-->
Showing posts with label နိုင်ငံတကာသတင်း. Show all posts
Showing posts with label နိုင်ငံတကာသတင်း. Show all posts

Monday, May 28, 2012

အိန္ဒိယ၀န်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်း မြန်မာပြည်ခရီးစဉ်မှာ သဘောတူညီမှု ၁၂ ခု လက်မှတ်ရေးထိုး

India_myanmar
India- Myanmar
ဓါတ်ပုံကို မှူးဇော်ဖေ့ဘုတ်က ယူပါတယ်။ အိန္ဒိယမြန်မာ သဘောတူညီတဲ့အချက်တွေကိုတော့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနဲ့ မြန်မာသမတရုံး ၀ဘ်ဆိုဘ်က ယူပါတယ်။

ဆက်ဖတ်ရန် ....

Tuesday, November 23, 2010

တောင်နဲ့မြောက် ကိုရီးယား တွယ်ကုန်ကြပြီ


တောင်နဲ့မြောက်ကိုးရီးယား အငြင်းပွားမှုဖြစ်နေတဲ့ နိုင်ငံအနောက်ပိုင်းက yellow sea မှာရှိတဲ့ ယောန်းပြုံးကျွန်းကို ဒီနေ့နေ့လည် ကိုးရီးယား စံတော်ချိန် ၂ နာရီခွဲ လောက်မှာ မြောက်ကိုးရီးယားဖက်ကနေ ရော့ကက်နဲ့ လှမ်းပစ်တယ်လို့ တောင်ကိုးရီးယား သတင်းဌာန YTN နဲ့ အခြားသတင်းဌာနတွေက ဖော်ပြသွားပါတယ်။

ပစ်ခတ်မှုဟာ အချက် ၅၀ ကနေ ၂၀၀ အထိ ရှိတယ်လို့ သတင်းဌာနတွေက ပြောတယ်။ တောင်ကိုးရီးယားဖက်ကလည်း အချက် ၈၀ နီးပါး ရော့ကက်နဲ့ ပြန်လည်ပစ်ခတ်မှုတွေ ရှိနေပါတယ်။ ပစ်ခတ်မှုတွေကြောင့် တောင်ကိုးရီယား စစ်သားတယောက်သေ ၁၃ ယောက် ဒဏ်ရာရ၊ ၃ ယောက်က ပြင်းထန်တယ်လို့သိရပါတယ်။

ပစ်ခေတ်မှုကြောင့် ပြည်သူ၂ယောက် ဒဏ်ရာရသွားပါတယ်။ မြောက်ကိုးရီးယားက ပစ်လာတဲ့လက်နက်ဟာ ဘာအမျိုးအစားလဲဆိုတာ မသိရသေးပါဘူးတဲ့။ ကျွန်းပေါ်က အိမ်တွေ အစိုးရရုံးအဆောက်အအုံတွေ လက်ရှိအချိန်ထိမီးလောင်နေတဲဖြစ်ပြီး ငြိမ်းသတ်မရသေးပါဘူး။ တောင်ကိုးရီးယားမှာတော့ အရေးပေါ်အခြေအနေ ကြေငြာထားပါတယ်။ ကျွန်းပေါ်နေတဲ့သူတွေကို ကျွန်းပေါ်ကနေ ချက်ခြင်းထွက်ခွာဖို့ အမိန့်ထုတ်ထားရပါတယ်။ ကျွန်းပေါ်နဲ့ အနီးတ၀ိုက်ဒေသက ပြည်သူတွေ ရွှေ့ပြောင်းပြေးလွှားနေကြရပါတယ်။

မြန်မာပြည်သူများ စစ်ဘေးမှကင်းဝေးကြပါစေ

အညာနွေတမာမြေ

ဆက်ဖတ်ရန် ....

Monday, November 8, 2010

ဒေလီမှာ အိုဘားမား မြန်မာ့အရေးပြော


ကဲ … အိန္ဒိယရောက် ကိုအိုဘားမားကတော့ အိန္ဒိယ ပါလီမန်ထဲ ၀က်ဝက်ကွဲ ၀င်ချဲပြီး မြန်မာ့အရေး အမြဲရှောင်ရှားနေတယ်လို့ ပြောချလိုက်ပြီဗျား။

“ကမ္ဘာ့ဒီမိုကရေစီနိုင်ငံကြီးတွေ ဖြစ်တဲ့ ကျနော်တို့ အမေရိကန်နဲ့ ခင်များတို့ အိန္ဒိယလို နိုင်ငံတွေအနေနဲ့ လူ့အခွင့်အရေးမရှိ၊ ဒီမိုကရေစီ မရှိတဲ့ ဒေသတွင်းနိုင်ငံတွေအပြင် ကမ္ဘာပေါ်က နိုင်ငံတွေအတွက် ပြောဆိုရပ်တည်ရမယ်။ ဒါပေမယ့် အိန္ဒိယကတော့ အိမ်နီးချင်း မြန်မာနိုင်ငံထဲမှာ ဖြစ်နေတဲ့ မေတ္တာပို့ လမ်းလျှောက်သူတွေကို သေနတ်နဲ့ ပစ်နေတာတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ ထောင်တွေထဲမှာ ရှိနေတာတွေ၊ လူ့အခွင့်ရေးချိုးဖောက်နေတာတွေမှာ ရှုတ်ချရမှာ။ ပွင့်ပွင့်လင်းလင်းပြောရရင် အိန္ဒိယက ဒီကိစ္စမှာ အမြဲ ရှောင်ပြီးနေနေတယ်” လို့ ပြောချလိုက်သဗျား။

