-->

Friday, March 6, 2009

လူ့အခွင်းအရေးရှေ့နေ ၂ဦး လွတ်ရက်စေ့လို့ပြန်လည်လွတ်မြောက်လာ

ပုသိမ်ထောင်ကလွတ်မြောက်လာတဲ့ ဦးအောင်သိန်းက ဒီမိုကရက်တစ်မြန်မာ့အသံကို အခုလိုပြောကြားသွားပါတယ်၊

"
လေ့လာရေးတခုလာရတာပေါ့၊ ဆောင်းခိုဌက်တွေလိုပေါ့နော့်။ ရန်ကုန်ကနေ ပြီး တော့ ဒီဧရာဝတီတိုင်းဘက်ကို လာရတယ်ဆိုတော့ ဆောင်းခိုဌက်လိုပေါ့၊ ဆောင်းတွင်းလည်းကုန်ရော ရန်ကုန်ပြန်ရတာပေါ့၊"


နောက်ရှေနေတစ်ယောက်ဖြစ်တဲ့ ဦးခင်မောင်ရှိန်ကတော့ အာအက်ဖ်အေကိုအခုလိုပြောကြားသွားပါတယ်၊



"
ဒီမှာရှိနေတယ် အနေအထားတွေအရ ကျနော့်တို က ကိုယ်အမှုသည်အပေါ်မှာ လိုက်ပါဆောင်ရွက်ပေးတယ်၊ ကိုယ်အမှုသည် သူတို့ ခံစားရတယ် အတိုင်းအတာကိုပြောတယ် ကျနော့်တို့ ကိုပြောတယ် နောက်သူတို့ ခံစားရတယ် အတိုင်းအတာအရ ကျနော့်တို ဟာတရားရုံးကို ရိုရိုသေသေနဲ့ ဘဲ့ ကျနော့် ပါဝါ ရုပ်တယ်ဆိုတယ် ဟာတင်ပေးတာ ကျနော့်တို က တရားရုံးကို မထီမဲ့မြင်လုပ်တယ်ကိစ္စတစ်ခုမှမရှိဘူးခင်ဗျာ့ ၊ ဖြစ်ပေါ်နေတယ် အခြေအနေရဲ ကျနော့်တို က ဘယ်လိုခေါ်မလဲသားကောင်ဖြစ်တယ်သဘောပေါ့ဗျာ့၊ ရှေမှာရှိတယ် ကျင့်ထုံးတွေကလည်း အယူခံဝင်ခွင့်ရှိတယ်၊ အခုဟာကလည်း ထောင်လေးလ ဆိုတာများပါတယ်၊ကျနော့်တိုအနေအထားနဲဆိုရင် ရင်ထဲ့မှာတော်တော်တော့ခံစားရပါတယ်

လူငယ်ရှေ့နေ ဦးညီညီထွေးကိုလည်း တရားစီရင်ရေး နှောင့်နှေးစေမူနဲ့တရားစွဲပြီး ပြီးခဲ့တဲ့ အောက်တိုလာမှာထောင်ဒဏ် ၆လချမှတ်ထားပါတယ်။လူငယ်ရှေ့နေ ကိုစောကျော်ကျော်မင်းကတော့မျက်ကွယ် ထောင်ဒဏ်ချမှတ်ခံရပြီး ထိုင်း၊မြန်မာ နယ်စပ်ကိုတိမ်းရှောင်သွားပါတယ်၊လူငယ်ရှေ့နေ ဦးဖိုးဖြူကိုလည်း အာဏာပိုင်တွေက မကွေးတိုင်း၊အောင်လံမြို့နယ်မှာ ဇန်န၀ါရီိလက ဖမ်းဆီးခဲ့ပြီး မကွေးအမှတ်(၁)ရဲစခန်းမှာချုပ်နှောင်ထားပါသည်၊

No comments: