အသက် ၅၂ နှစ်အရွယ် ဦးအောင်ဖေသည် တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့တွင် ယနေ့နံနက် ၆ နာရီခန့်မှ နေ့လယ် ၁၁ နာရီခွဲအထိ (၅ နာရီခွဲခန့်အကြာ) မတ်တပ်ရပ် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
ဆန္ဒပြစဉ်တလျှောက်လုံး မည်သည့် ကြွေးကြော်အော်ဟစ်မှုမျိုးမှ မရှိကြောင်း သိရသည်။ ယနေ့သည် ၆၄ နှစ်မြောက် တပ်မတော်နေ့ (ယခင်အခေါ် တော်လှန်ရေးနေ့) ဖြစ်ပြီး စစ်အစိုးရက နေပြည်တော်တွင် အခမ်းအနားပြုလုပ်နေခဲ့ကာ လူမြင်ကွင်းတွင် မိန့်ခွန်းပြောဆိုလေ့နည်းပါးသော စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှုးကြိးသန်းရွှေက ဂုဏ်ပြုတပ်ဖွဲ့သို့ မိန်းခွန်းပြောကြားသွားခဲ့သည်။
ဦးအောင်ဖေသည် ယခင်နှစ်များကလည်း ဆန္ဒပြမှုများ ပြုလုပ်ခဲ့သူဖြစ်သည်။
၂ဝဝ၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် ၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် တိုင်းပြည်၌ အမှန်တကယ် လွတ်လပ်ခြင်း မရှိကြောင်း ပြသသည့်အနေဖြင့် လက်ကို ပလပ်စတစ်ကြိုးနှင့် ချည်ကာ လွတ်လပ်ရေးကျောက်တိုင်ရှေ့တွင် ၂ မိနစ်ခန့် အလေးပြုဆန္ဒပြခဲ့သည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ကျရောက်သည့် အမျိုးသားနေ့တွင် ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ သွားရောက်နေစဉ် တွံတေးမြို့နယ် ရဲမှူးက မေးစရာရှိသည်ဟုဆိုကာ အချုပ်ခန်းတွင် တလကျော်ကြာ ထိန်းသိမ်းခံရသေးသည်။
ပြီးခဲ့သည့် သြဂုတ်လ ၈ ရက်နေ့က ရှစ်လေးလုံးနေ့ အမှတ်တရ ပြုလုပ်ခြင်း၊ မေလအတွင်းက လူထုဆန္ဒခံယူပွဲကျင်းပရာ မဲရုံတွင် မဲလိမ်လည်မှုကို ကန့်ကွက်ခြင်း၊ အဖွဲ့ချုပ် လက်ကမ်းစာရွက်များကို NO အင်္ကျီဝတ်ကာ လိုက်လံဝေငှခြင်းတို့ကြောင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်ပျက်ပြားစေသည်ဟုဆိုကာ တွံတေးမြို့နယ်တရားရုံးက ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်နေ့မှ စတင်ကာ သူ့ကို တနှစ် ခြေချုပ်ချထားခဲ့သည်။
Friday, March 27, 2009
ရန်ကုန်တိုင်း တွံတေးမြို့မှ တကိုယ်တော် ဆန္ဒပြသမား ကျူရှင်ဆရာ ဦးအောင်ဖေသည် ယနေ့နံနက်ပိုင်းက ဆန္ဒပြရာ အာဏာပိုင်များက ဖမ်းဆီး ခေါ်ဆောင်သွားသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment