-->
Showing posts with label ဝေဖန်ရေး. Show all posts
Showing posts with label ဝေဖန်ရေး. Show all posts

Sunday, April 7, 2013

Saturday, January 12, 2013

ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး အခြေခံများမှ ဝေဖန်သုံးသပ်ခြင်း - အပိုင်း (၄) )

DASSK
အရင် အပိုင်း ၁နဲ့ ၃ကို ပြန်တင်ပေးပါ့မယ်။

ဆက်ဖတ်ရန် ....

Saturday, January 5, 2013

သားရွှေအိုးထားလာတာလား ချေးထုပ်ပွေ့လာတာလား

ဓါတ်ပုံ ၈၈မျိုးဆက် ဖေ့ဘုတ်

ကေအိုင်အေကနေ ဖမ်းမိထားတဲ့ မြန်မာစစ်တပ်က သုံ့ပန်း အယောက် ၃၀ ကျော်ကို လိုင်ဇာမှာရောက်နေတဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးကနေတဆင့် အစိုးရဆီကို လွှဲပြောင်းပေးမယ်ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့သတင်းထွက်လာပါတယ်။

ဒီကိစ္စအသေချာအလေးနက်ထားစဉ်းစားစေချင်ပါတယ်။ ဒီစစ်သားတွေကို ပြန်ခေါ်လာတာဟုတ်ပါပြီ အစိုးရလက်ထဲရောက်ရင် လက်နက်စွန့်ခွာမှု၊ အညံ့ခံမှုစတဲ့ ပုဒ်မတွေနဲ့ အရေးမယူဘူးလို့ ဘယ်သူအာမခံပေးမလဲ ဆိုတာ ဦးနှောက်ထဲထည့်ထားဖို့လိုပါမယ်။ ဥပမာ အိုင်စီအာစီကြီးကြပ်မှု ဒါမှမဟုတ် ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံးတို့လိုတွေက ကြားဝင်ကူညီပေးဖို့လိုအပ်မယ်ထင်ပါတယ်။ ဒီလိုကြီးကြပ်မှုရှိမှ စစ်ခုံရုံးတင်ခံရလည်း အရေးယူခံရတာက ကင်းလွတ်နိုင်ပါမယ်။ ဖေ့ဘွတ်မှာ အင်တာဗျူးတင်ထားတဲ့ ဒုတပ်ကြပ်ဆိုရင် ပိုပြီးတော့ အန္တရယ်ရှိတယ်လို့ထင်ပါတယ်။ ဘာကြောင့် ဒီလိုပြောရသလဲဆိုရင် ထောင်ထဲမှာ ရန်သူထံအညံ့ခံလို့ပြစ်ဒဏ်ချထားသူတွေရှိနေလို့ပါ။

စစ်တပ်ဖက်ကတော့ အဲဒီသုံ့ပန်းတွေပြင်ပမီဒီယာတွေနဲ့တွေ့ရင် အကုန်ပေါ်ကုန်မှာမို့ ပြန်ခေါ်ချင်တာဖြစ်နိုင်ပါတယ်။ သူတို့လက်ထဲရောက်ရင်တော့ သူတို့သဘောပေါ့။

 ကေအိုင်အေအနေနဲ့ကတော့ စစ်ဖြစ်တဲ့အချိန် စိတ်မချရတဲ့သူတွေကို ထိန်းထားရတာ အန္တရာယ်အလွန်များပါတယ်။ ပြန်ပို့လိုက်ရင် လုံခြုံရေးအရလည်းကောင်းမယ်။ နိုင်ငံရေးအရလည်း အမြတ်ထွက်နိုင်ပါတယ်။

 ဒီတော့ ပြန်ခေါ်လာမယ်ဆိုတဲ့ ၈၈မျိုးဆက်တွေအနေနဲ့ နက်နက်ရှိုင်းရှိုင်းတွေးသင့်တယ်ထင်လို့ အတွေးအပိုင်းအစလေးတခုကို တင်ပြလိုက်ရပါတယ်။ တကယ်သာ ဒီသုံ့ပန်းတွေကို ခေါ်လာမယ်ဆိုရင် ၈၈တွေအနေနဲ့ သားရွှေအိုးထမ်းလာတယ်လို့ ပြောမလား ချေးထုပ်ပွေ့လာတယ်လို့ ပြောခံရမလား စဉ်းစားဖို့ပါ။

ကျနော် စစ်ရေးအကဲခတ်မဟုတ်ပါ။ တွေးမိသမျှ ၀င်လျှာရှည်ကြည့်ခြင်းဖြစ်ပါတယ်။

ပြန်ကြားရေးဝဘ်ဆိုဘ်မှာတော့ ခုလိုတက်လာပါပြီ 

ကြားဖြတ်သတင်း
Sat - 05 Jan written by administrator

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကေအိုင်အို/ကေအိုင်အေ အဖွဲ့အစည်းတွင် ထိန်းသိမ်းထားသော တပ်မတော်/ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် (၃၀) ဦးအား ၎င်းင်းတို့ထံမှ တဆင့
် လွှဲပြောင်းပေးအပ် လိုပါကြောင်း သက်ဆိုင်ရာသို့ ဆက်သွယ် အကြောင်းကြားလာခဲ့ပါသည်။ ထိုကိစ်စနှင့်ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ဆက်လက် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သတင်းရရှိပါသည်။

ဆက်ဖတ်ရန် ....

Sunday, September 30, 2012

ဗကပ တွေးတဲ့ အန်အယ်လ်ဒီရှေ့ရေး

on nld

ဆက်ဖတ်ရန် ....

Thursday, April 12, 2012

ဗမာပြည်ကို သိမ်းပိုက်ကြ

OCCUPY BURMA

ဆက်ဖတ်ရန် ....

Saturday, March 31, 2012

စစ်ကိုင်းတိုင်းက ကြံ့ဖွတ်အမတ် ကိုယ်ရေးအချက်လက်လွဲနေ

စစ်ကိုင်းမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးအမတ် ဦးစိုးနိုင်ရဲ့ ကိုယ်ရေးအချက်အလက်တွေဟာ မမှန်မကန်ဘူး ဆိုပြီး လေ့လာထားသူ ရွှေကိုင်းသားတယောက်က ပို့လာပါတယ်။ သေချာစွာ လေ့လာနိုင်ရန် အသေးစိပ်တင်ပေးလိုက်ပါတယ်။

ဆက်ဖတ်ရန် ....

Thursday, March 29, 2012

ကင်ပေတိုင်စီစစ်ရေး မဖြတ်ခင် မူရင်းကျနော်တို့ သံချပ်စာသားများ

ဤ စာသားများသည် သံချပ်ဝါသနာပါသော ၀ါသနာရှင် အောင်ဟိန်း(မုံရွာ)၊ မုတ်သုန်လေး(ယောရပ်ရွာ) ၊ ထွန်းတောက်နေ၊ ဒေါက်တာ နိုင်သူထွန်း နှင့် ဇာနည်(ပခုက္ကူ) တို့ ရေးသားသော သံချပ်မူရင်းစာမူများဖြစ်ပါသည်။ နောက်ဆုံးပိတ် အချောသတ်တိုက်ပြီး အားလုံးသဘောတူညီချက်ယူပြီးကာမှ စီစဉ်သူ ကင်ပေတိုင်များမှ ဖြတ်တောက်လိုက်သဖြင့် ဆားမသော ဟင်းကဲ့သို့ ပေါ့ရွှတ်သွားသော စာသားများဖြစ်သွားပါသည်။ သို့ဖြစ်ပါ၍ ကျနော်တို့ ရေးသားသော မူရင်းစာသားများကို ပြန်လည်တင်ပြလိုက်ပါတယ်ခင်များ original than gyat

ဆက်ဖတ်ရန် ....

