-->
Showing posts with label ရွေးကောက်ပွဲ. Show all posts
Showing posts with label ရွေးကောက်ပွဲ. Show all posts

Thursday, February 16, 2012

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း

2008 constituation.

ဆက်ဖတ်ရန် ....

2008 constituation of Myanmar

Juntas Constitution (English)

ဆက်ဖတ်ရန် ....

Friday, November 19, 2010

လွှတ်တော်မှာ ကြီးစိုးမယ့်သူများ


luttaw

ဆက်ဖတ်ရန် ....

Thursday, November 11, 2010

၂၀၁၀ ထဲက မဟာမင်္ဂလာ

၂၀၀၈ နာဂစ်ဖွဲ့စည်းပုံနဲ့ ၂၀၁၀ ဂီရိရွေးကောက်ပွဲကြီး ပြီးစီးသွားပြီ။ နာဂစ်မုန်တိုင်း၊ ဂီရိမုန်တိုင်း၊ ပြီးတော့ - စစ် - စစ် - စစ်အစိုးရသစ်ကြီးရဲ့ စစ်မုန်တိုင်းက ကျမတို့နိုင်ငံသားတွေ၊ ဘယ်သို့သောဘေး သင့်စေဦးအံ့ ။

ဘာဘဲဖြစ်စေ မိအေး - မင်္ဂလာစကား ပြောကြည့်ချင်သေးရဲ့။

နအဖက သူတို့နားလည်သလို ဒီမိုကရေစီအမိုက်မှောင်လမ်းနဲ့ တရားမျှတပါတယ်ဆိုပြီး ၂၀၁၀ ဂီရိရွေး ကောက်ပွဲကြီး လုပ်ပေးခဲ့တယ်။ ဟုတ်လား (ကျေးဇူး ကမ္ဘာ မဆိုသာ)။

ဟိုကပိတ်၊ ဒီကဆို့၊ အတားအဆီးအထပ်ထပ်ကြားက ပြည်သူ့နား၊ ပြည်သူ့မျက်စေ့၊ သတင်းမီဒီယာ တို့ရဲ့ အမိုက်မှောင်ကိုခွင်း လင်းလင်းကြီး မီးမောင်းထိုးပြလိုက်လို့ - အမှားနဲ့အမှန်၊ ညစ်တာနဲ့ ယုတ်မာတာ၊ မတရားလုပ်တာနဲ့ အနိုင်ကျင့်မှု လိမ်လည်မှု အလုံးစုံကို ဖုံးလို့ ဖိလို့ ဝှက်လို့မရအောင် ဟင်းလင်းကြီးပွင့် ထင်းထင်းကြီး ပေါ်ကုန်ပါပကော။

“ ကျေးဇူး ကမ္ဘာပါ မီဒီယာ ”

ဒါ ဘယ်သူ့ပွဲလဲ?
-နအဖ ပွဲလား ? ဟုတ်ဖူး။
-ကြံ့ဖွံ့ ပွဲလား ? ဟုတ်ပါဘူး။
-ဒီဗွီဘီ( DVB ) ရဲ့ပွဲ။ အဲဒါအဖြေဘဲ။ ဒီဗွီဘီဆိုတာ ဒီမိုကရက်တစ်မြန်မာ့အသံ။ (မြန်မာ့အသံ မှတ်ထား)

၂၀၁၀မှာ ဒီဗွီဘီက မီဒီယာတာဝန်ကျေယုံမက ဒီရွေးကောက်ပွဲကြီးကို ခေါင်းဆောင်တာလို့ မိအေးပြောချင် ပါတယ်။ ပြောပါတယ်။ ဒီဗွီဘီက သူကြိုက်တာ မကြိုက်တာ အပထား။ သတင်းမီဒီယာ ပီသတယ်လေ။

(၁)
-နအဖကြီးက အာဏာဆက်ယူမယ်။ ရွေးကောက်ပွဲကော်မရှင်ဆိုတာကြီးက အာဏာရအောင်လုပ်ပေးရမယ်။ သို့သော်ငြားလည်း … သို့ငြားလည်း .. အာဏာမက်ပေမဲ့၊ တာဝန်ပျက်တယ်။

-သူတို့ပျက်ကွက်တဲ့တာဝန် ဒီဗွီဘီက တာဝန်ယူလုပ်ပေးရတယ်။ စေတနာကွာတယ်လေ။ ဒီဗွီဘီက ပြည်သူလူထု အမှန်အတိုင်းသိစေချင်တယ် မဟုတ်လား?

-ဒီဗွီဘီက -၂၀၀၈ နာဂစ်ဖွဲ့စည်းပုံစည်းမျဉ်း
- ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးများလွှတ်တော်၊ ဖွဲ့စည်းပုံတွေကို တိုင်းအလိုက် ပြည်နယ်အလိုက် ပုံစံဇယားတွေနဲ့ လူပြိန်းနားလည်အောင် ကျကျနန ရှင်းပြပေးတယ်။ တွေ့ကြရဲ့နော်၊ ဟုတ်။
- ပြည်သူတွေ မဲစာရင်းဘယ်လိုရှာရမယ်။ မဲဘယ်လို ပေးရမယ်။ မဲပုံးတွေကဘယ်လို၊ ဆိုတာစာမတတ်သူတွေ နားလည်အောင် အသေးစိပ်ရှင်းပြနေတာကလား။
- ဒီဗွီဘီရဲ့အာဘော်မပါဘူး။ သူ့မူရင်းအတိုင်း ရှင်းပြပေးတာပါ။

နအဖကြီးနဲ့ ရွေးကောက်ပွဲကော်မရှင်ကြီး ဒီဗွီဘီကို ကျေးဇူးတင်ဘို့ကောင်း။ ကန်တော့ဘို့တောင်ကောင်းပါရဲ့။

(၂)
ဒီဗွီဘီက ကြိုက်တာ မကြိုက်တာ အပထား ။ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်မဲ့ ပါတီကိုယ်စားလည် လောင်းတွေ၊ တစ်သီးပုဂ္ဂလကိုယ်စားလည်လောင်းတွေအတွက် ဒီလို ဒီလို တာဝန်ယူပြန်တယ်။ ကိုယ်စားလှယ်လောင်းတွေကို အစိုးရရုပ်မြင်သံကြားက ဟောပြောခွင့် ၁၅မိနစ်ပေးတယ်။ ပြည်သူ့ဘဏ္ဍာ သုံးစွဲတည်ဆောက်ထားတဲ့ ရုပ်မြင်သံကြား။ ဟုတ်။ ပြောဟောမှာတွေကို ဖြတ်တာ တောက်တာ တည်းဖြတ်တာနဲ့ ပါယ်ဖျက်တာ တွေက စုလို့၊ စုံလို့။

ဒီလိုပြောခွင့်ရဘို့ - ခရီးတိုရှည် နေပြည်တော်ကြီးသွားရတာ။ လျှောက်လွှာနဲ့အတန်တန်၊ ရခိုင်၊ ချင်း၊ ကချင်၊ ရှမ်း၊ ကယား၊ ကရင်၊ တနင်္သာရီ မဲဆန္ဒနယ်က နေပြည်တော် စရိတ် စဉ်းစားသာကြည့်တော့။

ဒီဗွီဘီ ရုပ်သံက -

ပါတီနဲ့ တစ်သီးပုဂ္ဂလ အလှည့်ကျ စကားဝိုင်း၊ ပြည်သူသိအောင် ပြောကြဟောကြ လွတ်လွတ်လပ်လပ် ပြည်သူလူထုမဲဆန္ဒရှင်တွေ ရုပ်ပါမြင်ရ အသံပါကြားရ အလျှံပယ်။ အနှိုင်းအယှဉ် ကိုယ်တွေ့သိကြ၊ ဟုတ်တယ်နော်။ မိအေးတို့နိုင်ငံမှာ ရှိခဲ့ဘူးပါတော်။

ဒီလောက်နဲ့မပြီး -

ဒီဗွီဘီက ရွေးကောက်ပွဲဝင်မဲ့ပါတီ တစ်သီးပုဂ္ဂလတို့ရဲ့လမ်းစဉ်မူဝါဒ သဘောထားတွေ အများပြည်သူ သိရလေအောင် ခေါင်းဆောင်တွေ ပုဂ္ဂိုလ်တွေကို အသေးစိပ် ဗျူးပေးလိုက်ပါသေးရဲ့။

ဒီလောက်တင် ဟုတ်သေးဘူး။ မဲဆန္ဒရှင်တို့ ပြည့်ပြည့်စုံစုံ နားလည်စေဘို့ ပြေးလမ်းပေါ်မှပါတီများ ကဏ္ဍဖွင့် - ရွေးကောက်ပွဲဝင်မဲ့ ပါတီတွေရဲ့သမိုင်း၊ လူပုဂ္ဂိုလ်တွေရဲ့ကိုယ်ရေးရာဇဝင်၊ ပါတီရဲ့မူဝါဒလမ်းစဉ်၊ ရွေးကောက်ပွဲဝင်မဲ့ဦးရေ၊ မဲဆန္ဒနယ်၊ ယှဉ်ပြိုင်ကြရမဲ့ ပါတီ အဖွဲ့အစည်း ပုဂ္ဂိုလ်များကို နှိမ့်ချ မြှင့်တင်မှုမပါ မူရင်း အတိုင်း ပြုစု ရှာဖွေ တင်ပြ ပေးပြန်တယ်။

ဒါတင် ဟုတ်ရိုးလား -

ရွေးကောက်ပွဲ နိုင်ငံတကာလေ့လာရရှိချက် အတွေ့အကြုံများနဲ့ ရွေးကောက်ပွဲပညာရှင်တို့က စကားဝိုင်းဖွဲ့လို့ တိုင်းနဲ့ပြည်နယ် မဲဆန္ဒနယ်အလိုက် ယှဉ်ပြိုင်မှုများကို ကမ္ဘာ့ဖလားဘောလုံးပွဲအသင်းများ အခြေအနေဝေဖန်သုံး သပ်သလို သုံးသပ်တင်ပြထားတာတွေ။

ဒီလောက်မျှ မရပ်သေး -

ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များ၊ နိုင်ငံတကာက သုံးသပ်ဝေဖန်မှုများ၊ ခရေစေ့တွင်းကျ သတင်းမှန်တွေကိုလည်း စုဆောင်းတင်ပြပေးတာ တွေ့ရတယ်။ ဒီနိုင်ငံရဲ့ရွေးကောက်ပွဲသမိုင်းမှာ သတင်းမီဒီယာက ထောက်ခံတဲ့ပါတီ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေကို ဒီလောက်ပြည့်ပြည့်စုံစုံ လုပ်ပေးတာမရှိခဲ့။ မီဒီယာက ထောက်ခံတဲ့ပါတီ အောင်နိုင်ရေးကိုသာ လုပ်ပေးကြတာ စဉ်အလာပါ။ မီဒီယာ သမိုင်းသစ် တွင်ရစ်မဲ့ ဒီဗွီဘီ။

(၃)

ရွေးကောက်ပွဲ ဆန့်ကျင်သပိတ်မှောက်တဲ့ အင်အားစုများအတွက် ရွေးကောက်ပွဲသပိတ်မှောက် ဆန့်ကျင်တဲ့ သတင်းလှုပ်ရှားမှုတွေကို ရုပ်သံမှတ်တမ်း ကျန်ခဲ့တာမရှိရလေအောင် အထူးတာဝန်တရပ်အဖြစ် ပြည်တွင်းပြည်ပ သတင်းတွေပါ ပြည့်ပြည့်စုံစုံ ကုန်စင်အောင် တာဝန်ကျေပါရဲ့။ အကျဉ်းထဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူတိုင်း မဲပေးပိုင်ခွင့် အခွင့်အရေးရှိသလို မဲမပေးဘဲနေနိုင်တဲ့ အခွင့်အရေးလည်းရှိတယ်ဆိုတဲ့ ဥပဒေပါ စကားကြီး(၂)ခွန်းကိုလည်း ပြည်သူလူထု နား၊ မျက်စေ့၊ နှုတ်ဖျားရောက်အောင် ပို့နိုင်တာ တွေ့နိုင်ပါတယ်။

၂၀၁၀ ဂီရိရွေးကောက်ပွဲဟာ ဖြတ်ကျော်ဝင်စားရမဲ့ အလှူပြုတဲ့ထမင်းပွဲ မဟုတ်ပေဘူး။ အဆိပ်ခတ် ဖိတ်ကြားတဲ့ ထမင်းစားပွဲ။ မှားလို့များ မသွားလေနဲ့။ သပိတ်မှောက်ကြလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သတိပေးနှိုးဆော်ချက်ဟာလည်း လူထုအတွင်း ပျံ့နှံ့အသိပေးနိုင်ခဲ့တယ်။ အမျိုးသားဒီမိုကရေစီ ဗဟိုခေါင်းဆောင်ကြီးများရဲ့ တိုင်းနဲ့ပြည်နယ် လှည့်လည်ပြီး ပါတီမပျက် ရပ်တည်ချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာစကား - ရွေးကောက်ပွဲသပိတ်မှောက်ရေး ညွှန်ကြားချက် ပေးခဲ့ တာလည်း ပြည်တွင်းပြည်ပ ပါတီဝင်အကြား သတင်းပျံ့နှံ့အောင်မြင်စေခဲ့တယ်။

ဒီချုပ်ဟာ မှတ်ပုံမတင်၊ ရွေးကောက်ပွဲမဝင် သပိတ်မှောက်တော့မှ ပါတီတရပ်လုံး အရင့်အရင်ကထက် ပိုမိုလှုပ်ရှား စိတ်ဓါတ်တက်ကြွနေတဲ့ သတင်းစကား၊ ရုပ်ပုံလွှာ ဓါတ်ပုံသတင်းတွေကို ဒီဗွီဘီက ပြည်တွင်းပြည်ပ ဖြန့်ချီပေးနိုင်ခဲ့တာ တွေ့ရတယ်။ ထူးကဲတဲ့ ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး NLD နဲ့ လူမျိုးစုများ သဘောတူပူးတွဲကြေငြာချက်ဟာ လက်ငင်းလိုအပ်ချက် သတင်းဖြစ်စေခဲ့တယ်။ ဒီနေ့ ထိပ်တိုက်တွေ့နေတာက နယ်ခြားစောင့်တပ်ဖွဲ့ရေးနဲ့ ပင်လုံစာချုပ်အရ ဖြေရှင်းရေးဖြစ်တယ်။ လူမျိုးစု လက်နက်ကိုင်တော်လှန်ခဲ့တာက လူမျိုးစုအရေး၊ ဒီအရေး တွေ့ဆုံဆွေးနွေးဖြေရှင်းဘို့ စစ်ရပ်စဲရေးလုပ်ခဲ့တာ။ ဒါကို နယ်ခြားစောင့်တပ် ဖြစ်တဲ့ ပုလိပ်လုပ်ခိုင်းတော့ သူတို့ကလက်မခံနိုင်။ သူတို့ ပုလိပ်ရာထူးလိုချင်လို့ လက်နက်ကိုင်တော်လှန်ခဲ့တာမဟုတ်။ ဒါ ပြည်တွင်းစစ် ပြန်ဖြစ်မဲ့ကိစ္စ၊ ပြေလည်မှဖြစ်မှာမို့ - ဒုတိယပင်လုံညီလာခံခေါ်ရေးက အရေးပါနေတာကို ဒီဗွီဘီက တင်ပေးနိုင်တယ်လေ။

(၄)
ရွေးကောက်ပွဲ ဝင်တာ မဝင်တာ။ မတူကွဲပြားနေတဲ့ ပါတီ။ အယူအမြင် သတင်းတွေကို ဒီဗွီဘီက မူရင်း အတိုင်း ထုတ်လွှင့်ပေးနေတာ ရှင်းရှင်းကြီးမဟုတ်လား။ ၂၀၁၀ နိုဝင်ဘာ (၇) ရွေးကောက်ပွဲရက်မှာ၊ ဒီဗွီဘီ ဌာနပေါင်းစုံ တာဝန်တွေလွှတ်ပြီး ရွေးကောက်ပွဲ နယ်ပယ်မှာ တက်စုံ လက်စုံ ဘက်စုံ ပုံအော စုပြုံလို့ သူ့ထက်ငါ တာဝန်ကျေပွန်အောင် တက်တက်ကြွကြွ လုလို့လုလို့ ထမ်းဆောင်နေကြတာ အံ့သြလောက်အောင်ပါဘဲလား။