အိမ်နီးချင်းနိုင်ငံတွေမငြိမ်သက်၊ ဒေသတွင်းနိုင်ငံတွေ မငြိမ်သက်တာတွေက ကမ္ဘာ့လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ပျက်ပြားစေသတဲ့ဗျား။ ၀န်ကြီးချုပ် မာမိုဟမ်ဆင်းကတော့ မျက်နှာငယ်လေးနဲ့။ ဇွတ်ဖိပြီး အိုဘားမားက အဲ့ဒီလိုလည်း ပြောချလိုက်ရော ပါလီမန်ထဲ ငြိမ်ဆိမ်နေတာပဲဗျာ။

အသင်အိုဘားမားရေ ခင်များလည်း အပြောချည်းပဲလုပ်မနေနဲ့ လက်တွေ့မြန်မာပြည်မှာ ဘာတွေဖြစ်နေလဲ မနက်ဖြန်ပြန်ရောက်ရင် ကြည့်ပြီး ကူညီလိုက်ပါဦး

အညာနွေတမာမြေ

ဆက်ဖတ်ရန် ....

Saturday, December 5, 2009

ထွေလီကာလီ စည်းဝေးပွဲများ

မနေ့က ဘီဘီစီ သတင်းစာမျက်နှာမှာ ထူးထူးဆန်းဆန်း သတင်းတခု ဖတ်လိုက်ရတယ်။ နီပေါနိုင်ငံက ၀န်ကြီး ၂၁ ယောက်၊ ကက်ဘိနက် စည်းဝေးကို ပင်လယ်ရေ မျက်နှာပြင်အထက် ပေပေါင်း ၂၉၀၃၅ ပေ မြင့်တဲ့ ဧ၀ရက်တောင်ရဲ့ တောင်ခြေစခန်းမှာ သွားလုပ်တယ်ဆိုတဲ့ သတင်း။

သူတို့တွေက ဧ၀ရက် တောင်ပေါ်ကို စတက်ရတဲ့ နေရာက တောင်ခြေစခန်းကို Helicopter တွေနဲ့ သွားခဲ့ကြတာပါ။




သူတို့တွေဟာ ကမ္ဘာ့ရာသီဥတုပြောင်းလဲလာတာကို သတိပေးတဲ့ အနေနဲ့ အခုလို စည်းဝေးကို လုပ်ကြတာဖြစ်ပြီး အဲ့ဒီ စည်းဝေးမှာ ကမ္ဘာ့ရာသီဥတုပြောင်းလဲလာတာကို ထိန်းသိမ်းဖို့ သဘောတူညီကြောင်း စာတမ်းကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အခု သူတို့ပြုလုပ်တဲ့ စည်းဝေးနဲ့ ရေးထိုးတဲ့ လက်မှတ်တွေဟာ မကြာခင်ရက်ပိုင်းမှာ ကျင်းပမယ့် ကမ္ဘာ့ရာသီဥတုဆိုင်ရာ ထိပ်သီးညီလာခံအကြို လှုပ်ရှားမှုပဲဖြစ်ပါတယ်။

ကမ္ဘာ့အဖိုးတန်ဖြစ်တဲ့ ဧ၀ရက်တောင်ထွဋ်ရယ် ဟိမ၀န္တာတောင်တန်းရယ်ဟာ ကမ္ဘာကြီး ပူနွေးလာတာကြောင့် ရေခဲတွေ အရည်ပျော်မှုများလာတာတွေ၊ တောပြုန်းမယ့်အန္တရာယ်တွေကို ကာကွယ်ဖို့ အထူးလိုအပ်နေတယ်လို့ သူတို့လုပ်တဲ့ စည်းဝေးက ၀န်ကြီးတွေက ပြောဆိုခဲ့ပါတယ်။

ပေပေါင်း ၁၇၀၀၀ မြင့်တဲ့ ဧ၀ရက် တောင်ခြေစခန်းမှာလုပ်တဲ့ နီပေါက ကက်ဘိနက်စည်းဝေးပွဲကတော့ဖြင့် ကမ္ဘာ့အမြင့်ဆုံးနေရာက စည်းဝေးပွဲဆိုပြီး သတ်မှတ်ခံလိုက်ရပါတယ်။

ဒီလို စည်းဝေးဟာ ပြီးခဲ့တဲ့ အောက်တိုဘာ လအတွင်းမှာ လှပတဲ့ ပင်လယ်ကမ်းခြေနိုင်ငံလေးဖြစ်တဲ့ မော်လ်ဒိုက် နိုင်ငံက သမ္မတနဲ့ ၀န်ကြီးတွေ ပင်လယ်အောက်မှာ သွားပြီး စည်းဝေးလုပ်တာရဲ့ နောက်မှ ထပ်ပြီး ဖြစ်ပေါ်လာတဲ့ နိုင်ငံခေါင်းဆောင်တွေရဲ့ ထူးဆန်းတဲ့ စည်းဝေး တခုပါပဲ။ စတန့်ထွင်တယ်လို့လည်း ပြောလို့ ရတယ်ပေါ့လေ။



