-->
Showing posts with label လေလှိုင်းပေါ်က သတင်းများ. Show all posts
Showing posts with label လေလှိုင်းပေါ်က သတင်းများ. Show all posts

Friday, July 1, 2011

လေလှိုင်းပေါ်က နံနက်ခင်းသတင်းများ




၁။ ၂ဝဝ၅ ခုနှစ်က လက်ဘနွန် ဝန်ကြီးချုပ် နာဂျစ်ကို လုပ်ကြံမှုနဲ့ ပက်သက်၍ သံသယရှိသူတွေကို ဖမ်းဝရမ်းထုတ်နိုင်ဖို့ ကုလသမဂ္ဂ ကျောထောက်နောက်ခံ ပေးထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ တရားသူကြီးကိုပေးအပ်လိုက်တယ်လို့ပြောပါတယ်။ သံသယရှိသူတွေ ဘယ်သူတွေဆိုတာ ထုတ်ဖော်ပြော တာမရှိဘူးလို့ပြောပါတယ်။ အဲဒီ ၄ ဦးနက် ၂ ဦးက အီရန်ကျောထောက်နောက်ခံပေးထားတဲ့ ဟစ်ဆဗိုလာ အဖွဲ့ဝင်တွေဖြစ်တယ်လို့ပြောပါတယ်။

၂။ ပြင်သစ်အစိုးရက လစ်ဗြာက သူပုန်တွေကို လက်နက်တွေ လေကြောင်းက ချပေးတယ်လို့ ဝန်ခံပြော ဆိုလိုက်တဲ့အတွက် ဒါဟာ ကုလသမဂ္ဂ က ချမှတ်ထားတဲ့ ဥပဒေကိုချိုးဖောက်တာဖြစ်တယ်လို့ ရုရှားက ပြောဆိုလိုက်တယ်လို့ပြောပါတယ်။

၃။ ဂရိက နိုင်ငံတော် အသုံးစာရိတ် ဖြတ်တောက်မှုကို လွှတ်တော်မှာ အတည်ပြုနိုင်ခဲ့တယ်လို့ပြောပါတယ်။

၎။ အထက်လွှတ်တော် အမတ်တွေက သမ္မတ အိုဘားမားကို လွှတ်တော်ကို လာရောက်နားထောင်ဖို့ ပြောဆိုလိုက်တယ်လို့ပြောပါတယ်။ သမ္မတ အိုဘားမားက ချမ်းသာတဲ့ သူတွေဆီက အခွန်းတိုး ကောက်မယ်ဆိုတာကို ပြောဆိုလိုက်ပြီးနောက် အခုလို လာရောက်နားထောင်ဖို့ ဖိတ်ခေါ်လိုက်တယ် လို့ပြောပါတယ်။

၅။ အမေရိကန် က ဗိုလ်ချုပ်ကြီး ပက်ထွီယက်ကို အမေရိကန် စီအိုင်အေ ထောက်လှမ်းရေးအကြီးကဲအဖြစ် အတည်ပြုပေးလိုက်တယ်လို့ပြောပါတယ်။

၆။ သမ္မတ အိုဘားမား အရှေ့သတင်းပတ်မှာ တွစ်တာကနေ လူထုနဲ့ တိုက်ရိုက်စကားပြောမယ်လို့ပြော ဆိုလိုက်တယ်လို့ပြောပါတယ်။ ရောက်လာတဲ့ မေးခွန်းတွေကို ကွန်ပြူတာ ဝက်ကမ်ကနေ တိုက်ရိုက် ပြန်ဖြေပေးမယ်လို့ ပြောပါတယ်။

• သတင်းလွှာ

၁။ ခမာနီခေါင်းဆောင်ဟောင်း ကင်စွန်တန်က ခမာနီ လက်ထက်က အတွေ့အကြုံတွေကို အမှန်တိုင်း ထွက်ဆိုမယ်လို့ပြောဆိုလိုက်တယ်လို့ပြောပါတယ်။ အားလုံးကို တဦးချင်းအနေနဲ့ မသိနိုင်ပေမယ် အမှန်တရားတွေကို ထွက်ဆိုမယ်လို့ပြောပါတယ်။

၂။ လစ်သူယေးနီးယားနိုင်ငံ ကျင်းပတဲ့ မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးစုပေါင်းများစွာနေတဲ့အတွက် မိမိတို့အားလုံး ညီညွတ်ဖို့ဆိုရင် လူအခွင့်ရေးက အရေးကြီးတယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောဆိုလိုက်တယ်လို့ပြောပါတယ်။ ဒီမိုကရေစီဆိုတာ တဦးတယောက်အတွက် အကျိုးရှိစေမှာမဟုတ်ပဲ စစ်ဘက် အရပ်ဘက် အားလုံးအတွက် အကျိုးရှိစေမယ်လို့ပြောပါတယ်။ ဒီမိုကရေစီဆိုတာ အစိုးရစနစ်တရပ်မဟုတ်ပဲ လူသားဂုဏ်သိက္ခာကို မပျက်ယွင်းအောင် ထိန်းသိမ်းပေးတဲ့ နည်းလမ်းတခုဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုတယ်လို့ပြောပါတယ်။