ရွေးကောက်ပွဲနယ်မြေအစုံမှာ ဖြစ်ပျက်သမျှ သတင်းစုံ အကုန်အစင် လိမ်ထားဝှက်ထားလို့မရအောင် ဗလာကျင်း အထင်အရှား ဖွင့်ပြလိုက်နိုင်တာ ဒီဗွီဘီပါ။ ကြပ်ကြပ်တည်းတည်း ပိတ်ဆို့တားဆီးထားတဲ့အထဲက ဓါတ်ပုံသတင်းနဲ့ပါ သက်သေခံနိုင်တာ ဒီဗွီဘီ ဘဲမဟုတ်လား။ ၂၀၁၀ ရွေးကောက်ပွဲမှာ ဒီဗွီဘီရဲ့စေတနာဟာ ပေါ်လွင်ပါပေ့။ ဒီဗွီဘီရဲ့ လုပ်ချက်တွေဟာ တိကျပါပေ့။ ပီပြင်ပါပေ့။ အောင်မြင်ပါပေ့။ အားကိုးထိုက်ပါပေ့ လို့ မိအေးဆိုရဲပါတယ်။ ဆိုပါတယ်။ ၂၀၁၀ ဂီရိရွေးကောက်ပွဲမှာ ကြံ့ဖွံ့အနိုင်ရပါလိမ့်။ ဒါပေမဲ့ ဒါပေမဲ့ ဒါပေမဲ့ ဒီပွဲက ဒီဗွီဘီရဲ့ပွဲ။ အဲဒါ ဒီဗွီဘီရဲ့ပွဲ။ ဘာပြောမလဲ။ ပြောမှာလဲ။

(၅)

ဒီပွဲ ဘယ်သူစီစဉ်လဲတဲ့။ အဖြေက
- ဒီမိုကရေစီဆိုတာ ပန်းတိုင်းပွင့်ပါစေတဲ့လေ ………
- ပြည်သူလူထုက ယဉ်တဲ့ လှတဲ့ ပန်းကို ခူးပန်လိမ့်မယ်။ မွှေးတဲ့ပန်းကို ခူးနန်းလိမ့်မယ်။
- ပြည်သူတွေ ကြိုက်တာရွေးပါစေတဲ့။ အဲဒါ အကျဉ်းထဲက ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင် နေတဲ့ ဒီမိုကရေစီပါဘဲ။
- အဲဒါကို - ဒီဗွီဘီက ရုပ်လုံးဖေါ်လိုက်တာပါ။ ဒီမိုကရက်တစ်မြန်မာ့အသံ (မြန်မာ့အသံ မှတ်ထား) ဆိုခဲ့တယ် ဟုတ်လား။ ဒီမိုကရေစီ အမိုက်မှောင်ကျနေတဲ့ ဒီကာလမှာ.. အကျဉ်းထောင်တွင်းကနေ ဒီလောက်ပုံဖေါ်နိုင်ရင် ….
- ဒေါ်အောင်ဆန်းစုကြည်သာ လွတ်လွတ်ကျွတ်ကျွတ် ပွင့်ပွင့်လင်းလင်း ဒီမိုကရေစီ ဖော်ဆောင်နိုင် လို့ကတော့ …..

မိအေး ပြောချင်တဲ့ မင်္ဂလာစကား ဒါပါပဲပေါ့ ---- ဒါပဲတော့် -- !

မင်းမနိုင် မိအေး။
၁၁ - ၁၁ - ၂၀၁၀။

ဆက်ဖတ်ရန် ....

Wednesday, November 10, 2010

အဲလဗင်းက စတက်လာပြီး ဖြုတ်ခံရတဲ့ မဲရလဒ်တချို့

အခု စာမျက်နှာများဟာ Weekly Eleven ရဲ့ Web Page မှာ တင်ထားခဲ့တဲ့ မဲရုံအလိုက် အနိုင်အရှုံးစာရင်းအချို့ပါ။ ဒီစာရင်းတွေ အပါအ၀င် ရွေးကောက်ပွဲ စာမျက်နှာ တစ်ခုလုံးကို အဲဒီဝက်ဘ်ဆိုဒ်ကနေ လာဖြုတ်သွားပါတယ်။ ငွေကုန်လူပန်းခံပြီး လုပ်ထားရတဲ့ စာရင်းဖြစ်ပေမယ့် ဖြုတ်ခိုင်းတဲ့အခါ အလွယ်ပဲ ဖြုတ်ပေးလိုက်ရပါတယ်။ နောက်ပိုင်း ကြိုတင်မဲများဝင်လာတဲ့အခါမှာ ဘယ်လောက်ကွာသွားတယ်၊ ဘယ်လိုညစ်ထားတယ်ဆိုတာ ဒီစာရင်းတွေအရ ပေါ်လွင်နေတဲ့အတွက် လာဖြုတ်သွားတာ သေချာပါတယ်။ အခုစာရင်းများအရ အနိုင်ရခဲ့တဲ့ ဒီမိုကရက်တစ်အင်အားစုများဟာ နောက်ပိုင်း ကြိုတင်မဲများ အစစ်အဆေးမရှိ အကန့်အသတ်မရှိ စည်းမရှိကမ်းမရှိ ထည့်ပြီး အနိုင်ကျင့်တာကို ခံခဲ့ကြရပါတယ်။ နောက်ပိုင်း မဲအနိုင်အရှုံးများ ထွက်လာတဲ့အခါ မဲရုံမှာ ရေတွက်ထားတာနဲ့ ဘယ်လောက်ကွာတယ်ဆိုတာ ယှဉ်ကြည့်နိုင်ကြပါလိမ့်မယ်။

Early Results

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃတပ်ပေါင်းစု ၀ဘ်စာမျက်နှာမှ ပြန်လည်ကူးယူဖေါ်ပြပေးပါတယ်။
အညာနွေတမာမြေ

ဆက်ဖတ်ရန် ....

Sunday, November 7, 2010

ရွေးချယ်ပွဲနေ့

မနက်လင်းကတည်းက မဲသွားပေးမယ့်သူ၊ မပေးမယ့်သူ၊ ပယ်မဲဖြစ်အောင်လုပ်မယ့်သူ၊ သတင်းတွေ ပေးပို့မယ်သူ၊ စောင့်ကြည့်မယ့်သူ၊ မဲဆွယ်မယ့်သူ … သူတို့သူတို့တွေ ပြည်တွင်းပြည်ပမှာ လှုပ်လှုပ် လှုပ်လှုပ် …

ရွေးကောက်ပွဲပျက်အောင် ဖျက်မယ်ဆိုတဲ့ အသံတွေကလည်း ဟိုနားတိုးတိုး .. ဒီနားတိုးတိုး …

အချိန်နာရီတွေ ရွေ့လာတာနဲ့အမျှ .. ပြည်တွင်းပြည်ပ သတင်းဌာနအစုံက တတူတူ ဖုန်းသံ၊ ဟလို သံတွေ တညံညံ။ စာရိုက်သံတွေ တဖျောက်ဖျောက်။ သတင်းပေးပို့သံတွေက တိုးတိုးတမျိုး ကျယ်ကျယ်တဖုံ။

ဟိုမဲရုံမှာ လူမရှိဘူး။ ဒီမဲရုံမှာတော့ နည်းနည်းရှိတယ်။ မပေးမနေရ သွားပေးရတာမို့ ပယ်မဲဖြစ်အောင် လုပ်ခဲ့တယ် စသဖြင့် စသဖြင့် .. ဟိုမှာတော့ဖြင့် ဘယ်လို ခြိမ်းခြောက်သတဲ့ .. ဒီမှာတော့ဖြင့် ဘယ်လို မတရားတာနဲ့ အသံရောင်စုံ …

မဲခိုးတာတွေ၊ မဲလိမ်တာတွေ၊ ခြိမ်းခြောက်တာတွေ၊ မတရားတာတွေ အမျိုးမျိုးအဖုံဖုံ

ဟိုး မီးတွေ ထိန်ထိန်းညီးနေတဲ့ နိုင်ငံကြီးတွေဆီက အသံဗလံတွေလည်း အစုံကြားလားကြားရရဲ့ …

နေစောင်းပြီ .. ၄ နာရီထိုးပြီ .. မဲရုံပိတ်ပြီ .. မဲစာရင်းတွေ ရေပြီ

တဖြည်းဖြည်း မဲစာရင်းတွေမှာ ခြသေ့င်္တွေက တရိပ်ရိပ်တက်လာ မင်းမူနေပြီး ငါတို့ကို သွားဖြဲဖြဲနဲ့ စိမ်းစိမ်းကြီး ကြည့်လို့ ...

လူရောင်စုံတွေရဲ့ ခံပြင်းဒေါသတွေကလည်း ရင်ဘတ်တွေထဲ တရိပ်ရိပ်တက်လို့ … အေးလေ .. ဒီလိုပဲ ဖြစ်မယ်ဆိုတာ အစောကြီးကတည်းက သိနှင့်နေပြီးသားပဲလေ ..

အိမ်ငယ်လေးတွေက အိမ်ထောင်ဦးစီးတွေ၊ အိမ်ရှင်မတွေကတော့ သက်ပြင်းကိုယ်စီ ရင်မှာပိုက်ရင်း ကြိုတင်မသိနိုင်တဲ့ မနက်ဖြန် တနင်္လာနေ့အတွက် ပြင်ဆင်တဲ့အနေနဲ့ အိမ်မှာ အစားအသောက် ရိက္ခာမပြတ်အောင် ကြိုတင်စီစဉ်ထားနှင့်ပြီးပေါ့ …


နိုဝင်ဘာ ၇ ရက်နေ့
မြန်မာစံတော်ချိန် ည ၁၀ နာရီ

ဆက်ဖတ်ရန် ....

သန်လျင်မြို့က မတရားမှုတချို့

၁။ ရန်ကုန်တိုင်း သန်လျင်မြို့နယ် ကျိုက်ခေါက်ဘုရားအနီးရှိ ယခင်ခ.လ.ရ ၉၀ တပ်အဟောင်းယခု ၁၃၉တပ် အတွင်း ၅.၁၁.၂၀၁၀နေ့က ကြိုတင်မဲများ ရယူခဲ့ရာတွင် တပ်သားများက မဲပြားပေါ်တွင်ကြက်ခြေခတ်များ အများစုထည့်ကြပါသည်။ အဲဒါကို ခရိုင်ကော်မရှင် ဒုဥက္ကဋ္ဌ ဗိုလ်မှူးမြတ်စိုးမှ မဲများ ဖေါက်စစ်ရာ ပယ်မဲများနေ၍ ခရိုင်ကော်မရှင်ရုံးမှ ကြိုတင်မဲတွင် အမှန်ခြစ်စေပြီး မဲပေါင်း တစ်ရာတိတိ ဖြည့်စေခဲ့ပါသည်။

၂။ သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဗိုလ်ကြီးစိုးနိုင်ဦးမှ စည်ပင်ဝန်ထမ်းများကိုခေါ်ပြီး အားလုံးခြေင်္သေ့
ကိုဘဲ အမှန်ခြစ်ရန်၊ ဘယ်သူတွေ ဘယ်အဖွဲ့တွေက ဘာပြောပြော ငါပြောတဲ့ အတိုင်းလုပ်ပါ မလုပ်ရင် အလုပ်ဖြုတ်မယ်၊ ငါကိုယ်တိုင် စောင့်ကြည့်မယ်လို့ ခြိမ်းခြောက်ပါတယ်။

၃။သန်လျင် အောင်ချမ်းသာရပ်ကွက်မှ ပြည်သူများမဲသွားထည့်သော်လည်း မဲစာရင်းမရှိဟု မဲရုံစောင့်က ပြောသောကြောင့် မဲထည့်ခွင့် မရကြပါ။

၎။ ညောင်သုံးပင်ကျေးရွာ မဲရုံအမှတ်(၈)တွင် လူတဦးတည်းမှ မဲ (၈)မဲ ထည့်သွားသည်။

၅။ မြို့မတောင်ရပ်ကွက် အမကကျောင်း မဲရုံမှာ မဲထည့်သူ တဦးက မဲမပေးတတ်လို့ မဲရုံအကူကို အကူညီတောင်း၍ တ.စ.ည ပါတီဝင် မဲရုံအကူမှ ကူညီဆောင်ရွက်ပေးရာ ကြံ့ဖွံ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းဦး၏ ကိုယ်ရေးအရာရှိ ကိုဋ္ဌေးမိုးက အသင့်ဆောင်ထားသော ကင်မရာဖြင့်ရိုက်ပြီး ကော်မရှင်ကို တိုင်မယ်ဟု ခြိမ်းခြောက်ရာမှ စကားများရန်ဖြစ်ကြသည်။

၆။ ညောင်သုံးပင်ရပ်ကွက် မဲရုံတွင် မဲရုံစောင့် အရံမီးသတ်မှ မဲစာရင်းတွင် နာမည်ပါသော်လည်း မဲပေးခွင့် လက်မှတ်မပါသူများကို မဲပေးခွင့်မရှိကြောင်းပြော၍ ပြန်စေလွှတ်သည်။

၇။ မင်္ဂလွန်းကျေးရွာတွင် ကြိုတင်မဲများကို ကျေးရွာမဲရုံမှူးမှ မနက်(၈း၀၀)နာရီတွင် ဖွင့်ဖေါက်သဖြင့် ရွာခံများက မကြေမနပ်ဖြစ်ကြသလို၊ တ.စ.ည ပါတီဝင်များကလည်း မြို့နယ်ကော်မရှင်သို့ တိုင်ကြားခဲ့သည်။

၈။ ဘော သပြေကန်ကျေးရွာတွင် မဲရုံ(၄)ရုံရှိရာ မဲရုံမှူးအားလုံးမှာ ကြံဖွံ့ပါတီဝင်များသာဖြစ်နေသည်။ အဆိုပါ ကျေးရွာရှိ မဲရုံအမှတ် (၁)တွင် ကြံ့ဖွံ့ပါတီဝင်ဒေါ်သီသီလွင်က မဲလာထည့်သူများကို ခြင်္သေ့ကိုသာ အမှန်ခြစ်ရန် မဲရုံအတွင်း ၀င်ရောက် ပြောကြားသည်။ ကြံ့ဖွံ့ပါတီဝင် ဦးတီက စည်းရုံးထားသည့် ဦးခင်အောင်ရွှေ (ဘ) ဦးဝင်းစိန် တဦးတည်းမှ မဲအရေအတွက် ၁၀၀ ကျော် ထည့်သွားသည်။ အခြား အမည်မသိလူတဦးမှလည်း မဲအရေအတွက် ၁၀၀ ကျော် ထည့်သွားသည်ကို တွေ့ရသည်။

မဲရုံအမှတ် (၃)တွင် မဲရုံအတွင်း၌ ကြံ့ဖွံ့ပါတီဝင် ဦးခင်စိန်က ကြံ့ဖွံ့ကို မဲအမှန်ခြစ်ရန် မဲလာထည့်သူများကို ပြောသည်။

မဲရုံအမှတ် (၄)တွင် အိန္ဒိယတိုင်းသားများကို သီးသန့်စုပြီး မဲပေးခိုင်း၍ ကြံ့ဖွံ့ကိုသာ မဲပေးရန် သေသေချာချာ မှာကြားသည်။ ကိုစိုးသိန်း၊ ဦးတီ၊ ဦးတင်နွယ်၊ ကိုဇော်နိုင်စသည့် ကြံ့ဖွံ့ပါတီဝင်များက ဘောသပြေကန် ကျေးရွာအတွင်း ကြွံ့ဖွံ့ကိုသာ မဲထည့်ရန်၊ မထည့်ပါက ဖမ်းဆီးမည်ဖြစ်ကြောင်း လိုက်လံခြိမ်းခြောက်သည်။

အဆိုပါကျေးရွာတွင် မဲပေးသူများမှာ အသက် ၁၈နှစ် မပြည့်သူများလည်း ပါဝင်နေပြီး အသက် ၁၃ နှစ်အရွယ် ကလေးငယ်များပင် ပါဝင်နေသည်။


(သန်လျင်မြို့မှ မဲရုံများကို စောင့်ကြည့်လေ့လာနေသူတဦးက ပေးပို့လာသည့်အချက်များ ဖြစ်ပါသည်။)

ဆက်ဖတ်ရန် ....