အဲ့ဒီ မော်လ်ဒိုက်က ၀န်ကြီးတွေဟာလည်းပဲ ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှုကြောင့် ပင်လယ်ရေမျက်နှာပြင်တွေ မြင့်တက်လာတာတွေ၊ သဘာဝ အလှအပတွေ ပျက်သုဉ်းလာတာတွေကို သူတို့တတွေဟာလည်း အလေးထားတယ်၊ အရေးတယူရှိတယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းဖို့အတွက် အတူပါရှိတယ် ဆိုတာကို ပြတဲ့အနေနဲ့ သူတို့ စည်းဝေးကို ပင်လယ်ရေအောက်ထဲက သန္တာကျောက်တန်းတွေကြားမှာ ကျင်းပခဲ့ကြပါတယ်။

မော်လ်ဒိုက်က ပင်လယ်ရေအောက် စည်းဝေးကတော့ ကမ္ဘာ့ပထမဆုံး ပင်လယ်အောက်မှာ လုပ်တဲ့ စည်းဝေးဆိုပြီး သမိုင်းမှတ်ကျောက်တင်နိုင်ခဲ့ပါတယ်။

ကဲ … တို့များ ရွှေမြန်မာတွေရော … ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှုအတွက် နိုင်ငံတကာနဲ့ ဘယ်လိုဘယ်ပုံ လက်တွဲလုပ်ကြမလဲ …

အညာနွေတမာမြေ

ဆက်ဖတ်ရန် ....

Monday, June 22, 2009

မြောက်ကိုရီးယားရဲ့ သံသယဖြစ်ဖွယ် သင်္ဘော မြန်မာနိုင်ငံသို့ဦးတည်လာနေ

ကုလသမဂ္ဂက ကန့်သတ်တားမြစ်ထားမှုကို ချိုးဖောက်ပြီး စစ်လက်နက်ပစ္စည်းများ တင်ဆောင်လာသည်ဟု သံသယရှိနိုင်သော မြောက်ကိုရီးယား ကုန်တင်သင်္ဘောတစင်းသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်သွားနေပုံရကြောင်း တောင်ကိုရီးယား YTN ရုပ်မြင်သံကြားသတင်းတွင် ယမန်နေ့က ဖော်ပြသည်။

မြောက်ကိုရီးယားမှ Kang Nam ကုန်တင်သင်္ဘောသည် ဒုံးလက်နက်နှင့်ဆက်စပ်ပစ္စည်းများ တင်ဆောင်လာသည်ဟု ယူဆရကြောင်း အမေရိကန် ရေတပ်ဖျက်သင်္ဘော USS John S. McCain ၏ သတင်းပေးပို့ချက်ကို ကိုးကားပြီး တောင်ကိုရီးယားနှင့် အမေရိကန်သတင်းမီဒီယာများတွင် ဖော်ပြသည်။

အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့၏ လက်နက်ရောင်းချမှု ပိတ်ပင်ထားခြင်းခံရသည့် မြန်မာစစ် အစိုးရသည် မြောက်ကိုရီးယားမှ လက်နက်များဝယ်ယူသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

အမေရိကန် ရေတပ်ဖျက်သင်္ဘော USS John S. McCain ၏ ထောက်လှမ်းချက်များအရ Kang Nam မြောက်ကိုရီးယားသင်္ဘောသည် စင်ကာပူနိုင်ငံမှတဆင့် မြန်မာနိုင်ငံဘက်သို့ ဦးတည်သွားမည့်ပုံရကြောင်း YTN သတင်းတွင် ဖော်ပြသည်။ အကယ်၍ အဆိုပါသင်္ဘော စင်ကာပူသို့ ဆိုက်ကပ်လာပါက စစ်ဆေးမှုများပြုလုပ်သွား မည်ဟု စင်ကာပူနိုင်ငံက ပြောကြားသည်။

အထက်ဖော်ပြပါ YTN ရုပ်မြင်သံကြားသတင်းနှင့်ပတ်သက်၍ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနကမူ အတည်ပြုခြင်း မရှိသေးပေ။

အဆိုပါ Kang Nam သင်္ဘောသည် ဇွန် (၁၇) ရက်တွင် မြောက်ကိုရီးယားဆိပ်ကမ်းမှ ထွက်ခွာခဲ့ကြောင်း၊ သင်္ဘောပေါ်တွင် မည်သည့်ပစ္စည်းများ ပါသည်ကို အတိအကျမသိရသေးသော်လည်း ယခင်က နျူကလီးယား ပစ္စည်းများ တင်ဆောင်ခဲ့ဖူးကြောင်း အမေရိကန်အရာရှိနှစ်ဦးကို ကိုးကားပြီး အေပီသတင်းတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂက တားမြစ်ထားသည့်ကြားမှ ပြီးခဲ့သည့်မေ (၂၅) တွင် မြောက်ကိုရီးယားက ဒုတိယအကြိမ် နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုပြုလုပ်ခဲ့ပြီး တာဝေးပစ် နျူကလီးယားဒုံးကျည်များ ပိုင်ဆိုင်နေပြီဟုလည်း မြောက်ကိုရီးယားက ကြေညာခဲ့သည်။

ခေတ်ပြိုင်စာမျက်နှာမှကူးယူဖေါ်ပြသည်၊

Rest of your post
အညာနွေတမာမြေ

ဆက်ဖတ်ရန် ....

