဦးသုခ၏ ရုပ်ပုံလွှာအား မျိုးဆက်သစ် ကလေးငယ်များ မှတ်သားသိရှိ မြင်ယောင်လာရန်အတွက် ၂၀၁၁ ခုနှစ်၊ ဧပြီလ (၂၃) ရက် စနေနေ့တွင် ကျင်းပမည်ဖြစ်သော နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ၁၀ နှစ်ပြည့် အခမ်းအနားဖွင့်ပွဲအား ကျေးဇူးရှင် ဘဘဦးသုခ၏ ရုပ်ထုဖွင့်ပွဲ အစီအစဉ်ဖြင့် စတင်မည်ဖြစ်ပါသည်။

သမိုင်းကို ဖျောက်ဖျက်၍မရ။ ဖုံးကွယ်၍မရ။ လိမ်လည်၍မရ။ လစ်လျှူရှု၍မရ၊ ထိမ်ချန်၍မရ။
အချိန်တန်လျှင် သမိုင်းစစ်တွေ ပေါ်ထွန်းလာမည်။
သမိုင်းစစ်တွေ စကားပြောလာမည်။
ကျေးဇူးရှင် ဘဘဦးသုခ၏ ရုပ်ထုသည် ကျွန်တော်တို့အား စကားတွေအများကြီး ပြောနေပြီ ဖြစ်သည်။
(ကျော်သူ)
……
ပုံနှင့်စာများ ပေးပို့သော ဦးကျော်သူကို ကျေးဇူးတင်ပါသည်။
Saturday, April 9, 2011
Wednesday, March 30, 2011
ခေတ်သစ် လူမိုက်များစာရင်း
ဧပြီလ (၁) ရက်နေ့ ကနေ စတင်ပြီး “April Fool Day” မှာ မြန်မာပြည်ကို အရူးတွေ နောက်ပုံစံတစ်မျိုးနဲ့  ဆက်ပြီး ဒုက္ခပေးပါဦးမယ်။
ပြည်ထောင်စုအစိုးရအဖွဲ့  ။
နိုင်ငံတော်သမ္မတ - ဦးသိန်းစိန်
ဒုတိယသမ္မတများ - သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ဒေါက်တာစိုင်းမောက်ခမ်း။
ပြည်ထောင်စုဝန်ကြီးများ။
ဒုတိယဗိုလ်ချုပ်ကြီးကိုကို (ပြည်ထဲရေးဝန်ကြီးဌာန)၊ ဗိုလ်ချုပ်လှမင်း (ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး)၊ ဗိုလ်ချုပ်သိန်းဌေး (နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန)၊ ဦးဝဏ္ဏမောင်လွင် (နိုင်ငံခြားရေးဝန်ကြီးဌာန)၊ ဦးမြင့်လှိုင် (လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)၊ ဦးကျော်ဆန်း (ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန)၊ ၀ဏ္ဏကျော်ထင်ဦးဝင်းမြင့် (စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန)၊ ဦးတင့်ဆန်း (ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနနှင့် အားကစားဝန်ကြီး ဌာန)၊ ဦးခင်မောင်မြင့် (ဆောက်လုပ်ရေးဝန်ကြီးဌာန)၊ ဦးသိန်းထွန်း (ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန)၊ ဦးလှထွန်း (ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန)၊ ဦးသိန်းထိုက် (သတ္တုတွင်းဝန်ကြီးဌာန)၊ ဦးဉာဏ်ထွန်းအောင် (ပို့ဆောင်ရေးဝန်ကြီးဌာန)၊ ဦးတင်နိုင်သိန်း (အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန)၊ ဦးဝင်းထွန်း (သစ်တောရေးရာဝန်ကြီးဌာန)၊ ဦးအောင်ကြည် (အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)၊ ဦးအုန်းမြင့် (သမ၀ါယမ၀န်ကြီးဌာန)၊ ဦးကျော်စွာခိုင် (အမှတ်(၁)စက်မှုဝန်ကြီးဌာန)၊ ဦးစိုးသိန်း၊ (အမှတ်(၂)စက်မှုဝန်ကြီးဌာန)၊ ဦးသန်းဌေး (စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီး)၊ ဦးအောင်မင်း (ရထားပို့ဆောင်ရေးဝန်ကြီးဌာန)၊ ဒေါက်တာမြအေး (ပညာရေးဝန်ကြီးဌာန)၊ ဒေါက်တာဖေသက်ခင် (ကျန်းမာရေးဝန်ကြီးဌာန)၊ ဦးအေးမြင့် (သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန)၊ သူရဦးမြင့်မောင် (သာသနာရေးဝန်ကြီးဌာန)၊ ဦးခင်ရီ၊ (လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန)၊ ဦးဇော်မင်း (အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန)၊၊ ဦးခင်မောင်စိုး (အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန)၊ ဦးသိန်းညွန့် (သမ္မတရုံးဝန်ကြီးဌာန)၊၊ ဦးစိုးမောင် (သမ္မတရုံးဝန်ကြီးဌာန)။
ပြည်ထောင်စုဒုဝန်ကြီး။
(၁) ဗိုလ်ချုပ် ကျော်ညွှန့် (ဒုတိယဝန်ကြီး ကာကွယ်ရေး ဝန်ကြီးဌာန)၊
(၂) ဗိုလ်မှူးကြီး အောင်သော် (ဒုတိယဝန်ကြီး ကာကွယ်ရေး ဝန်ကြီးဌာန)၊
(၃) ဗိုလ်မှူးချုပ် ကျော်စံမြင့်(ဒုတိယဝန်ကြီး ပြည်ထဲရေး ဝန်ကြီးဌာန)၊
(၄) ဗိုလ်ချုပ်ဇော်ဝင်း (ဒုတိယဝန်ကြီး နယ်စပ်ရေးရာ ဝန်ကြီးဌာန)၊
(၅) ဦးမောင်မြင့် (ဒုတိယဝန်ကြီး နိုင်ငံခြားရေး ဝန်ကြီးဌာန)၊
(၆) ဒေါက်တာမျိုးမြင့် (ဒုတိယဝန်ကြီး နိုင်ငံခြားရေး ဝန်ကြီးဌာန)၊
(၇) ဦးစိုးဝင်း (ဒုတိယဝန်ကြီး ပြန်ကြားရေး ဝန်ကြီးဌာန)၊
(၈ ) ဦးအုန်းသန်း (ဒုတိယဝန်ကြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန)၊
(၉) ဦးခင်သော် (ဒုတိယဝန်ကြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန)၊
(၁ဝ ) ဦးဝင်းသန်း (ဒုတိယဝန်ကြီး ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန)၊
(၁၁) ဦးစိုးတင့် (ဒုတိယဝန်ကြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန)၊
(၁၂) ဦးကျော်လွင် (ဒုတိယဝန်ကြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန)၊
(၁၃) ဒေါက်တာ ကံဇော် (ဒုတိယဝန်ကြီး အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန)၊
(၁၄) ဒေါက်တာပွင့်ဆန်း (ဒုတိယဝန်ကြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန)၊
(၁၅) ဦးတင့်လွင် (ဒုတိယဝန်ကြီး ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန)၊
(၁၆) ဦးဖုန်းဆွေ (ဒုတိယဝန်ကြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန)၊
(၁၇) ဦးသန်းထွန်း (ဒုတိယဝန်ကြီး သမဝါယမ ဝန်ကြီးဌာန)၊
(၁၈ ) ဦးမြင့်သိန်း (ဒုတိယဝန်ကြီး အလုပ်သမား ဝန်ကြီးဌာန)၊
(၁၉) ဦးဝင်းရှိန် (ဒုတိယဝန်ကြီး ပို့ဆောင်ရေး ဝန်ကြီးဌာန)၊
(၂ဝ ) ဦးဌေးအောင် (ဒုတိယဝန်ကြီး ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန)၊
(၂၁) ဦးသိန်းအောင် (ဒုတိယဝန်ကြီး အမှတ်(၁) စက်မှု ဝန်ကြီးဌာန)၊