ကြိုတင်ရရှိတဲ့ အနိုင်အရှုံးတချို့ပါ

အညာနွေတမာမြေမှာ လက်လှမ်းမှီသမျှ လိုက်လံစုဆောင်းထားတဲ့ ရွေးကောက်ပွဲ ရလဒ်တချို့ပါ။ အတိအကျ ဘယ်လွှတ်တော်ကနိုင်တယ်ဆိုတာတော့ ရှင်းလင်းမပြနိုင်သေးပါဘူး။ သိရသလောက် ထပ်မံတင်ပြပါ့မယ်။

ကမာရွတ် ၂ နေရာ ခမောက်နိုင် တစည ဒုတိယ လိုက်
တောင်ဒဂုံ ကြံ့ဖွတ် နိုင် ခမောက် ဒုတိယ တစည အပြတ်အသတ်ရှုံး မဲမပေးသူများ
လင်းခေးမှာ ကျားဖြူ နိုင် ၁၀၀၀ မှာ ဖွတ်တွေ ၈၀ ပဲ ရတယ်
ကြံ့ဖွံ့ ကျောက်တံတားမှာ ၁၅ မဲပဲရတယ်
ကျောက်မဲမှာ ၁၂ မဲပဲရတယ်
စုတ်ပြတ်နေအောင်ရှုံးတယ်
ကြိုတင်မဲတွေကပဲ ရတာ
ဗဟန်းမှာ အန်ဒီအက်ဖ် အောင်မြတ်ထွန်းနိုင်
တောင်ဒဂုံမှာ ဦးကျော်ဇေယျဝင်း အန်ဒီအက်ဖ် နိုင်
အန်ဒီအက်ဖ် ဒေါက်တာတင်ရွှေနိုင်
တောင်ဥက္ကလာမှာ အောင်သိန်းလင်း နိုင်ပါတယ်။
ခင်ရွှေလည်း နိုင်တယ်တဲ့
ဇီးကုန်းကတော့ သိတဲ့အတိုင်း ဥာဏ်ဝင်းပဲပေါ့
ဟင်္သာတမှာ ကြံ့ဖွတ် ဦးဌေးဦး အပြတ်အသတ် နိုင်ပါသတဲ့
ဦးသန့်ဇင် အန်ဒီအက်ဖ် - န၀ဒေးအိမ်ရာ လှိုင်သာယာမြို့နယ်ကနေနိုင်
ဦးသာမြင့်ထူး အန်ဒီအက်ဖ် ဒဂုံမြို့နယ် နိုင်
တိုင်းရင်းသားလူမျိုးစုမှာ ရန်ကုန်ကနေရာမှာ ရခိုင် RNDP နိုင်
ကမာရွတ်မှာ ဦးကျော်မင်းလှိုင် အန်ဒီအက်ဖ် နိုင်
လှိုင်သာယာမှာ လည်းအန်ဒီအက်ဖ်နိုင်
အလုံမှာက ဦးခင်မောင်ရီ အန်ဒီအက်ဖ်နိုင်
စစ်တွေနဲ့မင်းပြားမှာ RNDP နိုင်
စမ်းချောင်းမှာ ဦးစိုးဝင်း အန်ဒီိအက်ဖ်နိုင် ပြည်သူ့လွှတ်တော်
မြောက်ဒဂုံ အန်ဒီအက်ဖ် ဒေါ်တင်နွယ် နိုင်
ဒဂုံမြို့နယ် အမှတ် ၁၁ မဲရုံမှာ မဲပေးသူ ၆၅ရာခိုင်နှုန်းရှိတယ်လို့မဲရုံမှူးကကြေငြာ ကြံ့ဖွံအနိုင်ရတယ်လို့သိရ
တောင်ဒဂုံ မဲရုံ ၁၂ မှာ ကြံ့ဖွတ်က ၃၂၂ ခမောက်က ၃၀၀ တစည က ၂၉ ပယ်မဲက ၂၇ မဲထည့်စာရင်းက ၁၂၂၂
ဦးသုဝေကလည်း သူ့ဧရိယယာမှာ နိုင်ပါသတဲ့
မိတ္တိလာမှာတော့ ကြံ့ဖွတ်ပဲနိုင်ပါတယ်။
ရခိုင်ပြည်နယ်တခုလုံးမှာ ကြံ့ဖွတ်နဲ့ ရခိုင်အမျိုးသားတိုးတက်ရေးပါတီ အားသိပ်မကွာသေးပါဘူး။ အတော်များများတော့ အာအန်ဒီပီက နိုင်မှာပါ။
မော်လမြိုင် မှာ ကြံ့ဖွတ် ၃ ရုံနိုင်တယ်။


အညာနွေတမာမြေ

ဆက်ဖတ်ရန် ....

မြန်ပြည်တလွှား ရွေးကောက်ပွဲသတင်းများ အပိုင်း ၆

ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်

ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် သင်တန်းတက်နေသော ၀န်ထမ်းများထံက ကြိုတင်မဲများ ကောက်ခံနေရာ၌ အချို့သော မြို့နယ်များမှ ကြိုတင်မဲများတွင် မဲရုံမှူးလက်မှတ်များ မပါရှိကြောင်းသိရသည်။ ရွေးကောက်ပွဲဥပေဒအရ မဲရုံမှူးလက်မှတ်မပါသောမဲများကို ပယ်မဲဟု သတ်မှတ်ရမည်ဟု ပြဌာန်းထားရာ ယခုကဲ့သို့ မဲရုံမှူးလက်မှတ်မပါရှိသော ကြိုတင်မဲများဖြင့် ကြိုတင်မဲများကောက်ခံနေခြင်းအပေါ် ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)မှ ၀န်ထမ်းသင်တန်းသားများက အယုံအကြည်မရှိကြောင်း ပြောဆိုနေကြသည်။

ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၌ ၀န်ထမ်းသင်တန်းသားများထံမှ ကြိုတင်မဲများကို လွတ်လပ်မှုမရှိဘဲ ဇွတ်အတင်း ခြိမ်းခြောက်ကောက်ခံနေကြောင်းသတင်းများ ပြည်ပအသံလွှင့်သတင်းဌာနများနှင့် အညာနွေဘလော့ဂ်တွင် ဖော်ပြပါရှိပြီးနောက်ပိုင်း
ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တာဝန်ရှိသူများ ပြာယာခတ်သွားပြီး လွတ်လပ်စွာမဲပေးနိုင်သည် အမြင်ရှိစေရန် မဲပေးရန်နေရာဌာနသစ်များ ဖန်တီးပေးခဲ့သည်။ ထို့ပြင် ယခင်ကကဲ့သို့ ခြိမ်းခြောက် မဲကောက်ခံမှုများလျော့ကျသွားပြီး ကြိုတင်မဲပေးရန် ကျန်ရှိနေသော သင်တန်းသားများကို မိမိတို့နေရပ်ဒေသတွင် နိုဝင်ဘာ ၇ ရက်၌ ပြန်လည်မဲပေးနိုင်ကြောင်း တက္ကသိုလ်တာဝန်ရှိသူများက အချိုသပ်ပြောဆိုခဲ့ကြသည်။

သို့ရာတွင် ကြိုတင်မဲများ၌ မဲရုံမှူးလက်မှတ်မပါရှိသည်ကို ကြိုတင် မဲပေးရသူ ၀န်ထမ်းသင်တန်းသားများက ပြန်လည်မေးခွန်းထုတ်ရာ “မိမိတို့ ဗဟိုဝန်ထမ်းတက္ကသိုလ်နှင့် မဆိုင်ကြောင်း။ စာတိုက်က လာကတည်းက မဲရုံမှူးလက်မှတ်များ မပါရှိလာကြောင်း။ ယင်းမဲရုံမှူးလက်မှတ်မပါရှိသော မဲများကို မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်မည်မသိကြောင်း။”မျှသာ ပြန်လည်ဖြေကြားသည်။

ထို့ကြောင့် ဗဟိုဝန်ထမ်းတက္ကသိုလ်နှင့် အခြားသော ဌာနများတွင် ကောက်ခံနေသော ကြိုတင်မဲများမှာ မှန်ကန်မှုမရှိ၊ ရောရာမှုမရှိဘဲ ကြံဖွတ်မဲများ အများစုသာ ဖြစ်လာလိမ့်မည်ဖြစ်ကြောင့် ကြိုတင်ဟောကိန်းထုတ်၍ ရနေပေသည်။

ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ဇီးပင်ကြီးမှ ၀န်ထမ်းသင်တန်းသားတစ်ဦး

စစ်ကိုင်းတိုင်း ကလေးမြို့တွင် နွားနောက်ကို မဲပေးသူများ

စစ်ကိုင်းတိုင်းမြောက်ပိုင်း ကလေးမြို့ရှိ မဲရုံများတွင် မဲဆန္ဒပြုရာနေရာများမှာ အကာအရံမရှိကြောင်း၊ မဲပေးသူ နည်းပါးပြီး မဲပေးသူ အများစုမှာလည်း ချင်းတိုးတက်ရေးပါတီ အမှတ်တံဆိပ် နွားနောက်ကို မဲပေးသူများကြောင်း၊ အများစုမှာ မသိနားမလည်သောကြောင့် နွားနောက်ပုံအနီးတွင် မိမိတို့၏ အမည်များ ရေးသားခဲ့ကြကြောင်း မဲပေးသူ ဒေသခံများကဆိုသည်။

“အမှန်ခြစ်ရမှာ မသိကြဘူး။ ပယ်မဲတွေ ဖြစ်ကုန်တာပေါ့။ အများစုက လာမပေးကြဘူး။ ၉၀ ရွေးကောက်ပွဲတုန်းကလို စိတ်ဝင်တစားစည်စည်ကားကား မရှိဘူး။ ခြောက်ကပ်ကပ်ကြီး” ဟု ကလေးမြို့ တာဟန်းရပ်ကွက်နေသူတဦးက ပြောသည်။


သီပေါနဲ့ နောင်ချိုမြို့နယ်

သီပေါမြို့ အထက်တန်းကျောင်းမဲရုံတွင် မဲလာရောက်ပေးသူ ကျဲပါးနေကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင်းရှိ ကျေးရွာအချို့မှ မဲရုံများတွင်လည်း မဲလာရောက်ပေးသူနည်းပါေးနေကြာင်း သိရသည်။
မဲပေးရမည်ကိုလည်း စိတ်ဝင်စားသူနည်းပါးနေကြောင်း သိရသည်။


လားရှိုးမြို့မှ တပ်ကူများ မိုင်းရှူးဒေသဘက်သို့ အင်တိုက်အားတိုက် ပေးပို့နေရ


ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်နေရာ လာရှိုးမြို့ပေါ်ရှိ တပ်များမှ တပ်ကူအမြောက်အမြား ပေးပို့နေရလျက်ရှိသည်။

သံဖြူဇရပ်

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှ မဲဆန္ဒရှင် အများစုမှာ ဒေသကိုယ်စားပြု ပါတီဖြစ်သော မွန် ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ ကိုသာ အဓိက မဲပေးကြကြောင်း သိရသည်။ သံဖြူဇရပ်မြို့ခံတဦးက“ကျမတို့ မြို့မှာ မွန် ပါတီသစ်ကို မဲပေးကြတာ များပါတယ်။ ကျမလည်း ကိုယ့် မွန်ပါတီကိုပဲ ထည့်ခဲ့တယ်” ဟု ဆိုသည်။

ကျောက်တံခါး

ပဲခူးတိုင်း ကျောက်တံခါး မြို့နယ်ရှိ တောင်ပေါ် ရွာများတွင် မဲထည့်မည့် သူများကို ကြံ့ဖွံ့နှင့် တစည က ၎င်းတို့ကို မဲပေးရန် အပြိုင် စည်းရုံး နေကြောင်း သတင်း ရသည်။ ဖဒို တိုက်နယ် အတွင်းရှိ ရွှေဂျို့ပင်၊ ၀ိုင်းကြီး၊ မီးတိုင်တော ရွာများတွင် တစည ပါတီက ကြံ့ဖွံ့ပါတီသည် ဒီပဲယင်း အရေးအခင်း တွင် ဒေါ်အောင်ဆန်း စုကြည်ကို စနစ်တကျ လုပ်ကြံသည့် အဖွဲ့ဖြစ်၍ မဲ မပေးရန် ဟော ပြော ကြောင်း၊ လက်ရှိ အခြေ အနေ တွင် တစည ပါတီက အသာ ရနေ ကြောင်း ဒေသခံများက ပြောသည်


မကွေး-မင်းဘူး

မဲရုံပိတ်မည့်အချိန် နီးကပ်လာသော်လည်း မကွေးတိုင်း မကွေးမြို့နှင့် မင်းဘူးမြို့များတွင် မဲလာပေးမည့်သူမရှိသောကြောင့် မြို့နယ် အာဏာပိုင်များက လိုက်လံနှိုးဆော်နေသော်လည်း မြို့ခံများက စိတ်မ၀င်စားကြကြောင်း မြို့ခံတဦးကပြောသည်။
ထို့ပြင် မကွေးမြို့ရှိ ကြိုတင်မဲပေးပြီးသော ၀န်ထမ်းများကိုလည်း ဌာနဆိုင်ရာတာဝန်ရှိသူများက ယခင်ပေးခဲ့သောမဲမှာ အစမ်းထည့်ခြင်းသာဖြစ်၍ မဲပေးရန် ပြောဆိုမှုများရှိကြောင်း မကွေးမြို့ရှိ ကျန်းမာရေးဝန်ထမ်းတဦးက ပြောသည်။

မြင်းခြံ

မန္တလေးတိုင်း မြင်းခြံမြို့တွင် ကြံ့ဖွံ့ပါတီဝင်များက မဲလက်မှတ်ထုတ်ပေးပြီးဖြစ်ကြောင်း လက်မှတ်များကို အိမ်တိုင်ရာရောက် လိုက်လံယူ၍ မဲလက်မှတ်များတွင် ကြံ့ဖွံ့ကို မဲပေးကြောင်း ကိုယ်တိုင်ခြစ်၍ မဲများထည့်နေကြောင်း၊ ထိုကိစ္စကို NDF ပါတီက ရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားထားကြောင်း၊ မဲရုံများတွင် မဲလာပေးသူမရှိကြောင်း လေ့လာသူများကပြောသည်။

“အလှူခံ ဖြတ်ပိုင်းပေးသလို ချဲရောင်းသလိုပဲ မဲလက်မှတ်တွေ တထောကြီးမှာ သူတို့ကိုယ်တိုင် ခြစ်ပြီး ထည့်နေတယ်။ မဲရုံတိုင်းမှာပဲ။ အိမ်တိုင်ရာရောက် မဲလာပေးဆိုပြီးခေါ်တယ်။ လက်မှတ်ထုတ်ပေးကြောင်း စာရွက်ပေါ်မှာ လက်မှတ်ပဲထိုးပေး ကျန်တာ ကျနော်တို့ လုပ်မယ်ဆိုပြီးပြောတယ်။ မဲလာပေးတဲ့သူတွေကိုလည်း အဲ့လိုလုပ်တယ်။ မဲပုံးတွေက သေချာမပိတ်ထားဘူး။ ကြံ့ဖွံ့ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် ကလည်း မဲပုံးတွေကို သယ်သွားပြီး မယကရုံးယူသွားလိုက်၊ မဲရုံပြန်ထားလိုက်နဲ့ ညကတည်းက အလုပ်ရှုပ်နေတယ်။ ကျနော်စောင့်ကြည့်နေတဲ့ ၁၉ ရပ်ကွက်က မဲပေးရမယ့်သူ ၃၆၀၀ ရှိတာမှာ ၁၀၀၀ ပဲ မနက်က လာထည့်သေးတယ်။ ဒါတွေက သူတို့အတင်းလိုက်ခေါ်လို့ လာတဲ့သူတွေ။ အခု ဘယ်သူမှ မရှိတော့ သူတို့ အဲ့လို လုပ်နေတာ။ လက်ပူးလက်ကြပ်မိထားတယ်” ဟု လေ့လာသူက ပြောသည်။


အညာနွေတမာမြေ

ဆက်ဖတ်ရန် ....

