Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Wednesday, April 10, 2013

သင်္ကြန်အလွမ်း


မင့်ကိုအရင်က မေ့နေခဲ့ပေမယ့်
ခုတော့ မင်းနဲ့တွေ့ရမယ့်အချိန်နီးလာတော့
ငါ့ရင်ခုန်သံတွေ မြန်နေတယ် မြနန္ဒာ

ဒါပေမယ့်
မင်းနဲ့အတူပျော်ဖို့အခွင့်မရသေးပဲ
အတိတ်က ကြည်နူးဆွတ်ပျံ့ခဲ့တဲ့ မင့်အသံလေးကိုပဲ ငါကြားခွင့်ရသေးတယ်

ကံမကုန်သေးလို့ ပြန်ဆုံခဲ့ရင်
မပြောင်းမလဲ မင်းကြိုနေမယ်ဆိုတာငါယုံတယ်

 မြူမှောင်ဝေကင်းတဲ့ နွေအလှမှာ
မန်းတောင်ရိပ်ခိုဖို့ တူးပို့သံနဲ့အတူ
 ရွှေမန်းမာလာ စောင့်ကြိုနေနော်
 ကိုပြန်လာခဲ့မယ် မြနန္ဒာ -- ကိုပြန်လာခဲ့မယ်

ဆက်ဖတ်ရန် ....

Thursday, November 29, 2012

ဆေးပေါင်းခတဲ့ မျက်ရည်

ဆေးပေါင်းခတဲ့ လပြည့်ညအလွန်
 လက်ပန်းတောင်းမှာ အသက်ပေါင်းများစွာကို
 ကြက်ကလေး ငှက်ကလေးတွေလိုသဘောထား
 ဒေ၀ဒတ်အပေါင်းပါတွေက အသေသတ်။

 မေတ္တာသုတ်သံကြားရင် မခံချိမခံသာဖြစ်တဲ့
အင်မတိအင်မတန် ယုတ်မာသူတွေက
ဘာမှရန်မမူတဲ့ သံဃာတွေကို
 မီးလောင်ဗုံးသုံးပြီး ရက်စက်ခဲ့ကြလေပြီ။

 ပေါက်ဖေါ်အတွက် အာဏာအတွက်
ဘာသာမဲ့တွေရဲ့ လုပ်ရပ်နဲ့
တဏှာရမ္မက်တွေ ဟုန်းဟုန်းတောက်
ဘုန်းဘုန်းကြောက်အောင် လုပ်ခဲ့ပေမယ့်
လုံးလုံးကြောက်မယ့် အမျိုးမဟုတ်
တ၀ုန်းဝုန်းဘဲ တောက်စေမယ့်ဟေ့။

 သပိတ်စုံရင် အကုန်ရ
တမြုံလုံးထဖို့အချိန်တန်ပြီ
လက်ပန်းတောင်းမှသည် အထွေထွေသပိတ်ဆီသို့

 July ကောင်း

ဆက်ဖတ်ရန် ....

Monday, March 12, 2012

လက်လုပ်လက်စား နိုင်ငံရေး

မနေ့ က ဘာနဲ့စားပြီးခဲ့လဲ
 ဒီနေ့ ဘာနဲ့ စားရမလဲ
 နိုင်ငံရေးဆိုတဲ့ ဝေါဟာရထက် 
အဲ့ဒါက ပိုအရေးကြီးပါတယ် . . . 
ကျမ အဖို့ ဒီမိုကရေစီ ဆိုတာဘာမှန်းမသိပေမယ့် 
ဟိုပါတီကြီးကပေးတဲ့ ပိုက်ဆံ၃သောင်းကတော့ 
အိမ်အမိုးလေးမိုးလို့ရတယ် 
အပေါင်ဆုံးလုဆဲဆဲ ထမိန်နှစ်ထည်ရွေးလို့ရတယ် 
ကလေးသုံးယောက်ကို 
မနက်ဖြန်နဲ့ ဒီနေ့အတွက် 
ထမင်းဟင်းကောင်းကောင်းကျွေးလို့ရတယ် . . . 

ဟင့်အင်း ဟင့်အင်း လာမပြောကြပါနဲ့မသိချင်ပါဘူး 
နိုင်ငံရေးအကြောင်းသိလဲမသိဘူး 
သိလဲမသိချင်ဘူး 
၈၈ တုန်းက သေနတ်မှန်ပြီးသေသွားတဲ့အဖေလည်း
အခုဆို အရိုးဆွေး 
၂၀၀၇ မှာ အရိုက်ခံရလို့ 
သွပ်ချာချာဖြစ်နေတဲ့ ယောင်္ကျားလည်း 
အားကိုးလို့မရ 

ကျမက မုဆိုးမတပိုင်းပါ ကဗျာဆရာ 
နိုင်ငံရေးအကြောင်းတွေလာမရွတ်ပြစမ်းပါနဲ့ . . . 
ကျမ သိတာကတော့ သူတို့တွေအခုဆို
ကျမတို့ကို ပိုပြီးချော့နေရတယ် 

အရင်က ဆို ဟိန်းလားဟောက်လား 
အခုဆို ချော့လားမော့လား အဟာဟား 
ဘာရယ်ညာရယ်တော့မသိ 
အကျီနဲ့ထမီတွေလည်းပေးရဲ့ 
သူတို့ရုံးကိုခေါ်ပြီး ပိုက်ဆံတွေလဲ ချေးရဲ့ 

ဘာပဲဖြစ်ဖြစ် ကျမကတော့
 ကြိုတင်မဲဆိုလား ပေးပေးပြစ်တယ် . . .
 ကဲ ကဲ အ၀တ်သွားလျှော်ရဦးမယ် 
အရေမရ မဖတ်မရတွေနောက်မှပြောကြစို့ 
လက်လုပ်လက်စားဆိုတာသိတယ်မလား
 နိုင်ငံရေးကို ရင်ဘတ်ထဲမှာခံစားလို့မရဘူး 
ဦးနှောက်နဲ့ပဲ ရင်နှီးထားရတာ မျိုး ကဗျာဆရာရဲ့ . . .

 မာဃလုလင် 

ဆက်ဖတ်ရန် ....