(၂၂) ဦးမျိုးအောင် (ဒုတိယဝန်ကြီး အမှတ်(၂) ဝန်ကြီးဌာန)၊
(၂၃) သူရဦးသောင်းလွင် (ဒုတိယဝန်ကြီး ရထားပို့ဆောင်ရေး ဝန်ကြီးဌာန)၊
(၂၄) ဦးသန့်ရှင်း (ဒုတိယြုန်ကြီး ရထားပို့ဆောင်ရေး ဝန်ကြီးဌာန)၊
(၂၅) ဦးစိုးအောင် (ဒုတိယဝန်ကြီး စွမ်းအင် ဝန်ကြီးဌာန)၊
(၂၆) ဦးမြင့်ဇော် (ဒုတိယဝန်ကြီး အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန)၊
(၂၇) ဦးအောင်သန်းဦး (ဒုတိယဝန်ကြီး အမှတ်(၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန)၊
(၂၈ ) ဦးအေးကြူ (ဒုတိယဝန်ကြီး ပညာရေး ဝန်ကြီးဌာန)၊
(၂၉) ဦးဘရွှေ (ဒုတိယဝန်ကြီး ပညာရေး ဝန်ကြီးဌာန)၊
(၃ဝ ) ဒေါက်တာ ဒေါ်မြမြအုန်းခင် (ဒုတိယဝန်ကြီး ကျန်းမာရေး ဝန်ကြီးဌာန)၊
(၃၁) ဒေါက်တာဝင်းမြင့် (ဒုတိယဝန်ကြီး ကျန်းမာရေး ဝန်ကြီးဌာန)၊
(၃၂) ဒေါ် သန္တာခင် (ဒုတိယဝန်ကြီး ယဉ်ကျေးမှု ဝန်ကြီးဌာန)၊
(၃၃) ဒေါက်တာ မောင်မောင်ဌေး (ဒုတိယဝန်ကြီး သာသနာရေး ဝန်ကြီးဌာန)၊
(၃၄) ဒေါက်တာကိုကိုဦး (ဒုတိယဝန်ကြီး သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန)၊
(၃၅) ဦးကျော်ကျော်ဝင်း (ဒုတိယဝန်ကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ဝန်ကြီးဌာန)၊
(၃၆) ဦးအေးမြင့်ကြူ (ဒုတိယဝန်ကြီး အားကစား ဝန်ကြီးဌာန)၊
(၃၇) ဦးဟန်စိန် (ဒုတိယဝန်ကြီး မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန)၊
(၃၈ ) ဦးချန်မောင် (ဒုတိယဝန်ကြီး မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန)၊
(၃၉) ဦးခင်မောင်အေး (ဒုတိယဝန်ကြီး မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန)။
လူသတ်အဖွဲ့  နအဖ (နွားအဖွဲ့ ) ကနေ အခု ပြောင်းလိုက်တာကတော့ ပြည်ထောင်စုအစိုးရအဖွဲ့ (ပထစ) တစ်မျိုးပြောရရင်တော့ ပိုးထိုး (လောက်) စားအဖွဲ့ ဘဲ ဖြစ်ပါတော့တယ်။
ကိုနစ်နေမန်း ဘလော့ခ်မှကူးယူပြီး ပြန်လည်တင်ပြပါသည်။
Tuesday, March 8, 2011
Wednesday, March 2, 2011
တောင်သူလယ်သမားနေ့ ဘယ်လိုဖြစ်ပေါ်လာလဲ
၁၉၆၂ ခုနှစ် မတ်လ( ၂ ) ရက် နေ့တွင် တော်လှန်ရေးကောင်စီ လက်ထက်သို့ ရောက်သောအခါ တောင်သူလယ်သမားတို့၏ ဘ၀သည် ပြောင်းလဲမှု အချိုးအကွေ့ ရောက်ရှိလာသည်။ တောင်သူလယ်သမားများသည် အဓိကကျသော အင်အားစုကြီးဖြစ်၍ ထိုတောင် သူလယ်သမားတို့အား အမှတ်တရ ဂုဏ်ပြုသော နေ့တစ်နေ့ သည် ထီးထီးထွက်ပေါ်လာရန် အရေးတကြီး လိုအပ်နေကြောင်း နှိးနှောဖလှယ်ပွဲများမှာ တောင်သူဦးကြီးများက ပြခဲ့သဖြင့် ၁၉၆၂ ခုနှစ် မှ စ၍ နှစ်စဉ် ဇန်န၀ါရီလ (၁)ရက် နေ့တွင် တောင်သူလယ်သမားနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။
ဇန်န၀ါရီလသည် တောင်သူလယ်သမားများအနေဖြင့် လယ်ရာရိတ်သိမ်းချိန်နှင့် တိုက်ဆိုင်နေသဖြင့် လည်းကောင်း၊ ဇန်န၀ါရီလသည် အင်္ဂလိပ်နှစ်သစ်၏ အစလဖြစ်၍ နှစ်သစ်ကူးကာလကို ဂုဏ်ပြုသလိုဖြစ်နေခြင်း ကြောင့်လည်းကောင်း၊ ယင်းနေ့အစား တော်လှန်ရေးကောင်စီ သမိုင်းပေးတာဝန်အရ တိုင်းပြည်တာဝန်ကို စတင် ထမ်းဆောင်သောနေ့ဖြစ်သော မတ်လ(၂)ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် ပြောင်းလဲ ပေးသင့်ကြောင်း တင်ပြကြသဖြင့် မတ်လ(၂)ရက်နေ့ကို တောင်သူလယ်သမား နေ့ အဖြစ် သတ်မှတ်ရန် တညီတညွတ်တည်း သဘောတူခဲ့ကြသည်။
မြန်မာနိုင်ငံသည် နှစ်ပေါင်းထောင်နှင့်ချီပြီး လယ်ယာစိုက်ပျိုးရေး နိုင်ငံအဖြစ် ရပ်တည်လာခဲ့သည့် အားလျော်စွာ မြန်မာတိုင်းရင်းသားတို့ အနက်အမျာစုမှာလည်း တောင်သူလယ်သမားများ ဖြစ်ကြသည်။ထို့ကြောင့် နိုင်ငံတော်တိုးတက် ဖွံ့ဖြိုးရေးနှင့် တောင်သူလယ်သမားတို့ အားတိုးတက်ဖွံဖြိုးရေးမှာ ခွဲ၍ မရနိုင်အောင် ဆက်စပ်နေပေသည်။
အခြားတစ်ဖက်တွင်လည်း တောင်သူလယ်သမားများသည် အသက်ရှင်ရေး အတွက် အဓိကဖြစ်သော ဆန်စပါးနှင့် အခြားသီးနှံများကို ဆင်းရဲပင်ပန်းစွာဖြင့် စိုက်ပျိုးထုတ်လုပ်နေသူများဖြစ်သောကြောင့် သူတို့သည် နိုင်ငံတော်၏ ကျေးဇူးရှင်များလည်း ဖြစ်ကြသည်။သူတို့၏ ကျေးဇူးတရားကို မမေ့ဘဲ သူတို့ဘ၀ ဖွံဖြိုးတိုးတက် သာယာလာအောင် ကြံဆောင် ကြိုးပမ်းပေးခြင်းဖြင့် ကျေးဇူးဆပ်သင့် ကြသည်။သို့သော် တောင်သူလယ်သမားတို့၏ ဘ၀နှင့် တိုးတက်ဖွံဖြိုးရေး ဘ၀သည် တစ်ဆက်တည်း ရှိနေသဖြင့် ကျေးဇူးဆပ်သင့်ကြသည်။
သို့သော် တောင်သူ လယ်သမားတို့၏ ဘ၀နှင့် တိုးတက်ဖွံဖြိုးရေးဘ၀သည် တစ်ဆက်တစ်စပ်တည်း ရှိနေသဖြင့် တောင်သူလယ်သမားတို့၏ ကျေးဇူးကို ပြန်လည်ပေးဆပ်လိုလျှင် နိုင်ငံတော်ဖွံဖြိုးရေးလုပ်ငန်းများ၌ ကျရာတာဝန် များကို ကျေပန်စွာ ထမ်းဆောင်ခြင်းသည်သာ အဓိပ္ပာယ် အရှိဆုံး၊အထိရောက်ဆုံးသော ပေးဆပ်ခြင်း ဖြစ်ကြောင်း သိရှိနားလည် သင့်ကြပေသည်။
"၂၀၁၀ခုနှစ်၊ မတ်လ(၂)ရက်နေ့တွင်ကျရောက်မည့်
(၄၈) နှစ်မြောက် တောင်သူလယ်သမားနေ့ကိုဂုဏ်ပြု၍ ."
ဦးဝမ်ထိန် (ကမ္ဘာ့နေ့ကြီးရက်ကြီးများ နှင့် မြန်မာ့နေ့ကြီးရက်ကြီးများ)
အားလုံးကိုချစ်ခင်လေးစားလျှက်...
ဒီနေရာက ကူးယူုဖေါ်ပါသည်။
Tuesday, February 22, 2011
ကမ္ဘာ့အကြီးဆုံး မိသားစု
ဘာကြောင့်လဲဆိုတော့ အိမ်ထောင်ဦးစီး Ziona Chana မှာ ဇနီး ၃၉ ယောက်၊ သားသမီး ၉၄ ယောက်နဲ့ မြေး ၃၃ ယောက်၊ သားမက်နဲ့ ချွေးမတွေပါ ပါရင် စုစုပေါင်း မိသားစုဝင် ၁၈၁ ယောက် တအိမ်တည်း အတူနေနေကြလို့ပါတဲ့။
အိမ်ငယ်လေးတွေနဲ့ ပြည့်နေတဲ့ Baktwang ရွာလေးက တခုတည်းသော အခန်း ၁၀၀ ပါတဲ့ လေးထပ်တိုက်အိမ်ကြီးမှာ သူတို့ မိသားစု နေကြပါတယ်။