Sunday, March 4, 2012

ရေပေါ် လေ၀ဲ စပါးခွံများ (သို့) ဗိုလ်သိန်းစိန်၏ ဒီမိုဧချင်း

 ဒီနေ့မတ်လ ၂ရက်နေ့က ဗမာတပြည်လုံး ကံဆိုးမိုးမှောင်ကျပြီး စစ်အာဏာရှင် ငရဲခန်းထဲကျရောက်ခဲ့ရတာ အနှစ် (၅၀) ပြည့်မြောက် တယ်။ ဒီနေ့မှာပဲ ၀ဲစားကြီး ဗိုလ်နေ၀င်းက ဒီမိုကရေစ်ီအစိုးရကို ဖြုတ်ချပြီး စစ်အာဏာသိမ်းခဲ့တယ်။ 

မနေ့ကတော့ ဗိုလ် နေ၀င်း အမွေခံ ဗိုလ်သိန်းစိန်က ဒီမိုကရေစီဖေါ်ဆောင်ရေး မိန့်ခွန်းတော်ကြီး ချွေသွားတယ်။ အတော်များများ အငိုက်မိ သလို ကြိုက်မိတယ် ဆိုကြတယ်။ တချို့ကတော့ အချောင်နှိုက်ဖို့ ကြိုက်ကြိုက် မကြိုက်ကြိုက် အလိုက်သင့်ဟောကြ၊ ဖောကြတာပါ။ ကြိုက်မယ်ဆိုလဲ ကြိုက်စရာ၊ ဗိုလ်သိန်းစိန်က မဆလရဲ့ နောက်ဆုံး သမတ ဆိုတဲ့ စစ်ကျွန်ပညာရှင် ဒေါက်တာ မောင် မောင် လို အေးအေး အေးအေးနဲ့ ဒီမိုကရေစီလေချိုလေး သွေးသွားတယ်။ ပေါက်ပေါက်ဖေါက်သလို စကားလုံး လှလှ လေးတွေ ပစ်သွားတယ်။ လူမျိုးစုတွေအရေးလဲပါ။ တိုင်းသူပြည်သားတွေရဲ့ အရေးလဲမကျန် အကုန်ထဲ့ပြောသွားခဲ့တယ်။ ဒေါက်တာ မောင်မောင် တုန်းကလဲ ဒီလိုပါပဲ။ ဒီလောက်လေးမှ မစောင့်နိုင်ကြတော့ဘူးလား၊ သမဂ္ဂကြီးကို ပျော်ပျော်ပါး ပါး အုပ်မြစ်ချရအောင်ဆိုပြီး ရှေ့မှာလေချိုသွေး။ နောက်မှာ စစ်တပ်ကို အသုံးချဖို့ပြင်နဲ့ နောက်ဆုံး ဘုန်းကြီးရဟန်း မ ကျန် ပစ်သတ်နှိပ်ကွပ်ပြီး စစ်တပ်အာဏာသိမ်းတယ်ဆို လုပ်သွားခဲ့တာပဲ။ 

သူ့မိန့်ခွန်းထဲက တောတွင်းလက်နက်ကိုင် လူငယ်လေးတွေက သူတို့လည်း ကွန်ပြူတာလက်တော့ (Lap-talk) ကိုင်ချင် တယ်ဆိုတော့ သူအတော်စိတ်မကောင်း ဖြစ်မိတယ်ဆိုတဲ့ အလုံးကတော့ လူအများကို အတော်ထိ၊ တိုင်းရင်းသားတွေကို အတော်ဘ၀င်ခိုက်စေမယ့် စကားပဲ။ အရင်က သောင်းကျန်းသူ အဖျက်သမားလို့ အပုတ်ချနေသူတွေဆီ ဒီစကားမျိုး ထွက်လာတာကိုး။ 


ဒါပေမဲ့ လူမျိုးစုပြဿနာကို အဖြေရှာရေးကြတော့ အဆင့် (၃) ဆင့်နဲ့ သွားမယ်လို့ ကြိုးရှည်ရှည်နဲ့ လှန်လိုက်သလို ကချင်ပြည်နယ်က တိုက်ပွဲတွေနဲ့ပါတ်သက်ပြီးတော့လည်း ဝေ့လည်ကြောင်ပတ် လုပ်သွားပြန်တယ်။ သူကော ဦးစီးချုပ်ကော ရပ်ဖို့အမိန့်ပေးပါလျှက် ဘာကြောင့်များ တိုက်ပွဲတွေဆက်ဖြစ်နေရပါလိမ့်၊ မစားရ ၀ခမန်းပါပဲ။ 

လက်တော့ မကိုင်နိုင်တဲ့သူတွေအတွက် စိတ်မကောင်းဖြစ်တယ်ဆိုတဲ့ သမတကြီးက ထမင်းနပ်မှန်အောင် မစားရတဲ့ လူ ထုတွေ၊ ပညာသင်ခွင့်မရကြတဲ့ ကလေးလူငယ်တွေ၊ မဝရေစာနဲ့ အလုပ်လုပ်နေကြရတဲ့ တိုင်းတပါးကုမ္မဏီပိုင်ရှင်တွေရဲ့ ခေါင်းပုံဖြတ်ခံ အလုပ်သမလေးတွေ၊ ကိုယ့်ဘိုးဘွား လယ်ယာတွေကို ခြံခတ်အသိမ်းခံနေတဲ့ သိန်းသန်းချီတဲ့ လယ်သမား တွေအတွက်တော့ သနားစရာ၊ ဂရုဏာ မကျန်တော့ဘူး ထင်တယ်။ 

လူထုလိုချင်တာက ထမင်းနပ်မှန်မှန် စားရရေးပါ၊ ဇိမ်ခံကားဈေးတွေကျတာ သူတို့ စိတ်မ၀င်စားပါဘူး၊ သူတို့နဲ့ မဆိုင်ပါ ဘူး၊ သူတို့ထမင်း သူတို့ လွတ်လွတ်လပ်လပ် ရိုးရိုးသားသား ရှာဖွေစားသောက်ခွင့်ပါ။ သူတို့ ထမင်းလုပ်ကို လုယက်နေ တဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့အပေါင်းအပါ ကုမ္မဏီတွေရဲ့ ဗိုလ်ကျမှုကို ခုခံကာကွယ်ခွင့် ဖြစ်ပါတယ်။ အိမ်နီးချင်း တိုင်း ပြည်တွေမှာ သန်းချီရှိနေကြတဲ့ ကျားမအစုံ အလုပ်သမားတွေက ကိုယ့်တိုင်းပြည်ထဲမှာ ဒီလိုအခွင့်အရေးတွေ မရနိုင် တော့လို့ သူတပါးဆီမှာ မတန်တဆလုပ်ခနဲ့ အဖိနှိပ်ခံ၊ ဗိုလ်ကျခံပြီး အလုပ်လုပ်နေကြရတာ ဖြစ်ပါတယ်။ 

 ဒီလို ဒုက္ခဘုံသား ပြည်သူအများအတွက်တော့ သမတကြီးရဲ့ ဂရုဏာက မရွာမစွေ ခေါင်းပါးချို့တဲ့ဟန်တူတယ်။ နောက်ရယ်ရခက် ငိုရခက်တဲ့ သမတကြီးရဲ့ စကားကတော့ Rule of law ဥပဒေစိုးမိုးရေးနဲ့ အခြေခံဥပဒေပြုပြင်ရေး ဆို တာပဲ၊ မတရား ဖမ်းဆီးထောင်ချခံထားရတဲ့ သူတွေကိုတောင် လွှတ်မပေးနိုင်သေးဘဲ ဥပဒေစိုးမိုးရေးဆိုတာတော့ သား သတ်သမား၊ ဘိန်းစား၊ မယားခိုး၊ လူလိမ်က ငါးပါးသီလပေးနေသလို ပါပဲ။ ပြီးတော့ အခြေခံဥပဒေကို လွှတ်တော်ထဲမှာ ပြင်ရအောင်တဲ့။ 