၃။ မြန်မာတိုင်းစ်ဂျာနယ် အမှုဆောင် အယ်ဒီတာချုပ် ရော့စ်ဒန်ကလေကို ကမာရွတ်တရားရုံးက ထောင်ဒဏ် တလ ချမှတ်လိုက်တယ်လို့ပြောပါတယ်။ ဒါပေမယ့် မစ္စတာ ဒန်ကလေအမှုက ၄၄ ရက်ကြာသွားပြီ ဖြစ်တဲ့အတွက် အပြစ်ဒဏ်က ပြီးသွားပါပြီ။ နောက်အမှုတခုအတွက် ဒဏ်ငွေ တသိန်း ဆောင်တဲ့ အတွက် အမှုကလည်း ပြီးသွားပြီးလို့အမှုကို လိုက်ပါနေတဲ့ ရှေ့နေ ဦးအောင်ဝင်းလှိုင်က ပြောပါတယ်။ မြန်မာသတင်းသမဂ္ဂ မှ ဦးမောင်မောင်မြင့်ပြောတာက မစ္စတာ ဒန်ကလေအမှုကျတော့ ထောင်ဒဏ် တလနဲ့ ဒဏ်ငွေ တစ်သိန်းနဲ့ ပြီးသွားတယ်။ မြန်မာသတင်းထောက်ကျတော့ ဆိုင်ကယ်နောက်မှာထိုင်ပြီး သတင်းယူတာနဲ့ ထောင်ဒဏ် ၁ဝ နှစ်ကျော်ချမှတ်လိုက်တယ်။ တရားမျှတ မှုမရှိဘူးလို့ပြောပါတယ်။




၁။ အာဖဂန် မှာ တာလီဘန်တွေ ဖမ်းဆီးခံရထားရတဲ့ ပြင်သစ်သတင်းထောက်က သူပြန်လွတ်လာဖို့အတွက် အကျဉ်းသား ၂ ဦးကို လွှတ်ပေးရပြီး ပြန်ရွေးငွေ ပေးရတယ်လို့ပြောပါတယ်။ ဒီကိစ္စနဲ့ပက်သက်၍ ပြင်သစ်နဲ့ အာဖဂန် အစိုးရကတော့ ငြင်းဆိုခဲ့တယ်လို့ပြောပါတယ်။

၂။ အာဖဂန် ကန္တရာမြို့က လမ်းမကြီးမှာ မြေမြုပ်မိုင်းပေါက်ကွဲခဲ့လို့ လူ ၂ဝ ကျော်သေဆုံးခဲ့တယ်လို့ပြောပါတယ်။

၃။ အာဖရိကမြောက်ပိုင်းမှာ မကြာခင်က ဆူပူမှုတွေဖြစ်ခဲ့တာ အစိုးရတွေက လူထုလိုအပ်ချက်တွေကို နားမလည်လို့ဖြစ်တယ်လို့ အာဖရိက သမဂ္ဂ ဥက္ကဌက ပြောဆိုလိုက်တယ်လို့ပြောပါတယ်။

၎။ စီအိုင်အေ ထိန်းသိမ်း စစ်ဆေးနေစဉ်မှာ အကျဉ်းသား ၂ ဦး သေဆုံးချက်အပေါ် စုံစမ်းစစ်ဆေးသွားမယ်လို့ အမေရိကန်တရားသူကြီးက ပြောဆိုလိုက်တယ်လို့ပြောပါတယ်။

၅။ ၂ဝဝ၅ ခုနှစ်က လက်ဘနွန် ဝန်ကြီးချုပ် နာဂျစ်ကို လုပ်ကြံမှုနဲ့ ပက်သက်၍ သံသယရှိသူတွေကို ဖမ်းဝရမ်းထုတ်နိုင်ဖို့ ကုလသမဂ္ဂ ကျောထောက်နောက်ခံ ပေးထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ တရားသူကြီးကိုပေးအပ်လိုက်တယ်လို့ပြောပါတယ်။ သံသယရှိသူတွေ ဘယ်သူတွေဆိုတာ ထုတ်ဖော်ပြောတာမရှိဘူးလို့ပြောပါတယ်။ အများစုက အီရန်ကျောထောက်နောက်ခံပေးထားတဲ့ ဟစ်ဆဗိုလာအဖွဲ့ဝင်တွေဖြစ်တယ်လို့ ပြောပါတယ်။

၆။ ပြင်သစ်အစိုးရက လစ်ဗျားက သူပုန်တွေကို လက်နက်တွေ လေကြောင်းက ချပေးတယ်လို့ ဝန်ခံပြောဆိုလိုက်တဲ့အတွက် ဒါဟာ ကုလသမဂ္ဂက ချမှတ်ထားတဲ့ ဥပဒေကိုချိုးဖောက်တာဖြစ်တယ်လို့ ရုရှားက ပြောဆိုလိုက်တယ်လို့ပြောပါတယ်။

• သတင်းလွှာ

မကွေးတိုင်း ကံမ မြို့နယ် စစ္စရံရွာက ထောင်ဒဏ်ချမှတ်ထားတဲ့ လယ်သမား ဦးသန်းဦးနဲ့ ၅ ဦးအမှုကို အမှုနိုင်တဲ့အတွက် ဒီနေ့တရားရုံးက လွှတ်ဝရမ်းထုတ်လိုက်တယ်လို့ပြောပါတယ်။ အခုလို စီရင် ချက်ချတာနဲ့ ပက်သက်၍ ရှေ့နေဦးအောင်သိန်းပြောပြတာက ဒီအမှုက အာဏာပိုင်တွေက တရားလို လုပ်ပြီးစွဲဆိုထားတယ်။ ဒီလိုမျိုး လျော့ပေးတာ တခါမှ မရှိခဲ့ဘူးလို့ ပြောပါတယ်။
နိုင်ငံတော် ဘဏ္ဍာရေးနဲ့ အခွန်ဦးစီးဌာနက အမိန့်စာနဲ့ ဒီလကစပြီး ပင်စင်လစာတိုးမယ်လို့ မနေ့ ညနေက အစိုးရပိုင်မီဒီယာမှာ ထုတ်လွှင့်ခဲ့တယ်။ ဘယ်လောက်တိုးမယ်ဆိုတာတော့ ပြောဆိုတာ မရှိဘူး။ ဒီသတင်းနဲ့ ပက်သက်၍ စီးပွားရေးပညာရှင် ခင်မောင်ညို (ဘောဂဗေဒ) ကိုမေးတော့ လက်ရှိ အစိုးရ လစာနှုန်းထားအတိုင်း တွက်ပေးမယ်ဆိုတော့ ပင်စင်လစာ သောင်းဂဏန်း သိန်းဂဏန်း လောက်ဖြစ်မယ်လို့ ယူဆကြောင်း ပြောပါတယ်။ အရင် သူပင်စင်လစာက ၄ဝဝဝ ဖြစ်တယ် လို့ပြော ပါတယ်။

