“ငါးဟင်းစားရင် ဦးနှောက်ကောင်းတယ်ဆိုပဲကွ”
“အေးလေ ဒါကြောင့် ငါနေ့တိုင်း ငါးဟင်းစားနေတာ”
“ဟင်း-ဒါဆို ဒီသီအိုရီ မှားနေပြီ”
သူ နှုတ်မှာမဟုတ်လို့
“ကျွန်တော်တို့ အလျင်လိုနေလို့ မေ့ဆေး၊ထုံဆေး မပေးဘဲ သွားနှုတ်ပေးပါဆရာ”
“ခင်ဗျား အတော်ကို သတ္တိကောင်းတာပဲ။ ကဲဘယ်သွားလဲ ပြောစမ်း”
“မိန်းမရေ မင်းကိုက်နေတဲ့သွားကို ပြလိုက်စမ်းပါကွာ”
အချက်ပြကိရိယာ
“ခင်ဗျားရဲ့ကားမှာ မိုင်နှုန်းပြမီတာ မရှိပါလား”
“မလိုလို့ ဖြုတ်ရောင်းပစ်လိုက်ပြီ”
“ဟင် ဒါဆို ကားရဲ့ အမြန်နှုန်းကို ဘယ်လိုသိတော့မလဲ”
“သိပါတယ်၊ တစ်နာရီ မိုင်နှစ်ဆယ်နှုန်း မောင်းနေရင် ရှေ့စက်ဖုံးက
အသံမြည်တယ်။ မိုင်သုံးဆယ်နှုန်းဆိုရင် တံခါးကမြည်တယ်။လေးဆယ်နှုန်းရောက်
ရင်
ကိုယ်ထည်က မြည်လာတယ်လေ”
ဖြည်းဖြည်းတော့ ရောက်လာပါလိမ့်မယ်
“ဒေါက်တာ အခုနှုတ်နေတာ ကိုက်တဲ့သွား မဟုတ်ဘူးဗျ”
“သိပါတယ်၊ နောက်နှစ်ချောင်း သုံးချောင်းနှုတ်ပြီးရင် ကိုက်တဲ့သွားဆီကို ရောက်ပါပြီ”
သေဟဲ့ နန္ဒိယ
“မမ ဈေးသွားနေတုန်း သားငယ်လေးပိုးကောင်အရှင် မျိုချလိုက်တယ်”
“ဟယ် ဒုက္ခပါပဲ။ နင် ဘာမှ လုပ်မပေးဘူးလား မိဌေး”
“ပိုးသတ်ဆေးတစ်ဇွန်းတော့ တိုက်ထားပါတယ် မမ”
အပေါင်းအသင်းမှားသွားခြင်း
“မင်း ဘာကြောင့် ဒီလောက်တောင် မူးအောင်သောက်ရတာလဲ”
“အပေါင်းအသင်းမှားသွားလို့ပါ။ အရက်မသောက်တတ်သူတွေကို
အရက်ဆိုင်ခေါ်သွားမိခဲ့တော့ ကျွန်တော် တစ်ယောက်တည်း
ဒိုင်ခံသောက်ခဲ့ရလို့ပါ”
မယုံရလို့
အိမ်ဖော်က အိမ်ရှင်မကို ပြောလိုက်သည်။
“အန်တီတို့က အခုထိ ကျွန်မကို အယုံအကြည် မရှိကြသေးဘူး”
“ဘာဖြစ်လို့လဲ။ ယုံလို့ပဲ အိမ်သော့အားလုံး နင့်ကို ပေးထားတာပေါ့”
“ဟင့်အင်း ပြီးခဲ့တဲ့နေ့က မီးခံသေတ္တာကို ဖွင့်ကြည့်တာ သော့တစ်ချောင်းမှ ဖွင့်မရဘူး”
ရဲဆေး
လူနာသည် သွားနှုတ်ခံရမည်ကို အလွန်ကြောက်နေသဖြင့် ဆရာဝန်က ၀ီစကီတစ်ခွက်တိုက်လိုက်သည်။
“ဘယ့်နှယ်လဲ၊ ရဲလာပြီလား”
“ဟင့်အင်း၊ နောက်တစ်ခွက် ထပ်တိုက်ပါဦး”
“ရော့ နောက်တစ်ခွက်၊ ကဲ အခြေအနေကောင်းပြီလား”
“မရသေးဘူး၊ နောက်တစ်ခွက် ပေးပါအုံး”
တတိယမြောက်ခွက်ကို သောက်ြပီးလူနာက ပြောလိုက်သည်။
“သတ္တိရှိလာပြီ။ ကျုပ်သွားကို ထိဝံ့တဲ့သူ ထိကြည့်လိုက်”
အနေအထားပုံစံ
“ဆရာ ကျွန်မတို့ ဆေးခန်းက ထွက်သွားတဲ့ လူနာတစ်ယောက် ဆေးခန်းအ၀မှာ
လဲကျပြီးသေသွားတယ်။ ကျွန်မဘာလုပ်ရမလဲဟင်”
“ကောင်းပြီ၊ ငါတို့ ဆေးခန်းကို ၀င်လာတဲ့ပုံစံမျိုးဖြစ်အောင် နေရာပြန်ချထားလိုက်”
ဖော်ကော်
“မေမေ ဒီနေ့ ဒယ်ဒီ သားကို မနမ်းသေးဘူး”
“ထမင်းစားနေတုန်း စကားမပြောရဘူး သားသားရဲ့”
“ဟင်-ဖေဖေ ထမင်းစားနေတုန်း အိမ်ဖော် မမက ဒီလို အမြဲပြောတယ်”
လိုအပ်တဲ့ပစ္စည်း
“ရှင့်လစာ ဒါအကုန်ပဲလား”
“အိမ်အတွက် လိုတာတွေ ၀ယ်လာခဲ့လို့”
“ဟုတ်လား။ ဘာပစ္စည်းတွေ ၀ယ်လာတာတုန်း”
“၀ီစကီ တစ်သေတ္တာ”
မှန်တယ်နော်
“ဓာတ်ခွဲခန်းကို ဓာတ်မှန်စစ်ဆေးချက်တွေအရ အခြေအနေ တော်တော်ကောင်းတယ်။
ဒီပုံအတိုင်းဆို အသက်ရှစ်ဆယ် အထိ နေရလိမ့်မယ်”
“ကျွန်တော် အသက်က အခုဆို ရှစ်ဆယ်ရှိပါပြီ ဒေါက်တာ”
“ကဲ-ကျွန်တော်ပြောတာ မမှန်လား”
ချက်မရှိလို့
“ရေချိုးမှာ ကောင်းကောင်းချိုးတာ မဟုတ်ဘူး။ ဘာဖြစ်လို့ အော်ကြီးဟစ်ကျယ်
သီချင်းအော် ဆိုနေရတာလဲ”
“တံခါးချက်ထိုးလို့ မရလို့”
အပိုအလုပ်တွေ
“ဒီငါးကို မချက်ခင် သေသေချာချာ ရေဆေးရဲ့လား”
“ဘာဆေးစရာလိုလဲ။ ငါးက တစ်ချိန်လုံးေ၇ထဲမှာ နေခဲ့တာလေ”
သူ့နေရာနဲ့သူ
“မင်းတို့ဟိုတယ်မှာ ရေပူနဲ့ရေအေးရသလား”
“နွေရာသီမှာ ရေပူရပြီး ဆောင်းရာသီမှာ ရေအေးရပါတယ်ခင်ဗျာ”
မဝေခွဲနိုင်သေးပါ
“ခင်ဗျား ဘယ်သူလဲ”
“ငါဟာ မင်းမိန်းမကို လူ့လောကကြီးထဲရောက်အောင် မွေးဖွားပေးခဲ့တဲ့
ဆရာဝန်တစ်ယောက်ပေါ့”
“အင်း-ဒါဆို လူကြီးမင်းကို ကျေးဇူးတင်ရကောင်းမလား။
နှာခေါင်းရိုးကျိုးအောင် ထိုးပစ်ရကောင်းမလား ဝေခွဲမရသေးဘူး”
အကြောင်းသိမို့
“ခုနက အရက်ဗန်းကိုင်ပြီး လျှောက်သွားနေတဲ့ ခပ်ချောချော ကောင်မလေး ဘယ်မှာရှိမလဲ”
“ရှင်က အရက်ထပ်လိုချင်နေလို့လား”
“ဟင့်အင်း၊ ကျွန်မယောက်ျား ဒီပါတီပွဲမှာ ပျောက်နေလို့”
သူကပိုသိပါတယ်
“ငါ့မိန်းမဟာ စကားပြောစရာ အကြောင်းအချက်တစ်ခုလောက်ရှိခဲ့မယ်ဆိုရင်
အကြာကြီးမနားတမ်း ပြောနိုင်တယ်ကွ”
“ငါ့မိန်းမကျတော့ အကြောင်းအချက်ရှိဖို့တောင် မလိုဘူး”
သူ့လုပ်စာ
“လူတစ်ယောက် ကားတိုက်ပြီး သေဆုံးသွားသဖြင့် သူ့ဇနီးမှာ လျော်ကြေးငွေ
အမြောက်အမြား ရရှိသွားလေသည်။
“ဘုရားသခင် ကျေးဇူးတော်ပဲ။ သူသေမှပဲ သူ့လုပ်စာ စားရတော့တယ်”
ပို့ပစ်လိုက်မယ်
“ရှင် ဒီတစ်ခါ အိမ်ပြန်ချိန်နောက်ကျရင် အမေ့ဆီ ကျွန်မဆင်းသွားမယ်”
“ရတယ်လေ။ ငါလည်း ယောက္ခမအထီးကြီှးဆီ သွားလိုက်ရုံပဲ”
“ဘာပြောတယ်။ ရှင်က သမီးကို အိမ်မှာထားခဲ့မယ်ပေါ့လေ”
“ဟင့်အင်း၊ ယောက္ခမအထီးကြီးဆီ သွားပို့မလို့”
လွတ်လပ်ရေးနေ့
“လွတ်လပ်ရေးနေ့ဟာ ဘယ်နေ့လဲ ကိုကို”
“မင်းရဲ့ မိဘတွေဆီ မင်းအလည်ပြန်တဲ့နေ့မှန်သမျှ ငါ့အတွက်
လွတ်လပ်ရေးနေ့တွေချည်းပါပဲ မိန်းမရယ်”
တက်လမ်း မရှိလို့
“ကုမ္ပဏီဥက္ကဌရာထူးပေးတာကို မင်းဘာဖြစ်လို့ ငြင်းရတာလဲ”
“တက်လမ်းမှ မရှိတော့တာ”
ကံကောင်းသူ
“ငါ့မိန်းမတော့ ရှိသမျှအားလုံးယူပြီး ဆင်းသွားလေရဲ့”
“မင်းကံကောင်းတာပေါ့။ ငါ့မိန်းမဆို အခုထိ မဆင်းသေးဘူး”
မိုးရွာမှ ကျတာ
“အိမ်ခေါင်မိုးပေါ်က ရေတွေဟာ ဒီလိုပဲ အမြဲကျနေမှာလား”
“အမြဲမကျပါဘူး၊ မိုးရွာမှ”
မငိုပါနဲ့
“တရားသူကြီးသည် တရားခံကို ကြင်နာစွာမေးမြန်းလိုက်သည်။”
“အရင်က ထောင်ကျခဲ့ဖူးလား”
“ဟင့်အင်း၊ တစ်ခါမှ မကျဖူးပါဘူး တရားသူကြီးမင်းရယ်၊ အဟင့် အဟင့်”
“အေး-မငိုနဲ့ တိတ် တိတ်၊ အခုပဲ အဲဒီကို သွားရတော့မယ်ဟာ”
အလုပ်ကြိုးစားသူ
“မင်းဟာ တစ်ပတ်အတွင်း ရှစ်ကြိမ်တောင် ဖောက်ထွင်းမှု ကျူးလွန်ခဲ့တယ်လို့ ဆိုထားပါလား”
“ဟုတ်ပါတယ် တရားသူကြီးမင်း။ နေ့မအား ညမအား အလုပ်လုပ်ခဲ့တာပါ။ လူတိုင်း
ကျွန်တော့လိုသာ အလုပ်လုပ်ကြရင် အားလုံးကြွယ်ဝကြမှာ မလွဲပါဘူး”
ရှိစေရမယ်
“ကျွန်မတို့ လက်ထက်ပြီးတဲ့အခါ ရှင့်မှာရှိတဲ့ သောကတွေ ဒုက္ခတွေကို
မျှဝေခံစားပေးပါမယ်”
“ကိုယ့်မှာ သောကတွေ ဒုက္ခတွေမရှိပါဘူး”
“အင်း-ကျွန်မနဲ့လက်ထက်ပြီးရင် ရှိလာစေရမယ်”
မအိပ်ကြသေးဘူး