ဒါလဲ နှုတ်သီးအရှည်ကို ပန်းကန်ပြားနဲ့ကျွေး၊ တပြန် နှုတ်သီးအတိုကို ၀ါးကျည်တောက်နဲ့ကျွေးတဲ့ မြေ ခွေးနဲ့ ငှက်ကျားပုံပြင်ထဲကလို ကျွေးတော့ ကျွေးတယ်၊ ဒါပေမဲ့ စားမရအောင်ကျွေးတာပဲ။ သမတကြီး နောက်ဆုံးအလေးပေး ပြောသွားတာကတော့ အရေးယူပိတ်ဆို့မှု ဆန်ရှင်တွေ ရုပ်သိမ်းပေးရေးပါ။ နိုင်ငံတ ကာက အလှူငွေတွေပေးကြပါ ဆိုတာပါပဲ။ အလှူငွေ တဒေါ်လာက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို နောက်လှန်ကျ မသွားအောင် ကူနိုင်တယ်ဆိုပါလား။ ဒီလိုဆိုတော့ အရေးယူပိတ်ဆို့ထားတာတွေ မလုပ်ယင်၊ နိုင်ငံတကာက အလှူငွေ တွေမပေးယင်၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးက နောက်ကြောင်းပြန်လှည့်မယ်လို့ တဖက်လှည့်နဲ့ ခြိမ်းခြောက်တာများ လား။ 

ဗမာလူထုကြီးနဲ့ သူတို့လိုလားချက် ဒီမိုကရေစီကို အလဲအလှယ် ပြန်ပေးဆွဲခံထားရသလိုပါပဲလား၊ အော်… ဒုက္ခ .. ဒုက္ခ သံသရာဝန်လေးလှချေတကား။

 နိဂုံးချုပ်ရရင် ဗိုလ်သိန်းစိန်ရဲ့ ဒီမိုကရေစီ ရွှေနားတော်သွင်း ဧချင်းက ကောင်းတော့ကောင်းပါ၏။ 

သို့သော်… ဗိုလ်နေ၀င်းရဲ့ မဆလခေတ်ဦးတုန်းက ဘုန်းကြီးတပါးက မဆလပါတ်ီရဲ့အညမည သဘောတရားစာအုပ်ကို ဖတ်မိပြီး “ကောင်းလိုက်တာ၊ ဘယ်ဘုန်းကြီးလူထွက် ရေးထားတာပါလိမ့်” လို့ ဆိုသတဲ့၊ ကောင်းမှာပေါ့ အကောင်းတွေချည်း ကူး ချထားတာကိုး၊ လက်တွေ့လုပ်ဖို့မှ မဟုတ်ဘဲ၊ ဒီလိုနဲ့ အဲဒီအကောင်းချည်း ပြပြီး ဗိုလ်နေ၀င်းတို့ ဆိုရှယ်လစ်လိုက်ကြတာ ၂၆ နှစ်လည်းကြာရော တိုင်းပြည်လဲ လူမွဲစာရင်းဝင် လူထုလဲဖွတ်ကျောပြာစု၊ ခရုဆန်ကျွတ်ဖြစ် ကျန်ခဲ့တယ်။ 

 အခုလည်း ဗိုလ်သိန်းစိန် တို့က နတ်သံနှောလို့ တကျော့လာပြန်ပြီး။ တဒေါ်လာလှူယင် ဒီမိုကရေစီနောက်ကြောင်းပြန် မလှည့်တော့ဘူးတဲ့။ ကောင်းတော့ ကောင်းပါ၏။ ဒါပေမယ့် လက်တွေ့မပါ၊ အပြောတွေချည်းဆိုတော့ အဆန်မပါတဲ့ ရေပေါ် လေ၀ဲတဲ့ စပါးခွံတွေလို့ပဲ မြင်မိတယ်။ 

ရဲဘော်ကျော်သန်း

ဆက်ဖတ်ရန် ....

Wednesday, January 18, 2012

မှိုနတိုချိုးခဲ့ပါဆို ရေပဲချိုးပြန်လာခဲ့ရသလားဟဲ့( ရဲဘော်ကျော်သန်း )




အစိုးမရ ကဆုန်ပေါက်နေတဲ့စိတ်တွေကို ပြေလေမလားလို့ သီချင်းလေးနားထောင်မိပါတယ်။ ပိုဆိုးသွားတယ်။ ‘နားထောင်မိတာကလည်း တယောကိုတင်ရီရဲ့ တယောလက်သံ။


တယောကိုတင်ရီရဲ့ ငေါ့တော့တော့ ထေ့တေ့တေ့ ဆိုဟန်က  ကိုယ့်ကိုသရော်နေသလိုဘဲ။
သီချင်းနာမည်က တပြားနှစ်ပြား ပဲလင်းပြာတဲ့ ၊ ငယ်ငယ်က ကလေးတွေ အထူးသဖြင့် မိန်းခလေးတွေ ကစားကြရင်း တောက်တီးတောက်တဲ့ စာချိုးတွေကို သီချင်းလုပ်ဆိုထားတာ။


ကျုပ်တို့ အနှစ် ၂၀ နယ်ခြားတော်လှန်ရေးကလည်း သူ့သီချင်းထဲကလို တောက်တီးတောက်တဲ့ နဲ့ ပြီးသွားတော့မယ်ထင်ပါရဲ့ ၊  တပ်ပေါင်းစုခေါင်းဆောင်ကြီးတွေ ၊ ရှစ်လေးလုံးအလံကို ကိုင်ခဲ့ကြတဲ့ အဖွဲ့အစည်းခေါင်းဆောင်ကြီးတွေရဲ့ အနှစ် ၂၀ လုပ်ရပ်က ကလေးတွေဆိုတဲ့စာချိုးထဲကလို ကဘောက်တိကဘောက်ချာ၊ အဆက်အစပ်မရှိ၊ သဟဇာတမဖြစ် ၊ စိတ်ကူးတည့်ရာ အရူးချေးပမ်းတွေဘဲ။
အခုလည်း ဗိုလ်သိန်းစိန်ရဲ့ လေပြေထိုးသံတွေကြားမှာ လူးလွန့် ကခုန်ဖို့ အပြိုင်အဆိုင်ကြိုးစားနေကြလေရဲ့။ ဟန်ညောင်ရွှေတို့ ဇော်ဦးတို့ နိုင်အောင်တို့လို အနှစ် ၂၀လုံးလုံး တော်လှန်ရေးအညွန့်အဖူးကို သုံးစားနေကြသူတွေက ဗိုလ်သိန်းစိန်ရဲ့ လေပြေထိုးသံကို အစစ်အမှန်လို သဘောထား ညာဝါးပြီး အကျင့်ဆိုးအတိုင်း လုပ်စားဖို့ စိုင်းပြင်းနေကြပြန်ပြီ။


၈၈ မျိုးဆက်အများစုတို့ လွတ်မြောက်လာကြတယ်။ ၀မ်းသာအားရ ပျော်ရွှင်နေကြတယ်။ အကုန်လုံးလွတ်လာပြီဆိုပြီးတော့ အော်ကြီးဟစ်ကျယ်မြူးတူးနေကြတယ်။ သတင်းမီဒီယာတွေကလည်း အယ်ဒီတာအခန်းကနေ တပြည်လုံးပျော်တဲ့နေ့တို့၊ သမတကြီးရဲ့ စေတနာတို့ဆိုတဲ့၊ မစားရ၀ခမန်း စကားလုံးကြီးတွေနဲ့ ချီးမွှမ်းနေကြတယ်။ တချို့မီဒီယာတွေဆို စစ်အာဏာရှင်တွေရဲ့ ငရဲခန်းမှူး၊ အမ်အိုင်ဟောင်း ဗိုလ်ခင်ညွန့်ကိုတောင် အဘအဘနဲ့ စင်တင်ပေးနေလိုက်ကြပြန်သေးတယ်။