Saturday, June 20, 2009

မြန်မာပြည်တွင်း မြို့နယ်တချို့က သူတို့ချစ်တဲ့ ခေါင်းဆောင်အတွက် မွေးနေ့ပွဲများကျင်းပ

ဒီကနေ့ကျရောက်တဲ့ ၆၄နှစ်ပြည့်မွေးနေ့ကို ကမ္ဘာ့နဲ့အဝှမ်းမှာ ကျင်းပခဲ့သလို စစ်အာဏာရှင်ရဲ့ဖိနှိမ်မှုအမျိုးမျိုးကြားမှာနေရတဲ့ မြန်မာနိုင်ငံက မြို့အသီးသီးမှာလည်းကျင်းပခဲ့ကြပါတယ်။ မန္တလေးတိုင်းညောင်ဦးမြို့က အန်အယ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုချစ်တဲ့ ပြည်သူတွေကတော့


မနက်အာရုံဆွမ်း အနေနဲ့ ဘုန်းကြီး ၅ပါးကို ကျနော်တို့ ညောင်ဦးက နာမည်ကြီးတဲ့ ကျောင်းတကျောင်းမှာ ကပ်ပါတယ်၊ မေတ္တာသုတ် မောရသုတ်ရွတ်ပြီးတော့ ကျနော်တို့ ဗမာလို မေတ္တာပို့ပြီးတော့ ကျနော်တို့ အမျှဝေပြီးတော့ ကောင်းမွန်စွာ ပြီးသွားပါတယ်ခင်မျ။ ရက်ပေါင်းများစွာခံစားရတဲ့ တိုင်းသူပြည်သားရဲ့ ခံစားမှု အကြပ်အတည်းတွေ အမြန်ဆုံး ပပျောက်ကင်းစင်ဖို့ပါဘဲခင်မျ။ ဒေါ်အောင်ဆန်းစုကြည် နှစ်ပေါင်းများစွာ အသက်ရှည်စွာဖြင့် လွတ်လပ်စွာဖြင့် မြန်မာပြည်ကြီး ဆထက်တန်ပိုးတိုးအောင် ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပါတယ်ခင်မျ။

မြင်းခြံမြို့က အန်အယ်ဒီလူငယ်တွေက အန်အယ်ဒီရုံးထဲမှာ မွေးနေ့ပွဲကျင်းပခဲ့ပြီး ကြံဖွတ်အဖွဲ့တွေရဲတွေနှောက်ယှက်မှုကို လူငယ်တဦးပြောပြတာကတော့


ဘုရားတွေပေါ်မှာ ဆုတောင်းဖို့လုပ်တော့ ကြံ့ဖွံ့တွေကနေပြီးတော့ ရင်ပြင်တွေပေါ် ရေလိုက်ဖြန်းတယ်ဗျ၊ ဒီစံကျောင်းဆောင်လေးတို့ ဗောဓိတထောင်တို့ အဲဒီဘုရားတွေနဲ့ နာမည်ကြီးတဲ့ ဘုရားတွေပေါ်မှာပေါ့ အဲဒီမှာ အသံကြားလို့နဲ့တူတယ်၊ ဘုရားရင်ပြင်တော်ပေါ်မှာ ရေတွေလိုက်ဖြန်းတယ်ခင်မျ။

မြင်းခြံ အန်အယ်ဒီတွေကမွေးနေ့ပွဲအပြီး ဖက်တောရွာမှာမွေးနေ့အလှုအဖြစ် ကြာဇံဟင်းသွားရောက်ကျွေးမွေးမှာဖြစ်ပါတယ်။မြင်းခြံထောင်မှ ဇနီးဖြစ်သူကို ထောင်ဝင်စာတွေ့ဖို့ရောက်နေတဲ့ တွံတေးအန်အယ်ဒီတွဲဘက်အတွင်းရေးမှုး ကိုဇော်မင်းထွန်းကို မြင်းခြံအန်အယ်ဒီအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ရှားခဲ့တဲ့ အတွက်နေရပ်ကိုပြန်ဖို့ အာဏာပိုင်တွေက လာရောက်ပြောဆိုခဲ့တယ်လို့သိရပါတယ်။
ပခုက္ကူအန်အယ်ဒီတွေကတော့ မြို့ခံပြည်သူတွေကို နှင်းဆီပန်းတွေ လိုက်လံဝေငှခဲ့ကြတယ်လို့သိရပါတယ်။ အထက်မြန်မာပြည် မန္တလေးမြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေက မန္တလေးတိုင်းအန်အယ်ဒီအတွင်းရေးမှုးဦးမောင်မောင်သန်းရဲ့နေအိမ်မှာ မွေးနေ့ပွဲကျင်းပခဲ့ပါတယ်။ အန်အယ်ဒီဥက္ကဌ ဦးသိန်းတန်ပြောပြတာကတော့