ကြီးမားလှတဲ့ သူ့မိသားစုကြီးကို စီမံခန့်ခွဲတာဟာ စစ်တပ်တခုလိုပဲလို့ သူကပြောပါတယ်။ သူ့ရဲ့ ပထမဆုံး ဇနီးဖြစ်တဲ့ Zathiangi က ကျန်တဲ့ ဇနီးတွေကို အုပ်ချုပ်ပြီး အိမ်ထောင်တခုလုံးရဲ့ စားသောက်ဖွယ်ရာ စီမံတာ၊ သန့်ရှင်းရေး၊ အ၀တ်လျှော်ဖွတ်တာ စတဲ့ အိမ်မှုကိစ္စ အ၀၀ ကို စနစ်တကျ စီမံပါသတဲ့။
ဒီမိသားစုကြီးရဲ့ တနပ်စာ စားသောက်ဖို့အတွက် ကြက် အကောင် ၃၀၊ အာလူး ၁၃၂ ပေါင် နဲ့ ဆန် ပေါင်ချိန် ၂၂၀ ကို ချက်ပြုတ်ရပါတယ်။
Ziona Chana ရဲ့ လူမျိုးစု ဘာသာရေးဂိုဏ်းဆိုင်ရာဓလေ့မှာ အမျိုးသားတယောက်ဟာ သူကျွေးမွေးစောင့်ရှောက်နိုင်မယ်ဆိုရင် သူကြိုက်သလောက် မိန်းမတွေကို အကန့်အသတ်မရှိ လက်ထပ်လို့ ရတယ်လို့ဆိုပါတယ်။ ဒါကြောင့်လည်း သူ့မှာဇနီးမယားတွေ အဲ့လောက်တောင် များတာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၈ နှစ်တုန်းက သူဈေးဝယ်ထွက်တုန်း Mr. Chana က သူ့ကို မျက်စိကျခဲ့ပြီး သူနဲ့ လက်ထပ်ဖို့ စာရေး ကမ်းလှမ်းခဲ့တာလို့ သူကပြောပြပါတယ်။
Mr. Chana ကတော့ ဇနီးအသစ်တွေ ထပ်ရှာအုံးမယ်လို့ ဆိုပါတယ်။ သူ့ရဲ့ လူမျိုးစု ဘာသာရေးဂိုဏ်းအဖွဲ့ဝင်က ၄၀၀ လောက် ရှိပါသတဲ့။
သူက “ကျနော့ရဲ့ ဂိုဏ်းကို ချဲ့ထွင်ဖို့အတွက် အမေရိကအထိကိုတောင်သွားပြီး ဇနီးမယားတွေ ရှာဖွေလက်ထပ်ချင်ပါတယ်” လို့ ပြောပါတယ်။
သူ့ရဲ့ သားတယောက်က သူ့အဖေဟာ ရွာထဲက ဆင်းရဲတဲ့ အမျိုးသမီးတွေကို လက်ထပ်ပေါင်းသင်းခဲ့ပြီး ဒါဟာ သူတို့ကို ကြည့်ရှုစောင့်ရှောက်နိုင်ဖို့အတွက် လက်ထပ်တာလို့ ပြောပြပါတယ်။
မူရင်းသတင်းကို ဒီမှာ ကြည့်နိုင်ပါတယ်။
Wednesday, January 26, 2011
မျက်စိရောဂါ ကာကွယ်ပါ
အောက်ပါ နည်းလမ်းလေး တွေ ကိုလိုက်နာပေးလိုက်ပါ။
နေရာ မှန်ပါစေ
သင့်ရဲ့ကွန်ပျူတာ၊ keyboard၊ mouse တို. ကို နေရာမှန်ထားတက်ဖို. အရေးကြီးပါတယ်။ သင့်ရဲ့ ကွန်ပျူတာ screen ဟာ သင့်မျက်လုံးကနေ သင့်ရဲ့လက်တဆန်.စာ အကွာ နဲ. မျက်လုံးရဲ့ ၂၀ ဒီဂရီအောက် နိမ့် နေရပါမယ်။
အလင်းရောင်
သင့် အခန်းတွင်း အလင်းရောင်ပျံ့နှံ့နေပါစေ။ ဒါမှ ကွန်ပျူတာ screen မှလာသော reflection တွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ကွန်ပျူတာ screen အား သင့်မျက်စိ နှင့် သင့်တော်ရာ အလင်း၊အမှောင် setting လုပ်ထားပါ။
မျက်မှန်
Anti-reflective Lenses ပါသော မျက်မှန် ကို တပ်ပေးခြင်းဖြင့် တောက်ပသော အရာမှလာသော reflection တွေကို ကာကွယ်နိုင်ပါတယ်။ သင့်ရဲ.မျက်စိဆရာဝန်က သင့် အား ကွန်ပျူတာ နှင့် ထိတွေ.နေသူမှန်းသိရင် ထို Anti-reflective Lenses ထည့်ထားတဲ့ မျက်မှန်ကို ညွန်းပါလိမ့်မယ်။
မိနစ် ၂၀၊ ပေ ၂၀၊ အခါ ၂၀၊ ခြေလှမ်း ၂၀
ကွန်ပျူတာ နှင့် အလုပ်လုပ်သူများ မိနစ် ၂၀ လောက် ကြာတိုင်း ခေါင်းကို ခဏဘေးကိုလှည့်ပြီး ပေ၂၀လောက်ဝေးတဲ့အရာတခုခုကို ကြည့်ကြည့်ပေးပါ။ ဒီနည်းလမ်း ဟာသင့်ရဲ့ ပင်ပန်းနေတဲ့ မျက်လုံးအား သက်သာရာ ရစေပါတယ်။ နောက်ပြီး အခါ ၂၀ လောက် မျက်စိ အား ပိတ်လိုက်ဖွင့် လိုက်လုပ်ခြင်းဖြင့် မျက်လုံး စိုစွတ်ခြင်းကို ရယူပါ။ ပြီးရင် ခဏ ထိုင်ခုံမှ ထပြီး ခြေလှမ်း ၂၀ လောက်လမ်းလျှောက်ခြင်းဖြင့် သွေးလှည့်ပတ်ပါစေ။
မျက်စဉ်း ခတ်ပေးပါ
လူတစ်ယောက်ဟာ ၁ မိနစ်အတွင်း ပုံမှန် ၁၂ ခါ မျက်တောင်ခတ် ကျပါတယ်။ ဒါပေမယ့် ကွန်ပျူတာနဲ. အလုပ်လုပ်နေရရင် ၅ ခါ လောက်သာ မျက်တောင်ခတ် တာကို သင်သတိထားမိပါသလား။ အကျိုးဆက်အနေဖြင့် မျက်စိအား ခြောက်ကပ်နေစေပါတယ်။ ထိုသို့ ခြောက်ကပ်မနေအောင် မျက်စဉ်း ခတ်ပေးနိုင်ပါတယ်။ မှတ်ချက်( ဆရာဝန် ညွန်ကြားတဲ့မျက်စဉ်းသာအသုံးပြုပါ။ ဆေးဆိုင်က တွေ့ရာဝယ်တဲ့မျက်စဉ်းမသုံးမိပါစေနဲ့)

ထိုင်ခုံပေါ်တွင် မတ်မတ်ထိုင်ပြီး သင့်ရဲ့လက်ဖဝါး နှစ်ခုအား နွေးလာသည်အထိ ပွတ်ပေးပါ။ ထိုနွေးနေသော လက်ဖဝါးနဲ့ သင့်မျက်စိနှစ်ဖက်ကို ၁မိနစ်လောက်ဖုံးအုပ်ပေးလိုက်ပါ။ သင့်မျက်စိညောင်းကိုက်၊ ပင်ပန်းလာတိုင်း ၂ကြိမ်၊ ၃ကြိမ်လောက်လုပ်ပေးပါ။ ထို လက်ဖဝါးမှ လာသော နွေးထွေးမူသည် သင့်ရဲ့ ပင်ပန်းနေသော မျက်စိအား သက်သာစေပါတယ်။
မျက်နှာသစ်ခြင်း
အားတဲ့အချိန်မှာ မျက်စိမှိတ်ပြီး ရေအေးဖြင့် မျက်နှာသစ်ပေးပါ။ အင်မတန် လန်းဆန်းခြင်းကို ခံစားရပါလိမ့်မယ်။
ဆေးမြီးတို
သောက်ပြီး သား လက်ဖက်ခြောက် အထုပ်ကလေး များကို လွင့်မပစ်ပဲ ရေခဲသေတ္တာထဲထည့်ထားပြီး အားတဲ့အချိန်ကျရင် ထို လက်ဖတ်ခြောက်အထုပ် ၂ထုပ်အား သင့်မျက်စိ တဖတ်စီိတွင် တင်ပြီး အနားယူပါ။ မျက်စိအားအေးမြ စေပါသည်။ ကွမ်းရွက်ကို ရေစင်အောင်ဆေးပြီး မျက်လုံးပေါ်အုပ်ပြီး အနားယူရင်လည်း ကောင်းပါတယ်။ ဆားနဲ့အရွက်ကို ချေပြီးခပ်တဲ့ အလေ့အထ မလုပ်တာကောင်းပါတယ်။
အစားအသောက်
ဗီတာမင် A, C, E ပါသော အစားအစာများ ပိုစားပါ။ သံပရာရည်၊ အသီးအရွက်၊ ခရမ်းချဉ်သီး၊ ဥ နှင့် နို့ထွက်ပစ္စည်းများ လဲ ပိုစားပေးပါ။
မျက်လုံးကိုဂရုစိုက်ပါ
သင့်မျက်လုံးထဲကို တစုံတခုဝင်တယ်ဆိုပါစို့။ အရမ်းမပွတ်လိုက်ပါနဲ့ ရေအေးအေးနဲ့ ဆေးကြောပါ မသက်သာဘူးဆိုရင်တော့ မျက်စိဆရာဝန်ကိုပြသင့်ပါတယ်။ ကိုယ့်သဘောနဲ့ကို မျက်စဉ်းခပ်တာမလုပ်မိပါစေနဲ့ ။ သန့်ရှင်းတဲ့မျက်နှာသုတ်ပုဝါကို အမြဲအသုံးပြုပါ။ မကြာခဏ မျက်စိဆရာဝန်နဲ့ စစ်ဆေးကုသမှုခံယူပါလို့ အကြံပြုပါရစေ။
ကျနော်ဆရာဝန်မဟုတ်ပါ။ ကိုယ်တွေ့နဲ့ ဖေါ်ဝပ်မေးမှရသော အချက်လက်ကိုပြင်ဆင်ရေးသားထားခြင်းဖြစ်ပါသည်။
မျက်စိရောဂါ ကင်းဝေကြပါစေ။
Saturday, January 15, 2011
အလောင်းဘုရားရဲ့ ရွှေသ၀ဏ်လွှာ