ပြန်ပေးဆွဲသလိုဖမ်းထားတဲ့ ကျုပ်တို့ခေါင်းဆောင်တွေကို နိုင်ငံတကာအသိအမှတ်ပြုမှုနဲ့ ပိတ်ဆို့မှုရှုတ်သိမ်းဖို့အတွက်  လွှတ်ပေးလိုက်တဲ့အပေါ် အပြည့်အ၀ ၀မ်းသာစရာရယ်လို့ မမြင်နိုင်ပါ။ လွတ်မြောက်လာသူ တဦးချင်းစီအတွက်ကတော့ ၀မ်းသာစရာပေါ့ ။ တပြည်လုံးအတိုင်းအတာနဲ့တော့ ၀မ်းသားစရာလို့ မမြင်နိုင်ပါ။ အများနဲ့အတူ ၀မ်းမသာနိုင်တဲ့ပြည်သူတွေကအများကြီး၊ မလွှတ်မြောက်သေးသူတွေက အများကြီး။  သူတို့ကို မျှော်နေကြရှာတဲ့ မိသားစုဝင်တွေကတော့ ၀မ်းသာနိုင်မယ်လို့မထင်မိပါဘူး။ ပြီးတော့ လွှတ်ပေးတယ်ဆိုတာတောင် လွတ်လွတ်ကျွတ်ကျွတ်မဟုတ်ပြန်ဘူး။ ဖမ်းချင်ပြန်ဖမ်းမယ်ဆိုတဲ့ ပုဒ်မ ၄၀၁ နှောင်ကြိုးကြီးနဲ့ ။

တဖက်မှာလည်း  နယ်ခြားလှုပ်ရှားမှုတွေမှာ လှုပ်ရှားဆောင်ရွှက်သမျှ တပ်ပေါင်းစုတွေ ကော်မတီတွေမှာ ဥက္ကဋ္ဌ တာဝန်တွေကို ယူပြီး ဦးဆောင်ခဲ့တဲ့ ကေအန်ယူကလည်း စစ်အုပ်စုနဲ့ လက်မှတ်ထိုး သဘောတူချက်ယူသွားပြီ။ အေဘီအက်စ်ဒီအက်ဖ်ကိုလည်း ကမ်းလှမ်းထားတယ်လို့ ကြားရပြန်တယ်။ ဒါပေမယ့် ကချင်ပြည်ဘက်မှာတော့ သေနတ်သံစီစီညံနဲ့ စစ်ပွဲတွေ ဆင်နွှဲနေတယ်။ လူထုတွေပါမကျန် တိုက်ခိုက်သတ်ဖြတ်ခံနေရတယ်။ အခုကိုဘဲ ကချင်ဒုက္ခသည် ၆သောင်းကျော် တရုတ်ပြည်ထဲမှာ ခိုလှုံနေရတယ်။

ဒီလိုအခြေအနေတွေနဲ့ တိုင်းပြည်ကြီးဟာ အနှစ် ၂၀ ကျော် တောက်တီးတောက်တဲ့ ခေါင်းဆောင်ကြီးတွေပြောသလို မီဒီယာတွေကဖွသလို တကယ့် အပြောင်းအလဲကို ဦးတည်နေပြီဆိုရင်တော့ ကျုပ်တို့ရဲ့ ၂၄နှစ်တာ တော်လှန်ရေးကို နိဂုံးချုပ်ကြရတော့မယ်။ စာတတန် ပေတဖွဲ့နဲ့ ပြောပြန်ရင်လည်း အနာကို ပုဆိန်နဲ့ဖဲ့သလို ဖြစ်တော့မှာမို့ ကိုတင်ရီရဲ့ တပြားနှစ်ပြား သီချင်းလေးနဲ့ဘဲ နိဂုံးချုပ်တာ ကောင်းပါတယ်။


  Ko tin ye's tapya-napya by zarni 


ဒီလိုအတိုင်းသာ ကျုပ်တို့တော်လှန်ရေးကို နိဂုံးချုပ်ရရင်တော့ သေခဲ့ကျေခဲ့ ဘ၀ပျက်ခဲ့ကြသူတွေရဲ့ အရင်းအနှီးတွေကို စစ်မိစ္ဆာတွေ သဒ္ဓါသလောက်နဲ့ ကြေနပ်ကြရတော့မှာပေါ့ ၊ တမလွန်က သူရဲကောင်း ၀ိညာဉ်တွေကတော့ ကျူပ်တို့ တပြားနှစ်ပြား တော်လှန်ရေးသမားတွေကို မှိုနတိုချိုးခဲ့ပါဆို  ရေပဲချိုးပြန်လာခဲ့ရသလားဟဲ့လို့  ကဲ့ရဲ့နေမှာတော့ မလွဲပါဘူး။


ရဲဘော်ကျော်သန်း

ဆက်ဖတ်ရန် ....

ဂုဏ်မယှဉ်သည့် ဂုဏ်ကြီးရှင်များ ( အရှင်ဥက္ကဋ္ဌ)

MA HA NA

ဆက်ဖတ်ရန် ....

Thursday, December 1, 2011

လက်ညိုး ငေါက်ငေါက်ထိုးတာ အတုခိုးရမှာလား


လက်ညိုး ငေါက်ငေါက်ထိုးတာ အတုခိုးရမှာလား ကျနော်တို့ ငယ်ငယ်ကတော့ စကားပြောတဲ့အခါ လူကြီးသူမတွေနဲ့ပဲ ဖြစ်ဖြစ်၊ သူငယ်ချင်း အချင်းချင်းပဲဖြစ်ဖြစ် လက်ညှိုးတငေါက်ငေါက်နဲ့ စကားပြောရင် ရိုင်းပြတဲ့ အမူအရာလို့ သွန်သင်ဆုံးမခံခဲ့ရဖူးပါတယ်။ ဆရာမက မလိမ္မာတဲ့ တပည့်ဖြစ်သူကို သတိထားဖို့ မာန်မဲတဲ့ အခါလိုမျိုးမှာသာ လက်ညိုးလေးထောင်ပြီး ပြောလေ့ရှိတာပါ။ တစုံတခုကို ညွှန်ပြချင်ရင်တောင်မှ လက်ညှိုးတချောင်းထဲ မသုံးဖို့၊ လက်ဖ၀ါးတခုလုံးကို သုံးပြီး ညွှန်ပြမှ ယဉ်ကျေးတယ်လို့ လူကြီးသူမတွေက သွန်သင်ဆုံးမခဲ့ကြပါတယ်။

ကျနော်တို့ အရွယ်ရောက်လာတော့ နိုင်ငံတကာက လူပေါင်းစုံနဲ့ ပေါင်းသင်းပြောဆိုကြတဲ့အခါမှာ အဲ့သလို လက်ညိုးကြီး တရွယ်ရွယ်နဲ့စကားပြောတာ၊ စကားပြောတဲ့အခါ ခြေအစုံ လက်အစုံ ဟိုထိုးဒီထိုးနဲ့ စကားပြောတာတွေဟာ ရိုင်းပြတဲ့အမူအရာဖြစ်လို့ ဒီလိုမလုပ်ဖို့ သတိပေးတာတွေကို မှတ်သားရဖူးပါတယ်။ ထုံးတမ်းစဉ်လာတွေနဲ့ ယဉ်ကျေးမှုမြင့်မားပါတယ်လို့ နိုင်ငံတကာခရီးသွားတွေက ချီးမွမ်းနေတဲ့ တိုင်းပြည်တခုကို အုပ်ချုပ်မင်းလုပ်နေတဲ့ သမတကြီးနဲ့ သမတကြီး ကတော်တို့ .. စကားပြောတဲ့အခါ လက်ညှိုးထိုးပြောရင် ဆဲရေးတိုင်းထွာတဲ့အလား ရိုင်းပြတယ်လို့ဆိုတဲ့ အနောက်နိုင်ငံကြီးက နိုင်ငံခြားရေးဝန်ကြီးကို ဒီလိုပုံစံနဲ့ စကားပြောဆိုနေတာ ဘာကြောင့်ပါလဲ။

ဒါမှ မဟုတ် ….. ငယ်ငယ်ကတော့ စာသင်နေရင်း အပေါ့သွားချင်လို့ ဆရာမကို ခွင့်တောင်းမယ်ဆိုရင် လက်ညိုးလေး တချောင်းထောင်ပြီး Please may I go out teacher? လို့ ပြောသလိုများ ပြောနေလေသလား .. 

ဆက်ဖတ်ရန် ....

Tuesday, November 22, 2011

Sunday, November 6, 2011

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်သို့ - (အလျှင်အမြန်) ရဲဘော်မျိုးထွဋ် (ကိုကိုးကျွန်းပြန်) ပြည်သူ့ရဲဘော်ခေါင်းဆောင်ဟောင်း

အင်းစိန်ဗဟိုစံပြအကျဉ်းထောင်ကြီးထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံဆန္ဒပြနေတယ်။ ဆန္ဒပြသူတွေကို ထောင်အာဏာပိုင်တွေက ရေဖြတ် ၊ စစ်ခွေးတိုက်ထဲပို့ ၊ တိုက်ပိတ်ထားလိုက်တဲ့သတင်း ကြားရပါတယ်။ သမ္မတကြီးဦးသိန်းစိန်ရဲ့ အစိုးရသစ် ဒီနေ့အခြေအနေမှာ ဒီသတင်းမျိုးနဲ့မတော်ပါ။ 


အစာငတ်ခံဆန္ဒပြတယ်ဆိုတာ မခံမရပ်နိုင်လွန်းလို့အဆုံးမှာ အသက်ကိုရင်း အသက်ကိုလက်နက်လုပ် သွေးခန်းတိုက်ပွဲဝင်ရတာပါ။ တိုက်ပွဲဝင်စဉ် အသက်မသေမှီမှာ ခံနိုင်ရည်ရှိအောင် အစာငတ်ခံမဲ့နေ့မှာ ဝမ်းနှုပ်ဆေးစားရပါတယ်။ မစဉ်တွေက အစာအဖြစ်အလုပ်လုပ်နေရင် အော့အံပြီးမခံမရပ်နိုင်ဖြစ်တတ်လို့ပါ။ တိုက်ပွဲအောင်နိုင်ရေး ကျည်ပစ်အားက အသက်မြန်မြန်သေရေးဖြစ်ပါတယ်။ တောင်းဆိုချက် လိုက်လျောမှု အချိန်ဆွဲနေရင် တိုက်ပွဲဝင်သူက မြန်မြန်သေအောင် ရေဖြတ်ပြီး တိုက်ပွဲအရှိန်မြှင့်ရတာပါ။ အခုတိုက်ပွဲဝင်သူက ရေမဖြတ်ပဲ အာဏာပိုင်ကရေဖြတ်တာဟာ ဘာ့ကြောင့်လဲ ?? 

အာဏာပိုင်တွေဖက်က တိုက်ပွဲချိုးနှိမ်ရာမှာ အကြမ်းဖက်ဖြိုခွဲတယ်။ အနံ့အရသာ တထောင်းထောင်း ထနေတဲ့ ဝက်သားတုံးကြီးကြီး ထမင်းပွဲ - တိုက်ပွဲဝင်သူနားလာချ မြှူဆွယ်တယ်။ ခံနိုင်ရည်မရှိသူက ဝက်သား တုံးကြီး ကြီးသဟဆိုပြီး ထစား သပိတ်လှန်တာရှိတယ်။ ခံနိုင်ရည်မရှိအောင် အချိန်ကြာဆွဲထားတယ်။ စအိုက ပိုက်နဲ့အစာသွင်းတယ်။ ဒီနည်းနဲ့ ဆရာတော်ဦးဝိစာရ သပိတ်ကို ချိုးနှိမ်ဖြိုခွဲတယ်။ ဦးနေဝင်း အာဏာရှင် စစ်ကောင်စီအစိုးရ - အင်းစိန်ထောင်တိုက်ထဲမှာ ဘိုးတော်တင်ဦးဖြစ်လာမဲ့ ကိုတင်ဦးရဲ့ အစာငတ်ခံတိုက်ပွဲကို ဖြိုခွဲချိုးနှိမ်တယ်။ မခံနိုင် - သပိတ်လှန်တော့ ဆေးကုပေးပြီး တခြားအကျဉ်းသားနဲ့အတွေ့မခံ သီးခြားတိုက်ပိတ် ထားတယ်။ ဒီမှာ သမထလုပ်ရင်း ပေါက်ပြီး ဘိုးတော်တင်ဦးဖြစ်လာတာပါဘဲ။ ဒီသတင်းကို ထောင်ဆေးရုံအတူ တက်ခဲ့တဲ့ ရဲဘော်ထွန်းကြည်ကို ပါတီအစီရင်ခံပေးပါလို့ ဘိုးတော်တင်ဦးမှာကြားချက်အရ ရဲဘော်ထွန်းကြည် (ကိုကိုးကျွန်းမှာ) အစီရင်ခံလို့ သိရတာဖြစ်တယ်။ (ဘိုးတော်တင်ဦးက ပြည်သူ့ရဲဘော်ပါ။) 


ထောင်အာဏာပိုင်တွေဖက်က ရေဖြတ်တာဟာ အတွေ့အကြုံအရပြောရရင် ရေဖြတ်တိုက်ပွဲဝင်သူတဦး ဟာ (၂၇)ရက်မှာ သေဆုံးသွားတာ တွေ့ဘူးပါတယ်။ အခု အာဏာပိုင်တွေဘက်က ရေ တလျှောက်လုံးဖြတ်မှာ မဟုတ်ပါဘူး။ ရေဖြတ်ထားလိုက် ရေပြန်တိုက်လိုက်နဲ့ သပိတ်လှန်တဲ့အထိ နှိပ်စက်မဲ့ပုံပါ။ သပိတ်မလှန်ရင် သေတဲ့အထိ နှိပ်စက်သတ်ဖြတ်မဲ့သဘောပါ။ အတွေ့အကြုံအရ ယူဆပါတယ်။ 

အာဏာရှင်ကြီး ဦးနေဝင်း စစ်ကောင်စီအစိုးရက နိုင်ငံရေးအကျဉ်းသားတွေကို ကိုကိုးကျွန်းမပို့မှီ အင်းစိန်ထောင်ထဲမှာ နည်းမျိုးစုံနဲ့နှိပ်စက်ပါတယ်။ နောင်ဆုံးနှိပ်စက်တာဟာ တပါတ်မှာ ထမင်း(၃)ရက်ကျွေး ရေ(၃)ရက်တိုက်ပါတယ်။ (၄)ရက်အငတ်ထားတယ်။ အဲဒီလိုနှိပ်စက်ပြီး ချွတ်ခြုံကျသွားတော့မှ အဆောင်တစ် ဆောင်မှာ သီးသန့်ထားပြီး ကောင်းကောင်းကျွေး ကောင်းကောင်းထား ကျမ္မာရေးလုပ် စာဖတ်ခွင့်ပေး အားပြန် မွေးစေတယ်။ မာလာတော့ ပြန်ပြီး အရင်လိုနှိပ်စက်ပြန်တယ်။ ဘိုကလေးမြို့က တက္ကသိုလ်ကျောင်းသား ကိုသိန်းဆွေဆိုရင် အကြိမ်ကြိမ် ဒီလိုခံခဲ့ရတယ်။ အုတ်ဖိုက ထောင်ထဲမှာ သေဆုံးသွားသူ NLD ခေါင်းဆောင် ကိုအောင်မေသုကို ပါးစပ်ထဲသေးပေါက်ထည့်တယ်။ ဗိုက်ပေါ်စစ်ဘိနပ်နဲ့တက်ခုန်လို့ ပါးစပ်က ချေးတွေအံထွက် လာတဲ့အထိဘဲ။ ကုလား ခေါင်းမာရမလားတဲ့လေ။ ကိုအောင်မေသုကလည်း သူ့ကိုယ်သူ နီအောင်မေသုလို့ နာမည်မှာ “နီ” ထပ်ထည့်လိုက်တယ်။ အဲဒီလို ကျိုးနွံသွားအောင် နှိပ်စက်ပြီးမှ တိုင်းပြည်ကမသိအောင် ကိုကိုးကျွန်းကို တိတ်တဆိပ်လျှို့ဝှက် ပို့လိုက်တာပါ။ 