Thursday, November 24, 2011

အနှစ်(၂၀)ကြာ အန်ဖတ်များ (ရဲဘော်ညို)

နာကျင်လွန်းလို့
တော်လှန် ခန္ဓာထဲက
အမှန်တရားလက်ညှိုးထိုးပြီး
အားရပါးရ အန်ပစ်လိုက်တယ်။

ဝေါ့----- ကြံ့ဖွတ် အစိုးရ။

ဝေါ့--- ၁၉၉၀ အောင်ပွဲ။

ဝေါ့--- ဒိုင်ယာလော့။

ဝေါ့----- လွှတ်တော်ကိုယ်စားလှယ်။

ဝေါ့---- နေပြည်တော်လွှတ်တော်။

ဝေါ့--- အန်စီဂျီယူဘီ။

ဝေါ့------- အန်အယ်လ်ဒီ ။

ဝေါ့---- အောင်ဆန်းစုကြည်။

ဝေါ့----ဝေါ့- ဝေါ့---ဝေါ့

အန်ရင်း အန်ရင်း
ထပ်အန် ရင်းက
ဘိုက်ထဲပေကပ် ညပ် ကျန် နေတာ

သေနတ်--
သေနတ်---
သေနတ်-----။

ရဲဘော်ညို။
၂၃၊နိုဝင်ဘာ၊၂၀၁၁ 
(အော်စလို)

ဆက်ဖတ်ရန် ....

Monday, February 28, 2011

ဆည်းဆာ စုန်ရေ



အသံတစ်မျိုးအတွက်
အလင်းမဲ့အမှောင်ခန်းထဲမှာ
အတွေးတွေကမ၀ံ့မရဲ၊ တစ်ဖက်စွန်းရောက်လို့ 
မဖြစ်မနေမျိုးစေ့ချ
စိုက်ပျိုးခဲ့တာမဟုတ်ဘူးလေ။

စိုးထိတ်မှု ဂရုဏာတွေထက်
ခန္ဓာနဲ့အသက်ကိုသုသာန်ထဲ
ပေါင်လိုက်ရွေးလိုက်၊
အနာဂတ်တစ်ခုကို မှန်းရည်ရွယ်
အလင်းနဲ့အမှောင်ကြား၊
တစ်ခါတစ်ခါ၊ သတိတောင်မှလစ်လို့နော်။

အချိန်တန်လို့ အိုလာတာလေ
(၉၆)ပါး ဝေဒနာတော့ရစမြဲပေါ့။
ခဏတာလေး
အမေ့ကြောင့်ရသွားတဲ့ ဒုက္ခတွေအတွက်
မညည်းငြူပါနဲ့။

တစ်ချိန်ကပြည်တည်နေသော အနာအမျိုးမျိုး၊ ရောဂါအဖုံဖုံကို
နှာခေါင်းမတွန့်၊ စိတ်မငြိုငြင်ပဲ ဆေးထည့်၊ဆေးတိုက်ခဲ့သော
အတိတ်ကအမေ့ကို သတိလေးရပေးပါလား
သားတို့၊ သမီးတို့ အနာဂတ်အတွက်မို့လေနော်။

နာကျင်မှုတွေကြောင့်ထက်
ရောဂါတွေကြောင့်၊ ရောဂါဖြစ်နေတာလေ
ဘယ်သူကများခံစားချင်မှာတုန်း
မကြားလို့ မေးတာ၊ မနိုင်လို့ခိုင်းတာ၊
ခေတ်မမှီလို့ ၀င်ပြောမိတာတွေအတွက်
မငြိုညင်ပါနဲ့ကွယ်။

ငယ်စဉ်အချိန်ကမေးခဲ့တဲ့ မေးခွန်းလေးတွေအတွက်
ဂရုဏာအပြည့်နဲ့ ဖြေပေးခဲ့တဲ့
အမေ့ကို သတိရပေးပါ
သားတို့ သမီးတို့ အနာဂတ်အတွက်မို့ လေနော်။

အနာဂတ်ထဲမှာ ပန်းပွင့်လေးတွေရနံ့ သင်းထုံနေဖို့
မောပန်းစွာ ရှင်သန်ရုံးကန်ခဲ့တဲ့ အမေ့ကို
စည်းတော့ မခြားမိစေနဲ့နော်။

ခေတ်ပညာမြင့်မားတဲ့ သက္ကရာဇ်ထဲမှာ
အတုမယူသင့်တာတွေ မယူမိဖို့
စိုးရိမ်မှုတွေနဲ့ ပြောနေမိတာပါ
အမေ့ကို စိတ်မခုမိပါစေနဲ့ကွယ်နော်
သားတို့၊ သမီးတို့ အနာဂတ်အတွက်မို့ လေနော်။

မေတ္တာအပြည့်နဲ့ ပြောနေတာပါ
ဒီအဘွားကြီးက နေရာတစ်ကာ
ဝင်စွတ်ဖတ်တယ် မထင်ပါနဲ့နော်
တစ်ချိန်က မအိပ်ခင်ပြောပြခဲ့ဖူးသော
ပုံပြင်လေးတွေထဲက အမေကိုပြန်သတိရပေးပါနော်။


နေလင်းဖြိုး

(ဒီကဗျာလေးက သူငယ်ချင်း၊ ညီအစ်ကိုမောင်နှမတွေ အားလုံးအတွက် အသုံးဝင်မလားမေးတာထက် ဖတ်ပြီးမှတ်သွားရင် ကျေနပ်ပါပြီ)

ဆက်ဖတ်ရန် ....

Friday, February 18, 2011

ဗေဒါလမ်း (ဇော်ဂျီ)


poem

ဆက်ဖတ်ရန် ....

Thursday, February 3, 2011

Sweet jasmine




So sweet and white
With green leaves aside
In the garden you lie

Soft winds blowing
Green leaves falling
Your fragrance is still going
With a gentle holding

I give kisses
Under the trees
A day in the autumn
With your flowers blossom

AIN KYI PHYU

ဆက်ဖတ်ရန် ....

Sunday, January 23, 2011

ကမ္ဘာ့ငြိမ်းချမ်းရေးပိသုကာ ဦးသန့်(၁၀၂-မွေးနေ့)


ကမ္ဘာငြိမ်းချမ်းရေး မှန်းမြော်တွေး
တည်ဆောက်ပေးတဲ့ ပိသုကာ
၁၀၂ မွေးနေ့တဖြစ်ရောက်လို့လာ
မွေးနှစ်မှာ ၁၉၀၉
မြန်မာလူမျိုး ကျောင်းဆရာ
ဇာတိမှာ ပန်းတနော်
နာမည်မကျော်သေး ကလောင်သွေး
စာပေဆောင်းပါးရေး
အတွေးအခေါ် ရှေ့တလှမ်းကျော်
စင်တော်ကကောက် ကုလသမဂ္ဂရောက်
တတိယမြောက်အတွင်းရေးမှူး
ရာထူးအပ်ကြ ပနံရ
အတ္တမစွက် မှန်ရာဘက်
ဘက်မလိုက်ပေါင်
လက်သံပြောင်
ဦးဆောင်ဖြေရှင်း
ကမ္ဘာ့အရေးခင်း
ပြေရှင်းသွားအောင်သူစွမ်းဆောင်
ပြောင်မြောက်လှတဲ့သူ့အရည်သွေး
သက်တမ်းနှစ်ဆက် ထမ်းဆောင်ရွက်။
နှစ်ဆက်အတွင်း အရေးခင်း
ဖြေရှင်းသွားပုံ အလုံးစုံ။