ပတ္တမြား ၂၄ လုံးနဲ့ စီခြယ်ထားပြီး ရွှေပြားပေါ်မှာ မြန်မာစာလုံးတွေ ထွင်းထားတဲ့ အဲ့ဒီ ရွှေသ၀ဏ်လွှာမှာ ဗြိတိန်နိုင်ငံနဲ့ ဗမာနိုင်ငံ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ ကုန်သွယ်ရေးအကြောင်းတွေကို ရေးထားတာလို့ ပညာရှင်တွေက ပြောတယ်။

“ဘုန်းတန်းခိုး အာနုဘော်နှင့် ပြည့်စုံကြွယ်ဝသော ရေမြေ့သခင်၊ မင်းများ၏ ဘုရင်၊ ရွှေ ငွေ ကျောက်သံပတ္တမြားတို့ကို ပိုင်စိုးတော်မူသော ဆင်ဖြူများရှင်၊ ဆင်နီများရှင် အရောင်စုံလှသော ဆင်များရှင်မှ အင်္ဂလိပ် တိုင်းပြည်ကို အုပ်ချုပ်သော ဘုရင်မင်းမြတ်ထံသို့ နှုတ်ခွန်းဆက်သပါတယ်” လို့ ရွှေသ၀ဏ်လွှာမှာ ကုန်းဘောင်ခေတ်ဦး မြန်မာစာပေ အရေးအသားနဲ့ ဖွဲ့နွဲ့ အစချီထားပါသတဲ့။
အဲ့ဒီအချိန်တုန်းက ဗြိတိန် ဘုရင်ရဲ့ သံတမန် Mr. Henry Brooke ရဲ့တောင်းဆိုချက်အရ ပုသိမ်ဆိပ်ကမ်းမှာ အင်္ဂလိပ် သင်္ဘောတွေ ဆိုက်ကပ် ကုန်သွယ်ဖို့ ဆိပ်ကမ်းတည်ဆောက်ခွင့်ပေးတဲ့အကြောင်း၊ ပုသိမ်မြို့ဝန်ကိုလည်း ညွှန်ကြားထားတဲ့အကြောင်းတွေ ဂျော့ရှ်ဘုရင်ကို အကြောင်းကြားတဲ့ စာပါတဲ့။
ဒီသ၀ဏ်လွှာကို လေ့လာခဲ့တဲ့ သမိုင်းပညာရှင် Dr Jacques Leider က ဒီစာကို ပို့တဲ့အခါမှာ ဗြိတိန်က သိမ်းပိုက်ထားတဲ့ အိန္ဒိယနိုင်ငံ မဒရပ်စ်ကနေတဆင့် ပို့လိုက်တာဖြစ်ပြီး ဗြိတိန်နန်းရင်းဝန် William Pitt ကနေမှ တဆင့် ဒုတိယမြောက် ဂျော့ရှ်ဘုရင်ဆီကို ရောက်တယ်၊ ဂျော့ရှ်ဘုရင်က Hanover က စာကြည့်တိုက်ကို ၁၇၅၈ မတ်လမှာ ပို့လိုက်ပြီး ဒီသ၀ဏ်လွှာနဲ့ ပတ်သက်လို့ တရားဝင် အကြောင်းပြန်တာ တစုံတရာ မရှိခဲ့ပဲ နှစ်ပေါင်း ၂၅၀ ကျော်ကြာ ဒီအတိုင်း ရှိနေခဲ့တဲ့ အကြောင်း၊ မြန်မာလို ရေးထားတာမို့ ဘယ်သူကမှလည်း မဖတ်တတ်ခဲ့ကြတဲ့အကြောင်း၊ ဒိန်းမတ်ဘုရင် Christian VII ရဲ့လက်ထက်မှာ စာကြည့်တိုက်ထဲက သမိုင်းဝင် ပစ္စည်းတွေ ပျက်စီးသွားတဲ့အထဲမှာ အလောင်းမင်းတရားကြီးရဲ့ ရွှေသ၀ဏ်လွှာလည်း ပါတာကြောင့် စာတွေကို ဖတ်ရှူလေ့လာဖို့ ခက်ခဲခဲ့တဲ့အကြောင်း၊ ၃ နှစ် အချိန်ယူ လေ့လာခဲ့ရပြီးတော့မှ အခုလို ထုတ်ဖော်ပြသတဲ့ကြောင်း ပြောဆိုထားပါတယ်။
ဒီ ရွှေသ၀ဏ်လွှာကို ဂျာမဏီနိုင်ငံ Hanover မြို့က အဲ့ဒီ Leibniz စာကြည့်တိုက်မှာ ဇန်န၀ါရီ ၁၈ ရက်နေ့အထိ အများပြည်သူလေ့လာနိုင်အောင် ခေတ္တပြသထားမယ်လို့ သိရပါတယ်။ ရွှေသ၀ဏ်လွှာဟာ အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိနေတာမို့ အများပြည်သူကို ပြသဖို့ ဒီအတိုင်း အမြဲတမ်းထားမှာလားဆိုတာကတော့ မသေချာသေးပါဘူး။
Monday, December 20, 2010
Monday, December 6, 2010
Sunday, November 14, 2010
တောင်ကြီး တန်ဆောင်တိုင် မီးပုံပျံပွဲ
ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရဲ့ အထင်ကရ ရိုးရာပွဲတော်တခု ဖြစ်တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲ ဒီနေ့ စ ပါပြီခင်မျာ။
တောင်ကြီးမီးပုံးပျံတွေအကြောင်းသိချင် ဖတ်ချင်တယ်၊ တောင်ကြီးတန်ဆောင်တိုင် သီချင်းလေးတွေ နားဆင်ချင်တယ်ဆိုရင် ဒီနေရာ မှာရှိပါတယ်။
မီးပုံးပျံပွဲ တိုက်ရိုက်လွှင့်နေတာကတော့ ဒီနေရာ မှာပါ။
မီးပုံးပျံပြိုင်ပွဲက နိုဝင်ဘာ ၂၁ရက်၊ တန်ဆောင်မုန်း လပြည့်နေ့အထိ လုပ်မှာပါ။ မီးအလှဆင်ယှဉ်ပြိုင်တဲ့ စိန်နားပန် မီးပုံးပျံ ၃၅ လုံးနဲ့ မီးရှူးမီးပန်းအလှပြိုင်တဲ့ ညမီးကြီး ၉၀ ကျော် ပါဝင်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။
အညာနွေတမာမြေ
Thursday, November 11, 2010
မယား သို့မဟုတ် ဇနီး ( ၇ ) မျိုး
ဘယ်မယားမျိုးကို ရွေးချယ်ချင်လဲ၊ ဘယ်လို ဇနီးမျိုး ဖြစ်ချင်ပါသလဲ၊
တနေ့က ဒကာမတစ်ယောက်က သူ၏ လက်ရှိဘ၀ဖြတ်သန်းနေရတဲ့ ဘ၀နှင့် ပတ်သက်ပြီး ပြောပြပါသည်၊ သူ့ဘ၀ကို အားမလို အားမရ ဖြစ်နေသည်၊ တခါတရံ သံသယစိတ်တွေ များနေသည်။ ကိုကိုယ်တိုင်က ဇနီးမယား နေရာမှာ နေရပေမဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု နဲနေသည်၊ တပည့်တော် ဘယ်လို နေပေးရမလဲ ဇနီးကောင်း တစ်ယောက် ဖြစ်အောင် ဘယ်လို နေပေးရမလဲဘုရား ဟူ၍ မေးလာသဖြင့် စာပေလာ ဇနီးကောင်း နှင့် ဇနီးဆိုးတို့ အကြောင်း တင်ပြလိုက်ပါသည်။
ဘယ်လို မယားမျိုးဖြင့် ဘ၀ကိုဖြတ်သန်းသွားမလဲ? သင်ကကော ဘယ်လို မယားမျိုးကို ရွေးမလဲ? ရွေးစရာနှင့် ဖြစ်ချင်စရာ မယားများကို ဗဟုသုတ အဖြစ် တင်ပြလိုက်ပါသည်။
မယား (၇)မျိုး ပေါ်ပေါက်လာပုံ
မြတ်ဗုဒ္ဓလက်ထက်တော်က မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်ကြီး၏ အလှူရှင် ကျောင်းဒကာ အနာထပိဏ်သူဌေး၏ အိမ် ဆွမ်းခံကြွစဉ် ထို ကျောင်းဒကာကြီးအိမ်မှာပဲ အော်ဟစ်ပြီး ရန်ဖြစ်နေကြသည်။ အငြင်းပွားနေကြသည်။ ကျောင်းဒကာကြီး အိမ်မှာ ဘာဖြစ်နေကြတာလဲ? အသံတွေ ကျယ်လိုက်တာ တံငါသည်တွေ ငါးလုနေသလို ဖြစ်နေတယ်။ မှန်ပါဘုရား သုဇာတာဆိုတဲ့ ချွေးမတစ်ယောက်ဘုရား ယောက္ခမကိုလည်း မရိုသေ၊ လင်ကိုလည်း မရိုသေ၊ ဘုရား တရား သံဃာကိုလဲ မရိုသေဖြစ်နေပါတယ်ဘုရား။ ဆိုဆုံးမလို့လည်း မရ ဖြစ်နေပါတယ်ဘုရား။ ကဲ--ဒါဆို သူ့ကို ခေါ်လိုက်ဆိုပြီး ဘုရားထံမှောက် ရောက်လာသော အနာထပိဏ်သူဌေး၏ ကြမ်းထမ်းသော ချွေးမကို ဘုရားရှင်က အောက်ပါ မယား (၇) မျိုးအကြောင်း ဟောကြားလိုက်လေသည်။
ထို မယား အကြောင်းအရာများကို နားလည်သွားသော သုဇာတာသည် ဒီကနေ့စပြီး ဒါသီသမာ ဘရိယာ (ကျွန်နှင့်တူသော) မယား ဖြစ်ပါတော့မယ်ဘုရားဟူ၍ ဘုရားထံ အာမခံသွားသည်။
မယား ( ၇ ) မျိုး
၁ ။ (၀ဓာ ဘရိယာ) ရန်သူနှင့်တူသောမယား