ပြင်သစ်အစိုးရက လစ်ဗျားက သူပုန်တွေကို လက်နက်တွေ လေကြောင်းက ချပေးတယ်လို့ ဝန်ခံ ပြောဆိုလိုက်တဲ့အတွက် ဒါ ကုလသမဂ္ဂ က ချမှတ်ထားတဲ့ ဥပဒေကိုချိုးဖောက်တာဖြစ်တယ်လို့ ရုရှားက ပြောဆိုလိုက်တယ်လို့ပြောပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးက အကျိုးကြောင်းကို ပိုမိုရှင်းလင်းပေးဖို့ ပြင်သစ်အစိုးရကို ပြောဆိုထားတယ်လို့ပြောပါတယ်။ တရုတ်အစိုးရကလည်း စိတ်မသက်မသာ ဖြစ်ပေမယ့် ရုရှာလောက်တော့ မပြောဆိုဘူးလို့ပြောပါတယ်။

ရန်ကုန်နဲ့ ပဲခူးတိုင်းတို့က လယ်သမားတွေ လယ်မြေတွေ ရေနစ်နေတဲ့အတွက် ပိတ်ဆို့နေတဲ့ ဆည်မြောင်းတွေကို အစိုးရကနေ ရှင်းလင်းပေးဖို့အတွက် အစိုးရကို တောင်းဆိုစာရေးသားပေးပို့လိုက် တယ်လို့ပြောပါတယ်။ အစိုးရအနေနဲ့ လုပ်ဆောင်ပေးမယ်လို့လည်း မျှော်လင့်နေတယ်လို့ လယ်သမားတွေကပြောပါတယ်။ လယ်တဧကကို စိုက်ပျိုးစားရိတ် ၃ သိန်းလောက်ကုန်ကျတဲ့အတွက် ပျိုးပင်တွေ ပျက်စီးရင်း နောက်ထပ် မစိုက်ပျိုးနိုင်တော့ဘူးလို့လည်း လယ်သမားကပြောပါတယ်။



လာမယ့် သတင်းပတ်မှ ဒေါ်အောင်ဆန်းစုကြည် အထက်မြန်မာပြည်ကို ခရီးသွားမယ်လို့ပြောပါတယ်။ သားငယ် ကင်အဲရစ်နဲ့အတူ ပုဂံကို ဘုရားသွားဖူးမယ်လို့ ပြောပါတယ်။ အန်အယ်လ်ဒီပြောခွင့်ရ ဦးအုန်းကြိုင်ပြောတာက အခုခရီးစဉ်က ကိုယ်ရေးကိုယ်တာ ခရီးစဉ်ဖြစ်တဲ့အတွက် တခြားသူတွေနဲ့ တွေ့ဆုံမယ့် အစီစဉ်မရှိဘူးလို့ ပြောပါတယ်။

မြန်မာအစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီကို သတိပေးချက်ထုတ်ပြန်တာနဲ့ပတ်သက်၍ စိုးရိမ်ကြောင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုလိုက်တယ်လို့ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အန္တရယ်မရှိမယ့် လွတ်လပ်စွာသွားလာခွင့်ပေးရမယ်လို့ပြောပါတယ်။ မနက်ဖြန်မှာ သြစတေးလျနိုင်ငံခြားရေးဝန်ကြီး ကယ်လ်ဗင်ရတ်က ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့မယ်လို့ပြောပါတယ်။

မြန်မာ့အရေးကို ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့တဲ့ ဒီမိုကရေစီနိုင်ငံတွေကို ကျေးဇူးတင်ကြောင်းနဲ့ မြန်မာနိုင်ငံလည်း ဒီမိုကရေစီအဖွဲ့ဝင်နိုင်ငံတခု ဖြစ်လာဖို့ မျှော်မှန်ထားတယ်လို့ လစ်သူယေးနီးယားနိုင်ငံမှာ ပြုလုပ်နေတဲ့ ဒီမိုကရေစီအဖွဲ့ဝင်နိုင်ငံများ ညီလာခံကို ပေးပို့တဲ့ ဗွီဒီယို မိန့်ခွန်းမှာ ပြောဆိုလိုက်တယ်လို့ပြောပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း ရွှေလီရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံခွဲ မန်ဆန် ရေးအားလျှပ်စစ်ရုံမှာ ဇွန်လ ၂၉ ရက်နေ့က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ပြောပါတယ်။ ထိခိုက်ဒဏ်ရာတော့မရှိဘူးလို့ပြောပါတယ်။နောက်ထပ် မပေါက်သေးတဲ့ ဗုံးတလုံးလည်းတွေ့ရတယ်လို့ ဒေသခံတွေကပြောဆိုတယ်လို့ပြောပါတယ်။