ကျနော်တို့ဒီမှာပြုနေကြတဲ့ မွေးနေ့အခါမှာ ကျနော်တို့ မင်္ဂလာတရားတော်အရ ပူဇော်ထိုက်သူကို ပူဇော်ခြင်းနဲ့ ကျနော်တို့ အားလုံးက တည်တည်တန့်တန့် ခံ့ခံ့ညားညားနဲ့ မေတ္တာပွားကြပြီးတော့ အာဃာတကင်း စိတ်ရင်းမှန်စွာနဲ့ ဘယ်တုန်းဘယ်အခါကမှ လွတ်လွတ်လပ်လပ် ပြုမရတဲ့ မွေးနေ့ကို မကျင်းပနိုင်ခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၄ နှစ်မြောက်မှာ ကျနော်တို့တွေက နောင်အခါမှာ လွတ်လွတ်လပ်လပ်မွေးနေ့ ကျင်းပလို့ ရနိုင်အောင်ဆုတောင်းပွဲလုပ်နိုင်ကြပါစေလို့ ကျနော် မေတ္တာပို့လိုပါတယ်။ ထွေထွေထူးထူးမှတ်ချက်တော့ မရှိပါဘူးဗျာ၊ ခါတိုင်း စောင့်ကြပ်တဲ့ အင်အားတွေများတဲ့ အစောင့်အကြပ်တွေအများကြီး ရှိနေပါတယ်၊ ဆိုင်ကယ်ပေါင်းများစွာနဲ့ပေါ့ဗျာ။ စွမ်းအားရှင်နဲ့ ကြံ့ဖွတ်တွေပါပဲ။

မိတ္ထိလာအန်အယ်ဒီတွေကတော့ မွေးနေ့ပွဲလာရောက်တဲ့ ပြည်သူတွေကို အုန်းနို့ခေါက်ဆွဲ ကျွေးမွေးပြီး ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံတွေဝေငှခဲ့ပါတယ်။ သူတို့လုပ်တဲ့ ပွဲကို အာဏာပိုင်တွေ လာရောက် စောင့်ကြည့်ခဲ့ပုံနဲ့ အကြပ်အတည်းကနေအားလုံးလွတ်မြောက်ဖို့ အားလုံးညီညွတ်ကြပါလို့ မိတ္ထိလာအန်အယ်ဒီအတွင်းရေးမှုး ဒေါ်မြင့်မြင့်အေး တိုက်တွန်းသွားတာကတော့

စောင့်ကြည့်တာတွေတော့ အများကြီးပေါ့၊ ၆ဝ လောက်တော့ ရှိတယ်၊ စောင့်ကြည့်တဲ့ အာဏာပိုင်အဖွဲ့အစည်းကတော့ အဖွဲ့မျိုးစုံတော့ဖြစ်မှာပေါ့။ မျက်နှာချင်းဆိုင်လမ်းကနေပြီးတော့ ဗင်ကားပေါ်ကနေပြီး ဗီဒီယိုလှမ်းရိုက်တာလည်း ရှိတာပေါ့၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်းပဲ နေအိမ် အကျဉ်းချုပ်ကနေပြီးတော့မှ အင်းစိန်ထောင်ထဲ အကျဉ်းချုပ်ထဲ ထပ်ရောက်နေတယ်၊ ကျမတို့ ပြည်သူလူထုအားလုံးကလည်း အကျဉ်းအကြပ်တော့ ခံနေကြရတာပဲ၊ ဒီလိုမျိုး ကျမတို့လို လုပ်ကိုင်တဲ့သူတွေကိုလည်း အာဏာပိုင် အဖွဲ့အစည်း အမျိုးမျိုးကနေပြီးတော့ ခြိမ်းခြောက်တဲ့ပုံစံမျိုးနဲ့တော့ ရှိနေတာပေါ့လေ၊ ဒီလိုမျိုး ကျဉ်းထဲကြပ်ထဲရှိနေပေမယ့်လည်း အနှစ်နှစ်ဆယ်လုံး အနှစ်ခြောက်ဆယ်လုံး အကျဉ်းကြပ်ဖြစ်ခဲ့တာ ပိုပြီးတော့ ဆိုးပါတယ်၊ ဒုက္ခ သုက္ခတွေ လွတ်မြောက်ဖို့ဆိုတာ ကျမတို့ ကျဉ်းထဲကြပ်ထဲကနေ ကြောက်တယ်ဆိုကြပေမယ့် ကြောက်တဲ့ကြားကနေပဲ ကျမတို့ အကျဉ်းအကြပ်ကို လွတ်မြောက်ဖို့ဆိုတာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူလူထု အားလုံး ပူးပေါင်းပါဝင်ကြဖို့ လိုပါတယ်။

မိတ္ထိလာအန်အယ်ဒီက ဝေတဲ့ဓါတ်ပုံတွေကို အာဏာပိုင်တွေက လမ်းထိပ်ကနေ ပြန်တောင်းနေပြီး ပြန်ပေးလိုက်ရတဲ့ ပြည်သူတွေကတော့ နောက်ထပ် လာတောင်းခဲ့ကြတယ်လို့သိရပါတယ်။ မကွေးတိုင်း ချောက်မြို့ကလှုပ်ရှားမှုကို မြို့ခံတဦးပြောပြတာကတော့