ဒီမှာတင်ပြချင်တာက အာဏာရှင်ဦးနေဝင်းရဲ့ ထောင်မှာကျင့်သုံးတဲ့ပေါ်လစီက “ထောင်ထဲမှာ တရားတာ မတရားတာ မပြောနဲ့။ တဖက်သတ်အုပ်ချုပ်တာ။ ချေးနဲ့ သေးနဲ့ ဖျော်တိုက်လည်း သောက်ရမယ်။ အစာငတ်ခံ တိုက်ပွဲဝင်မယ်မကြံနဲ့။ သေတဲ့အထိ ထားမယ်” လို့ စစ်ထောက်လှမ်းရေး နိုင်ငံရေးအကျဉ်းသား ထောင်ပိုင်က ထောင်အဝင်ဗူးထဲမှာ ကြေငြာပါတယ်။ ဒါ အာဏာရှင်အစိုးရများလက်ထက်မှာ ကျင့်သုံးတာပါ။ 

အခုအစိုးရသစ်က ထောင်မှာ “အစာငတ်ခံ တိုက်ပွဲသပိတ်မလှန်ရင် သေတဲ့အထိ ညှဉ်းပမ်းနှိပ်စက်မဲ့” လုပ်ရပ်ဟာ ပိုဆိုးနေပါတယ်။ သမ္မတကြီး ဦးသိန်းစိန် အစိုးရသစ်က ဒီအချိန်မှာ ဒီလိုမဖြစ်သင့်ပါဘူး။ အချိန်မှီ တားမြစ်ပေးပါလို့ တင်ပြလိုက်ရပါတယ်။ 

ရဲဘော်မျိုးထွဋ် (ကိုကိုးကျွန်းပြန်)
ပြည်သူ့ရဲဘော် ခေါင်းဆောင်ဟောင်း

ဆက်ဖတ်ရန် ....

Sunday, October 30, 2011

နှမျောလိုက်တာ အန်အယ်လ်ဒီ( အောင်မျိုးထွန်း) မြန်မာပြည်

AMT1

ဆက်ဖတ်ရန် ....

Saturday, October 22, 2011

လူ့အခွင့်အရေးနဲ့ ကိုယ်ကျိုးစီးပွား (အောင်သန်းဦး ၇၅ မျိုးဆက်)

Human Rights

ဆက်ဖတ်ရန် ....

Monday, October 3, 2011

ဟန်ညောင်ဝေနှင့် ရခိုင်လူမျိုးများ ပြဿနာ (ခိုင်အောင်ကျော်)

kak.
ရေးသူရဲ့ အာဘော်သာဖြစ်သည်။

ဆက်ဖတ်ရန် ....

Sunday, October 2, 2011

သူခိုးလက်က သူဝှက်လု (ထွန်းအောင်ကျော်)

DVB
ရေးသူရဲ့အာဘော်သာဖြစ်သည်။

ဆက်ဖတ်ရန် ....

Friday, September 30, 2011

အီးအီးစားပြောရင် ကြိုက်လို့ ထင်တယ် (မောင်ကျေးအော်)

ခေတ်ပျက်သန်းကြွယ်သူဌေး ကြီးကိုတေဇက သူ.ဟာ ဗိုလ်ချုပ်မှုးကြီး ကိုသန်းေ၇ွရဲ. သားမက်လို.ပြောနေတာဟာ ကောလဟလတွေပါ။ လက်နက်ကုန်သည်ဆိုတာလဲ မဟုတ်ပါဘူးလို. ပြောဆိုထားတာကို Forbes မဂ္ဂဇင်းမှာ ဖေါ်ပြခဲ.တယ်လို. သိရပါတယ်။ ဒီသတင်းဟာ နိုင်ငံရေးသတင်း မဟုတ်လို. ပြန်ချေပပြောဆိုစရာလားလို. ထင်မြင်ကြပါလိမ်.မယ်။ ဒါဟာ ကိုတေဇရဲ့ ကိုယ်ရေးကိုယ်တာဘဲလို. ပြောချင်လဲ ပြောကြပါလိမ့်မယ်။

ဒါပေမဲ. အာဏာရှင်နိုင်ငံတွေက အာဏာရှင်တွေနဲ. ပတ်သက်တဲ. အသိုင်းအ၀န်းရဲ့ ကိုယ်ရေးကိုယ်တာတွေဟာ တိုင်းပြည်အရေးထဲမှာ အရေးပါတဲ့ ကိစ္စတွေအဖြစ် ထင်မြင်ယူဆလို့ ပြောရပါဦိးမယ်။ တကယ်တော့ ကိုတေဇဆိုတာ မနေ.တနေ.ကမှ လူထဲသူထဲ နာမည် ထွက်လာတာပါ။ ပြည်သူလူထုကို စစ်အစိုးရက ဘယ်လောက်ဘဲ ဂရုမစိုက်စေဦးတော့။

သူတို.လုပ်သမျှ လုပ်ငန်းတိုင်းမှာ ပြည်သူထဲကလူတော်လူတတ်တွေမပါဘဲ လုပ်ချင်လို.မရနိုင်ပါဘူး။ ဒီတော. သူတို.ကြားက အဖြစ်အပျက်တွေ အခြေအနေတွေဟာလဲ ဘယ်သတင်းမဆို အနှေးနဲ. အမြန်ဆိုသလို ပြည်သူတွေကြားရောက်လာတာပါဘဲ။

ကိုတေဇက သူဟာ ကိုသန်းရွေသားမက်ပါဆိုတဲ့ သတင်းကို ကောလဟလပြောပြော-အတည်ပေါက်လို. သတ်မှတ်သတ်မှတ်။ ဘယ်သူကမှ ယုံကြည်မယ် မဟုတ်ပါဘူး။ ပြည်သူတွေထဲမှာ ကိုတေဇအကြောင်း စပြီးသတင်းထွက်လာတာ ကျပ်ပြေးနေပြည်တော် တည်ဆောက်ခါစကပါ။ ကျပ်ပြေးနေပြည်တော်ကို တိုးတိုးတိတ်တိတ်ခိုးပြီးတည်ဆောက်နေတယ်။ တည်ဆောက်ခါစက ကျပ်ပြေးတ၀ိုက်က ပြည်သူတွေက ဒီကောင်တွေ ပျဉ်းမနား-ရေနီ-တ၀ိုက်မှာတောင်တွေဖြို-တောတွေခုတ်ပြီး ဧရာမ ထုနဲ.ထည်နဲ. အဆောက်အဦးတွေ ဆောက်နေတယ် ။

ဘာရည်ရွယ်ချက်လဲ မသိဘူးလို. ပြောကြပါတယ်။ နောက်တော. မြိုတော် ပြောင်းမယ်ဆိုသလိုလို။ လက်နက်စက်ရုံတွေလိုလို။ ထင်ရာမြင်ရာ မှန်းဆပြောကြပြန်တယ်။ ( နောက်ဆုံးတော. ဒါဟာ အမှန်ဖြစ်လာတာဘဲ။) နောက်ပိုင်း ကျပ်ပြေးမှာ ဆောက်လုပ်ရေးကုပ္မဏီိတွေကို လုပ်ငန်းတွေချပေးတယ်။