မိမိ လင်ယောကျာ်းအပေါ်၌ အထင်သေး၏၊ အခြား ယောက်ျားတို့အပေါ်၌ တပ်မက်၏၊ မိမိလင် အပေါ်၌ နားလည်မှုမရှိဘဲ အမြဲတစေ စကားကောင်း မပြောတတ်ဘဲ မြည်တွန်တောက်တီး၍ ရန်သူလိုရန်ပြုပြီး ဆဲရေး၏ ။ ဆောင့်အောင့်၏ ။ မိမိလင် အပေါ်၌ အကျိုးမဲ့ကိုပဲ လိုလား၏ ပြုလုပ်တတ်၏။ ထိုမိန်းမသည် ၀ဓာ ဘရိယာ- ရန်သူနှင့်တူသော မယားဖြစ်၏။
၂ ။ (စောရီ ဘရိယာ) သူခိုးနှင့်တူသောမယား
မိမိ လင်ယောကျာ်း မျက်ကွယ်၌ သူခိုးပမာ လင်ယောက်ျား ရှာဖွေစုဆောင်းထားသော အိမ်ရှိပစ္စည်းတို့ကို မိမိ လင်မသိအောင် ခိုးဝှက်ပြီး သုံးဖြုန်းပစ်တတ်၏။ ထိုမိန်းမမျိုးသည် စောရီ ဘရိယာ- သူခိုးနှင့်တူသော မယားမည်၏။
၃ ။ (အယျာ ဘရိယာ) အရှင်နှင့်တူသောမယား
မိမိ လင်သားအပေါ်အာဏာပြတတ်၏ ။ လင်ပြောဆိုသမျှ အကောင်းမထင်ဘဲ မလိုက်နာတတ်ချေ။ အနိုင်အထက်ပြုလုပ်တတ်၏။ ကြမ်းထမ်းသော နုတ်ရှိ၏၊ ကြမ်းကြမ်းထမ်းထမ်း မောက်မောက်မာမာ ပြောတတ်၏၊ အပျင်းကြီး၏၊ နေရာတကာ၌ အရှင်သခင်ကဲ့သို့ ပြုလုပ်တတ်၏။ ထိုမိန်းမသည် အယျာ ဘရိယာ- အရှင်သခင်နှင်တူသော မယားဖြစ်၏။
၎ ။ (မာတာ ဘရိယာ)အမေနှင့်တူသောမယား
အမေသည် သားသမီးတို့အပေါ်ဝယ် မေတ္တာ ၊ စေတနာ အပ်နှင်းသကဲ့သို့ မိမိ၏လင်သားအပေါ် အမေစိတ်မျိုးထားနိုင်သော မိန်းမမျိုးဖြစ်၏၊ ရှာဖွေစုဆောင်းထားသော ပစ္စည်းတွေကိုလည်း သိမ်းဆည်းတက်သော မိန်းမမျိုးသည် မာတာ ဘရိယာ- အမေနှင့်တူသော မယား ဖြစ်၏။
၅ ။ (ဘဂိနီ ဘရိယာ)နှမနှင့်တူသောမယား
နှမသည် အကို ၊ မောင်တို့အပေါ်၌ ချစ်ကြောက်ရိုသေမြတ်နိုးသည့်နည်းတူ မိမိလင်သား၏ စီမံမှုအပေါ် မဖီမဆန် ၊ မငြင်းဆန်ဘဲ ဆောင်ရွက်တတ်သော မိန်းမမျိုးဖြစ်သည်။ အရှက်တရားရှိပြီး လင်၏ အလိုဆန္ဒအတိုင်း လိုက်လျောသော မိန်းမသည် ဘဂိနီ ဘရိယာ- နှမနှင့်တူသော မယား မည်၏။
၆ ။ (သခီ ဘရိယာ) အဆွေခင်ပွန်းနှင့်တူသောမယား
မိတ်ဆွေကောင်းကဲ့သို့ မိမိ လင်သား၏ တိုင်ပင်နှီးနှောသည့် အကြံအစည်တို့ကို သင့် ၊ မသင့် ဝေဖန် ထောက်ပြနိုင်သော မယားကောင်းဖြစ်၏။ အမျိုးကို စောင့်ရှောက်၏၊ အကျင့်သီလ ရှိ၏၊ ထိုမိန်းမသည် သခီ ဘရိယာ- မိတ်ဆွေနှင့်တူသော မယားဖြစ်၏။
၇ ။ (ဒါသီ ဘရိယာ) ကျွန်နှင့်တူသောမယား
မိမိလင် သည် မိမိအပေါ် ခြိမ်းခြောက်သော်လည်း မိမိလင် အပေါ် အမျက်ဒေါသမထွက်၊ မပြစ်မှာဘဲ သည်းခံတတ်၏၊ လင်ယောက်ျား အလိုဆန္ဒအတိုင်း ဖြစ်စေ။ ကျွန်သည်သခင့်ကွယ်ရာတွင် စိတ်မချရသည့်နည်းတူ ပစ္စည်းဥစ္စာတို့၌ ကုန်ခန်းပျောက်ပျက်အောင် နှမြောခြင်းမရှိဘဲ သုံးဖြုန်းပစ်တတ်သော မယားဖြစ်သည် ။ ( တစ်နည်း ) ကျွန်ကောင်းတို့သည် အရှင်သခင်အား ရိုသေတုပ်ကွစွာ လုပ်ကျွေးသကဲ့သို့ လင်ကို ရိုသေစွာလုပ်ကျွေးသော မိန်းမမျိုးဖြစ်၏ ။
အကောင်းဆုံးမယားများ
ထို ( ၇ ) မျိုးသော မယားတို့တွင် နောက်ဆုံး (၄) မျိုးဖြစ်သော အမေနှင်တူသူ၊ မိတ်ဆွေနှင့်တူသူ၊ နှမနှင့်တူသူနှင့် ကျွန်နှင့်တူသူတို့သည် ပေါင်းသင်းထိုက်သူများဖြစ်သည်၊ သီလ၌ကြာမြင့်စွာ ဆောက်တည်သောကြောင့် ထို အမျိုးသမီးတို့သည် ဘ၀ဆက်တိုင်း ကောင်းသောဘ၀ မြင့်မြတ်သော ဘ၀ကို ပိုင်ဆိုင်ကြမည် ဖြစ်သည်။ ပြောင်းပြန်အားဖြင့် ရှေ့ (၄) ခုသော မယားတို့သည် သီလမရှိ ကြမ်းထမ်းသော သဘောရှိ၊ ရိုသေ လေးစားသော သဘောမရှိရကား နောက်ဘ၀ မကောင်းသော ဂတိ (သို့မဟုတ်) ငရဲအထိ ရောက်ရ၏။
ကျမ်းကိုး-- အဂုင်္တ္တရ နိကာယ် သတ္တကနိပါတ၊ ဘရိယာသုတ်ကို ဘာသာပြန်ဆိုသည်။
ဘ၀မှာ ပျော်ရွှင်နိုင်ကြပါစေ။
သီတဂူစတား
၁၀-၉-၂၀၁၀
Friday, October 29, 2010
မြန်မာပြည်မှာတွေ့တဲ့ မျောက် မျိုးစိတ်သစ်
အဲ့ဒီနေရာဝန်ကျင်းက မုဆိုးတွေက အမဲလိုက်ရင်း ဒီမျောက်ကို ပစ်ခတ်မိလာရာကနေ သူ့ရဲ့ ထူးခြားတဲ့ နှာခေါင်းပေါက်တွေကြောင့် စူးစမ်းမိရင်းက မျောက်မျိုးစိတ်သစ် တခု ဖြစ်နေတာလို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
အရင်က ရှာဖွေ တွေ့ရှိခဲ့တဲ့ ဒီလို အပေါ်လန်နေတဲ့ နှာခေါင်းပေါက်နဲ့ ယူနန် နှာလန်မျောက်ဆိုတဲ့ မျောက်မျိုးကို တရုတ်နဲ့ ဗီယက်နမ်နိုင်ငံတွေက မဲခေါင်မြစ်တလျှောက်နဲ့ သံလွင်မြစ်တလျှောက်မှာ နေကြတာလို့ ဆိုပါတယ်။ အဲ့ဒီ မဲခေါင်-သံလွင်က မျောက်တွေဟာ အခု တွေ့ရတဲ့ မျောက်အမျိုးအစားနဲ့ ပုံသဏ္ဍာန် ကွဲပြားပြီး အမွှေးတွေကလည်း ရွှေဝါရောင်တွေ ဖြစ်ပါတယ်။
ကချင်ပြည်နယ်က မျောက်မျိုးစိတ်ကတော့ အနက်ရောင် အမွှေးအမျှင်တွေနဲ့ ဖြစ်ပြီး နားရွက်ဖျားနဲ့ ပါးသိုင်းမွှေးတွေက အဖြူရောင်၊ အခြားမျောက်တွေလိုမဟုတ်တဲ့ နှုတ်ခမ်းထူထူနဲ့ အပေါ်လန်နေတဲ့ နှာခေါင်းပေါက်တွေကတော့ ပိုကျယ်ပြီး ထင်ရှားတယ်လို့ ဆိုပါတယ်။
_martinaveling-ffi_(2).jpg)
သူ့ရဲ့ ကိုယ်ထည့်အရှည်က ၂ ပေလောက်အထိ ရှိပြီး အမြီးရှည်ကြီးကတော့ ကိုယ်ထည်ထက်တောင် ရှည်လျားပါသတဲ့။
မိုးတွေ ရွာတဲ့အခါကျရင် သူတို့ရဲ့ နှာခေါင်းပေါက်ထဲကို ရေတွေဝင်လို့ ရေမွှန်ပြီး ဟတ်ချိုးချေတဲ့အသံကို ကြားရလို့ သူတို့ကို ရှာတွေ့ဖို့ မခက်ဘူးလို့ မုဆိုးတွေက ပြောပါတယ်။ အပေါ်ကို လန်နေတဲ့ နှာခေါင်းတွေထဲကို ရေ၀င်မှာစိုးလို့ သူတို့တွေဟာ မိုးရွာတဲ့အချိန်ဆိုရင် ခြေထောက်နှစ်ချောင်းကြားထဲ ခေါင်းဝှက်ပြီး နေတတ်ကြပါသတဲ့။
မုဆိုးတယောက်က သူ့မိသားစု စားဖို့ ပစ်ခတ်လာတဲ့ မျောက်အသေတကောင်ကနေ စပြီး ဒီမျိုးစိတ်ကို လေ့လာသူတွေက သတိထားမိသွားတာပါပဲ။
လေ့လာသူတွေကတော့ မုဆိုးတွေဆီက ရတဲ့ မျောက်ရဲ့ အရိုးတွေ၊ ဦးခေါင်းခွံတွေကို သုတေသနပြုပြီးတော့ မျောက်မျိုးစိတ်သစ် ဖြစ်တယ်ဆိုတာကို အတည်ပြုခဲ့ပါတယ်။ ဒီမျောက်မျိုးကို အသက်ရှင်လျက် အနေအထားနဲ့တော့ လေ့လာသူတွေက မတွေ့ဖူးကြသေးဘူးလို့ ဆိုပါတယ်။ သူ့ရဲ့ သတ္တဗေဒ နာမည်ကတော့ Rhinopithecus Strykeri ဖြစ်ပါတယ်။