အမျိုးသား အုပ်စုက ဘုန်းကြီးကျောင်းတကြောင်းမှာ မွေးနေ့ဆုတောင်းပွဲပြုလုပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံ ၆၄ ပုံ ပူပေါင်း ၆၄ လုံးမှာ ချိတ်ဆွဲပြီးလွတ်တင်ပါတယ်နော် နောက်ဘုန်းကြီးကျောင်းတကျောင်းမှာလဲ ဆွမ်းချိုင့် ကပ်လှူပြီး ဆုတောင်းပွဲလုပ်ပါတယ်။ အက်စ်ဘီတွေ ရယကတွေ အင်ဖေါ်မာတွေက အန်အယ်ဒီအဖွဲ့ဝင်တွေရဲ့အိမ်ပတ်ဝန်းကျင်တွေ အန်အယ်ဒီရုံးချုပ်နားက ဘုန်းကြီးကျောင်းတွေအကုန်လုံး သက်ဆိုင်ရာအာဏာပိုင်တွေအများကြီးချထားတယ် ခြေချင်းလိမ်နေအောင်ကို
ကျောက်ပန်းတောင်းမြို့က အန်အယ်ဒီတွေရဲ့ ခေမာသီဝံကျောင်းတိုက်မှာ ဆွမ်းကပ်မဲ့ပွဲကိုတော့ မယက ဥက္ကဌ ကိုယ်တိုင် လက်မခံရန် ဆရာတော်ကို ပိတ်ခိုင်းတဲ့အတွက် မကပ်ခဲ့ရပဲ ဒီကနေ့လုပ်ခဲ့တဲ့ အလှုတွေအကြောင်းကို စည်းအဖွဲ့ဝင် ကိုအေးခိုင် ပြောပြတာကတော့

ကျောင်းတိုက်လေးတိုက်ကို ဆွမ်းချိုင့်သွားပို့တယ်ပေါ့ နောက်ဆုံးခေမာသီဝံကျောင်းတိုက်မှာ တရားနာတယ်ပေါ့ နောက်ကလိုက်တာတော့ ကြံခိုင်ဖွံ့ဖြိုးရေးရော ရဲအရာရှိတွေရော လူ ၂ဝ ၃ဝလောက် နောက်က တကောက်ကောက်လိုက်နေတာ ဓါတ်ပုံရိုက်ချင်တယ် အစုဖွဲ့ပြီးတော့လို့ မယက အတွင်းရေးမှုးက ကျနော်တို့က လုံးဝအရိုက်မခံနိုင်ပါဘူးလို့ ခင်များတို့အဝေးကလည်းရိုက်တာပဲလို့

ဒါတွေကတော့ နယ်မြို့တွေက အန်အယ်ဒီအဖွဲ့ဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားတဲ့ပြည်သူတွေရဲ့ တုံ့ပြန်မေတ္တာတွေနဲ့ နှောက်ယှက်ဖျက်စီးလိုသူတွေရဲ့ အဖျက်အမှောင့်တွေကို စုစည်းပေးလိုက်တာဖြစ်ပါတယ်၊
နောက်နှစ်တွေမှာ လူထုခေါင်းဆောင်ရဲ့မွေးနေ့ကို ပြည်သူတရပ်လုံးနဲ့အတူ ဆင်နွှဲနိုင်ပါစေ
အညာနွေတမာမြေ

ဆက်ဖတ်ရန် ....

အိန္ဒိယ မလေးရှား ဘင်္ဂလားဒေရှ် ရောက် မြန်မာတွေ လူထုခေါင်းဆောင်ရဲ့မွေးနေ့ လှုပ်ရှားမှုများ

၆၄ နှစ်မြောက်မွေးနေ့ရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၃၁ နှစ်မြောက်မွေးနေ့ရှင် သံဃတပ်ပေါင်းစုခေါင်းဆောင်ဆရာတော် အရှင်ဂမ္ဘီရတို့ အတွက် မွေးနေ့ဆုတောင်းပွဲကို ကနေ့မနက်မှာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့အနောက်ပိုင်းရှိ မြန်မာ့ရိပ်သာခမ်းမမှာ အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ ကကြီးမှူးပြီး ဘာသာပေါင်းစုံ ဆုတောင်းပွဲကျင်းပခဲ့တာပါ။ ဒီအခမ်းအနားမှာ သာသာနဥသျှောင် အိန္ဒိယ ဌာနခွဲရဲ့ ဥက္ကဌ ဆရာတော် အရှင်ပညာဇောတ မိန့်ကြားသွားတာကတော့

မြန်မာပြည်ရဲ့ တရားမျှတမှု လူအချင်းချင်းလေးစားမှုတွေကို ဖေါ်ဆောင်ပေးနိုင်သူဖြစ်တဲ့ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်ကို အသက်ရာကျော်ရှည်စေဖို့ ကျမ္မာရေးတွေကောင်းဖို့ ထို့အတူပဲ ဒီနေ့ဟာ ဆရာတော်ဦးဂမရရဲ့မွေးနေ့ ဖြစ်တဲ့အတွက် ဆရာတော် ဦးဂမ္ဘီရကိုလည်းပဲ အသက်ရာကျော်ရှည်ဖို့ ကျမ္မာရေးတွေကောင်းဖို့ နေရာတိုင်းနေရာတိုင်းမှာ ဦးဇင်းတို့လိုပဲ လုပ်ဆောင်ကြပါလို့ ဦးဇင်းအနေနဲ့ တိုက်တွန်းခြင်ပါတယ်။