မြန်ပြည်တလွှား ရွေးကောက်ပွဲ သတင်းများ အပိုင်း(၅) မြ၀တီကို ဒီကေဘီအေ သိမ်းတာပါတယ်

ငပုတော

ဧရာဝတီတိုင်း ငပုတောမြို့ မဲဆန္ဒနယ် ၁ မှာ မဲဆန္ဒရှင် တဝက်လောက် မဲပေးပြီးဖြစ်လို့ ဒီနယ်မှာ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF အခြေအနေ ကောင်းတယ်လို့ ပြိုင်ဘက်တဦးဖြစ်တဲ့ ငပုတော ကရင်ပြည်သူ့ပါတီ KPP ကိုယ်စားပြု ပြည်သူ့လွှတ်တော် အမတ်လောင်း မန်းထွန်းတင်က မဇ္ဈိမကို ပြောပါတယ်။

“ငပုတောမြို့ပေါ် မဲဆန္ဒနယ် အမှတ် ၁ မှာတော့၊ တဝက်လောက် ထည့်ပြီးသွားပြီ။ အဲဒီမှာ မဲဆန္ဒရှင်တွေ ပြောတာက NDF ကို မဲထည့်တာများတယ်ဗျ။ ဒီမှာတော့ လွပ်လွပ်လပ်လပ် မဲပေးလို့ ရပါတယ်” လို့ သူက ဆိုပါတယ်။

ငပုတောမြို့နယ်မှာ NDF ၊ တစည ၊ ကြံ့ဖွံ့နဲ့ KPP တို့ ဝင်ပြိုင်နေတာပါ။

မုံရွာမဲရုံ မဲထည့်သူနည်း

စစ်ကိုင်းတိုင်း မုံရွာမြို့ လှည်းတန်း ရပ်ကွက်ထဲက အမက မူလတန်းကျောင်းရှိ မဲရုံကို ဒီကနေ့ နေ့လည် ၁ နာရီကျော်မှာ မဲထည့်သွားသူက မဲရုံမှာ လူရှင်းနေတယ်လို့ ဆိုပါတယ်။

’’ဒီနေ့ မဲသွားပေးတယ်။ မြင်ကွင်းလည်း ရှင်းတယ်၊ လူလည်း ရှင်းတယ်။ အခုပဲ မဲထည့်ပြီးတော့ ပြန်လာတယ်။ မဲလာပေးတဲ့လူက ၃-၄ ယောက်လောက်ပဲ ရှိတယ်။ မဲရုံးပတ်ဝန်းကျင်မှာ ဘာမှ မရှိဘူး။ ဆရာ၊ ဆရာမတွေပဲ ရှိတယ်။ အမျိုးသား ဒီမိုကရေစီ အင်အားစုနဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကိုပဲ မဲထည့်ခဲ့တယ်။ တာဝန်အရ သွားပြီး ထည့်လိုက်တာပါ’’လို့ သူက ပြောပါတယ်။

မုံရွာမှာ သူထည့်ခဲ့တဲ့ ၂ ပါတီအပြင် တစည၊ ကြံ့ဖွံ့နဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်တို့ ယှဉ်ပြိုင်ပါတယ်။ တိုင်းဒေသကြီး လွှတ်တော်အတွက်တော့ တစည နဲ့ ကြံ့ဖွံ့ပဲ ပြိုင်ကြတာပါ။

ရန်ကုန်တိုင်း ကတချို့

မဲရုံ အမှတ်၁ ကျောက်မြောင်း အချိန် ၁၁း ၄၀ တွင် မဲပေးသူမရှိ

မဲရုံ အမှတ် ၅ ဘိုးလိန်း အောင်မင်္ဂလာ အချိန် ၁၁း ၄၂ တွင် မဲရုံအတွင်း မဲပေးသူမရှိ

မဲရုံ အမှတ် ၄ မင်္ဂလာတောင်ညွန့် အချိန် ၁၁း ၄၃ တွင် မဲရုံ အတွင်း မဲပေးသူမရှိ

မဲရုံ အမှတ် ၈ မင်္ဂလာတောင်ညွန့် အချိန် ၁၁း ၄၈ တွင် မဲရုံအတွင်း မဲပေးသူမရှိ

မဲရုံ အမှတ် ၁ အထက်ပုဇွန်တောင် အချိန် ၁၁း၅၅ တွင် မဲရုံအတွင်း မဲပေးသူမရှိ

မဲရုံ အမှတ် ၅၀ ဗိုလ်တထောင်တွင် အချိန် ၁၁း၅၉ တွင် မဲရုံအတွင်း မဲပေးသူမရှိ

မဲရုံ အမှတ် ၈ ပန်းဆိုးတန်း အချိန် ၁၂း ၃၀ တွင် မဲရုံအတွင်း မဲပေးသူမရှိ

အင်းစိန် မြို့နယ် ၊ ရွှေပြည်သာ မြို့နယ်တို့တွင် မဲရုံ သွားရောက်သူ အများအပြားရှိ ၊ တိုင်းဒေသလွတ်တော်အတွက် မဲပုံး၂ ခုသာရှိကြောင်းကို ကိုယ်တိုင်မဲပေးခဲ့သူတစ်ဦးမှ ပြောပြခဲ့

သာစည်မြို့နယ်

သာစည်မြို့နယ် ဟံဇားတိုက်နယ်ကျေးရွာကြီးရှိ မဲရုံများတွင် မဲပေးသူမှာ မနက် ၈ နာရီခန့်က အနည်းငယ်သာရှိခဲ့ပြီး ယခုအချိန်တွင် မဲပေးသူ တဦးမျှ မရှိ၍ ကြံ့ဖွံ့ပါတီဝင်များက ဆိုင်ကယ်များ၊ ကားများဖြင့် တအိမ်တက်ဆင်း မဲလာပေးရန် လိုက်လံ လှုံ့ဆော်နေကြောင်း၊ ခြိမ်းခြောက်ခံရ၍ မဲသွားပေးသူများကလည်း ပယ်မဲဖြစ်စေရန် ကြက်ခြေခတ်များ ပြုလုပ်ခဲ့ကြောင်း ဟံဇားဒေသခံ တဦးကပြောသည်။ ထို့အတူ သာစည်မြို့ပေါ်ရှိ မဲရုံများတွင်လည်း မဲလာပေးသူ အနည်းငယ်သာရှိ၍ ကြံ့ဖွံ့ပါတီဝင်များက မဲလာပေးရန် လိုက်လံနှိုးဆော်နေကြသည်ဟု ပြောသည်။

ရန်ကုန် တောင်ပိုင်းခရိုင် သုံးခွမြို့

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့ရှိ အမှတ် (၉)ရပ်ကွက် မဲရုံတွင် ကြံ့ဖွံ့ပါတီကို အတင်းအကြပ်မဲပေးခိုင်းမှုနှင့် ပတ်သက်ပြီး ကြံ့ဖွံ့ပါတီဝင်များနှင့် အန်ဒီအက်ဖ် ပါတီဝင်များ အခြေအတင် စကားများမှုများရှိကြောင်း၊ မဲရုံ အမှတ်(၃) တွင် အန်ဒီအက်ဖ် ပါတီဝင်များက မဲရုံတွင်း စစ်ဆေးမည်ပြုရာ ကော်မရှင်ရုံး တာဝန်ရှိသူများက စစ်ခွင့်မပေးသောကြောင့် အခြေအတင်ဖြစ်ပွားခဲ့ကြောင်း၊ သုံးခွမြို့ ညောင်လေးပင်ကျေးရွာတွင် မဲစလစ်များ ပေးဝေခြင်းသာဖြစ်ကြောင်း ပြောဆိုပေးခဲ့သော်လည်း ကြိုတင်မဲပေးပြီးဖြစ်ကြောင်းပြောဆိုသောကြောင့် မဲပေးခွင့်မရခဲ့ကြောင်း၊ သုံးခွမြို့နယ်နှင့် ပတ်ဝန်းကျင်ကျေးရွာရှိ မဲရုံများမှာ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် ကွဲပြားစွာ စိတ်ဝင်စားမှုနည်း၍ မဲပေးသူဦးရေမှာ ၃ပုံ ၁ပုံခန့်ပင် မရှိကြောင်း၊ မဲရုံတွင် တာဝန်ကျသော ရယက အဖွဲ့ဝင်များ၊ မဲရုံမှူးများမှာ အိပ်ပျော်၍ပင်နေကြကြောင်း လေ့လာသူများက ပြောသည်။

လင်းခေး

ရှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ပမ်ပေါင်းရပ်ကွက် မဲရုံ၌ မဲများကို ရေတွက်ရာတွင် SNDPက အနိုင် ရရှိ ကြောင်း ပါတီမှ ၀င်ရောက် အရွေးချယ်ခံသူ ဦးစိုင်းလှကျော် က ပြော သည်။ “ပြည်သူ့ လွှတ်တော် အတွက် ပယ်မဲ ၁၈ မဲ၊ ကြံ့ဖွံ့ က ၃၇ မဲ၊ ကျားဖြူ က ၆၉ မဲ။ အမျိုးသား လွတ်တော် အတွက် ပယ်မဲ ၂၅ မဲ၊ ကြံ့ဖွံ့ က ၃၉ မဲ၊ ကျားဖြူ က မဲ ၆၀ ။ ပြည်နယ် လွှတ်တော် အတွက် ပယ်မဲ ၁၆ မဲ၊ ကြံ့ဖွံ့ က ၃၆ မဲ၊ ကျားဖြူ က ၇၂ မဲ ရပါတယ်။ သက်ဆိုင်ရာ လူကြီး တွေ ရှေ့မှာ မဲကို ရေတွက်လိုက်ပါတယ်”ဟု ၎င်းက ဆိုသည်။ ပမ်ပေါင်း ရပ်ကွက်တွင် မဲ ပေးရမည့် သူ ၃၃၆ ဦး ရှိရာ ၁၂၄ ဦး လာရောက် မဲ ပေးခဲ့ကြောင်း သိရသည်။

မြ၀တီကို ဒီကေဘီအေ သိမ်းပြီ

ယနေ့ ရွေးကောက်ပွဲ ကျင်းပနေစဉ်မှာပင် ကရင်ပြည်နယ် မြ၀တီမြို့ကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) ဗိုလ်နှုတ်ခမ်းမွေး အဖွဲ့က နေ့လယ်ပိုင်းတွင် သိမ်းလိုက်ကြောင်း သိရ သည်။ မြ၀တီ ရဲ စခန်း အပါအ၀င် အချက်အချာ ကျသည့် နေရာများကို DKBA တပ်မဟာ ၉၉၉ နှင့် တပ်ရင်း ၉၀၇ တို့က သိမ်းလိုက်ခြင်း ဖြစ်သည်ဟု ဗိုလ်နှုတ်ခမ်းမွေး ခေါ် စောလားပွယ် က ပြောသည်။ ဗိုလ်နှုတ်ခမ်းမွေး အဖွဲ့သည် စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ငြင်းဆန်သည့် အဖွဲ့ ဖြစ်သည်။ မြ၀တီမြို့ခံ တဦးကလည်း“ မြ၀တီမှာ အခြေအနေမကောင်းဘူး၊ တချို့တွေကတော့ မဲဆောက် ဘက် ရှောင်သွားနေကြပြီ”ဟု ဆိုသည်။

ဆက်ဖတ်ရန် ....

မြန်ပြည်တလွှား ရွေးကောက်ပွဲသတင်းများ အပိုင်း (၄)


လှိုင်မြို့နယ်

ရန်ကုန်တိုင်း လှိုင်မြို့နယ်ထဲမှာ မဲထည့်သူ နည်းနေပြီး ဆိုင်တွေလည်း ပိတ်ထားလို့ ခြောက်ကပ်နေတယ်လို့ ၁၃ ရပ်ကွက်နေ ဒေသခံ အိမ်ရှင်မတယောက်က ပြောပါတယ်။

“ကျမ အိမ်နားက မဲရုံ အလယ်တန်းကျောင်းမှာတော့ ရပ်ကွက်လူကြီးတွေနဲ့ ရဲ တယောက်နှစ်ယောက် စောင့်နေတာပဲ ရှိတယ်။ လူတွေ သိပ်လာထည့်မတာ မတွေ့ဘူး။ ကျမကတော့ မထည့်တော့ဘူး။ လာထည့်တဲ့ သူတွေကလည်း ဒီမြို့နယ်မှာ ဧည့်စာရင်းနဲ့ နေကြတဲ့ သူတွေလောက်ပဲ တွေ့ရတယ်။ မနက်စောစောကတည်းက အင်းယားက လမ်းလျှောက်ပြီး ပြန်လာတော့လည်း တွေ့ခဲ့တဲ့ မဲရုံတွေမှာ လာထည့်တဲ့ သူတွေ မတွေ့ခဲ့ဘူး။ မနက် ၈ နာရီလောက်ကပေါ့။ တရုန်းရုန်းလည်း မတွေ့ဘူး။ ဆိုင်တွေလည်း ပိတ်ထားတော့ ခြောက်ကပ်နေတာ။ ပျင်းစရာတောင် ကောင်းနေတယ်။ အနီးအနားမှာလည်း ဘယ်ပါတီမှ မတွေရဘူး၊ အခုပြောနေတဲ့ ၁၀ နာရီခွဲထိတောင် လူတွေ ခြောက်ကပ်နေတယ်” ဟု သူက မဇ္ဈိမကို ပြောပါတယ်။

မြောက်ဥက္ကလာနဲ့ တောင်ဒဂုံ

ရန်ကုန်တိုင်း မြောက် ဥက္ကလာပ မြို့နယ် နှင့် တောင်ဒဂုံ မြို့နယ် အတွင်း မဲမပေးရေး စာရွက်ဖြန့်ဝေသည့် လူငယ်တချို့ယနေ့ နံနက်ပိုင်း က အဖမ်းခံရကြောင်း သတင်း ရရှိ သည်။“ဒီနေ့ မြောက်ဥက္ကလာ (ဈ) ဈေးအနီး စာရွက် ဝေ သူ ၂ ယောက် အာဏာပိုင် တွေက စစ်ဆေး ဖို့ ခေါ်သွားတယ်၊ တောင် ဒဂုံ မှာ NLD သိန်းမြင့်ထွန်းနဲ့အဖွဲ့ NO လှုပ်ရှားရာမှာ အာဏာပိုင် တွေနဲ့ ပြသနာဖြစ် တယ်” ဟု မဲမပေးရေး လှုပ်ရှားသူ တဦးက ဆိုသည်။

ဘားအံထောင်မှာ မြစ်ခြေ ကျော်ကျော်နိုင် အစာငတ်ခံ ဆန္ဒပြနေ

ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး နိုင်ငံရေး အကျဉ်းသားတွေ အားလုံးအတွက် ရည်ရွယ်ပြီးတော့ ဘားအံထောင်မှာ စစ်အစိုးရက ထောင်ချထားတဲ့ ကိုကျော်ကျော်နိုင် မနေ့မနက် ၈ နာရီကစပြီး ထောင်တွင်း အစာငတ်ခံဆန္ဒပြမှု စတင်လိုက်တယ်လို့ သိရပါတယ်။

ကိုကျော်ကျော်နိုင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပခုက္ကူခရိုင် မြစ်ခြေမြို့နယ်စည်းရုံးရေးမှူးတဦး ဖြစ်ပြီး ၂၀၀၇ ခုနှစ် စစ်အစိုးရက အကြမ်းဖက် ဖြိုခွဲခဲ့တဲ့ ရွှေဝါရောင် တော်လှန်ရေးအပြီးမှာ ဖမ်းဆီးပြီး ထောင်ဒဏ် ၁၄ နှစ် အပြစ် ပေးခံခဲ့ရပါတယ်။

စဥ့်ကိုင်

မန္တလေးတိုင်းစဥ့် ကိုင် မှာ ပြ သာ နာ တက် နေ ပြီ အင်တာနက် မ ရတာ မ နေ့ က တည်း က internet shop တွေ လည်း မ နေ့ က တည်း က ပိတ် ထား တယ်"

ဂျပန်

ဂျပန် နအဖအခွန်ရုံးရှေ့မှာ ပွဲကြမ်းနေပါပြီ.. နအဖအလံအားမီးရှိ့ပြီး နအဖ စစ်အခြေခံဥပဒေ စာအုပ်တွေ မီးရှို့ပြီး အခွန်ရုံးထဲ ပစ်ထည့်ပါတယ်.. ရဲကတားပေမယ့် နောက်မဆုတ်ပဲ တိုက်နေကြပါတယ်။

မိုးမောက်

မဲဆန္ဒရှင်နာမည်နဲ့ မဲစာရင်းနံပါတ်ပါတဲ့ ကဒ်ပြားတွေကို ရယက က လွန်ခဲ့တဲ့ ၂ ရက်မှာ လာပေးထားလို့ ကချင်ပြည်နယ် မိုးမောက်မြို့မှာ မဲထည့်သူများတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“လျှို့ဝှက်မဲပေးစနစ်ဆိုတော့ လွတ်လွတ်လပ်လပ် ထည့်လို့ရတယ်။ မထည့်သူ မရှိသလောက်ဘဲ။ ဒီမှာ အမှတ်စာရင်း နံပါတ်နဲ့ ကြိုလာပေးထားတယ်ဆိုတော့ နောက်ပိုင်း ပြန်ပြောလာမှာစိုးလို့ အားလုံးလိုလို လာထည့်ကြတယ်” လို့ ဒီနေ့ မနက် ၁ဝ နာရီမှာ မဲထည့်ခဲ့တဲ့ ကြေးနန်းရပ်ကွက် ဒေသခံ တယောက်က ပြောပါတယ်။

ခနန်ရပ်ကွက် ဒေသခံကလည်း “မနက်ကတော့ သိပ်မများဘူး။ အခု ၁၂ နာရီနောက်ပိုင်းမှာ လာထည့်သူ များလာတယ်။ တော်တော်များများ မဲလာထည့်တာ တွေ့ရတယ်။ ကျနော်တို့ စပါးနှံနဲ့ ကျားဖြူကို ထည့်ထားတယ်” လို့ ပြောပါတယ်။ မဲပေးခွင့်ရှိသူ ၂ဝဝဝ ရှိတဲ့အနက် အားလုံးလိုလို မဲရုံကိုသွားကြတယ်လို့လည်း ဆိုပါတယ်။

မိုးမောက်မှာ စည်းလုံးညီညွတ်ရေး ကချင်ပြည်နယ်၊ ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသား ဒီမိုကရေတစ်ပါတီ၊ တစညနဲ့ ကြံ့ဖွံ့ပါတီတို့ ယှဉ်ပြိုင်ကြမှာပါ။