“နင့်ခင်ပွန်းဟာ အိပ်ရင်ဟောက်တတ်သလား”
“ငါဘယ်သိအုံးမလဲ။ လက်ထက်တာမှ ငါးရက်ပဲရှိသေးတာ”
ငွေချေးနည်းအသစ်
“ကျွန်တော့်ကို ငွေနှစ်ရာလောက် ချေးစမ်းပါ။ ဒါပေမယ့် တစ်ရာပဲပေး”
“ဘာသဘောပါလိမ့်”
“ဒါဆို ခင်ဗျားက ကျွန်တော့်ကို ငွေတစ်ရာထပ်ပေးဖို့ရှိနေသလို
ကျွန်တော်ကလည်း ခင်ဗျားကို ငွေတစ်ရာပြန်ဆပ်ဖို့ ရှိနေတော့ ကြေရောပေါ့”
အာဂ ဆရာမ
“ဆရာမရေ ဒီခုတင်ပေါ်က လူနာ ဘယ်ရောက်သွားလဲ”
“သူ့တစ်ကိုယ်လုံး အေးစက်နေလို့ အပူချိန် တစ်ရာ့ငါးရှိတဲ့
လူနာနဲ့ပေးသိပ်ထားတယ် ဒေါက်တာ”
သူတို့က မယုံဘူး
“နောက်ဆုံးအခေါက် ရုံးကိုရောက်တုန်းက ငါမှာလိုက်တယ်မဟုတ်လား။
နောက်တစ်ကြိမ် မင်းမျက်နှာကို ဒီရုံးပေါ်မှာ မမြင်ချင်တော့ဘူးလို့”
”ကျွန်တော့်လာဖမ်းတဲ့ ရဲတွေကို အဲဒီစကားပြောပြခဲ့ပေမယ့် သူတို့က
မယုံကြဘူး တရားသူကြီးမင်း”
နိုင်ရင် အိုကေ
“ငွေကိုင်စာရေး ဘယ်သွားနေလဲ”
“လက်ဝှေ့တက်ထိုးနေပါတယ် ဆရာ”
“ဘာကွ အလုပ်ချိန်မှာ ဘာကြောင့်လက်ဝှေ့သွားထိုးရတာလဲ”
“ငွေစာရင်းကွာဟနေမှုအတွက် သူ့ရဲ့နောက်ဆုံးကြိုးပမ်းချက်ဖြစ်လို့ပါ”
သင်ခိုင်းတယ်ထင်လို့
“တရားလိုဟာ သူ့ပိုက်ဆံအိတ်ကို အတွင်းခံဘောင်းဘီထဲထည့်ပြီး တွယ်ချိတ်နဲ့
ချိတ်ထားတယ်လို့ဆိုတယ်။ မင်းဘယ်လို ရအောင်ယူခဲ့တာလဲ”
“ဟုတ်ကဲ့ တရားသူကြီးမင်း။ ကျွန်တော်ဟာ နည်းတစ်ခုကို ငွေတစ်ရာရမှ သင်ပေးလေ့ရှိပါတယ်”
သွန်သင်ချက်
စက်မှုလုပ်ငန်းပိုင်ရှင် သူဌေးကြီးသည် သူ့စက်ရုံသို့
ရှောင်တခင်ရောက်ရှိလာကာ အလုပ်သမားတစ်ယောက်ကိုမေးမြန်းလိုက်သည်။
“မင်းရဲ့ကြီးကြပ်ရေးမှူးက ဘာတွေ ဘယ်လိုလုပ်ရမယ်ဆိုတာသင်ပြပေးရဲ့လား”
“ဟုတ်ကဲ့ သင်ပေးပါတယ်ခင်ဗျား”
“အေး ကောင်းတယ် ကောင်းတယ်။ အထက်လူကြီးစကားကို ဂရုစိုက်ကွဲ့။ ဒါထက် သူက
ဘာသင်ပေးထားသလဲ”
“သူဌေးလာတာမြင်ရင် သူ့ကို အမြန်လာနှိုးပါလို့ သင်ပေးထားပါတယ်။ အခု
နှိုးပြီးပါပြီခင်ဗျ”
ငွေတော့ မရဘူး
လူပြတ်သောနေရာတစ်ခုတွင် ခရီးသည် တစ်ယောက်သည် လုယက်သူတို့နဲ့ ရင်ဆိုင်မိလေသည်။
“ကိုင်း- ပါသရွေ့ အားလုံးပေးစမ်း။ မပေးရင် မင်းဦးနှောက်ကို ထုတ်ပစ်မယ်”
“ဦးနှောက်ထုတ်ပစ်မယ် ဟုတ်လား။ ထုတ်ပစ်လိုက်လေ။ ဒီခေတ်ကြီးမှာ
ဦးနှောက်မရှိလည်းနေလို့ရတယ်။ ငွေမရှိဘဲတော့ နေလို့မရဘူး”
ခက်တဲ့ပုစ္ဆာ
“တစ်နဲ့တစ်ပေါင်းရင် နှစ်ရမယ်။ နှစ်နဲ့နှစ်ပေါင်းရင် လေးရမယ်။ လေးနဲ့လေး
ပေါင်းရင် အဖြေဘယ်လောက်ရမလဲ ပြောစမ်း”
“ဒါတော့ ဆရာ မတရားဘူး။ လွယ်တာကျတော့ ဆရာက ဖြေတယ်။ ခက်တာကျတော့
ကျွန်တော့်ကို လာမေးတယ်”
ဖိနပ်သူခိုး
"ကျုပ်ရဲ့ ရှူး ဖိနပ်ကို ခင်ဗျား ခွေးဆွဲသွားတယ်ဗျ "
"အဓိပ္ပာယ် မရှိတာတွေလာပြောမနေပါနဲ့ဗျာ ၊ ဖိနပ်စီးပြီးတော့
ကျွန်တော့်ခွေးဟာ တစ်ခါမှ အိမ်ပြန်မလာဖူး ဘူး”
အလှူခံ
ရေကူးကန်ဆောက်လုပ်ရေးအတွက် အလှူငွေကောက်ခံသူများရောက်လာရာ
ယောကျာ်းလုပ်သူက မိန်းမကို လှမ်းအော်ပြီးမေးသည် ။
"မိန်းမရေ...သူတို့ကိုဘယ်လောက်ပေးလိုက်ရမလဲဟေ့ "
"ရေ ၃ ပုံးပေးလိုက် "
ကံကောင်းတယ်
"ခင်ဗျား မနေ့ကအလု ခံရတယ်ဆို "
"ဟုတ်တယ်ဗျာ ၊ လက်ပတ် နာရီနဲ့ ပိုက်ဆံအိတ် ပါသွားတယ် "
"ဒါနဲ့ ခင်ဗျားပြောတော့ သွားလေရာမှာ ခြောက်လုံးပြူးကို ခင်ဗျားအမြဲ
ဆောင်သွားလေ့ရှိတယ်ဆို "
"မှန်ပါတယ် ၊ ဒါပေမဲ့ ကံကောင်းချင်တော့ ခြောက်လုံးပြူးကို
လုတဲ့အကောင်တွေက တွေ့မသွားဘူးဗျ "
ဒါလဲဖြစ်နိုင်တာပဲ
သူငယ်ချင်းနှစ်ယောက် အရက်သောက်နေကြသည် ၊ တစ်ယောက်က ပြောသည် ။
"ငါ့ မိန်းမဟာ ငါ့ အပေါ်မှာသစ္စာမရှိဘူးကွ "
"ဘာဖြစ်လို့လဲ "
"ကြည့်လေ ၊ နယ်ကိုတာဝန်နဲ့ ငါခရီးထွက်တယ် ၊တာဝန်ပြီးဆုံးတော့
ဘယ်နေ့ပြန်ရောက်မယ် ဆိုတာ
ကိုကြေးနန်းနဲ့အကြောင်း ကြားလိုက်တယ် ၊ အဲ ငါအိမ်ပြန်ရောက်တော့ သူ့ကို
တခြား ယောကျာ်း တစ်ယောက်နဲ့ တွေ့တယ် "
ဤသို့ပြောပြီး ခဏကြာတွင် စဉ်းစားဟန်ဖြင့်၎င်း ဆက်ပြောသည် ။
"သစ္စာမဲ့တယ်လို့ မုချကြီးတော့စွတ်စွဲလို့ မဖြစ်ဘူး ထင်တယ် ၊ သူ့ခမျာ
ကြေးနန်းကိုမရတာလဲဖြစ် နိုင်တာပဲ "
နောက်မလုပ်နဲ့
ယောကျာ်းဖြစ်သူ မူးပြီး အိမ်ပြန်လာသည် ။အိတ်ထောင်ထဲတွင် သုံးရူဘယ်
ကျန်နေသည် ၊ မနက် အိပ်ရာထ သော အခါ အရက်နာကျသည် ကို ဖြေဖျောက်ရန်အတွက်
အိတ်ထောင်ကို စမ်းသည် ၊မနေ့ကသုံးရူဘယ် မရှိ တော့ချေ ။ သို့နှင့်အိမ်တွင်
မွေးထားသောငန်းကိုယူကာ ဈေးထဲသွား ရောင်းသည် ။ညနေပိုင်းတွင်
မူးပြီးအိမ်ပြန် လာသည် ၊ မိန်းမ ကမေးသည် ။
"ရှင်.. အိမ်ကငန်းကို မတွေ့မိဘူးလား"
"နွေးတဲ့အရပ် ဘက်ကိုပျံသွားလေရဲ့ ၊ငါ့အိတ်ထောင်ကို
မင်းခုလိုပဲဆက်စမ်းနေရင် မွေးထားတဲ့ဆိတ်တွေပါ တောင်ပေါ်တက် ကုန် လိမ့်မယ်
နားလည်လား "
တော်လိုက်ပုံက
“ငါ့ညီအမှုဖြစ်တာ ရှေ့နေငှားမှ ထောင်လုံးလုံးကျမယ့် ကိန်းဆိုက်နေပြီ”
“ငါ အမှုဖြစ်တုန်းက ငှားခဲ့တဲ့ရှေ့နေက ဘာတော်သလဲ မမေးနဲ့”
“ဟုတ်လား၊ ဆိုပါဦး ရှေ့နေပြောင်းသင့်ရင် ပြောင်းရအောင်လို့”
“ငါမွေးထားတဲ့ ခွေးက လူတစ်ယောက်ကို ကိုက်မိလို့ အတိုင်ခံရတော့ အဲဒီရှေ့က
ထုချေချက်ပေးခဲ့တာ နောက်ဆုံးမှာ ငါ့ခွေးက ကိုက်တာ မဟုတ်တော့ဘဲ အဲဒီလူက
ငါ့ခွေးကို ကိုက်တာဖြစ်သွားတယ်ကွ”
ဘ၀အမောတွေ နည်းနည်းလျော့လည်း တင်ပြရကျိုးနပ်ပါတယ်။ ရီမောနိုင်ကြပါစေ
Tuesday, January 25, 2011
ပင်ပန်းနေရင် ဒါလေးဖတ်
Monday, January 17, 2011
မြန်မာ့အလင်းမှ အံသြဖွယ်ရာများ
အဆင်းရဲဆုံး နိုင်ငံထဲမှာ ပါတယ်လို့လျှောက်မအာကြပါနဲ့ ကျုပ်တို့နိုင်ငံမှာ တံတားသံဘောင်ကို ရွှေမူလီနဲ့စုပ်ထားတာပါ။ ဘယ်နိုင်ငံမှာ မြင်ဘူးလဲဗျာ ရွှေမူလီ ကဲပြော မယုံရင် အောက်ပုံမှာကြည့် 
နောက်တခုက မိတ်ဆွေတို့ တောထဲမှာ ဆင်လိုက်တာခံရရင် သစ်ပင်ပတ်ပြေးလို့ လူကြီးတွေပြောတာကြားဘူးတယ်နော် သစ်ပင်ပေါ်တက်ပြေးရင် ဆင်က သစ်ပင်ကိုလှဲနိုင်လို့ တက်မပြေးခိုင်းပဲ သူမလိုက်နိုင်အောင်ကွေ့ပတ်ပြေးခိုင်းတာပါ။ ခုတော့ သစ်ပင်ကိုလှဲနိုင်ယုံမပြောနဲ့ သစ်ပင်ပေါ်တက်နိုင်နေပြီဗျာ ဒီပုံကြည့် 
မပြုံးပဲ ၀ါးလုံးကွဲ ရယ်နိုင်ကြပါစေ
Wednesday, January 5, 2011
မြန်မာ့အလင်းက ပြောတဲ့ ကိုလိုနီ နယ်ချဲ့လက်သစ်
စစ်အဆိုးရက ခနခန ပြောပြောနေတဲ့ ကိုလိုနီ နယ်ချဲ့လက်သစ် ခေါင်းဆောင် ဥက္ကဋ္ဌကို မြန်မာ့အလင်းက ဖော်ထုတ်ပေးလိုက်ပြီ။
ပုံနှင့်စာကိုရှု ..