ထိုင်းနိုင်ငံမှာ တရားမဝင် ရွေ့ပြောင်းအလုပ်သမားတွေကို မှတ်ပုံတင်ပေးရာမှာ အခု ၃သိန်းလောက် မှတ်ပုံတင်ပြီးပြီလို့ပြောပါတယ်။ အဲဒီထဲမှာ မြန်မာက တသိန်းခွဲလောက်ပါတယ်လို့ အလုပ်သမားဝန်ကြီးဌာန ဖော်ပြချက်မှာရေးသားထားတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဝက်နားရွက်ပြာရောဂါဖြစ်နေတဲ့အတွက် အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်ကို မြန်မာဘက်က ဝက်တင်သွင်းမှုကို ပိတ်ပင်ထားတယ်လို့ပြောပါတယ်။

နေပြည်တော် လယ်ဝေးမြို့နယ်ရှိ သက်ဆိုင်ရာ တာဝန်ရှိသူတွေက လယ်သမားတွေဆီက စိုက်ပျိုးစာရိတ် ချေးငွေတွေဆီက ငွေကြေးဖြတ်ယူတာကို တိုင်ကြားတဲ့အတွက် ချေးငွေစနစ်ကို ပြောင်းလဲပေးလိုက်တယ်လို့ပြောပါတယ်။ လယ်သမား တဦးပြောတာက စိုက်ပျိုးစာရိတ် ချေးငွေတွေကို လယ်ယာစိုက်ပျိုးရေးဘဏ်ကနေ လယ်တဧက ကို ငွေ ၂ သောင်းနှုန်းနဲ့ ဘဏ်က ထုတ်ချေးရာမှာ ဘဏ်မန်နေဂျာတွေ ငွေကြေးဖြတ်ယူခဲ့တယ်။ ဒါကိုတိုင်ကြားလို့ အခုဆို ဘဏ်မန်နေဂျာအနေနဲ့ ငွေကြေးကို လယ်သမားတွေနဲ့ သဘောတူညီမှုရမှသာ ဧကလိုက်မဟုတ်ပဲ တဦးကို တစ်ထောင်နှုန်းနဲ့ ဖြတ်တောက်ခဲ့တဲ့အတွက် သက်သာမှုရတယ်လို့ပြောပါတယ်။

ရန်ကုန်နဲ့ ပဲခူးတိုင်းတို့က လယ်သမားတွေ လယ်မြေတွေ ရေနစ်နေတဲ့အတွက် ပိတ်ဆို့နေတဲ့ ဆည်မြောင်းတွေကို အစိုးရကနေ ရှင်းလင်းပေးဖို့ အတွက် အစိုးရကို တောင်းဆိုစာရေးသားပေးပို့လိုက်တယ်လို့ ပြောပါတယ်။ ရန်ကုန်နဲ့ ပဲခူးတိုင်းတို့က လယ်သမားတွေ လယ်မြေတွေ ရေနစ်နေတဲ့အတွက် ပိတ်ဆို့နေတဲ့ ဆည်မြောင်းတွေကို အစိုးရကနေ ရှင်းလင်းပေးဖို့အတွက် လယ်သမား ၈ဝလောက် လက်မှတ်ရေးထိုးကာ အစိုးရကို တောင်းဆိုစာရေးသားပေးပို့လိုက်တယ်လို့ ပြောပါတယ်။

ဆက်ဖတ်ရန် ....

Wednesday, June 29, 2011

လေလှိုင်းပေါ်က ညနေခင်းသတင်းများ( ဘီဘီစီ နှင့် ဗီအိုအေ)

ဗီအိုအေ


၁။ ဒေါ်အောင်ဆန်းစုကြည်က အန်အယ်လ်ဒီပါတီရပ်တည်ရေးနဲ့ ပက်သက်၍ ပြည်ထဲရေး ဝန်ကြီးဌာန တာဝန် ရှိသူတွေနဲ့တွေ့ဆုံလိုကြောင်း စာရေးသား ပေးပို့လိုက်တယ်လို့ပြောပါတယ်။အန်အယ်လ်ဒီဟာ တရားဝင် ပါတီအဖြစ်မှာ ဖျက်သိမ်းခံထားရပြီးဖြစ်သောကြောင့် လက်ရှိ လုပ်ဆောင်ချက် တွေဟာ ဥပဒေကို ဖောက်ဖျက်ရာရောက်ပြီး အစိုးရကို ဆန့်ကျင်နေရာရောက်ကြောင်း ပြည်ထဲ ရေးဝန်ကြီး ဌာနက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဥက္ကဌ ဦးအောင်ရွှေထံ ပေးပို့ခဲ့တယ်လို့ ပြောပါတယ်။

၂။ ဂရိနိုင်ငံမှာ နိုင်ငံတော် အသုံးစာရိတ် ဖြတ်တောက်မှုနဲ့ ပက်သက်၍ ကန့်ကွက်ဆန္ဒပြနေသည့်ကြားက အတည်ပြုလိုက်တယ်လို့ပြောပါတယ်။

၃။ မနေ့က အာဖကန် ကာဘူးက ဇိမ်ခံ ဟိုတယ်တခုကို တာလီဗန်တွေက အသေခံဗုံးခွဲတိုက်ခိုက်မှုလုပ်ခဲ့ တဲ့အတွက် လူ ၁၂ ဦးထက်မနည်းသေဆုံးတယ်လို့ပြောပါတယ်။ သေဆုံးသူဦးရေး တိုးလာနိုင်တယ်လို့ ပြောပါတယ်။

၎။ အီရန်နိုင်ငံဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်တွေကို ဆန့်ကျင်ကာ နျူးကလီယား လက်နက်တွေကို လျှို့ဝှက် စမ်းသပ်နေတယ်လို့ ဗြိတိန်က ပြောဆိုလိုက်တယ်။ အီရန်ကတော့ သူတို့စမ်းသပ် တဲ့အထဲမှာ နျူးကလီးယား လက်နက် မပါဘူးလို့ ငြင်းဆိုခဲ့တယ်လို့ ပြောပါတယ်။