ဒီမျောက် အကောင်ရေ ၂၆၀ ကနေ ၃၃၀ အထိပဲ ရှိနိုင်မယ်လို့ လေ့လာသူတွေက ခန့်မှန်းထားပါတယ်။
မြစ်ဆုံရေကာတာ စီမံကိန်းနေရာပတ်ဝန်းကျင်ဟာ ရေကာတာ ဆောက်နေတာကြောင့် သစ်တောတွေ ဖြိုဖျက်ပစ်ရတာတွေ အပါအ၀င်၊ ကျွန်းသစ်အပါအ၀င် သစ်မာတွေ ထုတ်ရောင်းနေတာ၊ ရှားပါး တိရစ္ဆာန်တွေရဲ့ အရေခွံ၊ အရိုး၊ အသား စတာတွေကို ဆေးဖက်ဝင်တယ်ဆိုပြီး တရုတ်နိုင်ငံက ၀ယ်ယူမှုတွေကြောင့် ဒေသခံတွေကရှာဖွေရောင်းချနေတာတွေ၊ ဒီဒေသက ထွက်တဲ့ ရှားပါးသစ်ပင်ပန်းမန်တွေကို တရုတ်နိုင်ငံကို ရောင်းတာတွေ ရှိနေတဲ့ နေရာတခုပါ။
မျောက်ရိုးဟာ ဆေးဖက်ဝင်တယ်ဆိုပြီး တရုတ်ပြည်က ၀ယ်ယူနေလို ဒီနေရာမှာ မျောက်တွေ အတော်ရှားပါးနေပြီလို့ သိရပါတယ်။
အခု တွေ့ရတဲ့ မျောက်မျိုးစိတ်အသစ်တွေဟာလည်း တရုတ်နိုင်ငံရဲ့ ရေကာတာ စီမံကိန်း ဒေသတွင်းမှာ ရှိနေတာမို့ တရုတ်ပြည်က သားရဲတိရစ္ဆာန် ကုန်သည်တွေရဲ့ လက်ထဲရောက်သွားမှာကို စိုးရိမ်ပါတယ်လို့ မျောက်မျိုးစိတ်ကို လေ့လာရေးလုပ်နေတဲ့ Fauna and Flora International က အာရှပစိဖိတ် ဖွံ့ဖြိုးရေး ဒါရိုက်တာ Frank Momberg က ပြောပါတယ်။
သိပ္ပံ ပညာရှင်တွေနဲ့ ကမ္ဘာ့ သားရဲတိရစ္ဆာန်နဲ့ သစ်တောထိန်းသိမ်းရေး အဖွဲ့တွေကတော့ ဒေသခံတွေရဲ့ အမဲလိုက် မှုတွေကြောင့် ဒီရှားပါးမျောက်မျိုးနွယ်တွေ ပျောက်သွားမှာကို စိုးရိမ်နေကြသလို၊ ဆည်ဆောက်ဖို့အတွက် သစ်တောတွေ ခုတ်ထွင်ရာကနေ သစ်တော်ပြုန်းတီးမှုကြောင့် သဘာဝ သားရဲတိရစ္ဆာန်တွေ၊ သစ်ပင်ပန်းမန်တွေ ပျောက်ကွယ်သွားမှာကို ပူပန်နေကြပါတယ်။
Fauna and Flora International က မာ့ခ်ရိုစ့်ကတော့ ဒီမျောက်တွေကို ထိန်းသိမ်းဖို့အတွက် သူတို့အဖွဲ့အနေနဲ့ တတ်စွမ်းသမျှ ကာကွယ်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
Thursday, October 28, 2010
သာယာဖြောင့်ဖြူးတဲ့ အိမ်ထောင်ရေးကို တည်ထောင်လိုသူများအတွက်
ကျနော်ရေးလိုတဲ့အကြောင်းအရာတွေကို ရွှေအိမ်မက်ဘလော့ခ်မှာ ဘလော့ခ်ဂါ ကျော်ကျော်ဦးရဲ့ရေးသားချက်ကို ပြန်လည်ပြင်ဆင်ပြီး ဖေါ်ပြထားတာကိုတွေ့လို့ ကျနော်လည်း ထပ်မံ ပြင်ဆင်တင်ပြလိုက်ပါတယ်။ သက်ဆိုင်သူများ နားလည်ပေးနိုင်မယ် မျှော်လင့်ပါတယ်။

တို့ ဖြင့် ကျင့်ကြံဆောင်ရွက်ပါဟု အကြံပေးလိုပါသည်။
လင် ကျင့်ဝတ် ၅-ပါး
မထီမဲ့ကင်း
အပ်နှင်းဥစ္စာ
မိစ္ဆာမမှား
ဝတ်စားဆင်ယင်
မြတ်နိုးကြင်
ငါးအင် လင်ကျင့်ရာ။
(၁) ဇနီးမယားအား မထီလေးစား မပြုခြင်း၊
(၂) ဇနီးမယားအား ရှာဖွေရသမျှ ဥစ္စာများကို အပ်နှံခြင်၊
(၃) မိမိ ဇနီးမယားမှ တစ်ပါး အခြားမိန်းမများနှင့် ဖောက်ပြား ကျူးလွန်မှု မရှိခြင်း၊
(၄) ဇနီးမယားအား အခါအားလျော်စွာ အ၀တ်အစားအသစ်အဆန်းများ ဆင်ယင်ပေးခြင်း၊
(၅) ဇနီးမယားအား မြတ်နိုးကြင်နာစွာ ဆက်ဆံခြင်း။
အကျယ်ထပ်ရှင်းရရင်တော့
(၁) မိမိ ဇနီးမယားအား မထီလေးစား မပြုခြင်း
ကိုယ့်ဇနီး ကို အများသူငါရှေ့ မှာ အော်ငေါက်တာတွေ ၊ ဆဲဆိုတာတွေ ၊ အပြစ်မရှိ အပြစ်ရှာ အကြောင်းမရှိ အကြောင်းရှာပြီး လူအထင်သေးမဲ့ ၊ သိမ်ငယ်စေမဲ့ ကိစ္စတွေ ပြောဆိုတာမျိုး ရှောင်ကြဉ်ပြီးတော့ ဇနီးမယားရဲ့ အပြုအစု အယုအယ ကောင်းကြောင်း ၊ တော်ကြောင်း ၊ တတ်ကြာင်း ၊ အနစ်နာခံ ၊ သည်းခံခွင့်လွှတ်တတ်ကြောင်း အစရှိတဲ့ ဇနီးမယား ဂုဏ်တက်စေမဲ့ အကြောင်းကိစ္စမျိုးကို ကြံဖန်ရှာဖွေပြီး အခါအခွင့်သင့်တိုင်း ပြောဆိုပေးတာကို ဆိုလိုပါတယ်။ ကိုယ့်မိန်းမကို နှုတ်၏ စောင်မခြင်းဆိုတဲ့ သဘောပါပဲ။ မိမိ ဇနီးကို ကိုယ့်ရဲ့ ကြင်နာမှု တွေ ၊ နွေးထွေးမှုတွေကို အများသူငါရှေ့ မှာ ထုတ်ဖော်ပြသတာမျိုးပေါ့။
(၂) မိမိ ဇနီးမယားအား ရှာဖွေရသမျှ ဥစ္စာများကို အပ်နှံခြင်၊
လခစားဖြစ်ရင်လည်း လခစားအလျောက် ၊ ကိုယ်ပိုင်စီးပွားရေး သမားဆိုရင်လည်း ကိုယ်ပိုင်စီးပွားရေးသမား အလျောက် ရလာတဲ့ လခ၊ အကျိုးအမြတ်တွေကို စာရင်းဇယားနှင့်တစ်ကွ မိန်းမကို ပေးအပ်ရပါမယ်။ ပြီးတော့မှ ဇနီးမယားဆီက မိမိ ကိုယ်ရေးကိုယ်တာ သုံးဖို့ စွဲဖို့ အတွက် ဘယ်ရွေ့ ဘယ်မျှ လိုအပ်ကြောင်း ဖြစ်နိုင်ရင် စာရင်းနဲ့ ပြန်တောင်းတာမျိုး ကို ဆိုလိုပါတယ်။ အဲသလို စာရင်းဇယားနဲ့ ပြတော့ ဇနီးမယားကလည်း ၀င်ငွေ ဘယ်လောက် ရှိသလဲ ၊ အသုံးစရိတ် ဘယ်လောက်ရှိသလဲ ဆိုတာကို တွက်ချက်နိုင်ပြီးတော့ စုသင့်တာစု ၊ ရင်းနှီးမြှုပ်နှံသင့်တာ မြှုပ်နှံ ၊ ပေးကမ်းစရာ ရှိတာ ပေးကမ်း အစရှိတာတွေကို လုပ်နိုင်မှာပါ။
(၃) မိမိ ဇနီးမယားမှ တစ်ပါး အခြားမိန်းမများနှင့် ဖောက်ပြား ကျူးလွန်မှု မရှိခြင်း၊
တိတ်တိတ်ပုန်း အမြှောင်မယား ထားတာတွေ၊ ကိုယ့်လက်အောက်က ၀န်ထမ်းတွေနဲ့  ဖောက်ပြားတာတွေ ၊ အခြားသော လင်ရှိမယားတွေနဲ့  ဖောက်ပြန်တာတွေ ၊ ပြည့်တန်ဆာတွေနဲ့  သွားလာဆက်ဆံတာတွေ ကို ရှောင်ကြဉ်တာမျိုးကို ဆိုလိုပါတယ်။ တစ်ချို့  သဘောထားကြီးတဲ့ မိန်းမ တွေကတော့ ကိုယ်ဝန် ရှိနေတဲ့ အချိန်မှာတော့ ကိုယ့်ယောက်ျား ကို ချုပ်ခြယ်တာမျိုး မလုပ်ဘဲ ခွင့်လွှတ်ကြတာလည်း ရှိပါတယ်။ ၂ ဦး ၂ဖက် ကြိုတင် ညှိနှိုင်းထားကြရင်တော့ အဆင်ပြေမှာပါပဲ။
(၄) မိမိ ဇနီးမယားအား အခါအားလျော်စွာ အ၀တ်အစား အသစ်အဆန်းများအား ဆင်ယင်ပေးခြင်း၊