ဒီ လူရမ်းကား ကိုလိုနီ နယ်ချဲ့လက်သစ်ရဲ့ပုံကို ၃၀ ရက်နေ့က စ လို့ မြန်မာ့အလင်း ရှေ့မျက်နှာစာမှာ ၄ ရက်နေ့အထိ သူ့ရဲ့ အန္တရာယ်တွေကို ဆောင်ရန်ရှောင်ရန်နဲ့တကွ ဆက်တိုက် ဖော်ပြထားတယ်။
ကျက်သရေရှိသော မူရင်းပုံကို အောက်တွင်ရှု ...
Thursday, December 23, 2010
ရယ်သောသူ အသက်ရှည်၏။
“မင်းက ဘာဖြစ်နေတာတုန်း”
မြို့တစ်မြို့တွင် အဖေရယ် သားတို့ဇနီးမောင်နှံနှင့် သားငယ်လေးတို့ နေထိုင်ပါတယ်။
အဖေကတော့ ၀န်ထမ်းဘ၀ကနေပြီးတော့ သက်ပြည့် ပင်စင်နဲ့ အငြိမ်းစားယူပြီ မြေးကိုထိန်း၊
သားကတော့ အဖေနဲ့ဇနီး၊သား ကို အလုပ်လုပ်ပြီးပြုစုစောင့်ရှောက်ပါတယ်။
တစ်နေ့တော့ သားဖြစ်သူ အပြင်သွားအလုပ်လုပ်နေတုံး ချွေးမက သားကို နို့တိုက်နေတယ်။
အဲဒီအခါမှာ အဖေက ချွေးမရဲ့ လွတ်နေတဲ့နို့တစ်ဖက်ကို သွားပြီး နို့ တစ်ခါ့ စို့လိုက်တယ်။
သားဖြစ်သူပြန်လာတဲ့အခါ ချွေးမ က " တော့ .. အဖေ ၊နေ့လယ်က သားကိုနို့တိုက်နေတုံး
ကျန်တဲ့နို့တစ်ဖက်ကို ၀င်စို့သွားတယ် ၊ အဲဒါ တော် ကြည့်ပြောအုံး " လို့ဆိုတော့
သားဖြစ်သူက ဒေါကြီးမောကြီးနဲ့ " အဖေ ဘာဖြစ်လို့ ကျွန်တော့မိန်းမ နို့ ကို ၀င်စို့ရတာလဲ ဗျ၊ ပြောပါအုံး" လို့ ပြောသတဲ့။
အဲဒီတော့ အဖေက ဘာပြန်ပြောလဲ ဆိုတော့
" မင်း .....
ငါ့မိန်းမနို့ကျတော့ တစ်ဝကြီးစို့ခဲ့တယ်။
အခု ငါ က မင်းမိန်းမနို့ကို တစ်ခါတည်းစို့တာပါကွာ...
မင်းက ဘာဖြစ်နေတာတုံး " လို့ပြောလိုက်သတဲ့။
“မောင်ကောင်း”
တစ်ခါက မောင်ကောက်ဆိုတဲ့ လူတစ်ယောက်ဟာ သူငယ်ချင်း မောင်ချမ်းသာထံ ပိုက်ဆံသွားချေးတယ်။
''သူငယ်ချင်းရေ … ငါ့ကို ပိုက်ဆံ တစ်သိန်းလောက် ချေးပါ။ ကိစ္စ အအရေးကြီးနေလို့ပါ'' တဲ့။
ဒါနဲ့ မောင်ချမ်းသာက “တစ်သိန်းတောင် … များလှချည်လား''
“အရေးကြီးလို့ပါ သူငယ်ချင်းရယ်။ ငါ မန္တလေးက ပြန်ရောက်ရောက်ချင်း တစ်ရက်မဆိုင်း ပေးပါမယ်”
''သေချာတယ်နော်''
''သေချာပါတယ်ကွာ၊ ငါ မန္တလေးက ပြန်ရောက်ရောက်ချင်း တစ်ရက်မဆိုင်း ပြန်ပေးမှာပါ''
ဒါနဲ့ မောင်ချမ်းသာက ပိုက်ဆံပေးလိုက်တယ်။
မောင်ကောက်ဟာ မောင်ချမ်းသာဆီ ပိုက်ဆံမဆပ်ဘူး။
ဒါနဲ့ မောင်ချမ်းသာ က မောင်ကောက်ကို သွားမေးတယ်။
''သူငယ်ချင်းရေ … မင်း ငါ့ပိုက်ဆံ ယူသွားတာ တစ်လ ကျော်နေပြီ ပြန်မဆပ်သေးဘူးလား''
''ပြန်ဆပ်ပါမယ်ကွာ … ငါ မန္တလေးက ပြန်ရောက်ရောက်ချင်း တစ်ရက်မဆိုင်း ပြန်ပေးမှာပါ''
''ဒါဆို … မင်း မန္တလေး မသွားရသေးဘူးလား''
''ဟင့်အင်း၊ မသွားရသေးဘူး''
''မင်း မန္တလေး ဘယ်တော့ သွားမှာလဲ''
'' ငါ….. မန္တလေးကို ဘယ်တော့မှ မသွားဘူး''
“ အချင်းချင်းတွေပါလား ”
ဒုတိယကမ္ဘာစစ်အတွင်းကဖြစ်သည်။ ကတုတ်ကျင်းတွင် ဆိုဗီယက်စစ်သားများရှိနေကြသည်။
၎င်းတို့ဘက်သို့ ဂျာမန်တင့်ကားချဉ်းကပ်လာသည်။ ဆိုဗီယက်စစ်သားများ
မောင်းပြန်သေနတ်တွေနှင့်ပစ်သည်။
မထိ လက်ပစ်ဗုံးပါကုန်သွားသည်။တင့်ကားသည် လက်တစ်ကမ်းအကွာသို့ရောက်လာသည်။ဤတွင်
တစ်ချိန်လုံး မပစ်ဘဲနေသောတပ်သားမိန်းမလျာကို ၀ိုင်းအော် ကြသည်။
``ဟေ့ကောင်..ဘာငေးနေတာလဲ တို့ကို ဒင်းတက်မကြိတ်ခင်မင်းဆီက
လက်ပစ်ဗုံးနဲ့ပစ်လိုက်။´´
``ဟင့်အင်းဟင့်အင်း ကောင်လေးတွေ သနားပါတယ်။´´
``ဟေ့ကောင် ပစ်လို့ပြောနေတာမကြားဖူးလား၊မဟုတ်ရင် ဗုံးအစား
မင်းကိုငါတို့ပစ်လိုက်မယ်နားလည်လား။´´ ``ဟင့်အင်း ဟင့်အင်း
တင့်ကားထဲမှာကောင်လေးတွေရှိနေတယ်လေ..သနားစရာကြီး။´´
ကတုတ်ကျင်းရှေ့တည့်တည့်သို့တင့်ကားရောက်လာသည်။တင့်ကား၏အပေါ်ဖုံးပွင့်သွားပြီး
ခေါင်းတစ်လုံးပြူထွက် လာသည်။ဂျာမန်စစ်သားလှမ်းပြောသည်။
``ကောင်လေးတွေ...နည်းနည်းဖယ်ပေးကြနော်..နို့မဟုတ်ရင် တက်နင်းမိလိမ့်မယ်ကွဲ့။´´
“ ခွေးဖြစ်မယ့်ကောင် ”
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ကဖြစ်ပါသည်။
တစ်နေ့သောအခါ......
သား က အဖေ့ အား သီချင်းတစ်ပုဒ် ဆိုပြသည်။
သား....." လူရည်ချွန်ဖြစ်ဖို့ ကျွန်တော် ကြိုးစားမည်....... "
အဖေ...." ဒါမှ..ငါ့သား ...ကွ "
သား ... " ဆရာဝန်ဖြစ်ဖို့ ကျွန်တော် ကြိုးစားမည် .......... "
အဖေ... " ရည်မှန်းချက်တော်လိုက်တာ ငါ့သား..ရာ........."
သား......" မြန်မာ့သားကောင်းသာရည် ..စစ်သားကြီး ကို ကျွန်တော် မျှော်မှန်းသည်......"
အဖေ ...." ဟင်... ခွေးဖြစ်မဲ့ကောင် " ဟုဆိုပြီး
သားကို ဖနောင့်နဲ့ ထပေါက်လိုက်ပါတော့တယ် ခင်ဗျား...။
“ လျှို့ဝှက်ချက် ”
အသက်ကြီးကြီး စုံတွဲတစ်တွဲသည် နှစ် ၆၀ မြောက် မင်္ဂလာနှစ်ပတ်လည်ပါတီပွဲကို ကျင်းပနေသည်။
ပါတီကို လာရောက်သူတိုင်းက ယခုလိုခေတ်ကြီးထဲတွင် သူတို့၏အိမ်ထောင်ရေးခိုင်မြဲမှုလျှို့ဝှက်ချက်ကို သိချင်နေကြသည်။
ထို့ကြောင့် အဘိုးကြီးက ဤသို့ရှင်းပြသည်။
" ငါတို့စပြီး လက်ထပ်ကာစက သဘောတူညီချက် တစ်ခုယူထားခဲ့တယ်။ အဲဒါကတော့ ငါတို့အိမ်ထောင်ရေးမှာ
အဓိကကျတဲ့ဆုံးဖြတ်ချက်တွေက် ငါက ဆုံးဖြတ်မယ်။ ကျန်တဲ့ဆုံးဖြတ်ချက်တွေကို ငါ့မိန်းမကဆုံးဖြတ်ပေါ့ကွာ။
ဒါပေမဲ့ အမှန်တကယ်ဆုံးဖြတ်ချက်က ဘာလဲသိလား ငါတို့်အိမ်ထောင်သက်တစ်လျှောက်လုံး အဓိကကျတဲ့
ဆုံးဖြတ်ချက်တစ်ခုမှ မချခဲ့ရတာကွ"
--------။---------
“ အကြံပြုချက် ”
လျှပ်စစ်အင်ဂျင်နီယာတစ်ဦး၊ဓာတုဗေဒအင်ဂျင်နီယာတစ်ဦးနှင့်မိုက်ကရိုဆော့ဖ်အင်ဂျင်နီယာတစ်တို့ ကားတစ်စီးအတွင်း
လိုက်ပါလာကြသည်။
ရုတ်တရက်ဆိုသလို ကားထိုးရပ်သွားသောအခါ ၎င်းအင်ဂျင်နီယာများမှာ ဘာလုပ်ရမှန်းမသိဘဲ ကားပျက်သွားခြင်း ဖြစ်နိုင်ခြေအကြောင်းအရာများကို တစ်ယောက်တစ်မျိုးပြောကြသည်။
လျှပ်စစ်အင်ဂျင်နီယာက ကား၏အီလက်ထရွန်နစ်တစ်ခုလုံးဖြုတ်ထုတ်အဖြေရှာရန်ပြောသည်။
ကားအကြောင်းသိပ်မသိသော ဓာတုဗေဒအင်ဂျင်နီယာက တစ်နေရာရာတွင် ဆီပိတ်နေခြင်းဖြစ်နိုင်ကြောင်း ပြောပြီး
နောက်ဆုံးတွင် မိုက်ကိုဆော့ဖ်အင်ဂျင်နီယာက အကြံပြုသည်မှာ
" ကားက Windows တွေအကုန်ပိတ်၊ ငါတို့အကုန်လုံးပြန်ထွက်၊ နောက်ပြန်ဝင်ပြီး
ကာ;စက်နှိုးကြည့်ရင် ဘယ်လိုနေမလဲ" ဟူ၍..............................