၅။ လစ်ဗြားနိုင်ငံ အနောက်မြောက်ပိုင်းက မြေအောက် လက်နက်တိုက်တခုကို သူပုန်တွေက သိမ်းပိုက်နိုင် ခဲ့တယ်လို့ ပြောပါတယ်။

၆။ မလေးရှားမှာ လူထု ဆန္ဒပြပွဲအတွက် ဆော်ကြတဲ့ လူ ၁၄ ဦးကို မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ပြောပါတယ်။

သတင်းဆောင်းပါး

ဒေါ်အောင်ဆန်းစုကြည်က အန်အယ်လ်ဒီ ပါတီရပ်တည်ရေးနဲ့ ပက်သက်၍ ပြည်ထဲရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ တွေ့ဆုံလိုကြောင်း စာရေးသား ပေးပို့လိုက်တယ်လို့ပြောပါတယ်။ အန်အယ်လ်ဒီဟာ တရားဝင်ပါတီအဖြစ်မှာ ဖျက်သိမ်းခံထားရပြီးဖြစ်သောကြောင့် လက်ရှိလုပ်ဆောင်ချက်တွေဟာ ဥပဒေကို ဖောက်ဖျက်ရာရောက်ပြီး အစိုးရကို ဆန့်ကျင်နေရာရောက်ကြောင်း ပြည်ထဲ ရေးဝန်ကြီး ဌာနက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဥက္ကဌ ဦးအောင်ရွှေထံ ပေးပို့ခဲ့တယ်လို့ပြောပါတယ်။ အန်အယ်လ်ဒီ ပြောခွင့်ရ ဦးအုန်းကြိုင်ပြောတာက ဥပဒေကြောင်းအရ တဖက်နဲ့ တဖက် ညှိနှိုင်းဖို့လိုအပ်တဲ့အတွက် ပြည်ထဲရေးဝန်ကြီးဌာနနဲ့ တွေ့ဆုံလိုတယ်လို့ ရေးသားထားတယ်လို့ပြောပါတယ်။ စီအာပီပီမှ ဦးအေးသာအောင်ပြောတာက အခုလို အန်အယ်လ်ဒီအပေါ် အကြောင်းကြားလာတာဟာ အမျိုးသားရင်ကြားစေ့ရေးအတွက် မကောင်းတဲ့ လက္ခဏာဖြစ်တယ်လို့ပြောပါတယ်။ အခုလို အန်အယ်လ်ဒီကို သတိပေးချက်လုပ်လာတာဟာ နောက်လထဲမှာ ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်ကို ဟန့်တားချင်တဲ့ သဘော ဖြစ်တယ်လို့ သုံးသပ်သူတွေလည်းရှိတယ်လို့ ပြောပါတယ်။
တိုင်းပြည်ရဲ့ အနာဂတ်ဟာ လူငယ်တွေရဲ့ အရည်ချင်းအပေါ်အများကြီး မူတည်နေတဲ့အတွက် လူငယ် တွေ အရည်ချင်းပြည့်ဖို့လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ အောက်မြန်မာပြည်က NLD လူငယ်တွေနဲ့ တွေ့ဆုံရာမှာ ပြောဆိုလိုက်တယ်လို့ ပြောပါတယ်။ လူငယ်တွေအနေနဲ့ တာဝန်သိစိတ်ရှိ ဖို့လိုတယ်လို့ ပြောပါတယ်။ လူငယ်တွေကို အနာဂတ်အတွက် ပြုစုပျိုးထောင်ဖို့ လိုတယ်လို့ ပြောပါတယ်။ နိုင်ငံ အနာဂတ် လှပဖို့ဆိုရင် လူငယ်တွေရဲ့ အရည်ချင်းအများကြီး မူတည်နေတယ်လို့ ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ အခုလို NLD အပေါ် ပြောဆိုလိုက်တဲ့အပေါ် စိတ်ပျက်မိတယ်လို့ အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းကပြောဆိုလိုက်တယ်။ အခုလိုပြောဆိုတဲ့အတွက် လာမယ့် ဒေါ်အောင်ဆန်းစုကြည် ခရီးသွားမယ့် အစီစဉ်အတွက် သတိထားဖို့လိုတယ်လို့ ပြောပါတယ်။ မြန်မာ အရေးကို ဒေသအတွင်း နိုင်ငံတွေ အနေနဲ့ ပိုမို တင်းတင်းကြပ်ကြပ် ကိုင်တွယ်သင့်တယ်။ လာမယ့် မြန်မာနိုင်ငံကို အာဆီယံ အလှည့်ကျ ဥက္ကဌ တာဝန်ကို ပေးသင့်မပေးသင့်ဆိုတာ သေသေချာချာ စဉ်းစားဖို့လိုတယ်လို့ ဂျွန်မက်ကိန်းကပြောဆိုကြောင်း ပြောပါတယ်။