ကျူးဘားဒုံးပျံအရေး ကွန်ဂိုပြည်တွင်းစစ်
၁၉၆၇ အာရပ်-အစ္စရေး၆-ရက်စစ်ပွဲ
၁၉၆၈ ဘာရိန်းအရေး
ချက်ကိုစလိုဗက်ကီးယားအား
ဆိုဗီယက်ကျူးကျော်မှု
၁၉၇၁ ပါကစ္စတန်မှဘင်္ဂလားဒေရ်
ခွဲထွက်မှု ၊ အိန္ဒိယ ပါကစ္စတန် ကက်ရှမီးယားပြဿနာ
အဖြာဖြာအရေး ဖြေရှင်းပေးခဲ့။
လူ့ဘောင်အကျိုး ထမ်းဆောင်ပိုး
လူမျိုးကျက်သရေ ကမ္ဘာလွှမ်းပေ
သူသေတဲ့အခါ ကိုယ့်ပြည်ရွာ
ပြန်လာတဲ့အကြောင်း အလံပြောင်း
အကြောင်းပြန့်ကား အရေးခင်းပွား
အညှိုးထားတဲ့ ဗိုလ်နေ၀င်း
ဦးသန့်အရေးခင်း ဖြစ်ရလေခြင်း။

အာဇာနည်မျိုး သေရိုးမရှိ
ခုထက်ထိတိုင် သဲဘ၀င်စိုင်
ယှဉ်ပြိုင်မရ ရှင်သန်ကြ။
ကိုကိုအောင်(ဆန်ဖရန်စစ္စကို)
Jan-22-11

ဆက်ဖတ်ရန် ....

Saturday, January 15, 2011

ငယ်စဉ်ကြီးလိုက်




ငယ် - သူငယ်ချင်းတို့ . . .
မင်းတို့နဲ့ငါ ငယ်ငယ်ကလေးထဲကသူငယ်ချင်းတွေပါ။
ကစားဖော်, ကစားဖက်
ကျောင်းပြေးဖော်, ကျောင်းပြေးဖက်
ဆိုးဖော်, ဆိုးဖက်
ဆော့ဖော်, ဆော့ဖက်
ဘောလုံးကစားဖော်, ကစားဖက်
ဘာဘဲလုပ်လုပ် တဖက်ဖက်နဲ့
မင်းတို့ထဲမှာငါကစာအညံ့ဆုံး
ဒါပေမဲ့ “ငယ်”သူငယ်ချင်းတို့ . . . မင်းတို့ငါ့ကိုအချစ်ဆုံး။

စဉ်- သူငယ်ချင်းတို့ . . .
အစဉ်လိုက် - တပူးပူး, တတွဲတွဲနဲ့ကောလိပ်ရောက်တော့လဲရှေ့ဆင့်နောက်ဆင့်ဘဲ။
မင်းတို့ကရှေ့ကသွားငါကနောက်ကလိုက်ခဲ့။
ပညာရေးကနိမ့်ပါးတော့ ငယ်ဘဝမိဘတွေမရိပ်မိအောင်
မူးယစ်သုံးတော့လည်းမင်းတို့ကတား၊
တားမရတော့လည်းချစ်နေကြမြဲ။
မင်းတို့ကတော့ ပညာတတ်ကြီးတွေဖြစ်သွား
ငါကတော့ မူးယစ်သံသရာထဲတဝဲဝဲလည်။
ဒါပေမဲ့ “ငယ်စဉ်” သူငယ်ချင်းတို့ . . . မင်းတို့ငါ့ကိုအချစ်ဆုံးဘဲ။

ကြီး- သူငယ်ချင်းတို့ . . .
ဘဝပေးအခြေအနေကြောင့် ငါကမင်းသားဖြစ်သွား
မင်းတို့မှာတော့အင်ဂျင်နီယာကြီးတွေ၊ဆရာဝန်ကြီးတွေ၊
စစ်ဘက်အရာရှိတွေ၊သဘောင်္အရာရှိတွေနဲ့
ငါနဲ့မင်းတို့ ဘဝတွေကကွာခြားသွား။
ငါ့ရဲ့ဘဝထဲ ကြီးသူငယ်ချင်းတို့ နဲ့ ထပ်ဆုံတွေ့
ငါ့ရဲ့လောကထဲမှာကပြဿနာပေါင်းစုံ။
အရက်၊မူးယစ်၊မိန်းမ၊လောင်းကစားအစုံဘဲ။
အဲဒီအစုံအစုံတွေကြားနစ်မွန်းခဲ့ရ။
ဒါပေမဲ့“ငယ်စဉ်ကြီး” သူငယ်ချင်းတို့ . . . မင်းတို့ငါ့ကိုအချစ်ဆုံးဘဲ။

လိုက်- သူငယ်ချင်းတို့ . . .
ငါ့ဘဝကို ငါရုန်းထွက်
နာရေးကောင်းမှုထဲစုံးစုံးဝင်ခဲ့။
လူမှုရေးလမ်းကြောင်းထဲအဆုံးထိလိုက်ခဲ့။
နာရေးလူမှုရေးတပူးတွဲတွဲ စက်တင်ဘာကိစ္စစခဲ့ပြီဘဲ။
အကျဉ်းကျ မိသားစုဘဝကိုယ်ချင်းစာခဲ့။
ငါ့ကိုခေါ်ယူမေးမြန်းခဲ့။
ငါလှည့်ကြည့်မိတယ် …… ဘယ်သူမှမရှိတော့ဘူး။
……ဘယ်သူမှပါမလာတော့ဘူး။
၂ဝဝ၇ နောက်ပိုင်း ……ငါ့ဘဝမှာငါတစ်ယောက်တည်း။
မွေးကတည်းကတစ်ယောက်ထဲ…..ဆုံးတဲ့အခါမှာလဲတစ်ယောက်တည်း။
ဒီစကားကမှန်နေဆဲပါသူငယ်ချင်းတို့
အခု……ငါကောင်းမှုတွေလုပ်နေပြီလေကွာ။
မြတ်စွာဘုရားဆုံးမဟောကြားထားတဲ့ အတိုင်းဗြဟ္မစိုရ် လူမှုရေးတွေလုပ်နေလေပြီကွာ။
လူလူချင်းစာနာထောက်ထားနေပြီလေကွာ။