“ ပူမနေနဲ့ ”
ကုမ္ပဏီမှ ငွေသန်းပေါင်းများစွာကို ကိုယ်ကျိုးအတွက် သုံးစွဲထားသောလူတစ်ယောက် ရှေ့နေတစ်ဦးထံသွား၍
အကြံဥာဏ်တောင်းသည်။
သူထောင်ထဲမ၀င်ချင်ဘူး ဟု ရှေ့နေအားပြောသည်။ ရှေ့နေက သူ့အား `` ပူမနေစမ်းပါနဲ့ဗျာ၊ ဒါလောက်ပိုက်ဆံ
တွေအများကြီးနဲ့ ခင်ဗျား ထောင်ထဲ မသွားရပါဘူး ´´ ဟု ပြောလေသည်။
ရှေ့နေပြောတာ အမှန်ပင်ဖြစ်သည်။
ထိုသူ ထောင်ကျသွားသောနေ့၌ သူ့တွင် ခြူးတစ်ပြားမှ မရှိတော့ပါ။
-------။--------
“ ပြဿနာ ”
အလွန်စိတ်ဓါတ်ကျပုံပေါက်နေသော လူတစ်ယောက် စိတ်ပညာဆရာဝန်တစ်ဦးထံ ရောက်လာသည်။
`` ဆရာ ဆရာ ကျွန်တော့ကို ကူညီမှဖြစ်မယ်၊ ဒီပုံစံအတိုင်း ဆက်သွားနေလို့ မဖြစ်တော့ဘူး ဆရာ´´
`` ခင်ဗျား ဘာဖြစ်လို့လဲ´´ ဆရာဝန်ကမေးသည်။
`` ဒီလိုဆရာ ကျွန်တော့ အသက် ၃၅ နှစ်ရှိပြီ၊ အမျိုးသမီးတွေနဲ့ အဆင်မပြေဘူးဖြစ်နေတယ်၊
ကျွန်တော် ဘယ်လောက်ပဲ ကြိုးစား၊ သူတို့ကိုကျွန်တော် ချဉ်းကပ်လို့မရဘူးဖြစ်နေတယ်´´ ဟု ထိုသူကပြောသည်။
`` သူငယ်ချင်းရာ ဒါခက်ခဲတဲ့ပြဿနာ မဟုတ်ပါဘူး၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင်လုပ်ပါ၊
မနက်ထရင် မှန်ရှေ့မှာရပ်ပြီး ငါဟာ လူကောင်းတစ်ယောက်၊ ပျော်ပျော်ရွှင်ရွှင်နေတတ်တယ်။
ဆွဲဆောင်မှုရှိတဲ့သူ ဆိုပြီး ယုံယုံကြည်ကြည်ပြောစမ်းပါ။ ဒါဆို တစ်ပတ်အတွင်း ခင်ဗျားဘေးမှာ အမျိုးသမီးတွေ
ဝိုင်းဝိုင်းလည်မေလိမ့်မယ်´´
ဆရာဝန် အကြံပေးချက်ကို ကျေနပ်သွားပြီး ထိုသူလည်း စိတ်လှုပ်ရှားစွာဖြင့် ပြန်သွားသည်။ ရက်သတ္တပတ် သုံးပတ်ကြာသောအခါ ထိုသူပင် စိတ်ဓါတ်ကျသောပုံဖြင့် ပြန်ရောက်လာသည်။
`` ကျွန်တော့ အကြံဥာဏ် အလုပ်မဖြစ်ဘူးလား´´ ဟု ဆရာဝန်ကဆီးမေးလိုက်သည်။
`` အလုပ်ဖြစ်ပါတယ် ဆရာ၊ ဒီနှစ်ပတ် သုံးပတ်အတွင်း အမျိုးသမီးတွေနဲ့ အပျော်ဆုံးအချိန်တွေ ဖြစ်ခဲ့ပါတယ်၊
အမျိုးသမီးတွေကလည်း ခပ်ချောချောတွေချည်းဘဲ´´
`` ဒါဆို ဘာပြဿနာရှိလို့လဲ´´ ဟု ဆရာဝန်ကမေးလေသည်။
ဤတွင် ``ကျွန်တော့အတွက် ပြဿနာ မရှိပါဘူး ဆရာ၊ ပြဿနာက ကျွန်တော့မိန်းမမှာ ရှိနေတာ´´ ဟု
အမျိုးသားကပြန်ပြောလေသည်။
“ မင်း နဲ့ ငါ ”
တစ်ညတွင် လူတစ်ယောက် ၀ါရှင်တန်မြို့လမ်းမပေါ်၌ လမ်းလျှောက်နေရာ လူဆိုးတစ်ယောက် ပေါ်လာပြီး
ထိုလူ၏ နံကြားကို သေနတ်ထောက်၍ `` မင်း ပိုက်ဆံတွေ အကုန်လုံး ငါ့ကိုပေး´´ ဟုပြောလိုက်သည်။
ဤတွင် သေနတ်ဖြင့် အထောက်ခံထားရသူက
`` ငါ ဟာ ကွန်ဂရက်က အရေးပါတဲ့လူတစ်ယောက်ဆိုတာ မင်းသိရဲ့လား´´ ဟုပြောရာ
လူဆိုးက `` ဒါဆိုရင် ငါ့ပိုက်ဆံတွေ အကုန်လုံး ငါ့ကိုပေး´´ ဟုပြောတော့သည်။
------။-------
“ မိန်းမ နဲ့ ခရီးသွားပါ ”
Highway လမ်းမကြီးပေါ်တွင် မိန်းမနှင့်အတူ ကားမောင်းလာသောယောက်ျားတစ်ယောက် သူ့နောက်သို့
ရဲကားလိုက်လာသည်ကို တွေ့သောအခါ ကားကို လမ်းဘေးသို့ထိုးရပ်လိုက်သည်။
ရဲ - တစ်နာရီ ၅၅ မိုင်နှုန်းဇုန်မှာ ခင်ဗျား ၇၅ မိုင်လောက် မောင်းနေတယ်၊ ခင်ဗျားကို ဖြတ်ပိုင်းဖြတ်မယ်။
ယောက်ျား - မဟုတ်ရပါဘူး ဆရာရယ်၊ ကျွန်တော်မောင်းတာ မိုင် ၆၀ လောက်ပဲ ရှိပါတယ်။
မိန်းမ - အိုး.... ဟယ်ရီ၊ ရှင်မောင်းနေတာက အနည်းဆုံး မိုင် ၈၀ လောက်ရှိတယ်။
(ယောက်ျားက မိန်းမကို ရွံမုန်းစွာကြည့်သည်)
ရဲ - ခင်ဗျား လုံခြုံရေးခါးပတ် မပတ်တဲ့အတွက်လည်း ဖြတ်ပိုင်းဖြတ်မယ်။
ယောက်ျား - ဟာ.... မဟုတ်တာ ဆရာရယ်၊ ဆရာ ကားနားရောက်လာမှ ကျွန်တော် ခါးပတ်ဖြုတ်လိုက်တာပါ။
မိန်းမ - ဟယ်ရီရယ်၊ ရှင် ဘယ်တုံးက လုံခြုံရေးခါးပတ် ပတ်လို့လဲ။
ဤတွင် ယောက်ျားကမိန်းမဘက်သို့ လှည့်၍အော်သည်။
`` မင်း ပါးစပ်ကို ခဏလေး ပိတ်ထားလို့ ရမလား၊ ဒီ မိန်းမတော့ကွာ´´
ထိုအခါ Highway ရဲက အမျိုးသမီးဘက်လှည့်၍ `` ခင်ဗျားယောက်ျား အမြဲတမ်း အခုလိုအော်တာလား´´ ဟု မေးရာ အမျိုးသမီးက `` မဟုတ်ပါဘူးဆရာရယ်၊ သူမူးသွားမှ အခုလိုအော်တာပါ´´ ဟူ၍ရှင်းပြသည်။
-----။--------
“ နံနက်စာ ”
ပင်လယ်ကမ်းခြေဟိုတယ်တစ်လုံးတွင် တည်းခိုနေသောဧည့်သည်တစ်ယောက်က
ဝိတ်တာခေါင်းဆောင်အားခေါ်၍ နံနက်စာမှာနေသည်။
``- ကြက်ဥပြုတ်နှစ်လုံး၊
တစ်လုံးက အပြုတ်နည်းပြီး အရည်လည်နေရမယ်။
နောက်တစ်လုံးက မာလွန်းအားကြီးပြီး၊ စားရဖို့ခက်ခဲရမယ်။
- မီးကင်ထားတဲ့အသားပြား နှစ်ပြား ပန်းကန်ပြားထဲမှာအေးစက်နေရမယ်။
- မီးကျွမ်းပြီး ကြွပ်ရွနေတဲ့ ပေါင်မုန့်မီးကင်နှစ်ချပ်၊ ဓါးတင်လိုက်တာနဲ့ကြွေကျသွားရမယ်။
နောက်ပြီး
- ရေခဲသေတ္တာထဲက ချက်ခြင်းထုတ်ထားတဲ့ ထောပတ်၊ ပေါင်မုန့်ပေါ်ဖြန့်လိုမရအောင်မာနေရမယ်။
- အရမ်းပေါ့တဲ့ကော်ဖီတစ်ခွက်၊ အိုး --- ပူတယ်ဆိုရုံဘဲ။´´
`` ဒါဟာ အလွန်ရှုတ်ထွေးတဲ့မှာယူမှုပါခင်ဗျာ´´ ဟု နားမလည်နိုင်သော ၀ိတ်တာက ပြောပြီး
`` တော်တော်လေးကို ခက်ခဲပါလိမ့်မယ်´´ ဟုဆိုသည်။
`` အိုး---- ဒါ မင်းတို့ မနေ့ကချပေးတဲ့နံနက်စာအတိုင်းပဲလေ´´
ဟု ဧည့်သည်ကပြန်ပြောလေသည်။
------။-------
“ သိတာပေါ့ ”
လက်ထပ်ပြီးခါစ ဇနီးမောင်နှံနှစ်ဦး ပျားရည်ဆမ်းအပန်းဖြေခရီး တတိယနေ့ဖြတ်သန်းပြီးနောက်
တည်းခိုရာဟုတည်ခန်းထဲမှ ထွက်လာကာ စားသောက်ခန်းသို့ခြေဦးလှည့်ကြသည်။
ထိုင်ခုံတွင်နေရာယူပြီးနောက် ၀ိတ်တာတစ်ယောက်ရောက်လာပြီး ၎င်းတို့မှာယူမှုကိုရေးမှတ်ရန်
စောင့်ဆိုင်းနေစဉ်-
အမျိုးသားက ဖနီးဖြစ်သူကိုကြည့်ရင်း
`` ကိုယ်-- ဘာလိုချင်လဲဆိုတာ မင်းသိတယ်မဟုတ်လား----အချစ်ရယ်´´
ဟုပြောရာ
`` သိတာပေါ့... ဒါပေမဲ့.. တစ်ခါတစ်လေလည်း ကျွန်မတို့စားဖို့သောက်ဖို့လိုအပ်တယ်လေ´´
ဟု ဇနီးက ပြန်ပြောလေသည်။
-------------။------------
“ ရေအိမ်ထဲက မိုဘိုင်းဖုန်း ”
ယောက်ျား - ဟယ်လို။
မိန်းမ - ကို လား.....၊ ချစ်ပါ၊ ကို.... ကလပ်ရောက်နေလားဟင်။
ယောက်ျား - အင်း။
မိန်းမ - ချစ်၊ ရှော့ပင်ထွက်နေတာ၊ ဒီမှာ သားရေဂျာကင်လေးတစ်ထည် အရမ်းလှတာပဲ၊ ဒေါ်လာ ၁,၀၀၀ တည်းရယ်၊ ချစ် ၀ယ်လိုက်ရမလား ဟင်။
ယောက်ျား - အင်း... ချစ်အရမ်းကြိုက်နေရင်လည်း ၀ယ်လိုက်လေ။
မိန်းမ - နောက်ပြီး ဒီမှာ စိန်ဘယက်တစ်ခုလည်းတွေ့တယ်၊ ချစ် အရမ်းကြိုက်တဲ့ ပုံစံလေး။ ကို တွေ့ရင်လဲ ကြိုက်မှာပဲ။
ယောက်ျား - အဲဒါက ဘယ်လောက်လဲ။
မိန်းမ - ဒေါ်လာ၂၀,၀၀၀ တည်းပါ။
ယောက်ျား - အဲဒီဈေးနဲ့ဆိုရင် အလျော့တွက်၊လက်ခတွေ လျှော့ခိုင်းအုံးနော်။
ယောက်ျား - ဘိုင်........ ချစ်။
အမျိုးသားက ဖုန်းပိတ်လိုက်သည်။ ရေအိမ်ခန်းထဲက တခြားယောက်ျားများက သူ့ကို တအံ့တသြကြည့်နေကြသည်။
ထို့နောက်တွင် အမျိုးသားက `` ဖုန်းတစ်လုံးကောက်ရထားတယ်..... ဒါဘယ်သူ့ဖုန်းလဲ´´ ဟု
အခန်းထဲမှ လူများကို အော်မေးလိုက်သည်။
-------------။--------------
“ ဒီကျောင်းရွေးပါ ”
တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသောကျောင်းသားတစ်ဦးနှင့် သူ့မိဘများသည် နာမည်ကြီးတက္ကသိုလ်တစ်ခုအား လှည့်ပတ်ကြည့်ရှုနေသည်။
တက္ကသိုလ်အား လိုက်ပြနေသောလမ်းညွှန်ကလေးမလေးကလည်း အပြောကောင်းသည်။ ကျောင်းစာကြည့်တိုက် သည် နိုင်ငံတွင် အကောင်းဆုံးစာရင်းဝင်ကြောင်း၊ လက်တွေ့ခန်းများကလည်း ကမ္ဘာ့အဆင့်မီကြောင်း လမ်းညွှန် ကလေးမလေးက ပြောကြားသလို ပါမောက္ခများသည်လည်း ကမ္ဘာကျော်များဖြစ်၍ စောစောအပ်ထားမှ စိတ်ချရမည် ဟု ဆိုလိုက်ပါသေးသည်။
`` ကျောင်းက နံမည်ကြီးတော့ လျှောက်တဲ့သူ အရမ်းများတယ်လေ´´ ဟုလည်း ခပ်ကြွားကြွားပြောလိုက်သည်။ ကျောင်းအား လိုက်လံပြသပြီး အပြန် လမ်းတွင် ကျောင်းသားဘခင်က `` ဒါနဲ့ သမီးက ဒီကျောင်းကို ဘာလို့ ရွေးခဲ့တာလဲ´` ဟုမေးရာ