အဲဒီမှာ တေဇဆိုတဲ.ကောင်တကောင် လူတွင်ကျယ်ဖြစ်နေတယ်။ သူက လက်နက်မှောင်ခိုကုန်သည်။ စစ်အစိုးရအတွက် ၈၈နောက်ပိုင်းကာလတွေမှာ လက်နက်မှောင်ခိုဝယ်ပေးနေသူလို.ပြောကြပြန်တယ်။ အဲဒီကိုတေဇဟာ ဒေါ်ထူးဆိုတဲ. အတော်အတန်ချမ်းသာတဲ. အမျိုးသမိးကြီးတဦိးရဲသားမက်။ ထူးဆိုတဲ. ကုပ္မဏီိထောင်ထားတယ်လို. သတင်းကြားရပြန်တယ်။

နောက်ပိုင်း ကျပ်ပြေးနေပြည်တော် တည်ဆောက်ရေးလုပ်ငန်းတွေကို ဗိုလ်ချုပ်မှုးကြီးကိုသန်းရွေ လှည်.ပတ်ကြည်.တယ်။ သမီးတွေ ပါလာတယ်။ ကိုတေဇက သမီးတွေကို ဖေါ်လံဖားပြီး နေပြည်တော် ကျပ်ပြေးတခွင် လိုက်ပို.လိုက်ပြတယ်။ ( သန်းရွေကြီးသမီးတွေက တေဇကို ကိုကိုတေဇ-ကိုကိုတေဇ နဲ.။ ကိုကိုတေဇခြင်းမိုးမွန်နေတာဘဲ။ ) တေဇက ရုပ်က ဖြောင်.ဖြောင်.။ ကိုသန်းရွေသမီး မယ်ရုပ်ဆိုးတို.ကလဲ ကဲကဲဆိုတော. -စသဖြင်. ပြောလာဆိုလာကြတယ်။ မကြာပါဘူး။

ကိုတေဇက စစ်အစိုးရအတွက် လက်နက်ဝယ်ပေးယုံမက ကိုသန်းရွေတို.မိသားစု သစ်လုပ်ငန်းလုပ်ချင်တာ -ကျောက်လုပ်ငန်းလုပ်ချင်တာ- တခြားစီးပွားရေးလုပ်ချင်တာတွေပါ ၀ိုင်းလုပ်ပေးနေရပြီ။ ဒါကြောင့် မယ်တော်ကြီးဒေါ်ြိကိုင်ကြိုင်က ( မောင်တေဇလေးက အားကိုးရတယ်။ မောင်တေဇလေးက အားကိုးရတယ်နဲ.တဖွဖွပြောသတဲ.) လို့ လူထုထဲမှာ ကြားလာရပြန်တယ်။ နောက်ဆုံးတော. သန်းရွေကြီး သမီးတယောက်နဲ. တေဇ ညားကြလေသတည်းလို. သတင်းထွက်လာပါတော.တယ်။

အင်း။ ဆန်တော့မဆန်းပါဘူး။ ပြည်သူတွေက စစ်အစိုးရ ရုပ်မြင်သံကြားက ပြခဲ့ တဲ့ တရုတ်ကား ပြည်သူတရားရှင် ပေါင်ချိန်ဇာတ်ကားတကားမှာ အခု ကိုတေဇနဲ့ သန်းရွေသမီးဇာတ်လမ်းမျိုး ကြည့်ဘူးနေပြီးသားပါ။

ပေါင်ချိန်ဇာတ်လမ်းတခုမှာ တောသားပညာတတ်က တောမှာသားနဲ.မယားကို ထားခဲ.ပြီး နေပြည်တ်ာမှာ ပညာရှိ စာမေးပွဲသွားဖြေတယ်။ ဘုရင်.သမီးက ပညာရှိကို သဘောကျပြီး လိုချင်တော.. ပညာရှိလဲ တောက သားနဲ.မယားကို မေ.ပြီး ဘုရင်.သမီးနဲ. ယူလိုက်တယ်။

ဘုရင်ကလဲ ဒီကောင်ကိုအသုံးချစရာရှိလို. သားမက်တော်လိုက်တယ်။ တောက မယားက ကလေးချီိပြီးလိုက်တာတော့ မယားနဲ့ ကလေးကို သတ်ဘို့ ကြံရွယ်တယ်။

နောက်ဆုံးတော့ ပြည်သူ့တရားရှင် ပေါင်ချိန်ဆီ ရောက်လာတဲ့ ဇာတ်လမ်းပါ။ ကိုသန်းရွေကြိးမိသားစုက ကိုတေဇကို သားမက်တော်ထားတယ်ဆိုတဲ. သတင်းကြာရတော. ပြည်သူတွေက ( ဟို-ဟို ပေါင်ချိန် ဇာတ်ကားထဲကလိုပေါ.) လို.ပြောကြဆိုကြတယ်။ နမူနာဇာတ်လမ်းကလေးပြောပြီး လူတိုင်းက ဖြစ်နိုင်တယ်လို.ဘဲ မှတ်ချက်ချကြပါတယ်။ တဆက်ထဲမှာ ကိုတေဇ ဘယ်လိုလူစားလဲဆိုတာလဲ စိတ်ဝင်စားကြပြန်တယ်။ ကိုတေဇက စစ်တက္ကသိုလ်က ကျောင်းမပြီးဘဲ အပြစ်တခုနဲ. ထွက်လာခဲ.ရသူ။

ငယ်ငယ်ရွယ်ရွယ်နဲ.ခပ်စောစောအိမ်ထောင်ကျ။ သားကြွေးမှု မယားကြွေးမှု ဘာလုပ်ရမှန်းမသိ ဝေလေလေဖြစ်နေချိန်။ ပြင်ပစီးပွားရေးတခုနဲ.အောင်မြင်နေတဲ. သူငယ်ချင်းဟောင်းတယောက်ဆီမှာ အလုပ်တောင်းတယ်။ အလုပ်တောင်းတော. သူငယ်ချင်းက အတော်အတန်ချမ်းသာတဲ. ဒေါ်ထူးသားမက် တောင်မရောက် မြောက်မရောက်ကိုတေဇကို ပေးစရာအလုပ်မရှိဖြစ်နေတော. ( ဟေ.ကောင်--မင်းတို.လို ကောင်မျိုး ပေးစရာ အလုပ်မျိုး ငါ.ဆိမှာ မရှိဘူး) လို. ပြောပါသတဲ.။

အဲဒီိတော. ကိုတေဇက ( ဟေ.ကောင် --သူငယ်ချင်း --မင်းခိုင်းချင်တာခိုင်းကွာ။ ပိုက်ဆံရပြီးရော--မင်းဘယ်သူ.ကို သတ်ချင်သလဲ။ ဘယ်သူ.ကို ရိုက်ချင်သလဲ -ပြော) လို. ပြန်ပြောခဲ.ပါသတဲ.။ တကယ်လဲ ကိုတေဇဟာ သူပြောသလို ငွေရပြီးရော လုပ်ခဲ.ပုံပါဘဲ။

ကြို့ ပင်ကောက်မြို့ဆက် ကိုတေဇကို ကြို့ပင်ကောက်သူ ကြို့ပင်ကောက်သားတွေ ပြောကြတာက ( တေဇတယောက် ဒေါ်ထူးရဲ.သားမက်ဖြစ်လြာ့ပီးနောက် ဒေါ်ထူးက လုပ်ငန်းထောင်ပေးတယ်။ ဆန်စက်လုပ်တော. ဆန်စက်ရှုံး။ ပွဲရုံလုပ်တော. ပွဲရုံ ရှုံး။ သစ်စက်လုပ်တော. သစ်စက် ရှုံး။ ဒီကောင် စစ်အစိုးရနဲ.ပေါင်းပြိး လက်နက်မှောင်ခို လမ်းကြောင်းဆက်မိသွားမှ မြတ်တော.တာဘဲ) တဲ့။