မုံရွာ

စစ်ကိုင်းတိုင်း မုံရွာမြို့ အုန်းခြံရပ်ကွက်ထဲက ပြဿာဒ်ကျောင်းထဲမှာ မဲပေးတဲ့အခါ လွတ်လွတ်လပ်လပ် ရှိပေမယ့် မဲပေးသူ ခြောက်ခြောက်ကပ်ကပ်ပဲလို့ ကိုယ်တိုင် မဲထည့်ခဲ့သူ ဒေသခံက ပြောပါတယ်။

’’မဲရုံမှာက ခြောက်ခြောက်ကပ်ကပ်ပဲ။ ဘယ်သူမှ သိပ်မလာဘူး။ မဲစာရင်း နံပါတ်ထုတ်တဲ့အခါ လက်မှတ်ထိုးရတယ်။ ကြည့်တဲ့အခါ ဦးရေက တော်တော်ကို နည်းတယ်။ ကျနော် သွားထည့်တုန်းက ၆-၇ ယောက်လောက်ပဲ ရှိသေးတယ်။ ကျနော် ထည့်ခဲ့ရတာက မဲပုံး ၃ ပုံးပေါ့။ သိပ်ပြီးတော့ နားမလည်ဘူး။ အမျိုးသား လွှတ်တော်ရယ်၊ တိုင်းလွှတ်တော်ရယ်၊ ပြည်သူ့လွှတ်တော်က ကြံ့ခိုင်ရေးနဲ့ တစညပါတီ ၂ ခုပဲ ရှိတယ်။ ဘယ်သူမှ မထည့်ပါဘူး။ လျှောက်ခြစ်ထားခဲ့တယ်။ မဲကတော့ လွတ်လွတ်လပ်လပ်တော့ ပေးရတယ်။ လိုက်ကာနဲ့ဘာနဲ့ ကာထားတာ မဟုတ်ဘူး။ ဒီအတိုင်းပဲ အခန်းလေးတွေ ကန့်ပြီးတော့ထားတယ်’’ လို့ သူက ပြောပါတယ်။

အေးစက်စက် မြဝတီမဲ
ကရင်ပြည်နယ် မြဝတီမြို့မှာ မဲပေးသူ နည်းတယ်လို့ လူဝင်မှု ကြီးကြပ်ရေးဌာန အရာရှိ တယောက်က ဆိုပါတယ်။

“မြဝတီဆိုတာလည်း သိတဲ့အတိုင်းပဲ။ လူတွေက ဗုံးကွဲမှာကို အဓိက ကြောက်နေကြတာရယ်၊ ဒီမဲဆိုတာကြီးကို စိတ်မဝင်စားကြတာရယ်ပေါ့လေ။ တာဝန်ရှိတဲ့ လူတွေကတော့ အိမ်ထောင်စုရှိသူ၊ မဲပေးခွင့်ရှိသူတွေကို မဲမထည့်မနေရ ပုံစံမျိုးတော့ လုပ်ထားတာပဲ။ အခုချိန်ထိတော့ မဲရုံမှာတင် အေးတာမဟုတ်ဘူး၊ ကျောက်လုံးကြီးတို့ ရွှေမင်းဝံဘုရားတို့နဲ့ လမ်းမတွေပေါ်မှာကို လူမရှိတာ” ဟု သူက မဇ္ဈိမကို ပြောပြပါတယ်။

မြို့တွင်းမှာ လုံခြုံရေးတွေကို နေရာအနှံ့ ချထားတယ်လို့ မြဝတီမြို့ခံ ကုန်သည်ကြီး တယောက်ကလည်း မဇ္ဈိမကို ပြောပါတယ်။

အညာနွေတမာမြေ

ဆက်ဖတ်ရန် ....

မြန်ပြည်တလွှား ရွေးကောက်ပွဲ သတင်းများ

တွေ့သမျှ ရသမျှ အချက်အလက်တွေကို ကူးယူဖေါ်ပြပေးပါတယ်။ ဘယ်နေရာက ယူမှန်းတောင် မသိ ဧရာဝတီပါသလို မဇ္ဈိမ အပါအ၀င် ချက်တင် နဲ့ စီဘောက်မကျန် အကုန်လှန်လှောထားပြီး စုဆောင်းထားပါတယ်။

ပန်းတနော်

ပန်းတနော်မြို့နယ် မရမ်းရွာ မဲဆန္ဒနယ် အမတ် ၁ တွင်၊ ကရင် တိုင်းရင်းသား လူမျိုးစု လွှတ်တော်အတွက် မဲဆန္ဒရှင်တချို့ မဲပေးခွင့်ပျောက်နေကြောင်း ဒေသခံ တယောက်က ပြောပါတယ်။ မဲပေးခွင့်စာရင်း တွေကို ကော်မရှင်က မနေ့က ထုတ်ပေးခဲ့ပြီး ဒီစာရင်းမှာတော့ တိုင်းရင်းသား လူမျိုးစု လွှတ်တော်အတွက် မဲပေးခွင့်စာရင်းပါရှိပြီး ဒီနေ့မဲသွားပေးတော့မှ မဲပေးခွင့်မရှိတဲ့အကြောင်း ဒေသခံတွေ ကပြောပါတယ်။


ရန်ကုန်

ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားလူမျိုးစုရဲ့ ရခိုင်တိုးတက်ရေးပါတီကိုယ်စားလှယ်လောင်း ဦးဇော်အေးမောင်အပြောအရ သူ့ကိုမဲပေးရမယ့် ရခိုင်တွေ မဲပုံးပျောက်နေတယ်တဲ့.. မဲရုံမှာ သီးခြားမဲပုံးမရှိ၊ မြို့နယ် ကော်မရှင် ရုံးကို သွားးတိုင်နေပြီဟု သိရသည်။ အင်းစိန်က ကရင်တွေလည်း ဒီတိုင်းပဲ မဲပုံးပျောက်ပြီး တိုင်းရင်းသား ထည့်ရမဲ့ မဲပုံမထည့်ရပဲ ၃ပုံးပဲ ထည့်ခဲ့ရတယ်ဆိုပဲ

အင်းစိန် ကွိုင်တက်

ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ကမ်းနားလမ်း မဲရုံတွင် ကြံ့ဖွံ့ပါတီက မဲရုံအတွင်းဝင်ရောက်ပြီး မဲဆွယ်သဖြင့် ပြိုင်ဘက် ပါတီ တခုဖြစ်သော တစည ပါတီဝင်များနှင့် ယနေ့နံနက်က ပြဿနာဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ယင်းပြဿနာကြောင့် မဲရုံကို ခေတ္တပိတ်လိုက်ရပြီး ခရိုင် ရဲမှူးကြီးလာရောက်ဖြေရှင်းပေးမှ ပြဿနာပြီးဆုံးခဲ့ပြီး မဲရုံ ပြန်လည်ဖွင့်လှစ် ခဲ့ရသည်ဟု သိရသည်။

ကျောက်ပန်းတောင်း

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ဘင်ဂွရွာ ရယက ဥက္ကဋ္ဌ ဦးသန်းစိုးမြင့် က မဲလာမပေးသည့် သူများကို ဖမ်းဆီးမည်၊ ဒဏ်ငွေ ဆောင်ရမည်ဟု ခြိမ်းခြောက် ကြောင်း၊ လယ်ယားတောင်၊ တောင်ခြေ ကျေးရွာများတွင်လည်း အလားတူ အဖြစ်အပျက်များ ဖြစ်ပွားကြောင်း ဒေသခံများက ပြောသည်။

ဒလ

NLD အဖွဲ့ဝင် ၇ ဦးခန့်သည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်း ဒလမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည် ပုံနှင့် စာရွက် စာတမ်းများ ကိုင်ဆောင်ပြီး မဲမပေးရေး လှုပ်ရှားခဲ့ သော်လည်း ဒေသခံ အားလုံးနီးပါးက NDF ပါတီကို မဲပေးခဲ့ကြကြောင်း ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောသည်။ NDF အနေဖြင့် ရန်ကုန်တိုင်း ရန်ကင်း၊ စမ်းချောင်း နှင့် ဒလမြို့နယ် များတွင် အနိုင်ရရန် အလားအလာကောင်းနေကြောင်းလည်း ပြောဆိုသည်။

သန်လျင်

သန်လျင်မြို့နယ် ကတက်ချဉ် ကျေးရွာရှိ မဲရုံအတွင်းတွင် မဲရုံကိုယ်စားလှယ် အဖြစ်တာဝန်ယူသူ ကြံ့ဖွံ့ပါတီဝင် ၅ ဦးခန့်သည် ၎င်းပါတီ ဝတ်စုံကို ဝတ်လျက် မဲရုံအတွင်း ဝင်ထိုင်နေသည်ကို တွေ့ရသည်ဟု လေ့လာစောင့်ကြည့်သူ ဒေသခံတဦးက ပြောသည်။ သန်လျင်မြို့နယ် ညောင်လေးပင် ကျေးရွာတွင်လည်း ကြိုတင်မဲ ကောက်ယူထားသည့် အရေအတွက်မှာ ရှိရမည့် ပမာဏထက် များစွာပိုနေကြောင်း NDF ကိုယ်စားလှယ် တဦးထံမှ သိရသည်။

မရမ်းကုန်း

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် မဲရုံအမှတ် ၄ မှာ မဲလာပေးသူတွေကို နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်နဲ့ တိုက်မစစ်ဘဲ မဲထည့်ခိုင်းတာတွေ ရှိနေတယ်လို့ မြို့ခံ ဌာနဆိုင်ရာ အရာရှိတယောက်က မဇ္ဈိမကို ပြောပါတယ်။

“မဲပေးနေတဲ့လူတွေ အခုတွေ့နေရတာကတော့ ၁ဝဝ ကျော်လောက် ရှိတယ်ခင်ဗျ။ လုံခြုံရေးကတော့ အေးအေးဆေးဆေးပါပဲ။ အခုဟာက မှတ်ပုံတင်စစ်တာတွေ ဘာတွေလည်း မရှိတော့ဘူး။ အဲတော့ လာပေးတဲ့ လူတွေဟာက အစစ်အမှန် ဟုတ်သလား၊ မဟုတ်ဘူးလားဆိုတာက ဆန်းစစ်ရခက်တာပေါ့လေ” လို့ သူက ဆိုပါတယ်။

မိထ္ထီလာ
မိထ္ထီလာမြို့ရှိ မဲရုံများတွင် မြန်မာ စံတော်ချိန် မနက် ၁၁ နာရီရောက်လာသော်လည်း မဲပေးသည်သူ အလွန်နည်းပါးကြောင်းသိရသည်။ မဲဆန္ဒနယ်မြေ ၁၄၊ ၁၅ နှင့် ၁၆ အတွက် မဲရုံအမှတ် (၇)တွင် မဲရုံမှူးက နားမလည်သူများ သက်ကြီးရွယ်အိုများကို ခြင်္သေ့ရုပ်ကို လက်ထောက်ပြ၍ ထည့်ခိုင်းနေကြောင်း၊ အဆိုပါ ကိစ္စကို မှတ်တမ်းဓာတ်ပုံရိုက်ယူသည့် တစည အဖွဲ့ဝင် တဦးကို တားဆီး မောင်းထုတ်ရာမှ ကြံ့ဖွံ့ပါတီဝင်နှင့် တစည ပါတီဝင်များ အခြေအတင် အငြင်းပွားမှုများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

ချောက်

မကွေးတိုင်း ချောက်ရှိ မဲရုံများတွင် မဲပေးသူလွန်စွာနည်းပါးပြီး လာရောက်မဲပေးသူများက NDF ပါတီနှင့် တဆည ကိုသာ မဲပေးသူများကြောင်း သတင်းရရှိသည်။
“မဲရုံတွေ ခြောက်ကပ်နေတာပဲ။ မဲလာပေးတဲ့သူ အများစုက ရွာတွေက၊ မဲမပေးရင် ဘာဖြစ်မယ် ညာဖြစ်မယ် အာဏာပိုင်တွေ ခြိမ်းခြောက်လို့ လာပေးတာပြောတယ်။ ပယ်မဲဖြစ်အောင် လုပ်တဲ့သူနဲ့ တစညနဲ့ NDF ကိုပဲ ပေးတဲ့သူများတယ်” ဟု မဲပေးခဲ့သူတဦးက ပြောသည်။

မြ၀တီ

နိုဝင်ဘာလ (၇) ရက် မှာ ထိုင်းမြန်မာနယ်စပ် တံတားအောက်ကနေ ဘောနဲ့ နံနက် ၈း၃၀ မှာ မြ၀တီကို ကူးပြီး ၀င်ရောက်သတင်းရယူသူ ဂျပန်နိုင်ငံသား တိုနီမက်ဆာမိုတို အသက် ၄၉ နှစ် ဘောပင်ဗွီဒီယိုကင်မ၇ာတချောင်း၊ မြန်မာဖုန်းတလုံး ထိုင်းဖုန်းတလုံး ၊ နှင့် AFP သတင်းဌာန ကဒ်ပြား နှင့် passport
တို့ နှင့်အတူ ဖမ်းစီးခံရပြီး အခု မြ၀တီ ရဲစခန်းမှ စစ်ဆေးမေးမြန်းရန်အတွက် စစ်ကြောရေးစခန်းသို့ ပို့ ဆောင်လိုက်ကြောင်းအခု သတင်းရပါတယ်။

ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်၏ မြို့နယ်အများစုမှ မဲဆန္ဒရှင် အများစုသည် ရခိုင်တိုင်းရင်းသား ပါတီတခုဖြစ်သော RNDP ပါတီကိုသာ မဲပေးခဲ့ကြကြောင်း ဒေသခံများက ပြောသည်။ ရခိုင်ပြည်တွင် လေဘေးသင့် ဒေသများက မဲရုံလာသူ နည်းပါးပြီး စစ်တွေ၊ ကျောက်ဖြူ၊ ရသေ့တောင်၊ သံတွဲ၊ တောင်ကုတ် စသည့်မြို့နယ်များတွင် ၇၀ ရာခိုင်နှုန်းကျော် မဲလာပေးကြကြောင်း သိရသည်။ မဲရုံတချို့ရှေ့တွင် ကြံ့ဖွံ့ပါတီကို မဲပေးရန် လိုက်လံစည်းရုံးနေသည်ကို တွေ့ရကြောင်းလည်း ဒေသခံများက ပြောသည်။

သန်လျင်က မသမာမှု

သန်လျင်မြို့နယ် ကံလှကျေးရွာတွင် မဲ လာပေးသူတဦးက မည်သည့်ပါတီကို မဲပေးရမည် မသိ ဖြစ်နေစဉ် လူတဦးက လက်ဝါး၌ စာရေးပြကြောင်း၊ ထို့ပြင် မဲ ပေးသည့်နေရာမှာ လုံခြုံမှု မရှိသောကြောင့် ထိုသူ မဲပေး သည်ကိုလည်း ချောင်းကြည့် သည်ဟု လေ့လာသူ ထံမှ သိရသည်။ ထို့ပြင် ၎င်းမြို့နယ် မြို့မတောင် ရပ်ကွက်တွင် ကြံ့ဖွံ့ပါတီဝင် တဦးက မဲလာပေးရာ မှတ်ပုံတင် ယူမလာဘဲ မဲစာရွက်ကို တောင်းယူ၍ ၎င်း၏ သဘောအတိုင်း မဲဝင်ပေးသဖြင့် မဲရုံမှူးနှင့် အချင်းများသည်ဟု သိရသည်။

မြစ်ကြီးနား မြို့ပေါ်တွင် ကြံ့ဖွံ့ပါတီ အားကောင်းနေကြောင်း၊ နံနက် ၆ နာရီခန့် ကတည်းက ကြံ့ဖွံ့ပါတီ ဝတ်စုံများ ဝတ်ကာ မဲသွားပေးသည်ကို တွေ့ရကြောင်း၊ ကျားဖြူပါတီ ရှိသော်လည်း ရှမ်းတိုင်းရင်းသားများ နေထိုင်သည့် ရပ်ကွက် တွင်သာ မဲရ နိုင်ကြောင်း၊ NDF ပါတီ အားနည်းကြောင်း မြစ်ကြီးနား အခြေစိုက် သတင်းထောက် တဦးက ပြောသည်။

ဇီးကုန်း

ပဲခူးတိုင်း ဇီးကုန်းမြို့နယ်ရှိ မဲရုံများတွင် ကြံ့ဖွံ့ပါတီဝင်များက ၀တ်စုံပြည့်ဖြင့် စောင့်နေကြပြီး နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းကိုယ်တိုင် ၀တ်စုံပြည့်ဖြင့် လာရောက်ကြည့်ရှုနေသောကြောင့် လုံခြုံရေးများ ထူထပ်နေကြောင်း၊ သို့သော်လည်း မဲရုံများတွင် မဲပေးသူ အနည်းငယ်သာရှိကြောင်း၊ ပတ်ဝန်းကျင်ကျေးရွာများတွင်လည်း မြို့နယ်အာဏာပိုင်များက မဲလာရောက်ပေးရန် နှိုးဆော်နေရာတွင် မဲမပေးပဲ နေနိုင်သည် သို့သော် ကြံ့ဖွံ့ကိုမူ မဲပေးရမည်ဟု ပြောဆိုနေကြောင်း ဒေသခံများက ပြောသည်။