``ကျွန်မ boyfriend က ဒီမှာတက်နေတယ်လေ´´ ဟုသွက်သွက်လက်လက်ဖြေကြားပါ၏။
“ အချစ် ”
- အချစ်ဆိုတာ
ဇရာအိုတွေ
ကာရာအိုကေဟဲသလို ။
- အချစ်ဟူသည်
မဒီပျိုတွေ
စီဒီအိုကေ ဟဲသလို
အမြဲမပြတ်
မလပ်ခံစား
နှလုံးသားရဲ့လိုအပ်ချက်။
မောင်ဆင့်(ဆင်မင်း)
“ မိန်းမ ”
- ကိုယ့်ယောက်ျားကိုကျတော့
အရှက်တရားကင်းတဲ့
အရက်သမား ငဖျင်းဆိုပြီး
အော်ကြီးဟစ်ကျယ် သိက္ခာချ
ငါးပိရည်နဲ့ ကျွေးသဗျ။
- ကိုကြီးကျော်ကိုကျတော့
ရမ်၊ ၀ီစကီ မကျန်ရ
မျက်နှာမညိုးအောင်ဆက်သ
ကြက်ပေါင်ကြော်ကလှလှ
အတွေးအခေါ်ခေါင်လွန်းသပ
အ၀ီစိဇောက်ထိုးကျမယ့်ဟာမ။
ဗြုပ်ဂျောင်း (တောင်ကုတ်)
ကိုကြီးကျော် = ဦးမင်းကျော်နတ်
“ ယခင်နှင့်ယခု ”
- ရွှေမြိုင်သူများ
တင်ရင်ထွားသည်
ယောက်ျားမက်ဆေးတစ်ဖုံတည်းတဲ့။
- အရင်စာချိုး
သူတို့မျိုးလည်း
တစ်မျိုးခုများ
လိပ်ခါးဖါးဖင်
သည်အသွင်ကြောင့်
ငါလျှင် ပြန်ပေးဟိုအဝေး။
မောင်ပျာယာ
“ ဖြေနိုင်ပေါင် ”
မော်လမြိုင် စာပေအသိုင်းအ၀ိုင်းမှာ နီမုဒုံဆိုလျှင် မသိတဲ့သူမရှိဘူး။ စာအရေးကောင်းပြီး ကာတွန်းလဲ အရေးကောင်းပါလေ။ ဒါပေမဲ့ ခက်တာက စိတ်ကတော့ လူငယ်စိတ်။
တစ်နေ့ လက်ဖက်ရည်ဆိုင်မှ စာပွဲထိုးအသစ်ကကောင်မလေးက သူ့ကို ``အဘိုး´´ လို့ခေါ်လိုက်တာ သူ့မှာ စိတ်ဆိုးလိုက်တာမပြောပါနဲ့တော့။
တစ်နေ့ မှတ်မှတ်ရရပါပဲ။ ကျွန်တော် ``ကျော်ကျော်´´စာပေကိုအသွား လက်ဖက်ရည်ဆိုင်မှာ လင်းတ လို မှိုင်နေတဲ့ ဆရာနီ ကိုတွေ့တာနဲ့
`` ဆရာ--- တစ်ယောက်တည်းလား၊ မျက်နှာည်းမကောင်းပါလား´´
ဆရာနီကိုကြည့်လိုက်တော့ တစ်ခုခုတော့ဖြစ်နေပြီဆိုတာ သိလိုက်တယ်။ ဘယ်သူနဲ့ ဘာပြဿနာ တက်လာပြန်လဲမသိဘူး။
`` ဆရာ --- ဘာအခက်အခဲရှိလို့လဲ ကျွန်တော် ဘာကူညီရမလဲ´´
`` ငါ မဖြေနိုင်ဘူး ရဲဟန် ရာ´´
ဟုတ်ပြီ၊ တစ်လောက သူ့မြေးမလေး လင်နောက်လိုက်သွားလို့ စိတ်မကောင်းဖြစ်နေတာဘဲဖြစ်ရမယ်။
`` စိတ်မကောင်းမဖြစ်ပါနဲ့ဆရာရယ်၊ လူဆိုတာ သီးချိန်တန်သီး၊ ပွင့်ချိန်တန်ရင်ပွင့်ရမယ်မဟုတ်လား။ ဆရာ့ မြေးမလေးလည်း တစ်ချိန်ကျရင် သူ့ချစ်သူအမျိုးသားနဲ့ ဆရာ့ဆီကို ပြန်ရောက်ကြမှာပါ´´
အဲဒီတော့မှ ဆရာနီ ကျွန်တော့ကို မျက်လုံးပြူးပြူးကြီးနဲ့ကြည့်ပြီး
``ဘာတွေပြောနေတာလဲ ရဲဟန်´´
``မသိဘူးလေ ဆရာဘဲ မဖြေနိုင်ဘူးဆို´´
အဲဒီမှာ ဆရာနီမုဒုံ မှ ပြန်ပြောလိုက်တဲ့စကားကြောင့် ကျွန်တော့ကိုယ်ကျွန်တော် `` ကျွန်တော်မျိုးကြီး သေသင့်ပါတယ်´´လို့တောင် ပြောလိုက်ချင်တော့တယ်။
သူပြောလိုက်တာလဲကြည့်ဦး -
`` ရမ်းတုတ်မနေနဲ့ ရဲဟန်၊ မနေ့ညနေက ငါ့သူငယ်ချင်း မုဒုံဆက်နေ က င့ါကို အရက်တိုက်လိုက်တယ်၊ သူအရက်တိုက်တာက ကိစ္စမရှိဘူး၊ ငါ့မှာ ဒီမနက် အရက်နာကျပြီး ခြေတုန်လက်တုန်နဲ့ မောနင်းပက်လေး ပြန်ဖြေဖို့ကလည်း ပိုက်ဆံက တပြားမှမရှိ၊ ဒါကြောင့် မင်းကို ``မဖြေနိုင်ဘူးကွာ´´ လို့ပြောနေတာ၊
ကဲ ဖြေနိုင်အောင် ငွေတစ်ထောင်လောက်ချေးစမ်းပါဦးတဲ့´´
အင်း မှားပါတယ် ဆရာနီရယ် -----။
ရဲဟန်ဟန် (မော်လမြိုင်)
သူငယ်ချင်းတွေထံမှ လိုက်လံဖတ်ရူမိသမျှလေးတွေကို ထပ်မံ ပြန်လည်မျှဝေလိုက်ပါသဖြင့် ထပ်တူထပ်မျှ ပြုံးပျော်ရွှင်ကြပါစေ။
စာရေးသူကတော့ တောသူမလေး ဖြစ်ပါတယ်.
http://tawthumalay.blogspot.com
Rest of your postအညာနွေတမာမြေ
Saturday, November 6, 2010
ကြေးမုံအွန်လိုင်း နောက်တခု
ကြေးမုံအွန်လိုင်းသတင်းစာကို ဘယ်သူတွေများ ပြောင်းလိုက်ပါလိမ့် ကြည့်ကြပါဦး အရပ်ကတို့ရယ် http://www.kyaymon.info/ လိပ်စာက အဲဒါမှာကြည့်လိုက်ပေတော့
အညာနွေတမာမြေ
Wednesday, November 3, 2010
Thursday, July 22, 2010
မြန်မာ့အလင်းက ဟာသတပုဒ်

မြန်မာပြည်မှာ ရထားစီးတဲ့သူတွေတောင် တော်တော်တိုးတက်နေပြီနော်။ ခရီးသွားတာ တိုင်းရင်းသားဝတ်စုံတွေနဲ့ ဟောသလို သွားကြတယ်တဲ့။ ဒီနေ့မနက် မြန်မာ့အမှောင်သတင်းစာက ရှေ့ဆုံးစာမျက်နှာမှာပါတဲ့ ပုံနဲ့စာကို ရှု
ဟင်္သာတ-ဇလွန် ရထားလမ်းဖွင့်ပွဲမှတင် မဟုတ်ပါဘူး။ ဖွင့်ပွဲမှန်သမျှ ကျောင်းသားလေးတွေကို တိုင်းရင်းသားဝတ်စုံတွေဝတ်ခိုင်း၊ လက်အုပ်ချီခိုင်း၊ ပြည်သူတွေကို သူတို့လာမယ့် လမ်းတလျှောက် နေပူထဲ မတ်တပ်စောင့်ပြီး ဒုက္ခခံခိုင်း ပြီးရင်တော့ သူတို့ သတင်းစာထဲမှာ အရှက်မရှိ ပြည်သူတွေက သောင်းသောင်းဖြဖြ ကြိုဆိုပါတယ် ဘာညာနဲ့ ထည့်ရေး။
အခုလည်း ကလေးတွေကို ရထားပေါ်တက် လက်အုပ်ချီခိုင်းပြီး ရထားဖြင့် လိုက်ပါကြမည့်သူများတဲ့ …
အညာနွေတမာမြေ
Monday, June 7, 2010
ရန်ကုန် “မှိုင်း”
ပထမလူ - “ရွေးကောက်ပွဲက ဘယ် လ ထဲမှာ စ မှာလဲ.. သိလား။”
ဒုတိယလူ - “ဘယ်တော့ စ မှာလဲ မသိဘူး။ အဲဒီ့အတွက်ဆိုပြီး ရက်ကွက်လူကြီးက အစောနလေးတင် အိမ်ထောင်စု စာရင်းထဲက လူနာမည်တွေနဲ့ မွေးနေ့တွေက စ ပြီး အသေးစိတ် လာကောက်သွားလေရဲ့။”
ပထမလူ - “အဲဒီလူ လာတုန်းက ရွေးကောက်ပွဲအကြောင်း.. ဘယ်တော့ စ မှာလဲ..၊ ဘယ်လို မဲပေးရမလဲ...ဘာညာ.. အဲဒါတွေ.. မေးမကြည့်လိုက်ဘူးလား။”
တတိယလူ - “မေးမကြည့်မိပါဘူး။ အဲ..ဒါပေမယ့် .. သန်ခေါင်းစာရင်း မလုပ်ရသေးတဲ့အိမ်တို့၊ သန်းခေါင်စာရင်း မရှိသေးတဲ့အိမ်တို့ဆို ခုနေချိန် လုပ်ရလွယ်မယ် ပြောသွားတာပဲ။ ဟုတ်မဟုတ်တော့ သေချာ မသိဘူး။ စကားမစပ် ခင်ဗျားရဲ့ ညီမလေးမိသားစု.. ဟိုတလောက အိမ်ပြောင်းပြီး သန်းခေါင်းစာရင်း လိုက်.. မပြောင်းရသေးလို့ဆို၊ အဲဒါ ခု သွားလုပ်ပါလား။ ရွေးကောက်ပွဲအတွက် လုပ်ပေးနေတုန်း ... သွားလုပ်ထားနော်။ ပုံမှန်ဆို... ဟိုဟာကြေးတောင်း၊ ဒီဟာကြေးတောင်းနဲ့သန်းခေါင်စာရင်း ရဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။”
ပထမလူ - “ရွေးကောက်ပွဲအတွက် ပါတီတွေ ဖွဲ့ကြတဲ့ အထဲမှာ.. ဘယ်ပါတီတွေ ကို စိတ်ဝင်စားမိလဲ။”
ဒုတိယလူ - “ပွင့်ပွင့်လင်းလင်းပြောရရင်.. စီးပွားရှာနေရတာနဲ့ အဲဒါတွေ သေချာ မလေ့လာမိပါဘူးဗျာ။ အချိန်တန်တော့လဲ.. ကိုယ့်ဘာသာကိုယ် ရှာဖွေစားသောက်ရမှာပဲ မဟုတ်လား။ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်..၊ ဘယ်သူတွေပဲ ပါတီဖွဲ့ဖွဲ့၊ ဘယ်အစိုးရပဲ တက်တက်..အဲဒီ့ နောက်တက်မယ့်လူတွေအနေနဲ့ ၂၄နာရီစလုံးသာ မီး မှန်မှန်ပေးမယ်ဆိုရင် သူတို့ကို ညတိုင်း ထိုင်ပြီး ဦးချချင်ပါရဲ့။ ခုတော့ဗျာ.. မီးပျက်တိုင်းမှာ.. မီးပျက်လို့ စိတ်ညစ်ရတဲ့အပြင်.. မီးစက်တွေ၊ မီးစက်သံတွေကြောင့် ဒုက္ခများလှပါရဲ့။ ပလက်ဖောင်းပေါ်လဲ မီးစက်တွေ အသီးသီးနေရာယူထားကြတော့ လမ်း ကောင်းကောင်း မလျှောက်ရ၊ မီးစက်သံတွေကြောင့် စကားလည်း ကောင်းကောင်းမပြောရ၊ တဒုန်းဒုန်း.. တအုန်းအုန်းနဲ့.. ဒီပုံအတိုင်း ကြာလာရင် နားဆရာဝန်တွေ အလုပ်များလာမှာ အမှန်အကန်ပဲ။ လာလိုက်ပျက်လိုက်နဲ့မို့ မီးတွေလဲ လောင်ကြ။ ခု..ကြည့်ပါလား.. မီးသာမှန်မှန်လာနေမယ်ဆိုရင် မင်္ဂလာဈေးကြီး မီးလောင်ချင်မှ လောင်မှာပေါ့ဗျာ။ ခုတော့ ပေါ့ဆသူရဲ့ အပစ်ဖြစ်ရပြန်တယ်။ နောက်ပြီး... မီးစက်ထဲ ထည့်ဖို့ ဆီတွေလှောင်ထားတာကြောင့် မီးရေးထင်းရေးလည်း တစ်ချိန်လုံး စိတ်ပူနေရ..မလွယ်ပါဘူးဗျာ။ ဒါကြောင့် တကယ်ပြောတာဗျာ.. ဘယ်သူပဲတက်တက်.. ၂၄နာရီသာ မီးလာမယ်ဆိုရင် သူတို့ရဲ့ ဓာတ်ပုံကြီးတွေချိတ်ပြီးတော့ကို ငှက်ပျောပွဲ အုန်းပွဲနဲ့ ကန်တော့လိုက်ချင်ပါသေးရဲ့ဗျာ။”
ပထမလူ - “ဒါဖြင့်..ကျနော်သိချင်တာ.. ရွေးကောက်ပွဲ........”