ငါ့နားမှာငယ်စဉ်ကသူငယ်ချင်းတွေ “မင်းတို့မရှိကြတော့ဘူးလားကွာ”
ငါ့ဘေးမှာကြီးမှပေါင်းတဲ့အနုပညာသူငယ်ချင်းတွေ“မင်းတို့ မရှိကြတော့ဘူးလားကွာ”
ငါတို့ လက်ချင်းမတွဲကြတော့ဘူးလားကွာ။
ငါဟာအနက်ရောင်လူသားမဟုတ်ရပါလားကွာ။
ငါဟာအရှင်လတ်လတ် ဥပေက္ခာလူသားဖြစ်သွားပြီလား……

အခုတော့….ငါ့ဘေးမှာလူသေတွေနဲ့ လူနာတွေချည်းပဲပေါ့။
ငါ့ကိုမင်းတို့တွေ့ရမှာ၊ ဆုံရမှာဘာလို့များကြောက်နေရတာလည်းကွာ။
ငါဟာတစ္ဆေ၊ သရဲ၊ ပြိတ္တာ၊မကောင်းဆိုးဝါးမဟုတ်ပါဘူးကွာ။
ပြည်သူတွေရဲ့ဒုက္ခ အခက်အခဲတွေကိုတပိုင်တနိုင်ဖေးမပေးနေတဲ့ ငါပါကွ။
မင်းတို့၊ငါတို့အများပြည်သူလူသားအားလုံးဟာ
ခင်ပွန်းကြီးဆယ်ပါးထဲမှာအကျုံးဝင်တယ်ဆိုတာမမေ့ကြပါနဲ့ကွာ။

လူမှုရေးဟာ…ပြည်သူ့အရေး
ပြည်သူ့အရေးဟာ… နိုင်ငံ့အရေး
နိုင်ငံ့အရေးဟာ …. မင်းတို့ငါတို့ရဲ့အရေးလေကွာ။

မင်းတို့မရက်စက်ကြပါနဲ့
မင်းတို့အတ္တမကြီးကြပါနဲ့
မင်းတို့ရဲ့ ပညာရပ်တွေကိုဘယ်သူမှမထိနိုင်၊မခိုးနိုင်ပါဘူး။
မင်းတို့ရဲ့ ပညာတွေ မပွန်းနိုင်ပါဘူး။ မပဲ့နိုင်ပါဘူးကွာ။
ဓားဆိုတာသွေးနေမှထက်တယ်တဲ့။
မင်းတို့တတ်မြောက်ထားတဲ့ပညာရပ်တွေကိုအသုံးချကြပါတော့ကွာ။
ဒါမှ မင်းတို့ရဲ့ပညာတွေ တောက်ပြောင်ထက်မြက်လာမှာပါ။

ခုတော့…… ငါ့မှာတော့တစ်ယောက်ထဲ
မင်းတို့ရဲ့ ဥပေက္ခာလုပ်ရပ်ကမှားနေပြီလား။
မင်းတို့ရဲ့ အယူအစွဲတွေ မှားနေပြီလား။
မင်းတို့ရဲ့ ပညာရပ်တွေ ဥစ္စာချောက်နေကြပြီလား။
မိချောင်းမင်းရေခင်းပြတာတော့မဟုတ်ရပါကွာ။

ငယ်စဉ် ကြီးလိုက် သူငယ်ချင်းတို့ရေ …
ငါတို့ ဟိုတုန်းကလို … လက်ချင်းဆက်ပြီးစိတ်ချင်းဆက်ကာ
အများအတွက်ဒို့တွေပေးဆပ်ကြပါစို့လား။။

ဒါပေမဲ့ . . . “ငယ်စဉ်ကြီးလိုက်” သူငယ်ချင်းတို့မင်းတို့ကိုတော့ ငါချစ်နေဆဲပဲ။

မောင်မောင် (ခ) ကျော်ဝင်း (ခ) ကျော်သူ

ဆက်ဖတ်ရန် ....

Wednesday, January 5, 2011

ကျော်သူရဲ့ အမေ့ကျေးဇူး



အညာနွေတမာမြေ

ဆက်ဖတ်ရန် ....

Tuesday, November 23, 2010

ဖဲကြိုးနီတို့ဆန္ဒ




ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းပြည်အပေါ်မှာထားရှိတဲ့

ကြီးမားလှတဲ့မေတ္တာနဲ့ ဥာဏ်အမျှော်အမြင်ကို ဖေါ်ကျူးနေတဲ့နေရာ

ဒီမေတ္တာဂရုဏာတွေကို မဖြူဖြူသင်းက ပဲ့တင်ထပ်နေတဲ့အသံ

ရက်ရောလှတဲ့ မဖြူဖြူသင်းမိသားစုရဲ့ စေတနာကို ဖော်ကျူးနေတဲ့ပြယုဂ်

ဦးဝင်းတင် ဦးတင်ဦးအစရှိတဲ့ ကြီးကျယ်မြင့်မြတ်လှတဲ့

ခေါင်းဆောင်ကြီးတွေရဲ့ ရင်ငွေ့ခိုလှုံရာနေရာ

အန်အယ်လ်ဒီလူငယ်တွေရဲ့ တိုင်းပြည်အပေါ်မှာထားရှိတဲ့

ရုန်းကန်လှုပ်ရှားတက်ကြွတဲ့စေတနာကို ဖေါ်ကျူးနေတဲ့ပြယုဂ်

ဒီပြယုဂ်မှာ ကျိုးပဲ့စိတ်ဓါတ်နဲ့ ငိုငြီးနေတဲ့အသံတွေကို ချွေးသိပ်ဖြေရာနေရာ

အဲဒီကောင်းမှုအစုစုရဲ့ လူမှုအလှဗေဒတရားကို ဆေးသားတင်ထားပေးရာနေရာ

အဲဒါကြောင့်မို့ ဒီနေရာကို ကျနော်က တဖ၀ါးမှမခွာချင်ဘူး

ရာဇာ
တောင်ဒဂုံမှာ အန်အယ်လ်ဒီအဖွဲ့ချုပ်က စောင့်ရှောက်ထားတဲ့ အိပ်ခ်ျအိုင်ဗွီ ဝေဒနာသည်တွေကို အာဏာပိုင်တွေက ၂၅ ရက်နေ့မှာ နေခွင့်မပေးတော့ဘူးလို့ ပြောပြီးနောက်ပိုင်းရေးဖွဲ့သည်။

ဆက်ဖတ်ရန် ....