အရှေ့တောင်တိုင်း တိုင်းမှုးအမိန့်နဲ့ မွန်ပြည်နယ်ဘက်က လက်နက်ကိုင်အဖွဲ့တွေကို လက်နက် အပ်နှံဖို့ လိုက်လံ ပြောဆိုနေတယ်လို့ ပြောပါတယ်။ ဇွန် (၃ဝ) ရက်နေ့ နောက်ဆုံးထားပြီး လက်နက်တွေကို သက်ဆိုင်ရာ ရဲစခန်းမှာ အပ်နှံဖို့ သံချဲ့စက်နဲ့ လိုက်အော်နေတယ်လို့ ပြောပါတယ်။ မွန်ပြည်သစ်ပါတီ ပြောခွင့်ရ နိုင်ဟံသာက လက်နက် အပ်ဖို့တော့ လိုက်ဆော်သြနေတယ်၊ ဘယ်အဖွဲ့ကို ရည်ညွှန်းတယ် ဆိုတာမသိဘူးလို့ ပြောပါတယ်။ လုံခြုံရေးကတော့ တင်းတင်းကြပ်ကြပ်ပိုင်းရှိတယ်လို့ ပြောပါတယ်။ အခု လို လက်နက်အပ်ဖို့ ပြောလာတာ ထူးခြားမှုရှိတယ်လို့ KNU ပြောခွင့်ရ ဗိုလ်မှူး စောလှငွေကပြောပါ တယ်။ ရွေးကောက်ပွဲအပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကို လက်နက်ဖြုတ်သိမ်းချင်တဲ့သဘော ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာ့အရေးသုံးသပ်ချက်

မြန်မာနိုင်ငံမှာ လူကုန်ကူမှု ဆိုးဆိုးဝါးဝါးဖြစ်နေတယ်ဆိုတဲ့ အမေရိကန် အစိုးရရဲ့ အစီရင်ခံစာနဲ့ ပက်သက်၍BLC မှ ရှေ့နေ ဦးအောင်ထူး၊ ဦးသိန်းဦး နဲ့ လမ်းပြကြယ်မှ ဦးအေးမြင့်တို့ကို ဆက်သွယ်မေးမြန်းထားတယ်။

BBC

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ ဆက်မလုပ်ဖို့ မြန်မာအစိုးရက သတင်းစာ ကနေ ကြေညာချက်ထုတ်ပြန်ကာ သတိပေးလိုက်တယ်လို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦး ဆောင်တဲ့ NLDဟာ အလံကိုလည်းလွှင့်ထူထားတယ်။ ရုံးခန်းတွေလည်း ဆက်ဖွင့်ကာ ကြေညာ ချက်တွေလည်းထုတ်နေတာ တရားဥပဒေနဲ့ မကိုက်ညီကြောင်း ရေးသားထားတယ်လို့ ပြောပါတယ်။ NLD ပြောခွင့်ရ ဦးဥာဏ်ဝင်းက သူတို့ကလည်း တရားဥပဒေစိုးမိုးရေးကို ပြောလာတယ်။ NLD ကလည်း တရားဥပဒေ စိုးမိုးရေးကို လေးထားကြောင်းနဲ့ ပါတီအနေနဲ့ ရဟန်း ရှင်လူ စိတ်ဝမ်းကွဲအောင် ဘာမှ မလုပ်ဆောင်ကြောင်းပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စည်းရုံးရေးခရီးစဉ် မ စတင်ခင် ရက်ပိုင်းအလိုမှာ အခုလို အစိုးရက ပြောဆိုလိုက်တယ်လို့ ပြောပါတယ်။

အာဖဂန် ကာဘူးမှာ ဇိမ်ခံ ဟိုတယ်ကို အမည်မသိ လက်နက်ကိုင်တွေ ဝင်ရောက်တိုက်ခိုက်ရာ တစ်ညလုံး ပစ်ခတ်သံတွေကြားနေရတယ်လို့ ပြောပါတယ်။ နေတိုးတပ်ကလည်း ရဟတ်ယာဉ်နဲ့ လေကြောင်းက တိုက်ခိုက်မှုတွေလုပ်ရာ ၃ ဦးကိုတော့ အသေ ဖမ်းဆီးနိုင်ခဲ့ပြီလို့ ပြောပါတယ်။ အခုထိ တာလီဗန် ၉ ဦးကို ဖမ်းဆီးရမိပြီလို့ ပြောပါတယ်။ အခု တိုက်ခိုက်မှုဟာ တာလီဗန်တွေ အကွက်ချ လုပ်ဆောင်တာဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။

ဂရိနိုင်ငံမှာ နိုင်ငံတော် အသုံးစာရိတ် ဖြတ်တောက်မှုနဲ့ ပက်သက်၍ ကန့်ကွက်ဆန္ဒပြနေသည့်ကြားက အတည်ပြုလိုက်တယ်လို့ ပြောပါတယ်။

ဆူဒန် သမ္မတ အိုမာဘာရှား တရုတ်နိုင်ငံကိုရောက်နေပြီး တရုတ်သမ္မတ ဟူကျန်တောင်းနဲ့ လည်း တွေ့ဆုံခဲ့တယ်လို့ ပြောပါတယ်။

မနေ့ညက သံဖြူဇရပ်က မြို့နယ် အုပ်ချုပ်ရေးမှုးရုံးအနီးမှာ ဗုံးတလုံးပေါက်ကွဲခဲ့သလို ဒီနေ့လည်မှာ လည်း တောင်ငူက အားကစားရုံမှာ ဗုံးတလုံးပေါက်ကွဲခဲ့တယ်လို့ ပြောပါတယ်။ လူသေပျောက်မှု မရှိပေမယ့် ဒေသခံတွေ စိုးရိမ်မှုတွေရှိနေတယ်လို့ ပြောပါတယ်။