ဒုတိယလူ နှင့် တတိယလူ - “သွားလိုက်တော့..၊ နင် သွားလိုက်တော့... ”
(forward mail မှရလာသော ဟာသလေးကို ပြန်လည်မျှဝေပါသည်)
အညာနွေတမာမြေ
Saturday, May 1, 2010
ကျုပ်တို့အရပ် ကျုပ်တို့ဇာတ်
ကျုပ်တို့ရွာဟာ ဧရာဝတီနဲ့ ချင်းတွင်းမြစ်နှစ်မွှာဆုံရာ အောက်နားလေးက အောင်သာရွာပါ၊ ဒီရွာမှာ နှစ်စဉ် ပြာသိုလဆန်းရောက်တိုင်း ရွာဘုရားပွဲကျင်းပပေမဲ့ ဇာတ်ပွဲမငှားပဲ မင်းသမီး ၂လက်လောက်နဲ့ ဇာတ်ဂွင်တွေကိုငှားပြီး အရပ်ပြဇတ်ကနေကျ ဖြစ်ပါတယ်။ တနှစ်မှာတော့ တမျိုးဆန်းအောင်ဆိုပြီး တီးဝိုင်းပါငှား စတိတ်ရှိုးလုပ်ကြတာပေါ့။
စတိတ်ခုံဆောက်တော့ ရွာက ကာလသားတွေဗျာ ပရိတ်သတ်ဘက်ကို နည်းနည်းနိမ့်ထားပြီး နောက်က နည်းနည်းလေးမြင့်ထားတယ် စတိတ်ခုံ နိမ့်လျောလေးဖြစ်အောင် ဆောက်ခိုင်းတယ်ဗျ။
ဘာလို့အဲလိုဆောက်သလဲ မေးကြည့်လိုက်။ တနှစ်လုံး ဖင်ထဲ ရွံ့တခွဲသားဝင်အောင် ကုန်းရုန်းရှာပြီး ၀ယ်ထားတဲ့ ၂ထောင်တန် ဝေါကနဲရှုးဆိုတဲ့ ဘွတ်ဖိနပ်တွေကို တနှစ်တခါမှ လူ့ရှေ့သူ့ရှေ့စီးရတာမို့ ပရိတ်သတ်မြင်အောင်လို့တဲ့ဗျာ အဲလောက်ဥာဏ်ကြီးတယ်။
ဘုရားပွဲနေ့ လာပြီဗျာ။
တယောက်ပြီး တယောက် ဆိုကြရင်း ရွာထဲက အပျိုမှန်သမျှ သူမပိုးဖူးသူ မရှိတဲ့ လူပျိုသိုးကြီး ကိုအောင်ငွေအလှည့်။ ချစ်ကောင်းရဲ့ အိုး သွားစမ်းပါ မာယာတွေရိုးနေပြီကွာ ဆိုတဲ့ သီချင်း ကို ဆိုတယ်ဗျ။
ဘောင်းဘီလက်ရှည်နဲ့ မိတ်ကပ်က ပြာဟောက်နေအောင်လူးထားပြီး ညဖက်ကြီးမှာ နေကာမျက်မှန်အနက်ကြီးတပ် တက်လာလေရဲ့။ တေးသရုပ်ဖေါ်ကပါသေးတယ်ဗျ။
ခွေးလေးကိုကြိုးနဲ့ဆွဲကာ ခေါ်သွားမလား လို့ ဆိုရင်း ခွေးပိန်လေးတကောင်ကို နဖားကြိုးဟောင်းနဲ့တပ်ပြီး ဆွဲလာလေရဲ့။ ခွေးက စတိတ်ခုံပေါ် မလိုက်ချင်လို့ ယက်ကန်ယက်ကန်နဲ့။ ဒါကိုဇွတ်ဆွဲလာတယ်။ စတိတ်စင်ကလည်း ရှေ့ကို လျှောထားတော့ သူ့ခင်မျာ သီချင်းကလည်း မမှားအောင်ဆိုရ။ ခွေးကိုလည်း တဖက်က ထိန်းရ။ စီးနေကျ မဟုတ်တဲ့ ဝေါကနဲ့ရှူးနဲ့ ရှေ့ကို ချော်မကျအောင်လည်း ထိန်းရနဲ့ ဗျာများနေလေရဲ့။
နောက်ကျောမှာလည်း ဗကပ ကျောပိုးအိတ်ကြီးလည်း ပိုးထားသေးသဗျ။ အဓိပ္ပါယ်ကတော့ သီချင်းထဲကစာသားအတိုင်း ကျောပိုးအိပ်လေးထဲထည့်ကာလွယ်သွားမလားပေါ့။ ဂလိုဂလို ။
ပရိတ်သတ်ကလည်း တ၀ါးဝါးပေါ့ ၁၀၀ တန်ဆယ်ရွက်လောက်ကို အပ်ချီကြိုးနဲ့သီပြီး တက်စွပ်သူကစွပ် ပန်းကုန်းတက်စွပ်သူကစွပ်နဲ့ပေါ့ဗျာ။ သူ့အလှည့်ပြီးသွားတော့ မဲနှိုက်ထားတဲ့အတိုင်း လာပြီ နောက်တယောက်။
သတိမေ့တတ်တဲ့ ဖိုးနိုင်။ သူဆိုမှာက သန်းထွန်းလေးရဲ့ မွေးဌာနီသီချင်း။ တွံတေးသိန်းတန်ဟန်နဲ့ တိုက်ပုံအကျီ အ၀ါနဲ့ ပုဆိုးရွှေရောင်ရခိုင်လုံခြည် ၀တ်ပြီးတက်လာပြီ။ တိုက်ပုံရင်ဘတ်မှာလည်း နှင်းဆီပန်းနဲ့ဘာနဲ့။ အင်္ကျီပြင် ထုတ်ဝတ်ထားတဲ့ လက်သန်းလောက်ရှိတဲ့ ဆွဲကြိုးကြီးကလည်း ရင်ဘတ်မှာ တ၀င်းဝင်းနဲ့ဗျ။
လက်ထဲက သီချင်းစာသားမေ့မှာကြောက်လို့ ယူလာတဲ့ စာရွှက်ကို စတိတ်ပေါ်တက်ခါနီး တခါကြည့်ပြီး လာလေရဲ့။ သီချင်းစာရွက်ကို စတိတ်ပေါ်ရောက်တော့ တိုက်ပုံအိပ်ထဲ မှင်သေသေ ထိုးထည့်လိုက်တယ်။
မွေးဌာနီ အညာရပ်ဆီသို့ မျှော်ရည်ရော်မှန်း စိတ်ဝယ်တန်းတ မှန်းဆပါသည် တမ်းတပါသည် ……. အမယ် အဟုတ်ဗျ သန်းထွန်းလေးသာရှိရင် ငိုတောင်သွားအုံးမယ်။ ပရိတ်သတ်ကလက်ခုပ်တီး သူကလည်း ဟန်ပါပါနဲ့ လက်တွေပြနှုတ်ဆက်လို့ …
ဆိုရင်း ဆိုရင်းကနေဗျာ … လက်ပံပွင့်တွေ လေအတိုက်ကြွေကြတဲ့တခါ တ၀ဲဝဲ ၀ဲလည် လေယာဉ်ပမာ …ဆိုတဲ့ နေရာရောက်တော့ သူမေ့ပြီ အပွင့်တော့အပွင့်ပဲ ဘာပွင့်မှန်းမသိဘူး စဉ်းစားပြီးချွေးပြန်နေပြီ။
ကီးဘုတ်တီးတဲ့သူကလည်း ခေါင်းငြိမ့်ပြီး ဆိုဖို့အချက်ပေးလေလေ သူစဉ်းစားမရလေ ဖြစ်နေရော …
ကီးဘုတ်က တတိန်တိန်မြည်လိုက် သီချင်းဆိုမယ့်သူကို စောင့်လိုက်နဲ့ ခနခနဖြစ်နေတော့ သူ့သား သတိမေ့တတ်တာကိုသိတဲ့ အဖေလုပ်သူ ၀ါသနာအိုးက အိမ်ကကြိုတင်ယူလာတဲ့ လက်ပံပွင့်ခြောက်ကို စင်ပေါ်ပစ်ပေးလိုက်တယ်ဗျ။ သူ့သားဒီအပွင့်မြင်ရင် အိုကေပြီပေါ့။
ဖိုးနိုင်က ကပျာကယာ ကောက်ယူလိုက်ပြီး စဉ်းစားပေမဲ့ အဖြေပေါ်ဟန် မတူဘူးခင်မျ။
ကီးဘုတ်တီးတဲ့သူကလည်း သူသီချင်းမေ့နေမှန်းသိလို့ မှေးခေါ်ပြီး ပြန်တီးပေးတော့ ဒီသီချင်းအလိုက်လဲရောက်ရော ဖိုးနိုင် တယောက် လက်ထဲက လက်ပံပွင့်ခြောက်လေးကို ဟန်ပါပါ မြှောက်ရင်း အားပါးတရ ဆိုချလိုက်တာက
ဟောသလို အပွင့်တွေ လေအတိုက် ကြွေကြတဲ့အခါ တ၀ဲလဲ ၀ဲလည်လေယာဉ်ပမာ တဲ့
Rest of your post
အညာနွေတမာမြေ
Tuesday, August 25, 2009
ဒို့ရွှေမြန်မာတွေ အီးလိုမှာ ခေသူမဟုတ်ပါ
မြန်မာလူမျိုး တော်တော်များများဟာ အင်္ဂလိပ်စာကို အကျွမ်းကြီး မဟုတ်တောင်
နဲနဲပါးပါးတော့ပြောနိုင်ဆိုနိုင်ကြပါတယ်။ ဆိုက်ကားသမား Taxi သမားကအစ၊
မြင်းလှည်းသမား အဆုံး နဲနဲပါးပါးတော့ ပြောတက်ကြပါတယ်။ ဒါပေမယ့်လည်း
လူတိုင်းသတိထားရမှာက နိုင်ငံခြားသားတိုင်း အင်္ဂလိပ်စာမတက်ဖူးဆိုတာပဲ။
ပြင်သစ် တော်တော်များများ အင်္ဂလိပ်စာဘက်မှာ အားနည်းပါတယ်။
ဒီအဖြစ်အပျက်ကလေးကတော့ Taxi သမားတစ်ယောက်ကြုံခဲ့ရတဲ့ဟာလေးပေါ့။
တစ်ခါကနိုင်ငံခြားသားတစ်ယောက် (ပြင်သစ်လူမျိုး) ကားငှားတယ်….
taxi သမားကမေးလိုက်တယ်… သူတက်သမျှမှတ်သမျှလေးနဲ့ပေါ့…
where u go?