Saturday, November 13, 2010

ခါတစ်ကောင် ခံတစ်ပင် (အန်တီစု လွတ်မြောက်ခြင်း အမှတ်တရ)

အဘွားရွာဟာ၊ကဗျာမဟုတ်
ခံငုတ်ကိုင်းစွန်၊ခါကျိုးတွန်လျက်
ပိုက်ကွန်ညွတ်ကွင်း၊တောကြက်နင်းမှ
သားဟင်းတစ်ခွက်၊သွေးပွက်ပွက်ကို
ချက်ပြုတ်စားရ၊ဘ၀စရိုက်
တိုက်ခိုက်ကြမ်းတမ်း
ဆူးလမ်းမြေရိုင်း၊သဲမုန်တိုင်း။

ဒီရွာစပ်မှာ
သနပ်ခါးဖြစ်၊ကျောက်စရစ်ကို
ကုတ်ခြစ်သက်ပြင်း၊မွှေးနံ့သင်းလျက် ။

ရွာဦးပန်းပဲ၊ဖားဖိုဆွဲလျက်
မီးရဲရဲတွင်၊ဆေးသားတင်တဲ့
စိမ်းလွင်သံပြောင်၊ငှက်ခါးတောင်လို
ဓားရောင်ဝင်းပြက်၊လွန်ထက်မြက်တယ်။

ဒီရွာကနွား
အသွားလည်းမြန်၊အားလည်းသန်တယ်
ရုန်းကန်ကုန်းကြုံး၊ထမ်းပိုးတုံးက
မီးဟုန်းဟုန်းတောက်၊သင်းမကြောက်တယ်။

သံမှုန်ကိုစား၊ဒီရွာသားတို့
ခွန်အားကိုထုတ်၊ဓားကိုခုတ်က
ရှားငုတ်နှစ်က၊ မီးလျှံထလိမ့်။ ။

အမွှေးဆုံးသနပ်ခါး..........ပေါက်ရောက်ရာ
အထက်ဆုံးဓား.......ထုလုပ်ရာ
အသွားဆုံးနွား.........မွေးဖွားရာ
အသန်ဆုံးအား.......လှုပ်ရှားရာ
ဒီရွာဒီရွာ၊ အဘွားရွာ။

သြော်.......အဘွားရွာဟာ၊ကဗျာမဟုတ်
ခံငုတ်ကိုင်းစွန်၊ခါကျိုးတွန်လျက်........
အဘွားစကား
နားကကြားယောင်

ငါ့မြေး
သတ္တိကောင်းတဲ့ခါငှက်ဟာ
ပေါင်ကျိုးနေပေမယ့်
တွန်သံမပျက်
တွန်မြဲတွန်တယ်။

အပွင့်ခူးခံရ
အသီးဆွတ်ခံရ
ခံရတဲ့ဖက်ကချည့်
အမြဲနေရတဲ့
ခံပင်ဟာဆူးကိုအမြဲချွန်ထားတယ်......။

အဘွားရွာမှာ
ခါပေါင်ကျိုးလည်း၊တွန်မြဲတွန်လျက်
တွန်နေတယ်..........။
ခံဆူးပင်လည်း၊ချွန်မြဲချွန်လျက်
ချွန်နေတယ်.......။

ကြည်အောင်
၁၉၈၀၊ဇန်န၀ါရီ-၎

အဲန်အယ်လ်ဒီ တည်ထောင်ခြင်းနေ့တနေ့မှာ ဒီကဗျာကို ဆရာကြည်အောင်က လူငယ်နေခြည်ဝင်းကို ရွတ်ခိုင်းသတဲ့
ဆရာရေ ရောက်လေရာဘုံဘ၀ကနေ ၀မ်းမြောက်စွာနဲ့ အန်တီလွတ်လာတာကို ကြည်နူးနေပါ။

အားလုံးပျော်ရွှင်နိုင်ကြပါစေ



အညာနွေတမာမြေ

ဆက်ဖတ်ရန် ....

Saturday, September 25, 2010

“ မှာပါရစေ … ပြောပါရစေ ”




(၁)
ကိုယ်သေရင် မငိုနဲ့၊ပါးစိုရုံရှိမှာပေါ့။
သပိတ်မသွတ်နဲ့လွတ်ပြီးသား၊ ကျွတ်ပြီးသား။
ထမင်းမထုတ်နဲ့၊သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။
အိုးမခွဲနဲ့၊ အိုးမလိုဘာကိုမှ ကိုယ်မစွဲဘူး။
အပွင့်အခက်ယူမသွားနဲ့၊ပြန်လိုက်ရမယ့်အစားမဟုတ်ဘူး။
ရက်လည်၊ လလည်၊ နှစ်လည်
ဘာကိုမှ မလည်နဲ့၊သံသရာကြီးမှာလည်ခဲ့သူ။

(၂)
ကိုယ်သေရင် မငိုနဲ့ကြိုကြိုပြီးသေထားသူ။
“ဘုရားရှင်ရဲ့ဂုဏ်တော်”ကိုမြတ်နိုးပူဇော်ရင်း
အကြိမ်ကြိမ် အသေရင်းထားသမို့မရဏမင်းဆီပျော်ပျော်သွားမှာ။
ပြီးတော့ ပြောပါရစေ -
သာသနာ၊ စာပေ၊ ပရဟိတ
လုပ်လက်စတွေကိုဆက်လုပ်ဖို့၊
ဟောဒီချစ်ရတဲ့ မိခင်မြေကို
ပြန်လာခဲ့မယ်မုချ။
ဒီတော့ ကိုယ်သေရင် မငိုနဲ့၊ဖြေသာစမ်းပါ၊ ပြုံးစမ်းပါ
လူသာဆုံးတာကျန်တာမရှုံးဘူး။
မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်၊ ဒါပါပဲ။ ။

မိုးဟိန်း (သားဂျာနယ်ကျော်)

အညာနွေတမာမြေ

ဆက်ဖတ်ရန် ....

Monday, September 20, 2010

မေ့ပျောက်ခံ မြေဇာပင်

မတည်မြဲခြင်း အနိစ္စ တရား
လက်လွတ်နေတဲ့
အာဏာရူး
ဥစ္စာရူး
ဂုဏ်ဓနရူး တွေက တဖက် ...

ကိုယ်ချင်းစာ အကြင်နာတရား
ကင်းမဲ့နေတဲ့
အမည်ခံ နိုင်ငံရေးသမား
အခွင့်အရေးသမား
တကိုယ်ကောင်းသမား
သိုက်တူးသမား
ဗန်းပြ လုပ်စားသမား
အကြံအဖန်သမားတွေက တဖက် ...

အတ္တပြိုင်ပွဲရဲ့ နင်းခြေမှုအောက် ...