သတင်းလွှာ

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ ဆက်မလုပ်ဖို့ မြန်မာအစိုးရက သတင်းစာ ကနေ ကြေညာချက်ထုတ်ပြန်ကာ သတိပေးလိုက်တယ်လို့ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦး ဆောင်တဲ့ NLD ဟာ အလံကိုလည်းလွှင့်ထူထားတယ်။ ရုံးခန်းတွေလည်း ဆက်ဖွင့်ကာ ကြေညာ ချက်တွေလည်းထုတ်နေတာ တရားဥပဒေနဲ့ မကိုက်ညီကြောင်း ရေးသားထားတယ်လို့ ပြောပါတယ်။ NLD ပြောခွင့်ရ ဦးဥာဏ်ဝင်းက သူတို့ကလည်း တရားဥပဒေစိုးမိုးရေးကို ပြောလာတယ်။ NLD ကလည်း တရားဥပဒေ စိုးမိုးရေးကို လေးထားကြောင်းနဲ့ ပါတီအနေနဲ့ ရဟန်း ရှင်လူ စိတ်ဝမ်းကွဲအောင် ဘာမှ မလုပ်ဆောင်ကြောင်းပြောပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ဆိုတာကလည်း သူဆီမှာ မှတ်ပုံမတင်ထားတဲ့ ပါတီကို ပျက်ပြယ်တယ်လို့ ပြောခွင့်မရှိဘူးလို့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ စည်းရုံးရေးခရီးစဉ် မစတင်ခင် ရက်ပိုင်းအလို မှာ အခုလို အစိုးရက ပြောဆိုလိုက် တယ်လို့ ပြောပါတယ်။

ဂျပန်ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့ တွေ့ဆုံတယ်လို့ပြောပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဂျပန်က ဆူနာမီတုန်းက ဒေါ်အောင်ဆန်းစုကြည်က လူသားချင်းစာနာမှုနဲ့ ပြောဆိုတဲ့အပေါ် ကျေးဇူးတင်ကြောင်းနဲ့ လူသားချင်းစာနာမှုတွေကို အကူညီပေးသွားမယ်ဆိုတာကို ပြောဆိုတယ်လို့ NLD မှ ဦးဟံသာမြင့်ကပြောပါတယ်။

မနေ့ညက သံဖြူဇရပ်က မြို့နယ် အုပ်ချုပ်ရေးမှုးရုံးအနီးမှာ ဗုံးတလုံးပေါက်ကွဲခဲ့သလို ဒီနေ့နေ့လည်မှာလည်း တောင်ငူက အားကစားရုံမှာ ဗုံးတလုံးပေါက်ကွဲခဲ့တယ်လို့ပြောပါတယ်။ လူအသေပျောက် မရှိပေမယ့် ဒေသခံတွေ စိုးရိမ်မှုတွေရှိနေတယ်လို့ပြောပါတယ်။ ဒီနေ့ညနေမှာ နေပြည်တော်က စာသင်ကျောင်း ၃ ကျောင်းမှာ ဗုံးလန့်ပြီးမိဘတွေက သားသမီးတွေကို ကျောင်းကနေ လာခေါ်သွား တာတွေရှိတဲ့အကြောင်း သိရတယ်လို့ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ မိုးကြီးပြီး ရေကြီးတဲ့အတွက် တောရိုင်းဆင်တွေတောင် ပင်လယ်ထဲကို မျောလာတယ်လို့ပြောပါတယ်။ စစ်တွေ ပင်လယ်ထဲမှာ ဆင်ရိုင်းတကောင်ကို ငါးဖမ်းစက်လှေနဲ့ ဆယ်ယူခဲ့တယ် လို့ပြောပါတယ်။ ဆင်က နည်းနည်းရိုင်းသေးတော့ သစ်တောဦးစီးဌာနက လူတွေ အနီးနားမကပ်ရဲဘူး လို့ပြောပါတယ်။

ဆက်ဖတ်ရန် ....

လေလှိုင်းပေါ်က ညနေခင်း သတင်းများ ( အာအက်ဖ်အေ)

၁။ တိုင်းပြည်ရဲ့ အနာဂတ်ဟာ လူငယ်တွေရဲ့ အရည်ချင်းအပေါ်အများကြီး မူတည်နေတဲ့အတွက် လူငယ် တွေ အရည်ချင်းပြည့်ဖို့လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ အောက်မြန်မာပြည်က အန်အယ်လ်ဒီ လူငယ်တွေနဲ့တွေ့ဆုံရာမှာ ပြောဆိုလိုက်တယ်လို့ပြောပါတယ်။ လူငယ်တွေအနေနဲ့ တာဝန်သိစိတ်ရှိ ဖို့လိုတယ်လို့ပြောပါတယ်။ လူငယ်တွေကို အနာဂတ်အတွက် ပြုစုပျိုးထောင်ဖို့လိုတယ်လို့ ပြောပါတယ်။

၂။ အန်အယ်လ်ဒီဟာ တရားဝင်ပါတီအဖြစ်က ဖျက်သိမ်းခံထားရပြီးဖြစ်သောကြောင့် လက်ရှိလုပ်ဆောင်ချက်တွေဟာ ဥပဒေကို ဖောက်ဖျက်ရာရောက်ပြီး အစိုးရကို ဆန့်ကျင်နေရာရောက်ကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဥက္ကဌ ဦးအောင်ရွှေထံ ပေးပို့ ခဲ့တယ်လို့ပြောပါတယ်။ ဒါနဲ့ပက်သက်လို့ အန်အယ်လ်ဒီကလည်း သူတို့ ရပ်တည်ချက်ကိုဖော်ပြထားပြီး ပြည်ထဲရေးဝန်ကြီးဌာန နဲ့တွေ့ဆုံကာ တရားဥပဒေစိုးမိုးရေးအရ ညှိနှိုင်းလိုကြောင်း စာရေးသားပေးပို့ထားတယ်လို့ အန်အယ်လ်ဒီ ပြောခွင့်ရ ဦးဥာဏ်ဝင်း က ပြောပါတယ်။

၃။ ဂျပန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့တွေ့ဆုံတယ်လို့ ပြောပါတယ်။ မြန်မာ့ ဒီမိုကရေစီပေါ်ထွန်းလာဖို့အတွက် ဂျပန်က အကူညီပေးသွားမယ်လို့ ပြောပါတယ်။