ဒီအခမ်းအနားမှာ မြန်မာစာသင်သားရဟန်းတော်တွေ ခရစ်ယာန်ဘာသာဝင်တွေတက်ရောက်ပြီး နယူးဒေလီတက္ကသိုလ် ဗုဒ္ဓြွစာပေ သင်ကြားရေးဌာနက ပါမောက္ခ တဦးကလည်း တက်ရောက် ဆုတောင်းခဲ့ကြပါတယ်။ အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံကတော့ နယူးဒေလီရှိ ဂျန်တားမန်တား ပန်းခြံမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးရေး တောင်းဆိုဆန္ဒပြ ခဲ့ကြပါတယ်။ အမျိုးသမီးအဖွဲ့ချုပ်မြန်မာနိုင်ငံ သဘာပတိ အဖွဲ့ဝင် မသင်းသင်းအောင် ကတော့


ဒီလိုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် နိုင်ငံတကာမှာရောက်နေတဲ့ ကျမတို့လိုလူတွေဟာ မြန်မာပြည်ထဲမှာ လွတ်လွတ်လပ်လပ် ဆန္ဒပြခွင့်မရတဲ့သူတွေကိုယ်စား ပြည်ပမှာအခုလိုမျိုး ဆန္ဒပြဖို့လိုတယ်။ ဘာပြုလို့လဲဆိုတော့ ကျမတို့တိုင်းပြည်မှာ ဒီမိုကရေစီမရှိလို့ လူ့အခွင့်အရေးတွေ ချိုးဖေါက်ခံရလို့ ခုလိုပြည်ပ အိန္ဒိယ ပြည်ကိုရောက်လာကြတာဖြစ်ပါတယ်။ အကျဉ်းစခန်းတွေမှာနေနေရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးရဲ့ ဒုက္ခတွေ ဒီဒုက္ခတွေနေစာရင် ကျမတို့ခံနေရတာ မပြေပလောက်ပါဘူး ဒါကြောင့်မို့ နိုင်ငံရေးအကျဉ်းသား ၂၁ဝဝ ကျော်လွတ်မြောက်ရေးအတွက်ကို အားလုံးရဲ့တာဝန်ဝတ္တရားဖြစ်တယ်ဆိုတာကို ကျမပြောချင်ပါတယ်။

ဒီဆန္ဒပြပွဲမှာ ဒီမိုကရေစီအင်အားစု ၇ဝ ကျော်က ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံတွေ တောင်းဆိုချက်တွေ ကိုင်ဆောင်ပြီးဆန္ဒပြခဲ့ပါတယ်။ကန့်သတ်နယ်မြေဖြစ်တဲ့ မြန်မာသံရုံး ရှေ့ကို သွားရောက်ကာ မွေးနေ့သီချင်းသွားဆိုခဲ့တဲ့ လူငယ် ၃ဝ ကိုတော့ အိန္ဒိယရဲက ဖမ်းဆီးခဲ့ပါတယ်။ သတင်းထုတ်လွင့်ချိန်ထိ ပြန်လွတ်မပေးသေးပါဘူး။ အလာတူ ဆန္ဒပြပွဲမျိုး အိန္ဒိယမြန်မာနယ်စပ်က မိုရေးမြို့မှာ နယ်စပ်ရှိ ဒီမိုကရေစီရေး အင်အားစုတွေက ပြုလုပ်ဖို့စီစဉ်ပြီး ခွင့်ပြုပြီးကာမှာ ဆန္ဒပြကာနီးမှာ ခွင့်ပြုမိန့်ရုပ်သိမ်းခံခဲ့ရပါတယ်။ ခွင့်ပြုမိန့်ရုပ်သိမ်းခံရတဲ့အကြောင်းကို မိုရေးမြို့ရှိ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံက သဘာပတိ တဦးဖြစ်သူ မငိုင်ငိုင်း ကပြောပြပါတယ်။

အကုန်လုံး သွားဖို့ရာအစဉ်သင့်ဖြစ်ပြီးကာမှ သူတို့က မသွားရဘူးတဲ့ အဓိက ဘာကြောင့်မသွားရဘူးလဲဆိုတော့ တမူးမြို့မှာ အခြေစိုက်တဲ့ မြန်မာပြည်အာဏာပိုင်တွေကနေတဆင့် ကသည်း သူပုန်တွေကို ပရက်ရှာ ပေးခိုင်းတာပေါ့နော် ဒီက ပူလစ်စတေးရှင်ကနေတဆင့် အဲဒီကနေမြင့်သွားလိုက်တာ ချိမီနီစတာ အင်ဖားထိရောက်သွားတာ အကြီးဆုံးဒီမိုကရေစီနိုင်ငံဖြစ်နေရက်သားနဲ့ ဒီကနေ့ ဆန္ဒထုတ်ဖေါ်ခွင့်ပေါ့နော် မရှိဘူးဆိုတာသိရတဲ့အခါကြတော့ အခုဆိုရင် ကျမတို့က ဆန္ဒပြပွဲကိုလုံးဝကို စာတောင်တင်ပေးတဲ့အဆင့်ထိလုပ်ရတယ်။