အလင်းရောင်မဲ့ တိုင်းပြည်လေးရဲ့
နံရံလေးဖက် သံတိုင်နောက်က
ယုံကြည်ချက် မပျက်သေးတဲ့
မျက်ဝန်းတွေ …
သံခြေကျင်းခတ် ခံထားရတဲ့
မျှော်လင့်ချက်တွေ …
အကျဉ်းချခံထားရတဲ့
ယုံကြည်ချက်တွေ …
ပြိုကွဲသွားတဲ့ မိသားစုတွေ …
ချို့တဲ့နွမ်းပါးတဲ့ ၀မ်းဗလာတွေ …
ရည်ရွယ်ချက်မဲ့ လက်ဖ၀ါး နုနုလေးတွေ …
ဒဏ်ရာအပြည့်နဲ့ နှလုံးသားနုနုလေးတွေ …
ယမ်းခိုးငွေ့တွေကြားက
ကျိုးပဲ့သွားတဲ့ ခြေလက်အစုံတွေ …
လောင်ကျွမ်းသွားတဲ့ …
မေတ္တာအိမ်လေးတွေကတော့ …
မေ့ပျောက်ခံ
မြေစာပင်ဖြစ်နေလေရဲ့ …


မာန်

ဆက်ဖတ်ရန် ....

Tuesday, August 10, 2010

ကျမ တို့ လေလံပွဲ




ခမ်းမ မှောင်မှောင်မဲမဲ
ဒစ်စကိုမီးရောင်တွေ အံကျ
နားနဲ့ မဆန့် တဲ့ အသံတွေ ပြုတ်ကျ...

ကျမ ဘ၀မှာ....
မျက်စိရှုပ်တယ်ဆိုတာ မရှိဘူး
နားကြားပြင်းကပ်တာ မရှိဘူး
ခြေကိုလှုပ် ၊ ခေါင်းကိုလှုပ်
စီးမျှောပစ်လိုက်

မေ့သွားတယ်..
မနက်က အမေတောင်းတဲ့ ဆန်ဖိုးကိုမေ့သွားတယ်...
အငယ်ကောင်တောင်းတဲ့ ကျောင်းအုပ်ဆရာမကြီးကို ကန်တော့ဖို့ မေ့သွားတယ်..
မေ့သွားတယ်..
အဖေတောင်းတဲ့ အရက်ဖိုးကို မေ့သွားတယ်..
မမေ့ သေးတဲ့ အရာတွေကို အတင်းမေ့ဖို့  မေ့သွားတယ်....

ဒါဟာ တဏှာ ကုန်စည်ပြပွဲတစ်ခုပေါ့ ..
အသွေးသား ကြော်ငြာ တစ်ချပ်ပေါ့...
ရာဂ လေလံတင်ပွဲ တစ်ခုပေါ့...
ကဲ အသွေးအသား စားပွဲထိုးတွေရေ...
ဝီစကီပြင်းပြင်းလေး တခွက်လောက်..

ဒေါ်အောင်ဆန်းစုကြည်ဆုံးဖြတ်ချက်..
မှားမှား၊ မှန်မှန် မပြောမိဘူး..
ကျမက ဥရောပက စကော်လာကျောင်းသားမှ မဟုတ်ပဲ...။

ဒီမိုကရေစီလား...
မသိဘူး....
အမေရိက ကို ပရိုပိုဆယ်တင်မယ့် အထဲမှာ မှ မပါပဲ....၊

စီးပွားရေးပိတ်ဆို့ မှုလား..
ကန်ကွက် ၊ ကြိုဆို ဘာမှ မလုပ်ဘူး..
အီးဂရက် သင်တန်းဆင်းမှ မဟုတ်ပဲ...။

ဒုက္ခသည်မူဝါဒ၊ လွတ်လပ်တဲ့ အတွေး ..
ယဉ်ကျေးသော လူ့ အဖွဲ့ အစည်း..
နားမလည်ဘူး...
အောက်စ်ဖိုဒ်မှာ နှစ်နှစ်သင်တန်း တက်ပြီး..
အန်ဂျီအိုရာထူးနဲ့  ဗမာပြည်ပြန်လာမယ့်..
ပညာရှင်မှ မဟုတ်ပဲ..။

အချုပ်အခြာ အာဏာ။ ပြည်ထောင်စု မပြိုကွဲရေး ...
ငါးပိရည်လိုပဲ ငန်တူးနေသလား...
စီးပွားရေးလုပ်ငန်းတွေအားလုံးမောင်ပိုင်စီးထားတဲ့ ..
ဗိုလ်ချုပ်ကြီးတွေရဲ့ မိသားစုဝင်တစ်ယောက်မှ မဟုတ်ပဲ...

ဘာမှ မှ မဟုတ်ပဲ
ဘာဆို ဘာမှ မဟုတ်ပဲ...

ကျမဆုတောင်းက ......
ဒီတစ်ည ခိုနားဖို့ ရင်ခွင်တစ်ခု ရှိပါစေ....
အဲ့ဒီ့ ရင်ခွင်မှာ သူရာရည်တွေ စိုရွှဲ မနေပါစေနဲ့ ....
သားရိုင်းတိရစ္တာန်တွေ သောင်းကျန်းမနေပါစေနေဲ့ ....
တွန့်ကြေနေတဲ့ အိပ်ယာလေးပေါ်...
လူလိုသူလို ပျော်တော်ဆက်ခွင့်ရပါစေ...
ညနက်နက်နဲ့  အာရုဏ်ဦးကြား က
ငရဲခန်းမှာ ....
ကျမ တမှေးလောက်ဖြစ်ဖြစ် မှေးလိုက်နိုင်ပါစေ..
အမေ့ဆန်ဖိုး
အဖေ့အရက်ဖိုး......
ကျမ ကူသလောက်နဲ့ ...
လုံလောက်ပါစေ

ရန်ငြိမ်းအောင်Rest of your postအညာနွေတမာမြေ

ဆက်ဖတ်ရန် ....

Friday, July 16, 2010

မရဏ



ပျောက်သောသူရှာရင်တွေ့
သေသောသူကြာရင်မေ့
မြန်မာဆိုရိုး ရှိခဲ့ဘူးလည်း
ရှာလို့လည်း မတွေ့
ကြာလို့လည်း မမေ့
ငါတို့လည်း တနေ့
Rest of your postအညာနွေတမာမြေ

ဆက်ဖတ်ရန် ....