နောက်ပိုင်း တော. ဒေါ်ကြိုင်ကြိုင် အားကိုးရတဲ.မောင်တေဇတယောက် ပြည်သူ.ဘဏ္ဍာ ကိုယ်ဟာမှတ်ယူ။ ထင်သလိုကျဲနိုင်ပြီး( မြင်မြင်ကရာ ငါ.ယောက္ခမ ထန်းတော ) ဆိုတဲ.စကားအတိုင်း တပြည်လုံးက ဟိုတယ် လုပ်ငန်း-လေကြောင်းလုပ်ငန်း-သစ်လုပ်ငန်း-ကျောက်လုပ်ငန်း-ဆောက်လုပ်ရေးလုပ်ငန်း---အင်းအင်း-- မရေမတွက်နိုင်တဲ. လုပ်ငန်းမှန်သမျှ ဦးတေဇပိုင်ဖြစ်တော.တာပါဘဲ။ အံ.သြစရာတော. မရှိပါဘူး။ ဒီလိုနဲ. ပြည်သူတွေကြားမှာ တိုးတိုးတိတ်တိတ်ရော-ကျယ်ကျယ်လောင်လောင်ပါ ကိုတေဇဟာ ကိုသန်းရွေသားမက်လို. သတ်မှတ်လိုက်ကြတယ်။

ဒီသတင်းက ဟုတ်မှန်နိုင်တာ သေချာပေမဲ. ဗိုလ်ချုပ်မှုးကြီးကိုသန်းရွေမိသားစုအတွက် နိုင်ငံမှာ ပါဝါတစ်ရနေသူ မိသားစုတခုအဘို. ကိုယ်.သမီးက မယားရှိလင်ကို ခိုးတာ မိဘကပါ သဘောတူလက်ခံထားတဲ.ကိစ္စကြီး ဖြစ်နေလို. အရှက်နဲ. ဂုဏ်သိက္ခာဆည်ရမဲ. လိုအပ်ချက်တခု ဖြစ်လာပါတယ်။ ဒီအချက်ကို ဖြေရှင်းပေးနေသူတွေကတော. နာမည်ကြီးကုပ္မဏီပိုင်ရှင် ခေတ်ပျက်သူဌေးအုပ်စုတွေပါဘဲ။

သူတို.ရဲမန်နေဂျာတွေ ၀န်ထမ်းတချို.တွေကတဆင်. ဦတေဇက ဦးသန်းရွေသားမက် မဟုတ်ပါဘူးလို. တိုးတိုးတိတ်တိတ် သတင်းလွင်.ပေးတတ်ပါတယ်။ ဘယ်သူ.ဆီက ကြားရ ကြားရ ဖြေရှင်းပု့စကားလုံးက တပုံစံထဲ။ လေယူလေသိမ်းက အစ အားလုံး တူတယ်။ မကြာသေးခင်က ကုပ္မဏီကြီးတခုမှာ မန်နေဂျာလုပ်နေတဲ. မိတ်ဆွေတယောက်က ( ဦးတေဇက ဥိးသန်းရွေသားမက် မဟုတ်ပါဘူး) လို. စကားဆိုလာပါတယ်။

ဒါနဲ..လူရင်းခြင်း ပြောမနာဆိုမနာ ဖြစ်နေတဲ.မိတ်ဆွေကို ပြန်ပြောလိုက်ပါတယ်။ တေဇ သန်းရွေသားမက် ဟုတ်မဟုတ်ဆိုတာ ယုတ္တိရှိမရှိ ကိုယ်.ဥာဏ်နဲ.ကို စဉ်းစားကြည်.ပါ။ တေဇဟာ အသက် ၄၀ကျော်ဘဲ ရှိသေးတယ်။ ၅၀ မပြည်.သေးဘူး။ မယားကြီး ဖြစ်သူ သီတာဇော်နဲ.လဲ မပေါင်းရဘူး။


တေဇလို ကျိကျိတက်ချမ်းသာနေတဲ. အရွယ်ကောင်းယောင်္ကျားတယောက်က ယူချင်တယ်ဆိုရင် မြန်မာပြည်က အချောအလှ ဘယ်မိန်းမကိုမဆို ခေါင်းခေါက်ယူလို.ရနိုင်တယ်။ သူ.ရဲချမ်းသာကြွယ်ဝမှုကြောင့် သူ့ အထိုက်အလျောက် တင်တောင်းရင် ပညာတတ်မိန်းမယူမလား။ ချမ်းသာတဲ့ အသိုင်းအ၀န်းကယူမလား။ ရုပ်ရှင် မင်းသမီးတွေယူမလား။

ဆတ်ကော့လတ်ကော့ မော်ဒယ်သမီးလေးတွေယူမလား။ အပျိုယူမလား။ တခုလတ်ယူမလား။ ၅ခုလတ်ယူမလား။ တယောက် ယူမလား။ ၁၀ယောက် ယူမလား။ ယူမယ့်မိန်းမတွေ ရာနဲ.ချီ ရှိနိုင်တယ်။ ခင်ဗျားသာ ကိုတေဇနေရာမှာဆို မိန်းမတယောက် မယူဘဲနေမလား။

ချမ်းသာပြီး သွေးသားနိုးကြားဆဲယောကျာင်္းတယောက်။ မိန်းမ တယောက်မှ တရားဝင်မရှိဘဲ တကိုယ်တည်းနေလာတာ ၁၀နှစ်နီးပါးရှိပြီး။ တေဇအတွက် လောက စည်းစိမ်ခံနိုင်ဘို.အခြေအနေနဲ. အခွင်.အရေးက မိုင်ကုန်ပေးထားတာ။

တေဇလို မချမ်းသာဘဲတောင် အခွင်အရေးသာရခဲ.ရရင် ဘယ်ယောကျာင်္းမဆို ၂ယောက်လောက်တော. အနဲဆုံးလိုချင်တတ်ကြတာ။ တေဇက ရုပ်လဲ ရုပ်ချော။ ( ကိုတေဇကို ရုပ်နဲ.ပတ်သက်ရင် လူချောလူသန်.လို.ဘဲ သတ်မှတ်ပါ.မယ်။ ) ခင်ဗျားသာတေဇလောက် အခွင်.အရေးကောင်းရရင် မိန်းမတယောက်မှ အနားမရှိဘဲနေမလား။ ဘုရား-ရဟန္တာလဲ မဟုတ်ဘူး။

တေဇဟာ အာဏာနဲ.အထိမ်းခံထားရတဲ..သန်းရွေရဲ.သားမက်မို. မိန်းမကိစ္စ ဘရိတ်ဆွဲနေရတယ်ဆိုတာ ဘယ်သူက ဘယ်လိုငြင်းချက်ထုတ်မလဲ။ လောက ယုတ္တိဗေဒအရ တေဇဟာ သန်းရွေသားမက်စင်စစ် ဧကန်ဖြစ်တယ်လို. ပြောချလိုက်မိပါတယ်။ ဒီတော.မှ မိတ်ဆွေက ( အင်း--- ဒီလိုတော.လဲ ယုတ္တိရှိပါတယ်။ ဟုတ်လောက်ပါတယ် )လို. ကောက်ချက်ပေးပါတော.တယ် ။

ကဲ မိတ်ဆွေ --- ကိုတေဇက သူဟာ စစ်အာဏာရှင် ကိုသန်းရွေသားမက် မဟုတ်ပါဘူးလို. ငြင်းချက်တွေထုတ်ဖြေရှင်းနေတာ ဖြစ်နိုင်၏ မဖြစ်နိုင်၏----  ကိုယ့်ဥာဏ်နဲ့ကိုယ်သာ စဉ်းစားကြပေတော့။ စာရေးသူကတော့ ကိုတေဇ ဘာပြောပြော ( အီးအီးစားပြောရင် ကြိုက်လို့ထင်တယ်)

မောင်ကျေးအော်

(ဆောင်းပါးပါ အချက်အလက်များသည် ပေးပို့လာသော ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါကြောင်း -- အညာနွေ)

ဆက်ဖတ်ရန် ....