၎။ မွန်ပြည်နယ် သံဖြူဇရပ်မြို့ မြို့နယ် အုပ်ချုပ်ရေးမှုးရုံးမှာ မနေ့ညက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ပြောပါတယ်။ ဗုံးကွဲမှုက ညဘက်ဖြစ်တာမို့ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ပြောပါတယ်။ ခရီးသည်တင် အဝေးပြေးကား ၂ စီးကိုလည်း ရေးမြို့အနီးမှာ အမည်မသိ လက်နက်ကိုင်တဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထားဝယ်အဝေးပြေး ကားလိုင်းမှ တဆင့်သိရတယ်လို့ပြောပါတယ်။

၅။ မွန်ပြည်နယ် သံဖြူဇရပ်နဲ့ မုဒုံမြို့တို့မှာ လက်နက်ကိုင်ဆောင်ထားတာကို လာမယ့် (၃ဝ) ရက်နေ့ နောက်ဆုံးထားလက်နက်အပ်ဖို့ ညွှန်ကြားစာတွေ ကပ်ထားတယ်လို့ ပြောပါတယ်။ ဒါနဲ့ ပက်သက်၍ မွန်ပြည်သစ်ပါတီမှ နိုင်ဟံသာက သူတို့အနေနဲ့ လက်နက်အပ်ဖို့ကို လက်မခံပါဘူး။ လက်နက်အပ်ဖို့ အစီစဉ်လည်းမရှိဘူးလို့ ပြောပါတယ်။ မနေ့ကဖြစ်တဲ့ သံဖြူဇရပ်က ဗုံးကွဲမှုဟာလည်း သူတို့နဲ့ မပက်သက်ဘူးလို့ နိုင်ဟံသာက ပြောပါတယ်။

၆။ ကချင်ပြည်နယ်အတွင်း အစိုးရတပ်နဲ့ ကေအိုင်အေ တို့တိုက်ပွဲဖြစ်ပွားနေရာမှာ အမျိုးသမီးတွေကို အဓမ္မပြုကျင့်နေတာကို ရပ်တန့်က ရပ်ဖို့ WLB က ကြေညာချက်ထုတ်ပြန်လိုက်တယ်လို့ပြောပါတယ်။ WLB အတွင်းရေးမှုး မတင်တင်ညိုပြောတာက ကချင်အမျိုးသမီးအစည်းရုံးက ထုတ်ပြန်ချက်အရ တပတ်အတောအတွင်းအမျိုးသမီး ၁၈ ဦး အဓမ္မ ပြုကျင့်ခံရတယ်။ ဒါတွေကို ရပ်တန့်ဖို့လို တယ်။ ဒီကိစ္စတွေဟာ လက်ရှိ အစိုးရပေါ်မှာ တာဝန်ရှိတယ်လို့ပြောသွားပါတယ်။

၇။ မြန်မာအစိုးရကိုတွေ့ဆုံဆွေးနွေးရေးတိုက်တွန်းနေရာမှာ လက်မခံသေးတဲ့အတွက် နည်းမျိုးစုံ ဖိအားပေးကာ လုပ်ဆောင်ဖို့လိုတယ်လို့ တပ်ပေါင်းစုက ကြေညာချက်ထုတ်ပြန်လိုက်တယ်လို့ပြောပါတယ်။ ပြောခွင့်ရ ဦးမျိုးဝင်းပြောတာက မြန်မာအစိုးရကို တွေ့ဆုံဆွေးနွေးရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ တိုက်တွန်းလာတာကြာပေမယ့် မလုပ်ဆောင်တဲ့အတွက် တွေ့ဆုံဆွေးနွေးရေးဖြစ်အောင် နိုင်ငံရေးနည်း စစ်ရေးနည်းစသည့် အဖက်ဖက်က ဖိအားပေးသွားမယ်လို့ပြောပါတယ်။

၈။ တရုတ်နယ်စပ် မူဆယ် ကျယ်ဂေါင်ဂိတ်ကို မြန်မာအစိုးရ စစ်သားလို့ ယူဆရသူတွေက အရပ်ဝတ်နဲ့ လူတွေ စစ်ကားတွေနဲ့ ရောက်လာပြီး နယ်စပ်ဖြတ်လက်မှတ်လုပ်သွားတာတွေရှိတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေတယ်လို့ပြောပါတယ်။ ဒေသခံပြောတာက အရပ်ဝတ်ဝတ်ထားပြီး စစ်ကားနဲ့ လူပေါင်း ၅ဝ-၆ဝ လောက်ရှိတယ်။ အဲဒီထဲက ၁ဝ ဦးလောက် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ယူသွားပြီး တရုတ်ပြည် ဘက်ကို ဝင်သွားတယ်လို့လည်းပြောပါတယ်။ ဒီကိစ္စကို ကေအိုင်အို ဘက်ကလည်း သတိထားစောင့်ကြည့် နေတယ်လို့ ပြောပါတယ်။

၉။ ပဲခူးတိုင်း တောင်ငူမြို့မိုးလုံလေလုံ အားကစားကွင်းအနီးမှာ ဒီနေ့ နေ့လည် ၁ နာရီလောက်မှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ မျက်မြင်သက်သေကပြောပါတယ်။ အဲဒီအားကစားကွင်းအနီး ခပေါင်းခန်းမမှာ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အစည်းဝေးတခု ကျင်ပခဲ့ပြီးမှာ ပေါက်ကွဲတယ်လို့ပြောပါတယ်။ ဗုံးပေါက်ကွဲမှုနဲ့ ပက်သက်၍ ထိခိုက်သေဆုံးတာတွေတော့ မကြားရဘူလို့လည်း ပြောပါတယ်။

ဆက်ဖတ်ရန် ....