Monday, June 28, 2010

ချစ်ကြသူများ

၁၉၄၁
ချစ်ခင်သူတွေကြား ကတိထားခဲ့တယ်
သမီးလေးမွေးလာခဲ့ရင်
အားလုံးထဲမှာအလှဆုံးဖြစ်ရမယ်တဲ့။
အဆင်းရော၊အချင်းပါရှိရမယ်တဲ့။

ဒို့သမီးကို
အိမ်နီးနားချင်း၊ အပေါင်းအသင်းတွေ
ချီးမွမ်းကြ၊ အားကျစေရမယ်တဲ့။

ဒါပေမယ့်
သမီးလေး မမွေးခင်
ချစ်ခင်သူတစ်ချို့ ကြွေလွင့်သွားတယ်။
ခေါင်းကိုင်ဖခင် သမီးကို မြင်မသွားရဘူး။

ကျန်ရစ်သူတွေ ကတိစကား
သူတို့မရှိတော့ပေမယ့်လည်း ၊ ဒို့ရှိသေးသတဲ့။
ဒီသမီးဘ၀ လှပဖို့ ဒို့ကြိုးစားကြမတဲ့။
သို့သော်

သမီးလေးမမွေးခင်ကပဲ
ကွာရှင်းပြတ်စဲစကား
ပြောသံကြားနေရပြီ။

အူဝဲသံ မစဲခင်
လမ်းခွဲခဲ့ကြပြီ။

သမီးအက်ႌ
အနီလား၊ အျပာလား၊ အ၀ါလား၊ အျဖဴလား
အရောင်ရွေးရင်း သွေးကွဲခဲ့ပြီ။

အရှေ့ကျောင်း၊ အနောက်ကျောင်း
တောင်ကျောင်း၊ မြောက်ကျောင်း
ဘယ်ကျောင်းထားမလဲ
ငြင်းရင်း၊ ခုန်ရင်း။
ထိုးကြ၊ ကြိတ်ကျ၊ သွေးမြေကျခဲ့ပြီးပြီ။

အုပ်ထိန်းခွင့်ရှိသူ
သူလား၊ ငါလား။

ဘယ်သူက တကယ်ချစ်သတုံး
အငြင်းပွားလို့မဆုံး
ရုံးရောက်၊ ဂါတ်ရောက်
ဘုန်းကြီးအမှုရွာပတ်၊ အရပ်လည်းမနေသာ
အကြံပေးရ၊ ဖြန်ဖြေရ၊ သတိပေးရ
အလုပ်များခဲ့လှပေါ့။

ဒီလို
အချစ်ပြိုင်ရင်းနဲ့
သမီးအရွယ်
၆၀ ကျော်ပေမယ့်
ဘ၀မလှပသေး

သားသမီးနဲ့
ပွားစည်းခွင့်လဲမရ
သက်တူရွယ်တူတွေ၊ ကိုယ်ထက်ငယ်သူတွေဘဝ
ငေးပြီး အားကျနေရတုံး

ကဲ
ဒါဆိုရင်
ချစ်ပါတယ်ဆိုသူများ

သမီးကိုချစ်လို့ ရန်ဖြစ်နေကြတာလား
ကိုယ့်အတ္တကို ပုံဖော်ထုဆစ်နိုင်ဖို့အတွက်
ငြင်းခုန်ခဲ့ကြတာလား

သင်တို့အချစ်၊ သမီးကို
နှစ်ရာရောက်မရောက်
စဉ်းစားမိပါသလား။

(ကဗျာလေး ပို့ပေးတဲ့ သူငယ်ချင်းကို ကျေးဇူးတင်ပါတယ်။ ကဗျာရေးတဲ့သူ နာမည် ဖော်မပြနိုင်တာ နားလည်ပေးပါခင်ဗျာ။)

အညာနွေတမာမြေ

ဆက်ဖတ်ရန် ....

ငရဲ



တစ်နေ့က အဘိုးတစ်ယောက်ကပြောတယ်။
သေချင်ရင်တောင် သေဖို့ခက်သတဲ့။
ကျွန်တော်က ရှင်ဖို့အတွက်ရောအဘရယ်လို့ ပြန်မေးမိတယ်။
သူမဖြေဘူးဗျ။
သူမဖြေခဲ့ဘူး။

လမ်းတွေသိပ်ကျယ်လာတာနဲ့အမျှ
နေစရာတွေ ကျဉ်းကျဉ်းလာတယ်။
ကျုပ်တို့ စပါးခင်းတွေက အခု
မြို့သစ်ဆိုတဲ့ နာမည်အသစ်နဲ့။
ကျုပ်တို့ ကျေးလက်တွေက
၆ လမ်းသွား ၇ လမ်းသွားဆိုတဲ့ နာမည် အသစ်နဲ့။
ကျုပ်တို့ ယဉ်ကျေးမှုတွေက တိုက်သစ်တာသစ်တွေဖြစ်လို့။

ကလေးတွေ အဖျက်ဆီးခံရဖို့
မိဘတွေက
ကျောင်းပို့ကြတယ်။
လူကြီးတွေ အဖျက်ဆီးခံချင်လို့
ဝန်ထမ်းတွေလုပ်ကြတယ်။
တိုင်းပြည်ကတော့ သင်္ချိုင်းဟောင်းထဲ သုသာန်ထပ်ချဲ့သလိုပါ။
တကယ်ဗျ။
တကယ်။

ကုန်ပြီ
ဧရာဝတီလည်း ကုန်ပြီ။
ရန်ကုန်မြစ်လည်း ကုန်ပြီ။
ကုန်ပြီင်္။
ကျွန်းတောတွေလည်းကုန်ပြီ
ရေနံတွင်းတွေလည်း ကုန်ပြီ။
အကုန် ကုန်ပြီဗျာ။
ကုန်ပြီ။

ပညာတတ်တွေရဲ့ တစ်ကိုယ်ကောင်းဆန်မှုအောက်မှာ
ကျွန်တော်တို့ ခွေးဖြစ်ကြပြီ။
ကျွန်တော်တို့ ကလေးတွေ ခွေးဖြစ်ကြပြီ။
သူတို့လည်း သူများတိုင်းပြည်မှာ
နွားဖြစ်ကြပြီ။

ဒီမှာ နေရတာ
နာရီအပျက်တစ်လုံးနဲ့ ၀င်္ကပါထဲ ခရီးသွားနေရသလို
ဘယ်မှ မရွေ့ဘူး။
ဘာမှလဲ မတွေ့ဘူး။
ပြူးပြဲပြီးကြည့်နိုင်မှ
ကိုယ့်ကိုယ်ကိုတောင် ရေးရေးလေးပဲမြင်ရတယ်ဗျာ။
ဘာမှ မမြင်ရပါဘူးဗျာ။
ဘာမှ မမြင်ပါဘူး။