Reclining Buddha. (လျောင်းတော်မူဘုရား)
ပြင်သစ်လူမျိုးက Buddha "ဗုဒ္ဓ" ကို"ဘုတ" ဆိုပြီးပြောလိုက်တော့… ကားသမားက
Yes. Yes. 1500 kyats.
Ok.
ဆိုပြီးထွက်သွားကြရော…. မိနစ် ၂၀ လောက်နေတော့ ရှုးရှုးရှဲရှဲနဲ့ပြန်ရောက်လာတယ်…
ဘာဖြစ်လို့လဲ မေးကြည့်တော့… ပြင်သစ်လူမျိုးက သူဘုရားသွားချင်တာကို သူ့ကို
တစ်ခြားနေရာခေါ်သွားတယ်တဲ့… ဒါနဲ့ချစ်ပါတယ်လဲဘယ်ရမလဲ
ကားသမားကိုဖြဲတာပေါ့......(ပါးစပ်)
ခင်းဗျားကဘယ်ကိုခေါ်သွားတာလဲဆိုတော့…
ရန်ကုန်ဘူတာကြီးကိုတဲ့ သူပြောတယ် ဘူတာ ဘူတာ နဲ့ဆိုလို့
ရန်ကုန်ဘူတာကြီးကိုခေါ်သွားလိုက်တာလေတဲ့….
ကောင်းပါလေ့… ကောင်းပါလေ့.…့လို့ပဲ ပြောလိုက်ရတော့တယ်….
နောက် ကားသမားတစ်ယောက်ကလဲ ခရီးစဉ်ထွက်သွားတယ်… နိုင်ငံခြားသားတွေနဲ့ပဲ….
ကလော၊ အင်းလေး၊ တောင်ကြီး၊ မန္တလေး အစုံပေါ့…..
ကလောရောက်တော့ နှစ်ညအိပ်တယ်... နောက်တစ်နေ့မနက်စထွက်မယ်ဆိုတော့
မနက်အစောကြီး အရမ်းအေးပြီး ကားက နှိုးလို့မရဘူး… သွားတဲ့အချိန်ကလဲ
ဒီဇင်ဘာလကြီးဆိုတော့ အေးလိုက်တာမှာ ခိုက်ခိုက်ကိုတုန်နေတာပဲ…
ဒါပေမယ့်ကားသမားကတော့ သူ့ကားနှိုးလို့မရလို့ ချွေးတွေပြန်ပြီး
ဒေါသတွေထွက်နေပြီ နိုင်ငံခြားသားတွေကလဲ ဘာဖြစ်တာလဲ..
ကားကတစ်လမ်းလုံးကောင်းနေပြီးတော့ အခုမှဘာဖြစ်တာလဲဆိုပြီး ပွစိ ပွစိ
နဲ့ပေါ့… ဒါနဲ့ကြံရာမရတဲ့အဆုံး ကားသမားက ဟိုတယ်ကနေ
မီးတုတ်တစ်ခုတောင်းလိုက်တယ်…. နောက်ပြီးကားအောက်ထဲကို ဖင်ဘူးတောင်းထောင်
အောင်ကုန်းပြီး ကားအင်ဂျင်ကို အပူပေးတော့တာပဲ… Heat
တိုက်တယ်လို့လဲခေါ်တယ်လေ… အဲဒီမှာတင် နိုင်ငံခြားသားတွေအကုန်လုံး
ပြူးပြူးပျာပျာ တွေဖြစ်ကုန်ပြီး ကားနားလေးကနေ၀ုန်းကနဲ
ကိုထွက်ပြေးကုန်ကြတယ်… ပြီးတော့ အနားလဲမကပ်ရဲ… ကားသမားကလဲ အားရပါးရကို
မီးတုတ်ကြီးနဲ့ ဖင်ကြီးကုန်းပြီး Heat တိုက်လို့ကောင်းတုန်း…
အင်ဂျင်ပူလောက်ပြီထင်မှ ကားအောက်ကနေထွက်လာတယ်… အဲဒီမှာတင် ခေါင်းဆောင်
နိုင်ငံခြားသားကမေးလိုက်တယ်…
Are u crazy?
အာ ယူ ကလေးစီး… တဲ့....
်ကားသမားလဲ နဂိုကမှ ကားစက်မနိုးလို့ဒေါသထွက်နေရတဲ့အထဲ အခုလိုလာပွားတော့
တင်းသွားပြီး
This is not ကလေးစီး. This is လူကြီးစီး……. ဆိုပြီးတော့ ပြောလဲပြော
ကားပေါ်လဲတက်ပြီး စက်နှိုးလိုက်တာ ၀ူး….
ကနဲနိုးသွားပြီးလိုရာခရီးကိုဆက်သွား ခဲ့ရတယ်လေ….
အဲဒီမှာတင်နိုင်ငံခြားသားတွေက မီးတုတ်ကြီးတွေမြင်တိုင်း လူကြီးစီး
လူကြီးစီး… ဆိုပြီးထအော်တော့တာပဲ….
ပုဂံက အမှတ်တရလက်ဆောင် ရောင်းတဲ့မိန်းမကြီးကလဲ
အင်္ဂလိပ်စကားကိုအရမ်းပြောတက် ချင်တာ… တိုးရစ်ဂိုက်တွေလာရင်
သူတို့ပြောတာကြည့်ပြီး အရမ်းကိုပြောတက်ချင်တာပေါ့..ခင်တဲ့ ဂိုက်တွေကလဲ
သင်ပေးတယ်… အားလဲပေးတယ် ပြောသာပြောအစ်မ မကြောက်နဲ့ မှားသွားရင်လဲ
ရှက်စရာမလိုဘူး သူတို့လဲ ဒီလိုနဲ့ပဲစခဲ့တာပဲ ဘာညာပေါ့နော…..
အဲဒီမှာတင်အားတွေရှိပြီးပြောချင်နေတော့တာပဲ…
ဒီလိုနဲ့ပဲ ခရီးသွားအဖွဲ့တစ်ခု သူ့ဆိုင်ကိုဝင်လာတယ်…. ခေါင်းဆောင်
ဂိုက်ကလဲ သူနဲ့ခင်နေတော့ အစ်မပြော မကြောက်နဲ့ ဆိုပြီး သင်ပေးတယ်
ပြောခိုင်းတယ်….
အဲဒီမှာ နိုင်ငံခြားသားတစ်ယောက်က ဘီလူးရုပ်ကလေးတစ်ခုကိုမေးလိုက်တယ်…..
How much is it? (ဘယ်လောက်လဲ)
It is 80$. ဒေါ်လာရှစ်ဆယ်ကျပါတယ်ပေါ့… အဲဒီအထိဟုတ်နေတုန်းပဲ…
နိုင်ငံခြားသား ဆက်ပြောလိုက်တာက…
Oh… very Expensive….
အစ်မကြီးက.. အင်္ဂလိပ်စကားလဲပြောချင် သူ့အရုပ်လေးမရောင်းရမှာကို
စိုးရိမ်ပြီးတော့ ပြောလိုက်တာက…
မExpensiveဖူးလေ… very cheap တယ်လေ… If you like I လျှော့ပေးမယ်လေ.. တဲ့…
ဂိုက်အစ်ကိုကြီးတောင် ပါးစပ်အဟောင်းသားဖြစ်သွားတယ်….
နောက်ထပ်အဲဒီအစ်မကြီးကိုပဲ နိုင်ငံခြားသားတစ်ယောက်က အိမ်သာတက်ချင်လို့မေးတယ်…
Where is toilet? ဆိုတော့…
အိမ်သာကတည့်တည့်သွားလို့မရဘူး… ခြံရဲ့အစွန်မှာ… လမ်းမှာ
နှစ်ခါလောက်ကွေ့ရမှာ… အဲဒါနဲ့အစ်မကြီးပြောလိုက်တာက…
This way… you go. You go and ကွေ့ ကွေ့ go ဆိုပြီး
လက်ဟန်ခြေဟန်နဲ့ပြလိုက်တာ နိုင်ငံခြားသားလဲ အိမ်သာ
ကိုတန်းရောက်သွားတယ်တဲ့…သြော်..... သူ့ဟာနဲ့သူတော့ ဟုတ်နေတာပဲလို့…..
စင်္ကာပူကို အလုပ်သွားလုပ်တဲ့ မြန်မာအလုပ်သမားတယောက်က သဘောင်္တွေမှာ သံချေးတွေကို တူနဲ့ထုခွာရတဲ့ အလုပ်ကိုလုပ်ရတယ်၊
သူအလုပ်လုပ်နေတာကို စင်္ကာပူက အလုပ်သမားခေါင်းက လည်းအလုပ်ခွင်မှာ ကြီးကြပ်နေတာပေါ့၊
အဲလိုလုပ်နေရင် သူထုနေတဲ့ တူဟာ အလုပ်လုပ်နေရင်း ရေထဲကို ပြုတ်ကျသွားတယ်၊
ဒီတော့ မြန်မာအလုပ်သမားက တူကျသွားတော့ အလုပ်သမားခေါင်းဆီကို တူထပ်တောင်းတာပေါ့
ကျနော်တူအလုပ်လုပ်ရင်း ရေထဲကျသွားတယ် နောက်ထပ်တခု ထုတ်ပေးပါဦးလို့ပြောချင်တာ ပြည့်စုံအောင်မပြောတတ်ဖြစ်နေတယ်
နောက်တော့ သူ့ဦးနှောက်ထဲ ပေါ်လာသလို ပြောချလိုက်တယ်
i am တုံတုံ ပလုံစွပ် give another one တဲ့
အဲလိုပြောလိုက်တော့ အလုပ်သမားခေါင်းကလည်း
ဝk ဆိုပြီး နောက်တူတလက် ပေးလိုက်တာပဲ
ဒါလဲအစဉ်ပြေတာပဲ
အားပေးမှုကို ကျေးဇူးတင်ပါတယ်
ဖေါ်ဝပ်မေးမှ ရသောဟာသများကို စုစည်းတင်ပြပေးထားတာပါ၊
အညာနွေတမာမြေ
နောက်မသွားတော့ဘူးနော်
ချစ်စခင်စ ကြင်နာစ ဇနီးမောင်နှံ နှစ်ယောက်ကနေ သားသမီးတွေ ပွားစီးလာတဲ့
အချိန်မှာ ဘယ်လိုဖြစ်သလဲ ဆိုတာကို
ရေးချင်တာ...........
ညားကာစကတော့ မျက်စိအောက်က ပျောက်မသွားနဲ့ဦး တနေ့ကုန်ထိုင်ပြီး
တစိမ့်စိမ့်ကြည့်နေတဲ့ မောင်ယောက်ျား.....
သူနားက တဖ၀ါးမှမခွာလို့ ချစ်တက်လိုက်တာလို့ ထင်ထားတဲ့ မမိန်းမ.....