ကိုယ့်ဇနီးကို ချစ်သူများနေ့ တို့ ၊ မွေးနေ့ တို့ ၊ မင်္ဂလာဆောင်တဲ့နေ့ တို့  အစရှိတဲ့ အမှတ်တရနေ့  တွေမှာ အချိန်သတ်သတ်ပေးပြီး အပြင်လျှောက်လည်တာတွေ၊ အမှတ်တယ ဖြစ်စေမဲ့ ဖက်ရှင် ဒီဇိုင်းတွေ ၊ အ၀တ်အထည်ဆန်းတွေ၊ sexy ဖြစ်တဲ့ lyngerie အ၀တ်အစားတွေ အဲဒီလို နေ့ တွေမှာ ၀ယ်ပေးတာတွေ လုပ်ခြင်းအားဖြင့် ဇနီးအပေါ်မှာ အချစ်မပျက်ကြောင်း ၊ မှတ်မှတ်ယယ ရှိနေကြောင်း ပြသတာမျိုး ကို ဆိုလိုပါတယ်။
(၅) မိမိ ဇနီးမယားအား မြတ်နိုးကြင်နာစွာ ဆက်ဆံခြင်း။
ချစ်သူကနေ ဇနီးမယား ဖြစ်လာခဲ့တဲ့ သူတွေဆိုရင်လည်း ကိုယ့်မိန်းမ ကို စချစ်ခဲ့တုန်းကလိုပဲ အကြင်နာမျက်လုံးတွေနဲ့ တစ်ယုတစ်ယ ထွေးထွေးပွေ့ ပွေ့ ၊ ကြင်ကြင်နာနာ ဆက်ဆံတာမျိုး ၊ မိဘတွေကြောင့် မင်္ဂလာဆောင်ခဲ့ရတဲ့ သူတွေဆိုရင်လည်း အရင်တုန်းက ဘယ်လိုပဲ ချစ်သူတွေ ရှိခဲ့ပါစေ.. လက်ရှိ ကိုယ့်ဇနီးကိုပဲ သစ္စာရှိရှိ ၊ မြတ်မြတ်နိုးနိုး ပေါင်းသင်းတာမျိုးကို ဆိုလိုပါတယ်။ အခန့် မသင့်လို့ စကားများ ရန်ဖြစ်ခဲ့ရင်တောင် ငါ့ အရင်ရည်းစားက နင့်လို မဟုတ်ဘူး.. ငါ့အပေါ် ဘယ်လောက် သည်းခံ ဂရုစိုက်တယ် ဆိုတာတွေ ပြောဆိုတာမျိုး ရှောင်ကြဉ်သင့်သလို ငယ်ကျိုးငယ်နာ ဖော်ပြီး ပြောဆိုတာမျိုး ကိုလည်း မပြုသင့်ပါဘူး။
မယား ကျင့်ဝတ် ၅-ပါး
အိမ်တွင်းမှုလုပ်
သိမ်းထုပ်သေချာ
မိစ္ဆာကြဉ်ရှောင်
လျော်အောင်ဖြန့်ချိ
ပျင်းရိမမူ
ဝတ်ငါးဆူ အိမ်သူ ကျင့်အပ်စွာ။
(၁) အိမ်မှုကိစ္စများကို အဆင်ပြေစေရန် စီမံခန့် ခွဲ ပြုလုပ်ခြင်း၊
(၂) မိမိလင်ယောက်ျား အပ်နှံလာသော ဥစ္စာများကို စနစ်တကျ သိမ်းဆည်း ထိန်းသိမ်းခြင်း၊
(၃) မိမိယောက်ျားမှ တစ်ပါး အခြားသော ယောက်ျားတို့နှင့် ကာမအမှု ကိစ္စတွင် ဖောက်ပြန်မှု မရှိခြင်း၊
(၄) မိမိဘက်မှဆွေမျိုး ၊ လင်သားဘက်မှ ဆွေမျိုးတို့၌ မျှမျှ တတ ပေးကမ်းရခြင်း၊
(၅) လုပ်ငန်းကိစ္စ အ၀၀၌ ပျင်းရိခြင်းကင်း၍ ကျွမ်းကျင်ရခြင်း။
(၁) အိမ်မှု ကိစ္စများကို အဆင်ပြေစေရန် စီမံခန့် ခွဲ ပြုလုပ်ခြင်း
ခင်ပွန်းသည် အိပ်ရာက မထခင် ခင်ပွန်းသည်အတွက် နံနက်စာ စီစဉ်ပေးတာ ၊ ခင်ပွန်းသည် နိုးလာရင်လည်း သွားတိုက်တံ ၊ မျက်နှာသုတ်ပုဝါ အစရှိတာတွေ အဆင်သင့် ပြင်ဆင်ပေးထားတာ ၊ နှစ်ဖက် မိဘတွေ ၊ ဆွေမျိုးတွေ ကိုယ့်အိမ်မှာ ကျွေးမွေး စောင့်ရှောက်ထားရင် သူတို့ တွေအတွက် မလစ်ဟင်းရအောင် ၊ အိမ်ကို ကြည့်ချင်စဖွယ် ၊ နေခြင်စဖွယ် ဖြစ်အောင် ပြင်ဆင်တာတွေ၊ ယိုယွင်းပျက်စီးနေတာတွေကို စွန့် ပြစ်တန် စွန့် ပြစ်၊ ပြင်သင့်တာပြင် ၊ ခင်ပွန်းသည် ရှာသမျှ နောက်ဖေးမီးဖိုချောင်က မထွက်ရအောင် စီမံခန့် ခွဲတာ၊ အိမ်စေ ရှိရင်လည်း မနက်စောစော အိပ်ရာမထခြင်ရင်တောင်မှ အဆင်သင့်ဖြစ်အောင် အစီအစဉ်တွေကို ကြိုတင်ပြောပြပြီး အလုပ်တွေကို သင့်လျော်သလို စီမံ ခန့် ခွဲတာတွေကို ပြုလုပ်စေခြင်းပါပဲ။ ညအိပ်ရင်လည်း ခင်ပွန်းသည်ထက် စောပြီး အိပ်တာမျိုး မဟုတ်ဘဲ အတူတူဖြစ်စေ ၊ နောက်ကျပြီးမှ ဖြစ်စေ အိပ်ရာဝင်တာမျိုး လုပ်သင့်ပါတယ်။ နောက်ကျမှ အိပ်ရာဝင်တာကလည်း အိမ်တံခါးတွေ လုံခြံအောင် ပိတ်ရဲ့ လား အစရှိသဖြင့် ခင်ပွန်းသည်တွေ လစ်ဟင်းနေတဲ့ အရာတွေကို ထောင့်စေ့အောင် ကြည့်ရှုစောင့်ရှောက်ခြင်းပါပဲ။
(၂) မိမိလင်ယောက်ျား အပ်နှံလာသော ဥစ္စာများကို စနစ်တကျ သိမ်းဆည်း ထိန်းသိမ်းခြင်း၊
ခင်ပွန်းသည် ရှာဖွေပေးလာတဲ့ ငွေကြေး ဆိုရင်လည်း မပျောက်ပျက်အောင် ၊ တိုးပွားလာအောင် ၊ လှူသင့်တာ လှူရအောင် အသုံးချတတ်ရပါမယ်။ ပစ္စည်းဥစ္စာတွေဆိုရင်လည်း ယိုယွင်းမှုနည်းအောင်၊ စနစ်တကျ ရှိနေအောင်၊ ခေတ်နဲ့  လိုက်လျောညီထွေအောင် ၊ ခင်ပွန်းသည် အကြိုက်လည်း ဖြစ် ၊ ကိုယ့်အကြိုက်လည်း ဖြစ်မယ့် ဟာတွေကို တိုင်တိုင်ပင်ပင် စုဆောင်းတာမျိုး လုပ်တတ်တာမျိုးပေါ့။
(၃) မိမိခင်ပွန်း မှတစ်ပါး အခြားသော ယောက်ျားတို့နှင့် ကာမအမှု တွင် ဖောက်ပြန်မှု မရှိခြင်း၊
ဆိတ်ကွယ်ရာမှာ ဖြစ်စေ ၊ မျက်မှောက်မှာပဲ ဖြစ်စေ ကိုယ့် ခင်ပွန်းမှ တစ်ပါး တစ်ခြားသူတွေနဲ့  ဖောက်လွဲဖောက်ပြန် အကျင့်တန်တဲ့ ကိစ္စတွေ ရှောင်ကြဉ်တာမျိုး ဆိုလိုပါတယ်။
(၄) မိမိဘက်မှဆွေမျိုး ၊ လင်သားဘက်မှ ဆွေမျိုးတို့၌ မျှမျှ တတ ပေးကမ်းရခြင်း၊
ကိုယ့် ဘက်မှ ဆွေမျိုးသားချင်းတွေကို ၁ သိန်း ထောက်ပံ့ရင် ခင်ပွန်းဘက်က ဆွေမျိုးသားချင်းတွေကိုလည်း ၁သိန်း ထောက်ပံ့တာမျိုး ၊ သီတင်းကျွတ် ၊ တန်ဆောင်တိုင် မှာ လူကြီး မိဘတွေကို ကန်တော့ရင် နှစ်ဘက် မိဘတွေ ၊ ဆွေမျိုးစုတွေကို မျှမျှတတ ဆက်ဆံ ပေးကမ်း ထောက်ပံ့ တာမျိုး ပြုလုပ်တာကို ဆိုလိုပါတယ်။
(၅) လုပ်ငန်းကိစ္စ အ၀၀၌ ပျင်းရိခြင်းကင်း၍ ကျွမ်းကျင်ရခြင်း။
အမှုကိစ္စပေါ်ပေါက်လို့ ရှိရင် ခင်ပွန်းသည်ကိုချည်းပဲ အားကိုးမနေဘဲ ကိုယ်တိုင် လုပ်တတ်ရင် ကိုယ်တိုင်လုပ်ကိုင်တာမျိုး၊ ကိုယ်တိုင်မလုပ်တတ်ရင်လည်း တတ်တဲ့သူ တစ်ယောက်ယောက်ကို ငွေပေးပြီး ခိုင်းစေတာမျိုး ၊ နိုးနိုးကြားကြား နေထိုင်တတ်တာမျိုးကို ဆိုလိုပါတယ်။
" မောင်ရေ .. သည်းလေး ဒီမှာ ကိုရီးယားကား ကြည့်နေလို့ .. အမှိုက်လေး သွန်ပေးပါ " ဆိုတာမျိုး မလုပ်သင့်ဘူးပေါ့။

၁) ခင်ပွန်းအိမ်ပြန်လာတာတွေ့ပါလျက် အိမ်နီးချင်းနဲ့ စကားအပြောမပျက် နေတတ်တာမျိုး။
၂) ကိုယ့်တစ်ကိုယ်ရေ သန့်ရှင်းမှုကို ဂရုမစိုက်တတ်တာ။
၃) ခင်ပွန်းဘက်က ဆွေမျိုးသားချင်းတွေကို မလေးစားတာ။
၎) ခင်ပွန်းသည်ရဲ့ အားနည်းချက်ကို သရော်လှောင်ပြောင်တာ။
၅) ခင်ပွန်းသည်ရဲ့ ဆန္ဒကို မသိယောင်ဆောင် နေတတ်တာ။
၆) ကာမဆက်ဆံမှုကို စိတ်မပါဟန်ပြတာ။
၇) ခင်ပွန်းကို အရာရာမှာ အပြစ်ပြောတတ်တာ။
၈) အိမ်ထောင်သည်ပဲဆိုပြီး၊ ကိုယ့်ရဲ့ တစ်ကိုယ်ရေ သေသပ်လှပမှုကို ဂရုမပြုတတ်တာ။