ဘာသာတရားနဲ့ အနုပညာသာမရှိရင်
ဒါဟာ
အ၀ီစိပဲ။
ဒါဟာ
မနေအပ်တဲ့ အရပ်ပဲ။
တကယ့်ငရဲဗျ။
တကယ့်ကို ငရဲ။

ကျွန်တော်တို့ လဲနေကြတယ်
တောင်ဝှေးလဲ မရှိဘူး
ထူမယ့်သူလဲ မရှိဘူး
တစ်ချို့ဆို ထချင်စိတ်တောင်မရှိတော့ဘူး။
မလှုပ်ရှားရတာ အသားကျကုန်ပြီ။
တကယ့်ကို အသားကျကုန်ပြီဗျ။
အသားကျကုန်ပြီ။

တစ်နေ့က အဘိုးအိုတစ်ယောက်နဲ့တွေ့တော့
ကျွန်တော့်ကိုမေးတယ်။
ရည်ရွယ်ချက် ရှိသလားတဲ့။
(ဟောဗျာ ခက်ပါရောလား)
ကျွန်တော် မဖြေတတ်ဘူးဗျာ။
တကယ်မဖြေတတ်တော့ဘူး။

အခုနေ ဘုရားရှင်ကိုသာ ဖူးခွင့်ရရင်
ငါးပါးသီလစောင့် သစ္စာဆိုပြီး
ရည်ရွယ်ချက်ရှိသောသူ ဖြစ်ရပါလို၏ လို့
ဦးသုံးကြိမ်ချပြီး ဆုတောင်းလိုက်ချင်တယ်။
တကယ့်ကို ဆုတောင်းလိုက်ချင်တယ်။

ကျွန်တော်တို့ ဘုရားရှိခိုးကြစို့ဗျာ။
သြကာသ
သြကာသ
သြကာသ။ ။

ရေးသူ ကိုဇေရ
Rest of your postအညာနွေတမာမြေ

ဆက်ဖတ်ရန် ....

Saturday, June 19, 2010

မွေးနေ့ ဆန္ဒ




အများတကာတွေ

သစ်ပင်စိုက်ကြသတဲ့

အမေ့မွေးနေ့ ဂုဏ်ပြုဖို့တဲ့လေ

နွေအပူမှာ ရေလှူသူ လှူသတဲ့

ထောင်သောင်းမက ကုန်ကျတဲ့ ခန်းမတွေငှားလို့

ဘတ်ဒေးကိတ် စားသူစားကြပေါ့

ပထွေးကို ဖအေတော်ချင်သူတွေက

ရှိသမျှ သယံဇာတ ပေါက်ဖော်ကို ဆက်သနေမှတော့

သစ်ပင်စိုက်တာ ဘယ်အလျဉ်မှီပါ့

မိုးကြိုးကို ထန်းလက်နဲ့ကာတဲ့အဖြစ်

ဒင်းရို့ဖြုန်းသမျှ ကုန်းဆပ်ရတဲ့အဖြစ်

ရေလှူသူ၊ မြေလှူသူ

အသွေးလှူ လှူ၊ အသားလှူ လှူ

လှူသမျှ သာဓုအခါခါချမယ်

ပကာသနခြယ်တဲ့ ခန်းမလယ်က

ဘတ်ဒေးကိတ် ခပ်မဆိတ် တိတ်တိတ်ပေါ့

အဟောသိကံကို အဟောဝတ ကောင်းလေစွလို့ သြမချလောက်

ဟောဒီ သားတယောက်ဖြင့်

အကျဉ်းစံ အမေ့အတွက်

လူ့အန္ဓ၊ လူ့ဗာလတွေနဲ့ ဘ၀ဆက်တိုင်းဝေးလို့

ဝိမုတ္တိရသကို ခံစားစေချင်လိုက်တာ အမေရယ်


အောင်ဟိန်း (မုံရွာ)

(၁၉) ရက်၊ ဇွန်လ၊ ၂၀၁၀

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၅) နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုစပ်ဆိုပါသည်။

ဆက်ဖတ်ရန် ....

Monday, June 14, 2010

၂၀၁၀ နှင့် သူ၏အလွန်

ဗိုလ်သန်းရွှေက တမတ်သား

ဦးသိန်းစိန်က သုံးမတ်သား

ဘယ်တရွေးသားမှ

ခင်ဗျားအတွက် မပါဘူးမှတ်…

“လွတ်လပ်၍ တရားမျှတ”

“နိုင်ငံရေးအရ

စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ”တဲ့

အနှီ နိုင်ငံရေးသုခမိန်ရဲ့

နှစ်ပင်လိမ် ရောကြော်ဝါဒဟာ

ပါလီမန်ကို ဆွဲကြိုးချ

ဟစ်တလာကြီး သြချလောက်ပါပေရဲ့…

တခါသေဖူး

ဘွာတေးပုံ ထူးလှချည့်

အပ်ကျသံ ကြားရမယ့်

ဘုရားစူး ပါလီမန်မှာ

အီးပေါက်သံ ကြားရရင်တောင်

မဟာဂရုဏာတော်မို့

တော်ရှာပေတယ် မှတ်ရမယ်…

ဤ

“ခေတ်မီတိုးတက်တော်မူလှသော

အနာဂတ်နိုင်ငံတော်သစ်ကြီးမှာ”

ပူးသတ်စရာတောင်

ဘယ် တော်သလင်းလမြတ်မှ

အူစရာ ချောင်တွေ့မယ်မထင်နဲ့…

ကဲကဲ ရှင်မရေ

မြင်မြင်သမျှ

ဘဝင်မကျစရာ

ရင်ဝ နာလှသမို့

ရန်/ငါစည်းပြတ်

သွေးထွက်အောင် ပြတ်နိုင်မှ

အပြီးသတ်တိုက်ပွဲ

ဆင်နွှဲနိုင်မှာမို့

ငါတို့အဖို့ ကွင်းဆင်းစရာဟာ

ရန်သူရဲ့ သတ်ကွင်းမဟုတ်

ပြည်သူရဲ့ ခတ်ကွင်းဆိုတာ

ရှင်းရှင်းကြီးမြင်ထား…

ဒါ ပြည်သူတို့ရဲ့သင်ကြားချက်

ငါတို့ရဲ့တက္ကသိုလ်

ဒီပလိုမာနဲ့ဆာတီဖီကိတ်

အေဂရိတ်နဲ့

ရွှေတံဆိပ်ရအောင် ဖြေစို့ရဲ့…။ ။



နေမင်းနီ

၁၂.၆.၂၀၁၀
Rest of your postအညာနွေတမာမြေ

ဆက်ဖတ်ရန် ....