ပြည်

ပဲခူးတိုင်း ပြည်မြို့၊ ရဘဲ နယ်မြေ မဲရုံတွင် မဲဆန္ဒရှင် ၃ ထောင်ကျော်တို့၏ အမည်များ ပျောက်ဆုံးနေကြောင်း၊ မဲရုံမှူးထံသို့ တင်ပြရာ မဲပေးခွင့်ရရန် စီစဉ်ပေးသော်လည်း မဲစာရင်းတွင် မပါဝင်သူများကို စာရင်းပါဝင်သူများ၏ မှတ်ပုံတင်နံပါတ်များဖြင့် မဲပေးခွင့်ပြုမည်ဖြစ်ကြောင်းပြော၍ လက်မခံကြပဲ မဲမပေးပဲ နေကြကြောင်း၊ ၉၅၅ ယောက်သာ မဲပေးသူရှိခဲ့ကြောင်း၊ ယခုအချိန်တွင် မဲပေးမည့်သူ မရှိသလောက်ဖြစ်နေကြောင်း သတင်းရရှိသည်။ ဆည်မြောင်းနှင့် လျှပ်စစ်ဝန်ကြီးဌာနမှ ၀န်ထမ်းများကို မဲလာပေးရန်၊ ကြံ့ဖွံ့ကိုသာ မဲပေးရန်၊ မဲမပေးပါက နယ်ဝေးသို့ ရွှေ့ပြောင်းမည်ဖြစ်ကြောင်း ခြိမ်းခြောက်၍ မဲများထည့်ခိုင်းနေသည်ဟုလည်း ဆည်မြောင်းဝန်ထမ်းတဦးက ပြောသည်။

ရန်ကုန်တိုင်း မဲရုံတွေ မလုံခြုံ

အလုံ၊ ကြည့်မြင်တိုင် နှင့် စမ်းချောင်း မြို့နယ်များတွင် မဲရုံအများစုမှာ လုံခြုံမှုမရှိကြောင်း၊ မဲပေးရသည့် နေရာကို လူအများမြင်ကွင်းသို့ လှည့်ထားကြောင်း၊ စမ်းချောင်းမြို့နယ်တွင် မဲပေးသူကို လိုက်လံ ကြည့်ရှုကြောင်း လေ့လာသူ တဦးထံမှ သိရသည်။
အညာနွေတမာမြေ

ဆက်ဖတ်ရန် ....

ရန်ကုန်အခြေအနေ

လူ၅00လောက်စုနေပြီ
တာမွေ
ဗလီဝန်းကျင်
အလုံ
ဘဘဲတန်းကလူငယ်တွေရောက်နေပြီ

ရန်ကုန်မြို့ ရွှေဂုံတိုင်NLD ရုံးချုပ်တွင်ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံနှင့် ဒေါ်အောင်ဆန်းစုကြည်
ပြန်လည်လွတ်မြောက်ရန်၈ ရက်သာ လိုတော့သည်ဟူသော စာသားပါသည့် ၆ ပေ x ၈ပေ ဗီနိုင်းပိုစတာ ၂ ခုကို
ချိတ်ဆွဲခဲ့ရာ လူထုစိတ်ဝင်စားမှုများခဲ့ပြီး ရွှေဂုံတိုင်ရုံးရှေ့တွင်လည်း လုံထိန်း ၊ စရဖနှင့်သတင်းတပ်ဖွဲ့အင်အား
၁၀၀ ခန့်အထိတိုးမြှင့်ချထားသည်

အဖွဲ့ချုပ် စီအီးစီအဖွဲ့ဝင် ဦးဥာဏ်ဝင်း။..။ လောလောဆယ် အန်ကယ်သိရသလောက် မဲပေးတဲ့သူ နည်းတယ်လို့သိရတယ်.. လောလောဆယ် အခြေအနေကတော့ ရန်ကုန်မြို့တွင်းက တာမွေနဲ့ အန်ကယ်တို့ ပုဇွန်တောင် ရေကျော်ဘက်မှာ မဲပေးတဲ့သူနည်းတယ် ဆိုတာသိရတယ်.. ယခုလောလောဆယ်တော့ ဒီလောက်ဘဲသိရပါသေးတယ်...

ရန်ကုန်မြို့တွင်းမှ တက်ကြွလူငယ်တစ်ဦး။...။ ဒီနေ့မနက်တည်းက ရွေးကောက်ပွဲ သွားကြပါစို့ သီချင်းဖွင့်နေတာ နားကိုငြီးနေတာပဲ.. လူငယ်တွေထက် လူကြီးတွေကတော့ နေ့လည် နေပူမှာ စိုးလို့ စောစောသွားကြတာ တွေ့တယ်.. ကြောက်ကြတာလည်းပါမယ်.. လမ်းပေါ်မှာတော့ ကြံ့ဖွတ်တွေ တရုံးရုံး.. အမြင်ကပ်စရာ နောက်တိုက်ပုံတွေတောင် ကြိုဝတ်ထားတယ် သူတို့နိုင်မယ်ဆိုပြီး ရူးများရူးနေလားမသိဘူး.. လားရှိုးက သူငယ်ချင်းတစ်ယောက်ကို ဖုန်းဆက်ကြည့်တော့ လားရှိုးမှာ ကျားဖြူပါတီကိုပဲ ထည့်ကြတယ်တဲ့ ကြံ့ဖွတ်က တိုးလို့မရဘူးတဲ့.. ဒါပေမယ့်ဒီကောင်တွေ သမ္မတတောင် ကြိုရွေးထားတယ် ဆိုတော့ ဘာတွေ အကောက်ကြံဦးမလဲ မသိဘူး....

တောင်ဥက္ကလာမှ လူငယ်တစ်ဦး။....။ ဒီနေ့ တောင်ဥက္ကလာမှာတော့ မဲလာပေးတဲ့သူတွေတော့ တွေ့တယ် .. အဓိကက ဦးအောင်သိန်းလင်းကို မုန်းပြီး တစ်သီးပုဂ္ဂလ ကောင်းမြတ်ထွဋ်နဲ့ NDF ကိုပေးကြတာများတယ် ပြောတယ်.. မဲလာပေးကြတာက တော်တော်များများက ကြောက်ကြတာများတယ်.. မထူးဘူးဆိုပြီး ကြံ့ဖွတ်ကလွဲရင် တစ်ခြားသူပေးမယ် ဆိုတာလည်းပါတယ်..။ ဓာတ်ပုံကတော့ ရိုက်မရဘူး.. မြို့ထဲခဏနေ လှည့်ကြည့်လိုက်ဦးမယ်.. ပြန်လာမှ ထပ်ပြီးပြောမယ်..။

တောင်ဒဂုံ ၆၉ရပ်ကွက်မှ အမျိုးသမီးတစ်ဦး။....။ တောင်ဒဂုံမြို့နယ် မှာကြံ့ဖွတ်က ခင်းပေးထားတဲ့ လမ်းလေးလမ်းရှိတယ်..။ တဝက်တပျက်ပဲ ရှိသေးတယ်..။ အဲ့ဒီလမ်းလေးလမ်းက ဆန္ဒမဲပေးခွင့်ရှိတဲ့လူတွေ ဒီနေ့ မဲပေးဖို့သွားတော့ မဲလက်မှတ်တွေ မပေးဘူး.. မဲပေးဖို့ စာရင်းမရှိဘူးဆိုပြီး ပြောတယ်..။ နောက်ကော်မရှင်ကို သွားပြောတော့လည်း မပါရင်မထည့်နဲ့ မထည့်လည်းရတယ် ကိုယ်နဲ့မဆိုင်တာ မစုံစမ်းနဲ့လို့ ရင့်ရင့်သီးသီးပြောပါတယ်.။ နောက်မဲပေးခွင့်ရှိတဲ့ လူငယ်တွေ သွားတော့လည်း မဲရုံမှာ လူရှင်းနေရဲ့သားနဲ့ နေ့လည်၂နာရီမှ လာလို့ပြောပြီး ပြန်လွတ်လိုက်တာ တွေရှိပါတယ်

အညာနွေတမာမြေ

ဆက်ဖတ်ရန် ....

မြန်ပြည်တ၀ှမ်း မဲပေးမှုအခြေအနေများ

ဒီနေ့ဖြစ်ပေါ်နေတဲ့ မြန်မာပြည်တ၀ှမ်းကအခြေအနေတွေကို ဧရာဝတီမှ တစဆီအပိုင်းများကို ပြန်လည်စုစည်းဖေါ်ပြသည်။

ရခိုင်ပြည်နယ် ရသေ့တောင်

ရခိုင်ပြည်နယ် ရသေ့တောင်ပေါ်ရှိ မဲရုံတချို့တွင် ကြံ့ဖွံ့ပါတီအင်္ကျီ ၀တ်၍ လုံခြုံရေး တာဝန်ယူမည်ဟု ဆိုကာ လာရောက်သူ တချို့အား မဲရုံမှူးက နှင်ထုတ် လိုက်ကြောင်း၊ အလုပ်အကိုင် အခြေတကျ မရှိ သူများကို ကြံ့ဖွံ့ပါတီ ဝင်များက အရက်တိုက်ကာ လုံခြုံရေးယူရန် စေလွတ်လိုက်ခြင်း ဖြစ်ကြောင်း၊ မဲရုံမှ နှင်ထုတ်ခံရ ပြီးနောက် ထိုသူများသည် ကြံ့ဖွံ့ပါတီ ခေါင်းဆောင်များ မြို့ပေါ်တွင် ကားများနှင့် လည့်ပတ်ရာ၌ ရှေ့ဆုံးမှ ဆိုင်ကယ်များ စီးကာ လိုက်ပါ အော်ဟစ်သွား ကြောင်း မြို့ခံများက ပြောသည်

တာမွေ

တာမွေ ၄ ရပ်ကွက်အတွင်းရှိ မဲရုံတရုံတွင် နံနက် ၁၀ နာရီခွဲ အချိန်၌ မဲလာပေးသူ တဦးမှမရှိသောကြောင့် မဲစာရင်း စစ်သူမှာ စားပွဲပေါ်တွင် ခေါင်းတင်အိပ်၍ စောင့်နေရကြောင်း မျက်မြင်တဦးက ပြောသည်။

မိုးကုတ်

မန္တလေးတိုင်း မိုးကုတ်မြို့ ပိတ်စွယ်ရပ် မဲရုံအမှတ် ၂ တွင် ယနေ့နံနက် မဲပေးသူ ၈၀၀ ကျော်ခန့်ရှိပြီး များပြားနေကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ မဲရုံကိုယ်စားလှယ် ဦးစိုးမြင့်ကပြောသည်။ နံနက် ၆ နာရီခွဲနှင့် ၇ နာရီခွဲ အကြားတွင်ပင် လူဦး ရေ ၅၀၀ ခန့် မဲပေးပြီး ဖြစ်ကြောင်း၊ သို့သော်လည်း အများစုမှာ မဲ မည်သို့ ပေးရမည်ကို မသိရှိကြောင်း၊ ကြိုတင်မဲ ၃ မဲသာရှိကြောင်း ၎င်းက ဆက်ပြောသည်။


ဘားအံ

ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် နံနက် ၇ နာရီနောက်ပိုင်းမှ စတင်၍ မဲပေးသူ ပိုများလာပြီး ကရင် တိုင်းရင်းသား ဒေသခံ အများစုက ဖလုံ - စဝေါ် ဒီမိုကတစ် ပါတီကို မဲပေး များကြောင်း သတင်းရရှိသည်။ လှိုင်းဘွဲ့မြို့နယ်မှ ဖလုံ-စဝေါ် ဒီမို ကရက်တစ် ပါတီကို မဲသွားမည့် အသက် ၂၀ ကျော် အမျိုးသမီး တဦးက “ဖလုံ-စဝေါ် ပါတီကိုပဲ ထည့်ရ မှာပေါ့၊ ကရင် ပြည်နယ်မှာ နေပြီးတော့ ဖလံ-စဝေါ်ကို မထည့်ရင် ဘာသွား ထည့်ရမလဲ”ဟု ပြောသည်။ ၎င်း၏ နေအိမ်တွင်လည်း မဲပေးခွင့်ရှိသူ ၉ ဦးရှိ ကြောင်း ဖလုံ-စဝေါ် ပါတီကိုပဲ မဲထည့်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

မန္တလေး

မန္တလေးတိုင်း အမျိုးသားလွှတ်တော် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် နေရာအတွက် ထားရှိသည့် မဲပုံးတွင် ကြိုတင်မဲများနှင့် ပြည့်နေသည့်အတွက် စိတ်ပျက်မိကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်သန်း သန်းနု က ပြောသည်။ ထို့အပြင် မဲပေးနိုင်သူ အများအပြား မဲစာရင်းတွင် ကျန်ခဲ့သည့် အတွက်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ကန့်ကွက် တိုင်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။

အင်းစိန်

ရန်ကုန်တိုင်း အင်းစိန်မြို့နယ်တွင် တိုင်းရင်းသား မဲဆန္ဒနယ်အတွက် ကရင်နှင့် ဗမာတိုင်းရင်းသားများ စာရင်းခွဲခြားရာတွင် နာမည်စာရင်း ပျောက်ဆုံးနေ၍ မဲမပေးခဲ့ရကြောင်း၊ ထိုကဲ့သို့ တိုင်းရင်းသားနေရာအတွက် မဲမပေးခဲ့ရသူ အများအပြားရှိကြောင်းနှင့် မဲပုံးများကို တိတ်အကြည်များနှင့်သာ ပတ်ထားပြီး သေချာစွာ ချိတ်ပိတ်ထားခြင်း မဟုတ်ကြောင်း သတင်းရရှိသည်။

လှိုင်သာယာ

လှိုင်သာယာ မြို့နယ်တွင် မဲပေးရန် မဲစလစ်များကို ကြံ့ဖွံ့ပါတီဝင်များ ကိုသာ ပေးဝေထား သောကြောင့် တခြားသော မဲဆန္ဒရှင်များမှာ မည်သည့်နေရာတွင် မဲသွားပေးရမည်ကို မသိကြကြောင်း၊ ထို့ကြောင့် မဲပေးရန် စိတ်ဝင်စားသူ နည်းပါး နေကြောင်း လှိုင်သာယာ မြို့နယ် ၅ ရပ်ကွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဌေးက ပြောသည်။

တာမွေ

တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် မဲရုံ အမှတ် ၉ ပြည်သူ့လွှတ်တော် မဲပုံးထဲသို့ ထည့်ရန် မဲစာရွက်များအစား အမျိုးသား လွှတ်တော် မဲစာရွက်များ ပေးမိသဖြင့် မဲဆန္ဒရှင် ၃၁ ဦး မှားယွင်း မဲပေးခဲ့ကြောင်း၊ မှားယွင်းကြောင်း သိရှိသည်နှင့် ထို မဲ ၃၁ ရွက်ကို မဲပုံးထဲမှ ပြန်ထုတ်ခွင့် အတွက် ရွေးကောက်ပွဲ ကော်မရှင်ကို ခွင့်တောင်းရာ ခွင့်ပြုခဲ့သဖြင့် ယခုအခါ ထို မဲဆန္ဒရှင် ၃၁ ဦးနှင့် ပြန်လည် ဆက်သွယ်၍ မဲပြန်ပေးခိုင်းရန် ကြိုးစားနေကြောင်း လေ့လာသူ တဦးက ပြောသည

ရမ်းဗြဲ

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် အတွင်းမှ ကျေးရွာများတွင် ဒေသဆိုင်ရာ အာဏာပိုင်များက မဲမပေး မနေရဟု ခြိမ်းခြောက်ကာ မဲပေးခိုင်း၍ ဒေသခံပြည်သူ တချို့မှာ ကြောက်လန့်ကာ မဲသွားပေး နေကြရကြောင်း၊ မဲမပေးသူအား အပြစ်ပေးမည်ဟု ဆို၍ ပင်လယ်ပြင် ထွက်နေသော ရေလုပ်သားများကို အတင်းခေါ်ယူကာ မဲပေးခိုင်း နေကြောင်း၊ ဒေသခံအများစုမှာ ကြံ့ဖွံ့မဟုတ်သည့် ရခိုင်တိုင်းရင်းသား ပါတီကို မဲပေးသော်လည်း မဲပေးရာတွင် စနစ် တကျမဟုတ်၍ ရလဒ်က မည်သို့ဖြစ်မည်ကို မသိကြောင်း ရမ်းဗြဲ ဒေသခံများက ပြောသည်။