ကာလတွေ ရွေ့လျားလာတော့ ကလေးတစ်
ယောက်ပွားစည်းလာတယ် ...
အခေါ်အဝေါ်လေးကလဲ ပြောင်းလာတယ် မောင်ယောက်ျားက မမိန်းမ ကို ကလေးတစ်ယောက်အမေ
လို့ခေါ်သတဲ့ လေ
အရင် ကအလုပ်ကိစ္စကလွဲလို့ သူ့အနားမှာပဲ အချိန်ပေးတဲ့ မောင်ယောက်ျား ဟာ
ခုဆိုညနေစောင်းလာရင် လမ်းလျှောက်
ထွက်တက်လာတယ်... သွားခါနီးရင်လဲ ကဲ ကို အပြင်သွားလိုက်ဦးမယ်
ကလေးတစ်ယောက်အမေရေ.....ဆိုပြီး လစ်ရော
မမိန်းမက ပြုံးပြုံးလေး ကြည့်လို့ ကျန်ခဲ့တာပေါ့ ... သကောင့်သားက KTV ,
တို့ ဘာတို့ သွားပြီ ရေလည်လန်းနေတာပေါ့
အဲဒီလို သွားတာလဲ ခဏခဏပဲလေ သွားတိုင်းလဲ သွားလိုက်ဦးမယ်
ကလေးတစ်ယောက်အမေရေ.....ဆိုပြီး လစ်တာပေါ့
ဒီလိုနဲ့ တစ်ယောက်ကနေ နှစ်ယောက် ... နှစ်ယောက်ရလားတော့
သက်ပြင်းလေးတောင်ချလိုက်သေးတယ် ဟင်း.......
သွားလိုက်ဦးမယ် ကလေးနှစ်ယောက်အမေရေ.....ဆိုပြီး လစ်တယ်လေ မမိန်းမက
ပြုံးတာကလဲ ပညာပါလာပြီဗျ .......
ငါးသလဲထိုး ငါးမြွေထိုးပြုံးလေးတွေ ပေါ့ .....
အဲ့ သုံးယောက်မြောက်မွေးတော့ ထုံးစံအတိုင်း ကလေး လေးလမပြည့်ခင်အထိ
မိန်းမနား ကပ်သေးတယ် ...လေးလလဲ
ပြည့်ရော ထုံးစံအတိုင်း သွားလိုက်ဦးမယ် ကလေးသုံးယောက်အမေရေ.....ဆိုပြီး
လစ်မလို့ ခြေလှမ်းနေတုန်း မမိန်းမ
က ပြုံးပြုံးလေးနဲ့ ပြန်ပြောလိုက်တဲ့ စကားကြောင့် နောက်သူအပြင်ကို
မသွားတော့ဘူးတဲ့ ......................................
ပြောလိုက်တာက
သွားပေဦးတော့ ကလေးနှစ်ယောက်အဖေရေတဲ့
အီးမေးထဲကရတဲ့ဟာသတခုပါ ဘယ်သူရေးတယ်ဆိုတာမသိလို့ ရေးသူ မဖေါ်ပြနိုင်တာ နားလည်ပေးပါ။
အညာနွေတမာမြေ
Tuesday, June 2, 2009
စိတ်ဖိစီးမှု နည်းနည်းလျော့လျော့ ဒါလေးတွေဖတ်ပါ
အေဆိုဒ်ကုန်လို့ ဘီဆိုဒ်ပြောင်းတာ
စိတ်ရောဂါကုဆေးရုံတရုံမှာပေါ့ ဝေဒနာသည်တစ်ဦးက ကုတင်ပေါ်မှာ ပက်လက်လြှဲပီး သီချင်းဆိုနေခဲ့တယ်။
သီချင်းဆိုရင်းဆိုရင်း ပက်လက်လှန်ဆိုနေရာက ရုတ်တရက် မှောက်ရက်လှဲပြီး ဆက်ဆိုပြန်တယ်။ ဒါကို ဆရာဝန်က မြင်တော့ "ခင်ဗျား ဘာဖြစ်လို့ ဟိုလှန်ဒီလှန် လုပ်နေရတာလဲ" လို့ မေးလိုက်တယ်။
သူပြန်ဖြေလိုက်တာက "ခင်ဗျား သိပ်တုံးတာပဲ? အေဆိုက်ကုန်လို့ ဘီဆိုက်လှန်လိုက်တာပေါ့" ဟူသတည်း။
(ကြိုက်နေလို့ပါ)
တရားရုံးတရုံးမှာ
ဒီအမျိုးသမီးကို ခင်များ ဘာလို့အဓမ္မ ကျင့်ရတာလဲ" တရားခံကို တရားသူကြီးကမေးသည်..။
"သူ့ကို ကျနော်ကြိုက်လို့ပါ"ဟုတရားခံက မျက်လုံးနှစ်ဖက် ကို လက်နှင့်ပိတ်ရင်းပြန်ဖြေသည်..။
"ဒီယောက်ျားကိုရော ဘာဖြစ်လို့အဓမ္မ ကျင့်ရပြန်တာလဲ "ဟုတရားသူကြီးကထပ်မေးသည်..။
"သူ့ကိုကျနော်ကြိုက်လို့ပါ "ဟုတရားခံကမျက်လုံးနှစ်လုံးကို လက်ဝါးဖြင့်ပိတ်ရင်းပြန်ဖြေသည်။
'ဒါနဲ့နေပါအုံး ခင်များဘာဖြစ်လို့ မျက်လုံးကိုလက်နှစ်ဖက်နဲ့ ပိတ်ပြီးဖြေနေရတာတုန်း "
"တရားသူကြီးမင်းကိုလည်းကျနော်ကြိုက်နေလို့ပါ..။"
(နောင်တ)
ညတစ်ည သန်းခေင်ယံအချိန်တွင် ဇနီးဖြစ်သူတစ်ရေးနိုးလာ၍ ယောက်ျားဖြစ်သူကို ရှာရာ မီးဖိုချောင်ထဲ၌ ရှိက်ကြီးတငင် ငိုကြွေးနေသည်ကို တွေ့ လိုက်၇လေသည်။
ဇနီး ။ မောင်…ဘာဖြစ်လို့ ငိုနေတာလဲ
ကျား ။ တို့ တတွေ သမီးရည်းစားဘ၀ချိန်းတွေ တုန်းက မင်းအဖေကြီးနဲ့ မိသွားတော့ မင်းအဖေကြီးပြောတဲ့ စကားကို မင်းမှတ်မိသေးရဲ့ လား…။ မင်း ငါ့သမီးကို အတည်ယူမှာလား… မယူရင်တော့ ထောင်ထဲမှာ အနှစ်နှစ်ဆယ် သွားနေပေတော့ ဆိုတာလေ ..
ဇနီး ။ မှတ်မိသားဘဲ …အဲဒါဘာဖြစ်လို့ လဲ
ကျား ။ အေး….အဲဒီတုန်းက ထောင်သာကျခဲ့ ရင် ဒီနေ့ လွတ်ပြီ ..အီး ဟီးဟီးဟီး …ရွှတ်..
(လက်တည့်လာလို့ပါ)
လင်မယားနှစ်ဦးကွာရှင်းပြတ်ဆဲမည်ဟု ရုံးတော်သို့ရောက်လာသည်။
ယောင်္ကျားဖြစ်သူက...ဒီမိန်းမအားကွာရှင်းချင်ပါတယ်...
တရားသူကြီးက.....သီးမခံနိုင်အောင်ဘာကြောင့်များလဲ
ယောင်္ကျားဖြစ်သူက...ဒီမိန်းမနဲ့လက်ထပ်ပြီးတဲ့နှစ်၂၀လုံးလုံးမှာ သူစိတ်တိုင်းမကျရင်တွေတဲ့အရာနဲ့ကောက်ကောက်ပေါက်ပါတယ်။ဒါကြောင့်သီးမခံနိုင်တာပါ။
တရားသူကြီးက....နှစ်၂၀လုံးသီးခံပြီးမှဘာလို့ရုံးတော်ကိုလာတိုင်ရတာလဲ။
ယောင်္ကျားဖြစ်သူက...ဒီမိန်းမရဲ့လက်ကအခုမှပိုပြီးလက်တည့်လာလို့ပါ...
(မရှိရင်ပိုကောင်းသေး)
မိန်းမဖြစ်သူသည်ယောင်္ကျား၏ပုဆိုးအပြဲကိုချုပ်ပေးနေရင်းလှမ်းပြောသည်။
မိန်းမ၊ ၊`ရှင်တို့ယောင်္ကျားတွလေ ကျမတို့မိန်းမတွေမရှိရင် တော်တော်စိတ်ညစ်ရမယ်၊
မိန်းမတွေရှိနေလို့သာရှင်တို့ ပုဆိုးတွေ၊ ဘောင်းဘီ၊အင်္ကျီတွေချူပ်ပေးမဲ့သူရှိတာ´
ယောင်္ကျား၊ ၊`အိုမရှိမဖြစ်ဟုတ်ပါဘူးကွာ၊ငါတို့ အဲဒီဘောင်းဘီ၊ပုဆိုးတွေ ၀တ်ရတာလည်း မင်းတို့မိန်းမတွေရှိနေလို့ကွ၊မိန်းမတွေမရှိရင် ငါတို့ဘာမှဝတ်စရာ
မလိုဘူးကွ´
ရယ်သောသူအသက်ရှည်၏
အညာနွေတမာမြေ
Saturday, May 23, 2009
စစ်အစိုးရရဲ့ အကောင်းဆုံးဟာသ
ရဲမြင့်အောင် (Ye Myint Aung)ဟောင်ကောင်ရှိ မြန်မာ ကောင်စစ်ဝန်ရုံး၏ ဝဘ်ဆိုဒ်တွင် နေအိမ်ခြံဝင်း အတွင်းသို့ အခွင့်မရှိဘဲ ဝင်ရောက်ခဲ့သူ အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန် ဝီလီယံ ယက်တောသည် ဒေါ်အောင်ဆန်းစုကြည်၏ ချစ်သူရည်းစား ဖြစ်နိုင်သည်ဟု စာရေးသား ဖော်ပြထားသည်။
အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော “ထောက်လှမ်းရေး လား ရည်းစားလား” ဆိုသော စာကို ဟောင်ကောင်ရှိ မြန်မာကောင်စစ်ဝန်က လက်မှတ် ရေးထိုးထားခြင်း ဖြစ်သည်။
“စာဖတ်သူများ ခင်ဗျား” ဟု အစချီထားသော စာတွင် “ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို အင်လျားကန်ကို ရေကူးပြီး ခိုးဝင်ခဲ့တဲ့ အမေရိကန် တယောက်အကြောင်း ကျနော်တို့ရဲ့ မိတ်ဆွေအချို့က မေးမြန်းစုံစမ်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ သူဘာကြောင့် ရေကူးပြီး သူမဆီကို သွားတယ်ဆိုတာနဲ့ သူမရဲ့ အိမ်မှာ နေခဲ့တဲ့ အချိန်အတွင်း ဘာတွေ ဆွေးနွေးခဲ့တယ် ဆိုတာကို သူတို့ မေးခွန်း ထုတ်ခဲ့ကြပါတယ်။” ဟု ရေးသားထားသည်။
တဆက်တည်းမှာပင် “မိတ်ဆွေများခင်ဗျား” အစချီကာ စာပြန်ထားဟန်ဖြင့် ” ရင်းရင်းနှီးနှီး ပြောရရင်ဖြင့် သူဟာ ထောက်လှမ်းရေး တယောက်လား၊ သူမရဲ့ ရည်းစားလား ဆိုတာကို အခုအချိန်မှာတော့ ကျနော်တို့ မသိရသေးပါဘူး။ ကျနော်တို့ ဆက်လက် လေ့လာပြီး ပြောပါမယ်။” ဟုဆိုကာ ရေးသားထားသည်။
အငြင်းပွားဖွယ်ရာ သံအမှုထမ်း ဦးရဲမြင့်အောင်သည် ရိုဟင်ဂျာများသည် “ဘီလူးလို ရုပ်ဆိုးသည်” ဟု ဆိုကာ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ မရှိကြောင်း ယခုနှစ် အစောပိုင်းက ပြောခဲ့သူလည်း ဖြစ်သည်။
အော် သူတို့ ဟာသတွေမပြောရမှာစိုးလို့ ကိုဇာဂနာကို ထောင်ထဲထည့်ထားတာကိုး
မစ္ဈိမမှကူးယူဖေါ်ပြသည်၊
အညာနွေတမာမြေ