၉) ခင်ပွန်းသည်ရဲ့ ဝင်ငွေ၊ လခကို အသေးစိတ် စာရင်း လိုက်မေးတာ။
၁၀) သူများအိမ် လည်ဖို့ ဝါသနာကြီးတာ။
၁၁) အိမ်တွင်း အလှအပ သန့်ရှင်းရေးကို စိတ်မဝင်စားတာ။
၁၂) သားသမီးရဲ့ ဝေယျာဝစ္စကို စိတ်မဝင်စားတာ။
၁၃) ကိုယ့်ဆွေမျိုးသားချင်းကို တွယ်တာလွန်းတာ။
၁၄) ယောက္ခမနဲ့ ယောက်မ အကြောင်း ကြံဖန် အပြစ်ပြောတာ။
၁၅) ခင်ပွန်းသည်ရဲ့ ရုံး၊ လုပ်ငန်းက လုပ်ဖော်ကိုင်ဖက် အမျိုးသမီးတွေနဲ့ ပတ်သတ်ပြီး သံသယ ထားတတ်တာ။
၁၆) ဘာမဟုတ်တဲ့ ကိစ္စအတွက် စိတ်ကောက်တတ်တာ။
၁၇) သူစိမ်းတွေ ရှေ့မှာ ယောက်ျားရဲ့ အားနည်းချက်တွေ ထုတ်ဖော်ပြောတတ်တာ။
၁၈) သူစိမ်း ယောက်ျားတွေ၊ ခင်ပွန်းသည်ရဲ့ ယောက်ျားလေး အပေါင်းအသင်းတွေ အကြောင်းကို စိတ်ဝင်တစား ရှိတာ။
၁၉) ခင်ပွန်းသည် ဝယ်လာတဲ့ ပစ္စည်းကို အပြစ်ရှာ ပြောတတ်တာ။
၂၀) ခင်ပွန်းသည်ရဲ့ အဝတ်အစားနဲ့ အသုံးအဆောင်တွေ စနစ်တကျ မထားတာ။
၂၁) ကိစ္စ အသေးအမွှားလေးကို ပုံကြီးချဲ့ စကားများချင်တာ။
၂၂) ဇနီး မောင်နှံ နှစ်ဦးကြား စိတ်ချင်း မတိုက်ဆိုင်တာကို အကြောင်းပြုပြီး မိဘတွေကို ဆွဲထည့်တတ်တာ။
၂၃) ကိုယ့် မိဘဆွေမျိုးသားချင်းတွေနဲ့ ဖုန်းအကြာကြီး ပြောဆိုနေတတ်တာ။
၂၄) ခင်ပွန်းသည်ရဲ့ မိဘဆွေမျိုးသားချင်း၊ အပေါင်းအသင်းတွေကို ကိစ္စတိုင်းမှာ စိတ်မပါ့တပါ ဆက်ဆံတတ်တာ၊ ဥပေက္ခာ ပြုတတ်တာ။
၂၅) အမြဲတမ်းလိုလို ရောဂါတစ်ခုခုကို အကြောင်းပြပြီး အိမ်အလုပ် မလုပ်ဘဲ ပစ်ထားတတ်တာ။
၂၆) ကိုယ့်အိမ်လာတဲ့ သူတိုင်းကို ခင်ပွန်းသည်အကြောင်း၊ မဟုတ်ကဟုတ်က အတင်းဖန်တီး ပြောတတ်တာ။
၂၇) အိပ်ရာထဲရောက်တာနဲ့ ခင်ပွန်းသည် တစ်နေ့လုံး လုပ်ခဲ့တဲ့ အလုပ်တွေကို တန်းစီပြောခိုင်းတာ။
၂၈) ရုံးက မောမောပန်းပန်း ပြန်လာတဲ့ ခင်ပွန်းသည်ကို အိမ်အလုပ်ကူလုပ်ပေးဖို့ မျှော်လင့်တာ။
၂၉) ကိုယ့်မိဘ အိမ်နဲ့ ခင်ပွန်းသည်ရဲ့ အိမ်ကို နှိုင်းယှဉ်ပြီး နှိမ့်ချပြောတတ်တာ မျိုးတွေပါပဲ။ ။

၁) ဇနီးသည်က အိမ်လာတဲ့ ဧည့်သည်နဲ့ ရယ်ရယ်မောမော ဧည့်ခံ စကားပြောတာကို ပြဿနာလုပ်တတ်တာမျိုး။
၂) မိမိရဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေအပေါ် စိတ်ဝင်တစားရှိတာ။
၃) စားတဲ့သောက်တဲ့အခါ အသံမြည်အောင် စားတတ်တာ။
၎) စကားပြောတိုင်း ဆဲရေးတိုင်းထွာတာ၊ ကြမ်းတမ်းတဲ့ စကားမျိုးပြောတတ်တာ၊ အော်ကြီးဟစ်ကျယ်ပြောတာ။
၅) ဆေးလိပ်၊ စီးကရက်သောက်တတ်တာ။
၆) အပေါင်းအသင်းက တိုက်လိုက်လို့ဆိုပြီး၊ အကြောင်းပြ အရက်သေစာ သောက်တတ်တာ။
၇) အဝတ်အစား သေသေသပ်သပ် မဝတ်တတ်တာ။
၈) ဇနီးသည်ရဲ့ မွေးနေ့ကို မေ့မေ့ပျောက်ပျောက် နေတတ်တာ။
၉) ကလေးတွေကို ဆုံးမတဲ့ အခါတိုင်း လက်ပါတတ်တာ။
၁၀) အိပ်နေတုန်း စကားယောင်ပြောတတ်တာ၊ ဟောက်တတ်တာ။
၁၁) ကိစ္စတိုင်းမှာ မိန်းမကို အပြစ်ရှာတတ်တာ။
၁၂) ဖုန်းဆက်တဲ့အခါ အသံကျယ်ကျယ် ပြောတတ်တာ။
၁၃) အင်္ကျီကို ချွတ်ပြီးရင် အိပ်ရာပေါ်ပစ်တင် ထားတတ်တာ။
၁၄) ခေါင်းမှာ ဆီရွှဲအောင် လိမ်းတတ်တာ၊ တချို့ကျတော့ ဆီလုံးဝ မလိမ်းဘဲ ဖွာလန်ကြဲ နေတတ်တာ။
၁၅) ကိုယ့်ဇနီးကို ဘယ်ယောက်ျားနဲ့မဆို သဝန်တိုတတ်တာ။
၁၆) အစားအသောက်မှာ တစ်ခုခုကို အပြစ်ရှာပြီး ချေးများတတ်တာ။
၁၇) တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုမစိုက်တတ်တာ။
၁၈) ကိုယ့်ရဲ့ ဘယ်အသုံးအဆောင် ပစ္စည်းကိုမဆို စနစ်တကျ မထားဘဲ ဇနီးသည်ကို လှမ်းလှမ်း မေးတတ်တာ။
၁၉) အိမ်တွင်းရေးကိစ္စနဲ့ ပတ်သတ်ပြီး ဘယ်နေရာမဆို ဇနီးသည်ကို ဖက်လဲတကင်း လုပ်တတ်တာ။
၂၀) ဟင်းမကောင်းတဲ့အခါ ထမင်းပန်းကန်ကို ပစ်ပေါက်တတ်တာ။
၂၁) အိမ်မှာ အခမ်းအနား တစ်ခုခုလုပ်လို့ ဧည့်သည်တွေ ရောက်ချိန်ကိုတောင် မထောက်ဘဲ အကြောင်း တစ်ခုခုကြောင့် ဆူညံပူညံ လုပ်တတ်တာ။
၂၂) ဇနီးသည်ရဲ့ လုပ်ဖော်ကိုင်ဖက် ယောက်ျားတွေရဲ့ နာမည်ကိုတောင် မကြားချင်တာ။
၂၃) အကြောင်းတစ်ခုခုနဲ့ ပတ်သတ်လာရင် ဇနီးသည်ရဲ့ ဆွေမျိုးသားချင်းတွေကို တန်းစီပြီး အပြစ်ပြောတတ်တာ။
၂၄) ဆွေမျိုးသားချင်း (သို့မဟုတ်) အပေါင်းအသင်း စုံတဲ့အခါ ဇနီးသည်ကို ရှာကြံပြီး အပြစ်ပြောတတ်တာ၊ နှိမ့်ချတတ်တာ။
၂၅) အိမ်အပြင် ထွက်တော့မယ်ဆိုရင် ဇနီးသည်ကို ကိုယ့်အကြိုက် အဝတ်အစား ဝတ်ဖို့ တိုက်တွန်းတတ်တာ။
၂၆) လူစိမ်းတစ်ယောက်ယောက် အိမ်လာတာတွေ့တာနဲ့ ဇနီးသည်ကို ဘုမသိ ဘမသိ သံသယမျက်လုံးနဲ့ ကြည့်တတ်တာ။
၂၇) ဇနီးမောင်နှံ အတူနေကြတဲ့အခါ ကိုယ့်ကိစ္စပြီးတာနဲ့ တစ်ဖက်လှည့်သွားပြီး ဇနီးနဲ့ကိုယ် ဘာမှ မဆိုင်သလို နေတတ်တာ။
၂၈) ကိုယ့်ရဲ့ ဆန္ဒတစ်ခုတည်းကိုသာကြည့်ပြီး ဇနီးသည်ရဲ့ စိတ်အခြေအနေကို လုံးဝ ထည့်မတွက်တတ်တာ။
တကယ်လို့ ဇနီးသည်မှာ ဖြစ်စေ၊ ခင်ပွန်းသည်မှာ ဖြစ်စေ အထက်ပါ အကျင့်လေးတွေရှိခဲ့ရင် သတိလက်လွတ် မနေဘဲ ပြုပြင်လိုက်ရင်တော့ ကိုယ့်အိမ်ထောင်ရေး ပိုပြီး အဆင်ပြေ သာယာ ပျော်ရွှင်လာမှာ အမှန်ပါပဲ။
အဲဒီအချက်တွေကိုလည်း အိမ်ထောင်ပြုကြမဲ့ အမျိုးကောင်းသား အမျိုးကောင်းသမီးတွေ ကြိုတင်ညှိနိုင်းပြီး တိုင်ပင်ထားမယ် ၊ လျှော့သင့်တာလျှော့ ညှိသင့်တာ ညှိ စတဲ့ adjustment တွေ လုပ်ကြမယ်ဆိုရင် သာယာစိုပြည်တဲ့ အိမ်ထောင်ရေးကို ရရှိမှာ ဧကန် မုချပါပဲ။ ယောကျာင်္းတာဝန် မိန်းမတာဝန်ဆိုတာတွေမခွဲခြားပဲ လုပ်နိုင်တာဝိုင်းကူလုပ်ရင်း အိမ်တွင်းငြိမ်းချမ်းရေးတွေကို တည်ဆောက်သင့်ကြပါတယ်။
ဇနီးမောင်နှံအားလုံး သာယာတဲ့အိမ်ထောင်ရေးခရီးလမ်းကို အသက်ထက်ဆုံး ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ကြပါစေ။
အညာနွေတမာမြေ