မင်းတပ်

မဲရုံပေါင်း ၂၀၀၀ ကျော် ရှိသည့် ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် မဲရုံ တချို့တွင် လာရောက်မဲပေးသူ ၁၀၀ ကျော်ခန့် ရှိကြောင်း သိရသည်။ ကြိုတင်မဲ ကောက်သည့် ကာလတွင် ကြံ့ဖွံ့ပါတီကို အတင်းအကျပ် မဲထည့် ခိုင်းခဲ့ သော်လည်း ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် မဲအတင်း ထည့်ခိုင်းခြင်းမရှိဟု သိရသည်။

ကျောက်ဖြူ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ပေါ်နှင့် ကျေးရွာ တချို့တွင် မဲလာပေးသူ အနည်းငယ် ရှိကြောင်းသိရသည်။ မဲလာပေးသူ အများစုမှာ လေဘေးဒဏ် ဆိုးဆိုးဝါးဝါး ခံခဲ့ရသသည့် ရပ်ကွက်များနှင့် ကျေးရွာများမှ မဟုတ်ကြောင်းလည်း သိရသည်။ ကျောက်ဖြူမြို့ပေါ်မှ မဲပေးခဲ့ပြီးသူတချို့ကို ဧရာဝတီက မေးမြန်းကြည့်ရာ ရခိုင်မိဘများမှ မွေးထား၍ ရခိုင်လူမျိုး သီးသန့် ပါတီကိုသာ ရွေးချယ် ပေးခဲ့သည်ဟု ပြောဆိုပြီး တဦးကမူ ကြံ့ဖွံ့ပါတီနှင့် နီးစပ်သူဖြစ်၍ ကြံ့ဖွံ့ပါတီကို ပေးခဲ့ကြောင်း ဖြေသည်။

ရန်ကင်း

ရန်ကုန်မြို့ ရန်ကင်းမြို့နယ်တွင် မဲရုံအမှတ် ၁ နှင့် ၂ တို့ကို မဲလာပေးသူ များပြားကြောင်း၊ သို့ရာတွင် အများစုမှာ မဲ မဖြစ်မနေ လာပေးရမည်ဟု ပြောဆိုထားသောကြောင့် အာဏာပိုင်နှင့် ပြဿနာမတက်ချင် သောကြောင့် လာပေးကြခြင်း ဖြစ်ကြောင်း၊ အများစုမှာ ပယ်မဲဖြစ်သွားရန်သာ ပြုလုပ်ခဲ့ကြကြောင်း ကြားသိရသည်။ အဆိုပါ မဲရုံတရုံစီအတွက် မဲပေးရမည့်ဦးရေ ၈၀၀ ကျော်စီ ရှိကြောင်း သိရသည်။

ဘိုကလေး

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်တွင် မဲပုံးအများစုမှာ ချိတ်ပိတ်ထားခြင်း မရှိကြောင်း၊ ယမန်နေ့ ညကတည်းက ရယကများက ကြိုတင်မဲများ ထည့်ထားသဖြင့် လာရောက်မဲပေးသူ နည်းသော်လည်း မဲပုံးများမှာ ပြည့်လုနီးပါးဖြစ်နေကြောင်း သတင်းရရှိသည်။ ထို့အပြင် (၇) ရပ်ကွက်၌ သတင်းထောက်တဦးက မဲရုံရှေ့တွင် ဓာတ်ပုံရိုက်သဖြင့် ကော်မရှင်က တားမြစ်ရာမှ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြောင်းလည်း သိရသည်။

မန္တလေး

အစ္စလမ် ဘာသာဝင်များ မဲပေးလျှင် ကြံ့ဖွံ့ပါတီကို မဲပေးရန် မန္တလေးတိုင်း ဒေသကြီး(ကြံ့ဖွံ့)က ယမန်နေ့တွင် ကြေညာချက် ထုတ်ပြန်ပြီး ဗလီများသို့ ပေးအပ်ခဲ့ကြောင်း သတင်းရသည်။ ယင်းစာတွင် အစ္စလမ်သာသနာ မိသားစု အဖွဲ့ဝင်များ အနေဖြင့် ရွေးကောက်ပွဲတွင် မိမိတို့၏ လွတ်လပ်သည့် စိတ်ဆန္ဒအလျောက် မဲပေးရာ၌ ပြည်သူ့အတွက် အင်အားတောင့်တင်းပြီး စိတ်ချ ရသည့် ၀န်ကြီး ဦးအောင်သောင်း ဦးဆောင်သည့် ကြံ့ဖွံ့ပါတီမှ ကိုယ်စားလှယ်လောင်းများကို ထောက်ခံမဲပေးရန် အသိပေး ကြောင်း ပါရှိသည်ဟု သိရသည်။

ဦးဆေထင်မိသားစု မဲပေးခွင့်မရှိ

စစ်အစိုးရက ထောင်ဒဏ် ၁၀၆ နှစ် ချမှတ်ထားသော အသက် ၇၄ နှစ်အရွယ်ရှိ ရှမ်း တိုင်းရင်းသား ခေါင်းဆောင် ဗိုလ်ချုပ် ဆေထင်၏ မိသားစုဝင် ၄ ဦးကို မဲထည့်ခွင့် မရကြောင်း သိရသည်။ “နန်းခမ်းပေါဝ်ကတော့ ဒီနေ့ ကော်မရှင်ရုံးကို သွားအရေးဆိုမယ်ပြောတယ်၊ သူတို့ လက်ဖက်ရည်ဆိုင် မန်နေဂျာ ကိုတင်နွယ်ထွန်း ကိုလည်း မဲပေးခွင့် မပေးဘူး” ဟု ဗိုလ်ချုပ် ဆေထင် မိသားစုနှင့် နီးစပ်သူ တဦးက ပြောသည်

စမ်းချောင်း

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်တွင် ယနေ့နံနက် ၈ နာရီနောက်ပိုင်း၌ မဲပေးသူများ ပိုများလာကြောင်း၊ မဲပေးသူအများစု၏ ပြောဆိုချက်အရ NDF ပါတီ အားကောင်းနေကြောင်း၊ လက်ဖက်ရည်ဆိုင်များတွင်လည်း အရပ်ဝတ်ဖြင့် စောင့်ကြည့်နေ သည့် ရဲများ၊ SB များလည်း ရှိနေကြောင်း သတင်းရရှိသည်။

ပဲခူး
ပဲခူးမြို့နယ် အင်းတော်ကုန်း ၁၉ ရပ်ကွက်တွင် မဲပေးသူများပြားဟု သတင်းရရှိသည်။ မဲလာပေးသူများက ကြံ့ဖွံ့ပါတီကို မဲပေးသကဲ့သို့ တချို့က မည်သူ့အား မဲပေးသည်ကို မပြောကြောင်း၊ မဲရုံအ၀တွင်လည်း စစ်တပ်၊ မီးသတ်၊ ရဲစသည့် အာဏာပိုင်များက လုံခြုံရေးယူထားကြောင်း သိရသည်။

တောင်ကုတ်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့ပေါ်၌ ကြံ့ဖွံ့ပါတီနှင့် တစည ပါတီတို့ အပြိုင်အဆိုင် မဲဆွယ်စည်းရုံးမှု လုပ်နေကြသော်လည်း ဒေသခံပြည်သူများမှာ စိတ်ဝင်စားမှု နည်းပါး ကြောင်း၊ ပုံမှန်အတိုင်း သွားလာလှုပ်ရှား နေကြသောကြောင့် ကျေးရွာတချို့တွင် ကြံ့ဖွှံ့ပါတီမှ ကားများဖြင့် မဲထွက်ပေးကြရန်လိုက်လံ ဆော်သြောမှုပြုလုပ်နေကြောင်း ဆားပြင် ရွာသားတဦးက ပြောသည်။

ရန်ကုန်

ရန်ကုန်မြို့တွင် မဲပေးသူ နည်းပါးသောကြောင့် သက်ဆိုင်ရာ အာဏာပိုင်များက မဲလာပေးကြရန် ကားများပေါ်မှ အသံချဲ့စက်ဖြင့် လိုက်လံဆော်သြနေကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ဗိုလ်တထောင်

ဗိုလ်တထောင်မြို့နယ် မဲရုံအမှတ် ၂၂ ရှေ့တွင် ကြံ့ဖွံ့ကိုယ်စားလှယ်လောင်း ၃ ဦး၏ ကြော်ငြာဆိုင်းဘုတ်များကို ယနေ့အထိ ထောင်ထားဆဲဖြစ်ကြောင်း သိရသည

မြေပုံ

ရခိုင်ပြည်နယ်မှ လေဘေးဒဏ် အများဆုံးခံခဲ့ရသော မြေပုံမြို့ပေါ်နှင့် ကျေးရွာ အားလုံး၌ ကြံ့ဖွံ့ပါတီအား မဲမပေးပါက ဒုက္ခဖြစ်နိုင်သည်ဟု ပြောဆိုသည့်အပြင် ခြောက်လစာ ထောက်ပံ့ ပစ္စည်းများကိုလည်း လုံးဝ မပေးတော့ဟု ကြံ့ဖွံ့ပါတီ နှင့် ဒေသဆိုင်ရာ အာဏာပိုင်များက ခြိမ်းခြောက်၍ ကြိုတင်မဲများ ကောက်ခံထားသောကြောင့် ယနေ့ တွင် မဲရုံသို့ လာရောက် မဲပေးသူ မရှိကြောင်း ဒေသခံများက ပြောသည်။

ရေနံချောင်း

မကွေးတိုင်း ရေနံချောင်းမြို့ အေးကုန်းရပ်ကွက် မဲရုံ အမှတ် ၃ သည် ကျောင်းအဆောက်အအုံ ဖြစ်သော်လည်း မဲ ပေးရန် လျှို့ဝှက်အခန်းဖြင့် စီစဉ်ထားခြင်း မဟုတ်ဘဲ အကာအရံမရှိသည့်အတွက် မည်သည့်ပါတီအား မဲပေးသည်ကို သိရှိနိုင်သောကြောင့် မဲဆန္ဒရှင်များ စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း သတင်းရရှိသည်။

ကျောက်မဲ

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် မဲပေးမည့် ဒေသခံများကို အမျိုးသား ၀တ်စုံ ၀တ်ဆင်ရန် အာဏာပိုင်များက ညွန်ကြားထားကြောင်းသိရသည်။ ဒေသခံများက အမျိုးသား ၀တ်စုံအဖြစ် ရှမ်းရိုးရာ ၀တ်စုံကို ၀တ်ဆင်ခဲ့သော်လည်း အာဏာပိုင်များက အမျိုးသား ၀တ်စုံဆိုသည်မှာ ပုဆိုးနှင့် တိုက်ပုံဖြစ်ပြီး ယင်း ၀တ်စုံကို ၀တ်ဆင်ရန် ပြောဆိုသဖြင့် ဒေသခံများမှာ မကျေနပ်ကြကြောင်း အများစုမှာ ရှမ်းဝတ်စုံ ကို ၀တ်ဆင်၍ လာရောက်မဲပေးကြကြောင်း SNDP ပါတီဝင်တဦးက ဆိုသည်။

ပင်လုံ

ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသော မဲရုံရှိ မဲရုံမှူးမှာ မဲပေးရန်လာသော ဒေသခံပြည်သူများကို ညွန်ကြားချက်များ ပေးနေခြင်းသည် စည်းကမ်းနှင့်မညီသဖြင့် သွားရောက် စစ်ဆေးရန်လိုအပ်သည် ဟု SNDP ပါတီ မဲရုံကိုယ်စားလှယ်က အကြောင်းကြားထားကြောင်း ယင်းပါတီ အမတ် စိုင်းဆိုင်မိုင်းက ပြောသည်။

စစ်တွေ

စစ်တွေမြို့၊ နာဇီရပ်ကွက်ရှိ မဲရုံတခုအား၌ ကြံ့ဖွံ့ပါတီမှ ၎င်းတို့ပါတီကိုသာ မဲပေးရန်အတင်းအကျပ်ပြောဆိုနေခြင်းကို ပြည်သူများက မကျေနပ်၍ မဲရုံအား လူတထောင်ခန့်က ၀ိုင်းဝန်းထားကြောင်း စစ်တွေဒေသခံများထံမှ သိရသည်။နာဇီရပ်ကွက် မဲရုံတွင်ကြံ့ဖွံ့နှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်တို့ အားပြိုင်နေ ကြောင်းသိရသည်။

လင်းခေး

ရှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ်တွင် မဲရုံများ စတင်ဖွင့်လှစ်၍ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ(SNDP) ကို မဲပေးခဲ့ကြောင်း လင်းခေး ဒေသခံတဦးက ပြောသည်။

ပုဇွန်တောင်

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်တွင် မဲရုံ စတင်ဖွင့်လှစ်၍ မဲများပေးနေပြီဖြစ်ကြောင်း ရန်ကုန်မြို့ခံများက ဆိုသည်။ မဲရုံ အနီးတ၀ိုက်တွင် လုံခြုံရေးကို တင်းကျပ်စွာ ချထားခြင်းမရှိသော်လည်း မဲရုံနှင့် မလှမ်းမကမ်း လမ်းထောင့်များတွင်မှု လုံခြုံရေးများ ချထားကြောင်း သိရသည်။

သာယာဝတီ

သာယာဝတီမြို့နယ် သစ်ရာကုန်းအုပ်စု လောက်လေးရွာတွင် တစညပါတီကို မဲပေးမည့် မဲဆန္ဒရှင် ၄၀ ဦးခန့်ကို ကြံ့ဖွံ့ပါတီ၏ ကျေးရွာစည်းရုံးရေးမှူး ဦးဇော်ဝင်းက မဲမပေးရန် ခြိမ်းခြောက်မှု ပြုလုပ်ပြီး ပြန်လွှတ်နေကြောင်း သတင်းရရှိသည်။ ထိုသို့ ပြုလုပ်သည့်အတွက် တစညပါတီက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားရန် စီစဉ်နေသည်ဟု ပါတီစည်းရုံးရေးမှူး ဦးစန်းလွင်က ပြောသည်။

ရေနီ

ပဲခူးတိုင်း ရေနီမြို့တွင် လာရောက် မဲပေးသူ နည်းပါးသည့် အတွက် ကြံဖွံပါတီက နေအိမ်များသို့ ဆိုင်ကယ်များ၊ ဆိုက်ကားများ ဖြင့် သွားရောက်ခေါ်ယူနေကြောင်း သတင်း ရသည်။ မဲရုံဖွင့်ချိန် နံနက် ၆ နာရီမှစ၍ ၁၀ နာရီ ကျော် အထိ မဲပေးသူနည်းပါးသည့် အတွက် ထိုသို့ အိမ်တိုင်ရာရောက် ခေါ်ယူရခြင်း ဖြစ်သည် ဟု ဒေသခံ တဦးက ပြောသည်။

မုဒုံ

မွန်ပြည်နယ် မုဒုံမြို့ နယ် ကော့ခလယ် ကျေးရွာရှိ မဲရုံတွင် ကြံ့ဖွံ့ ပါတီဝင်များ ကိုယ်တိုင် မဲပြားတွင် ထောက်ခံမဲ ခြစ်ပေးကာ မဲထည့် ခိုင်း နေကြောင်း သိရ သည်။“ကြံ့ဖွံ့ တွေ အနိုင်ရဖို့ အတွက် ရွေးကောက်ပွဲ ဥပဒေကို လုံးဝ ဂရုမစိုက်ဘဲ ခြင်္သေ့ အမှတ်ဘေးမှာ ၀င်ပြီး ခြစ်ပေး နေတယ်၊ ကျနော်တို့ ပါတီကျတော့ စောင့်ကြည့် လေ့လာ တာကို ခွင့်မပြု လိုဘူး၊ ဒီကိစ္စ အတွက် ကျနော်တို့ ပါတီဝင် တွေနဲ့ ကြံ့ဖွံ့တွေ ပြဿနာ တက်နေတယ်” ဟု မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီဝင် တဦးက ပြောသည်။


Rest of your postအညာနွေတမာမြေ

ဆက်ဖတ်ရန် ....

Saturday, November 6, 2010

မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ

သီလ၀ါ ရေတပ်စခန်းမှာရှိတဲ့ ရေတပ်ဝန်ထမ်းတွေထဲက ၄၀၀ကျော်ကို ကြိုတင်မဲတွေ ကောက်ယူပြီး မနက်ဖြန်ညနေ မဲရုံပိတ်ချိန်မှ ဖွင့်ဖောက်စစ်ဆေးရမှာကို ဒီနေ့မှာပဲ စစ်ဆေးတော့ ပယ်မဲတွေ များနေတဲ့အတွက် ကြိုတင်မဲပေးတာတွေကို ရပ်ထားလိုက်တယ်လို့ ၀န်ထမ်းတွေဆီက သိရပါတယ်။

သူတို့အပိုင်ဆိုပြီးတော့ ရိုက်တာပဲ ဒါပေမဲ့ ၀န်ထမ်းတွေက ဆန္ဒအစစ်အမှန်ကို ဖေါ်ထုတ်လိုက်တော့ အဆမတန်ပယ်မဲများနေပါတယ်။ မနက်ဖြန်မှာလည်း အားလုံးအဲလိုလက်စွမ်းပြလိုက်ရင်တော့ ပွဲကြီးပွဲကောင်းပဲ။

ဒါဟာ မနက်ဖြန်မှာ ဘာဖြစ်လာမလဲ ဆိုတာရဲ့ ကြိုတင်နိမိတ်ပါပဲ။ မထင်မှတ်တာတွေ ဖြစ်လာနိုင်ပါတယ်။

ဆက်ဖတ်ရန် ....