မိုရေးမြို့ထဲကို လှည့်လည်ဆန္ဒပြခွင့်မရတဲ့ ဒီမိုကရေစီရေး အင်အားစုတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ပွဲကို ဒေါင်းပျိုးခင်း မြန်မာစာသင်ကျောင်းမှာ ပြုလုပ်ခဲ့ကြပါတယ်။ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာတော့ အမျိုသား ဒီမိုကရေစီအဖွဲ့ချုပ်လွတ်မြောက်နယ်မြေက ဦးစီးပြီး တရုပ်တန်းခမ်းမမှာ မွေးနေ့ပွဲကျင်းပခဲ့ပါတယ်။ အန်အယ်ဒီအယ်အေ မလေးရှား ဌာနခွဲ ဥက္ကဌ ကိုကျော်ကျော် က မွေးနေ့ပွဲအခမ်းအနားကနေ တိုင်းရင်းသားပြည်သူတရပ်လုံး ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ဖို့ ဝိုင်းဝန်းကူညီပေးကြပါလို့တိုက်တွန်းပြောကြားသွားတာကတော့

သူရဲ့မွေးနေ့မှာ သူကအကျဉ်းချခံနေရတယ် သူရဲ့မွေးနေ့ကို သူမရှိပဲလုပ်လိုက်ရတဲ့အတွက် လုံးဝစိတ်မကောင်းဘူး နောက်တခုက သူဟာ မြန်မာပြည်သူပြည်သားတွေ တိုင်းရင်းသားပြည်သူတွေ လွတ်မြောက်ဖို့ စွန့်လွတ်အနစ်နာခံပြီး ကြိုးစားနေတာကို ကျနော်တို့မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားပြည်သူတွေအားလုံးကလည်း ဒါကိုနားလည်စာနာပြီးတော့ သူမလွတ်မြောက်ဖို့အတွက် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြပါလို့ ပြောကြားချင်ပါတယ်ခင်များ

ဒီအခမ်းအနားကို မြန်မာဒီမိုကရေစီအင်အားစုတွေ မလေးရှားကအစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ ချက်၊ ဆွီဒင်နဲ့ ဗြိတိသျှ သံမှုးတွေ တက်ရောက်ခဲ့ကြတယ်လို့ပြောပါတယ်။ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ ဖရီး တီရှပ်အဖြူရောင်တွေ ဝတ်ဆင်ခဲ့ကြပြီး အခမ်းအနား တက်ရောက်သူ ၂ဝဝ နီးပါးက လက်မှတ်ရေးထိုးပြီး ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ဖို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်းက အကူအညီပေးပါရန်တောင်းခံတဲ့ တယ်လို့သိရပါတယ်။

အလားတူ ဘင်္ဂလားဒေရှ်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေကတော့ နှစ်စဉ်လုပ်နေကြ ဒက္ကားမြို့မှာမလုပ်ပဲ မြန်မာပြည်က ပြည်သူတွေ ပါဝင်နိုင်အောင် ဘင်္ဂလားဒေရှ်မြန်မာ နယ်စပ်ရှိ ကော့ဘဇားမြို့ ပင်လယ်ကမ်းခြေတခုက ဟော်တယ်တခုမှာ အမျိုးသမီးအဖွဲ့ချုပ် မြန်မာနိုင်ငံ ကဦးဆောင်ပြီး မွေးနေ့ပွဲကျင်းပခဲ့ကြပါတယ်၊ ဘင်္ဂလားဒေ့ရှ် အခြေစိုက်အမျိုးသမီးအဖွဲ့ချုပ် မြန်မာနိုင်ငံ ရဲ့သဘာပတိတဦးဖြစ်သူ ဒေါ်စောမြရာဇာလင်းပြောပြတာကတော့

ပြည်သူတခုလုံး ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ကြ ဒေါ်အောင်ဆန်းစုကြည်အတွက် တိုက်ပွဲဝင်ကြဆိုတဲ့ စာတမ်းတွေကို ပြည်သူလက်ထဲကိုရောက်နိုင်တဲ့နည်းတွေနဲ့ ဒီနေ့ဆိုရင်နယ်စပ်ဒေသမှာ အားသွန်ခွန်စိုက် ကျမတို့လုပ်နေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ပါစေ ဒေါ်အောင်ဆန်းစုကြည် သက်တော်ရာကျော်ရှည်ပါစေ ကျမတို့တိုင်းပြည် အေးချမ်းသာယာပါစေ တိုင်းရင်းသူ တိုင်းရင်းသားအားလုံးကိုယ့်ကြမ္မာကို ဖန်တီးနိုင်တဲ့ နိုင်ငံတော်ကြီးကို ထူထောင်နိုင်ခွင့် ရပါစေဆိုပြီး ကျမဆုတောင်းပါတယ်

အခမ်းအနားကို ဘင်္ဂလားဒေရှ်နိုင်ငံ ဥပဒေပညာရှင်များအသင်း ဥက္ကဌ၊ သတင်းစာ ဆရာများအသင်းအကြီးအကဲ၊ တက္ကသိုလ်တွေက ပါမောက္ခချုပ်တွေနဲ့ ရခိုင်ဒီမိုကရေစီအင်အားစုတွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်

အညာနွေတမာမြေ

ဆက်ဖတ်ရန် ....