သာကေတ မှာ စာဝေလို့ အာဏာပိုင်တွေ တားခံရတဲ့ လူငယ်တွေအကြောင်း

သာကေတမှာ မဲမပေးရေး စာတွေဖြန့်ဝေတဲ့အုပ်စုက မထားထားမြင့်ရဲ့ ပြောစကား

သာကေတမြို့နယ်ထဲမှာ စာဝေတာ။ ရန်ပြေ (၇) လမ်းထိပ်မှာ ရောက်တော့ ကျမတို့တွေဟာ ဥပဒေနဲ့ ညိစွန်းတယ်ဆိုပြီး ရယက ရုံးကိုခေါ်တယ်။ မြို့နယ်မှူးရော၊ စခန်းမှူးရော သူတို့ အင်အား ၂၅ ယောက်လောက်ရှိတယ်။ ဆိုင်ကယ်တွေနဲ့ရော ကားနဲ့ရော။ လိုက်ခဲ့ပါ။ အရေးမယူပါဘူးဆိုပြီး ရယကရုံးကို ခေါ်တယ်။ ကျမတို့က ၅ ယောက်ထက်ကျော်တဲ့အတွက် ဥပဒေနဲ့ ညိစွန်းတယ်။ ဒီစာကိုလည်း ဝေခွင့်မရှိဘူးဆိုပြီးတော့ နောက်ထပ်ထပ်ပြီးတော့ မလုပ်ပါနဲ့လို့ပဲပြောတယ်။ ပြောတာတော့ ကောင်းကောင်းပဲ ပြောပါတယ်။ ထပ်လုပ်ရင် ဥပဒေအရ အရေးယူမယ်ဆိုပြီး ကျမတို့ကိုပြောတယ်။ ကျမက မြို့နယ်မှူးကို ပြန်မေးတယ်။ အဲ့ဒါဆိုရင် ၅ ယောက်ထပ် ကျော်တယ်ဆိုရင် ၂ ယောက်ထဲဆိုရင်ရော ဝေခွင့်ပြုမလား ဆိုတော့ ခွင့်မပြုဘူးတဲ့ အဲ့ဒါဆိုရင် သူများအဖွဲ့အစည်းတွေကျတော့ ဝေတယ် ကျမတို့ကျတော့ ဘာလို့တားသလဲ ဆိုတော့ သူတို့က တရားဝင် ရွေးကောက်ပွဲဝင်မယ့်သူတွေမို့လို့ ဝေပိုင်ခွင့်ရှိတယ်။ ကျမတို့ကတော့ အခွင့်မရှိဘူးလို့ ပြောတယ်။ ကျမတို့ကို ခေါ်တာက ၁၀ မထိုးခင်လောက်က။ ၁၁ နာရီကျော်ကျော်မှ ပြန်လွှတ်ပေးတယ်။ ပစ္စည်းတွေ သိမ်းတာတော့ မရှိဘူး။ ဓာတ်ပုံတွေတော့ တောက်လျှောက်ရိုက်တယ်။ ရယက ရုံးမှာ မှတ်တမ်းတင်တယ်။ ကျမတို့ကတော့ ဘယ်လိုပဲ တားတား ဘာအခက်အခဲရှိရှိ လုပ်စရာရှိတာလုပ်မှာပဲ။ ဆက်လည်း ဝေမယ်။ အခုလည်း ကျမတို့ ၇ ယောက်လုံး ကိုယ်ကြိုက်တဲ့ ပါတီမပါရင် မဲမပေးပဲ နေနိုင်ခွင့်ရှိတယ်ဆိုတဲ့ စာပါတဲ့ အင်္ကျီတွေ ၀တ်ထားတယ်။ စာရွက်တွေ မကုန်မချင်း ကျမတို့ ဝေမယ်။ လူထုကိုလည်း ကျမတို့ ပြောနိုင်သမျှ ပြောသွားမယ်။

အန်အယ်လ်ဒီလူငယ်တွေ လုပ်နိုင်သမျှလုပ်နေကြပါတယ်။ ပြည်သူတွေလည်း မနက်ဖြန်ရွေးကောက်ပွဲကို မဖြစ်မနေ သပိတ်မှောက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ စစ်ကျွန်အသက်သွင်းမဲ့ ဥပဒေနဲ့ စစ်အစိုးရကို တရားဝင်အစိုးရ ဖြစ်အောင် ကူညီမှုတွေမလုပ်ကြပါနဲ့၊ မဖြစ်မနေ မဲရုံကိုသွားရမယ်ဆိုသွားပါ။ တွေ့သမျှ အကွက်တွေ အကုန်သာခြစ်ဗျာ အားလုံးပယ်မဲဖြစ်အောင်သာလုပ် ဒါဆိုသင့်တာဝန်ကျေပြီ ။ မသွားပဲ နေနိုင်ရင် အကောင်းဆုံးပါပဲ ။ မှတ်မိတယ်နော် နိုဝင်ဘာ ၇ ရက်တဲ့

အညာနွေတမာမြေ

ဆက်ဖတ်ရန် ....

Friday, November 5, 2010

အထက်ပိုင်း ၂၂မြို့မှာ မဲမပေးရေး လှုပ်ရှားကြသည်

မန္တလေးတိုင်းနဲ့ မကွေးတိုင်းက မြို့နယ်တွေမှာ မဲမပေးရေး လှုပ်ရှားမှုတွေ တပြိုင်တည်း လုပ်ဆောင်တယ်လို့ သတင်းရရှိပါတယ်။

မိထ္ထီလာ၊ တောင်သာ၊ ၀မ်းတွင်း၊ ရမည်းသင်း ၊ သာစည် ၊ မလှိုင် ၊ ပျော်ဖွယ၊် လယ်ဝေး၊ ပျဉ်းမနား၊ မြင်းခြံ မန္တလေး အရှေ့တောင် ၊ အရှေ့မြောက်၊ အနောက်တောင် ၊ အနောက်မြောက်၊ ပြည်ကြီးတံခွန၊် မြို့သစ်၊တံတားဦး၊ ပြင်ဦးလွင်၊ ကျောက်ပန်းတောင်း၊ ချောက်၊ ညောင်ဦး ၊ဆိတ်ဖြူ နှင့် စလေ မြို့တွေက အန်အယ်လ်ဒီပါတီဝင်တွေဟာ မဲမပေးရေး လှုပ်ရှားမှုတွေကို ဒီကနေ့မှာ တပြိုင်တည်း လုပ်ဆောင်ခဲ့ကြပါတယ်။

မိထ္ထီလာမြို့က အန်အယ်လ်ဒီပါတီဝင် ၁၀ ဦးခန့်ဟာ မိထ္ထီလာဈေးကြီးအတွင်း မဲမပေးပဲနေခွင့်ရှိတယ်စာတန်းပါ တီရှပ်တွေဝတ်ပြီး အန်အယ်လ်ဒီက ထုတ်တဲ့ ထုတ်ပြန်ချက်တွေ နဲ့ မဲဘာကြောင့် မပေးပဲနေသင့်တယ်ဆိုတဲ့ ရှင်းလင်းချက်တွေ လိုက်လံဝေငှခဲ့ရာမှာ သက်ဆိုင်ရာ လက်ကိုင်တုတ် အဖွဲ့ ၁၀ ဖွဲ့က စာရွက်တွေ လိုက်လံသိမ်းတာရှိသလို ဓါတ်ပုံတွေ လိုက်ရိုက်တဲ့အကြောင်း မိထ္ထီလာ အန်အယ်လ်ဒီ အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေး က ပြောပြပါသည်။

"ဈေးထဲမှာ စာရွှက်တွေဝေတော့ လိုက်သိမ်းတယ်။ ဒါနဲ့ကျမက ဘာလို့ဒီလိုလုပ်ရလဲလို့ တာဝန်ရှိတဲ့ ရဲမှူးကို တိုက်ရိုက်ပြောတော့ မသိမ်းပါဘူးဆိုပြီး နောက်တော့မသိမ်းဘူး ဈေးသူဈေးသားတွေကို မဲမပေးရေးပြောတော့ သူတို့က ကျမတို့သိပါတယ် တခြားဘယ်သူ့မှမပေးပါဘူး ခမောက်ပဲ ပေးမှာပါပြောလို့ သေချာရှင်းပြခဲ့ရတယ် ခမောက်က အစစ်မဟုတ်ဘူး အတုဖြစ်တဲ့အကြောင်း ဖွဲ့စည်းပုံကိုမကြိုက်တဲ့အတွက် မဲမပေးပဲ နေနိုင်ကြောင်း သေချာရှင်းပြရတယ်။ အဲလိုရှင်းနေချိန်မှာ နောက်ကနေ ဓါတ်ပုံတွေရိုက်လို့ တချို့နားမထောင်ရဲကြဘူး"

ရဲမြို့နယ်မှူး ကိုယ်တိုင် ယူနီဖေါင်းဝတ်ပြီး ရဲသားတွေနဲ့ နောက်ကနေလိုက်ကြည့်တယ်လို့ဆိုပါတယ်။ ရယကတွေ၊ မယကရုံးအဖွဲ့ဝင်တွေ၊ ကြံ့ဖွတ်တွေက ပြည့်သူ့ဆက်ဆံရေးအဖွဲ့ အသွင်နဲ့ လိုက်ပြီး၊ စသုံးလုံး၊စရဖနဲ့ မီးသတ် အဖွဲ့ပါမကျန် လိုက်လံ နှောက်ယှက်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ သူတို့ လက်ထဲက စာရွက်ထောင်ကျော်ကုန်အောင် ဝေခဲ့ပြီး မဲမပေးသင့်တဲ့အကြောင်းတွေ ရှင်းလင်းပြောပြနိုင်ခဲ့ပါတယ်။

တခြားမြို့တွေမှာလည်း လိုက်လံစောင့်ကြည့်တာတွေရှိခဲ့ပေမဲ့ လှုပ်ရှားမှုကို အောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရပါတယ်

အညာနွေတမာမြေ

ဆက်ဖတ်ရန် ....

ရေနံပိုက်လိုင်းပေါက်ပြီး မီးလောင်မှုဖြစ်လို့ ဆေးရုံတက်နေရသူတွေကိုတောင် ကြိုတင်မဲကောက်

ရက်စက်ချက်က ကမ်းကုန်ပဲ ကမ္ဘာမီးလောင် သားကောင်ချနင်း ဆိုသလို ဘယ်သူသေသေ ငရွှေမာပြီးရောဆိုတဲ့ လုပ်ရပ်ကတော့ အော့နှလုံးနာစရာပါဗျာ။

အောက်တိုဘာ ၂၄ ရက်က ပခုက္ကူခရိုင် မြစ်ခြေအနီးမှာ ရေနံပိုက်လိုင်း မီးလောင်မှုကြောင့် ရွာသား ၃၀၀ ကျော်ဒဏ်ရာရပြီး နီးစပ်ရာ ဆေးရုံတွေမှာ တက်ရောက်ဆေးကုသမှုခံနေရပါတယ်။ ဒီထဲမှာ ၂၀၀ နီးပါး သေဆုံးခဲ့ပြီး ကျန်တဲ့သူတွေဟာလည်း အသက်ဘေးကနေ မနည်းရုန်းထွက်နေရပါတယ်။ အခြေအနေအများအားဖြင့်တော့ မကောင်းကြဘူးလို့သိရပါတယ်။ ဒီလိုစိုးရိမ်စရာအခြေအနေကြားထဲက ဆေးရုံပေါ်မှာ ရွေးကောက်ပွဲအတွက် ကြိုတင်မဲတွေ ကောက်ခံနေတယ်လို့ ဒေသခံ တဦးက ခုလိုပြောထားပါတယ်။

" ပခုက္ကူ ဆေးရုံမှာ ၅၀ ကျော်တက်နေတယ်ဗျာ အဲဒီမှာ မိသားစုဆွေမျိုးအသိုင်းအ၀ိုင်းတွေကရော လူနာတွေကို ၀ိုင်းဝန်းစောင့်ရှောက်နေတယ်။ အဲဒီလူတွေကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ကကောက်ခိုင်းလို့ဆိုပြီး သက်ဆိုင်ရာ ရယကတွေက ကြိုတင်မဲတွေ ကောက်နေတယ်။ လူနာတွေကတော့ အခြေအနေ မကောင်းတဲ့သူများတယ်"

ဆေးရုံမှာ တက်ရောက်ပြီး ကုသနေရတဲ့လူနာတွေဟာ မြစ်ခြေအုပ်စုမှာရှိတဲ့ ညောင်လှ၊ ညောင်နီပင်၊ ပေါက်တော၊ အိုင်ကြီး၊ ကံကြီးစုနဲ့ သိမ်တော်ရွာက ရွာသားတွေအများစုဖြစ်ပါတယ်။ အစိုးရဘက်က ခုချိန်ထိ ဘာအကူအညီမှမပေးသေးပေမဲ့ ပခုက္ကူ ဒေသခံတွေက ဆေးရုံတက်နေရတဲ့ လူနာတွေကို ထောက်ပံ့ရေး ပစ္စည်းတွေ လှူတန်းကြတယ်လို့သိရပါတယ်။

ရေနံပိုက်လိုင်းဟာ အောက်တိုဘာ ၂၅ ရက်မှာ ထပ်မံပေါက်ကွဲခဲ့ပြီး သက်ဆိုင်ရာက ပိုက်တွေကို ဖြတ်ပြီးဆက်ပေးထားတယ်တဲ့အတွက် ခုတော့ စိတ်ချရသလောက်ဖြစ်နေပြီလို့ ဒေသခံတွေအပြောအရ သိရပါတယ်ခင်များ။

အညာနွေတမာမြေ

ဆက်ဖတ်ရန် ....

Wednesday, November 3, 2010

တက်ကြွလူငယ်များ မဲမပေးရေး စာရွက်များ ဖြန့်ဝေ


မြန်မာနိုင်ငံ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ တပ်ပေါင်းစုမှ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းအတွင်း မြို့နယ်များ၌ မဲမပေးရေး စာရွက်များ ဖြန့်ဝေခဲ့ကြသည်ဟု သိရသည်။

“မဲပေးလိုက်တာနဲ့ နအဖ ကို ထောက်ခံလိုက်တာပဲ” နှင့် မဲပုံးပုံစံတွင် အနီရောင် ကြက်ခြေခတ်နှင့် “Don't vote” ဟူသော စာများပါရှိသည့် စာရွက်များကို ရန်ကုန်တိုင်းတွင်းရှိ မြေနီကုန်း၊ မရမ်းကုန်း၊ အင်းစိန်၊ တာမွေ၊ သင်္ကန်းကျွန်း၊ စမ်းချောင်းနှင့် ဗဟန်းစသော မြို့နယ်များတွင် ဖြန့်ဝေခဲ့ပြီး ရန်ကုန်-ပြည်လမ်းမကြီးပေါ်တွင်လည်း ကြဲဖြန့်ခဲ့ကြသည်ဟု အဖွဲ့ဝင် တဦးက ပြောသည်။

ဦးဆောင်လှုပ်ရှားသူ တဦးက “ကျနော်တို့ အနေနဲ့က ပြည်သူတွေကို ဒီရွေးကောက်ပွဲဟာ တရားမျှတမှု မရှိဘူးဆိုတာရယ်၊ မဲပေးလိုက်တာနဲ့ နအဖ ကို ထောက်ခံလိုက်တာနဲ့ အတူတူပဲ ဆိုတာကို သိစေချင်တယ်။ ဘယ်လို ဖိအားတွေပေးပေး မဲရုံမသွား၊ မဲမထည့်ပဲ စစ်အာဏာရှင်တွေကို ပြည်သူတွေက လုံးဝ မထောက်ခံဘူးဆိုတာကို ကမ္ဘာသိအောင် ရွေးကောက်ပွဲနေ့မှာ ပြသလိုက်နိုင်ဖို့ လိုအပ်တယ်။ ဒါ့ကြောင့် ဒီလို လှုပ်ရှားမှုတွေကို အရှိန်မြှင့် ဆောင်ရွက်နေတာ ဖြစ်တယ်” ဟု ပြောသွားသည်။


အညာနွေတမာမြေ

ဆက်ဖတ်ရန် ....