-->

Saturday, May 16, 2009

နယူးဒေလီက ဆန္ဒပြပွဲ

နယူးဒေလီက ဆန္ဒပြပွဲ


နယူးဒေလီမြိုမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားကာ အမှုဆင်ထောင်ချဖို့ စစ်အစိုးရက လုပ်ဆောင်နေတာကို ချက်ခြင်းရပ်ပြီး အမြန်ဆုံးလွတ်ပေးဖို့ တောင်းဆိုဆန္ဒပြကြတာဖြစ်ပါတယ်။ ဒီဆန္ဒပြပွဲမှာ ပြည်ထောင်စုမြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရ ပြန်ကြားရေးဝန်ကြီး ဒေါက်တာတင့်ဆွေ က မြန်မာစစ်အစိုးရနဲ့ အိမ်နီးခြင်း နိုင်ငံကြီး ၂နိုင်ငံကို တိုက်တွန်းနိုးဆော်တဲ့ အမှာစကားပြောသွားပါတယ်။
အိန္ဒိယ သာသနာ့ဥသျှောင်အဖွဲ့ ဥက္ကဋ္ဌ ရွှေဝါရောင် ကျောင်းတိုက်ဆရာတော် ဦးပညာဇောတ ကတော့ မြန်မာစစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တိုင်းရင်းသားခေါင်းဆောင်တွေအပေါ်မှာရော မတရားမှုတွေပြုလုပ်နေတဲ့အတွက် ရဟန်းရှင်လူပြည်သူအားလုံး အထွေထွေသပိတ်ကြီးဆင်နွှဲသွားရမယ်လို့ မိန့်ကြားသွားပါတယ်။
ဦးဇင်းတို့ရဲ့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ရက်စက်ယုတ်မာ ကောက်ကျစ်စဉ်းလဲတဲ့ နအဖ စစ်ခေါင်းဆောင်တွေရဲ့ အင်းစိန်ထောင်ကို ရောက်ရှိနေပါတယ်။ နအဖ စစ်ခေါင်းဆောင်တွေဟာ တိုင်းရင်းသားအင်အားစုတွေ တိုင်းရင်းသားခေါင်းဆောင်တွေအပေါ်မှာ သူ့မိသားစု ခြံဝန်းအိမ်စောင့်ခွေးလောက် သဘောထားပြီးတော့ တိုင်းရင်းသားခေါင်းဆောင်တွေကို အနိမ့်ကျဆုံး စည်းရုံးနည်းတွေနဲ့ စည်းရုံးနေတာကို ဦးဇင်းတို့ကြားနေရတယ်။ ဒါတိုင်းရင်းသား ခေါင်းဆောင်တွေကို အမျိုးသားခေါင်းဆောင်အဆင့်ကို မတက်ရဘူးဆိုတဲ့ သဘောမျိုးဖန်တီးနေတာဖြစ်တယ်။ နအဖ စစ်ခေါင်းဆောင်တွေရဲ့ ယုတ်မာမှုဟာ ကမ်းကုန်နေပြီဖြစ်တဲ့အတွက် ဦးဇင်းတို့ရဲ့ ပတ္တနိက္ကုဇ္ဇနကံတွေကို ကျေးရွာအလိုက် ရပ်ကွက်အလိုက် မြို့နယ်အလိုက် ဖေါ်ဆောင်သွားရမှာဖြစ်သလို ကျန်တဲ့တိုင်းရင်းသားလူမျိုးပေါင်းစုံကလည်း အထွေထွေ သပိတ်ကြီးတွေကို ဆင်နွှဲသွားရမှာဖြစ်တယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ကိုဇင်နိုင်ကလည်း ဒီကိစ္စကို ငုံ့ခံနေရင် ကမBာအလယ်မှာ အရှက်ရစရာ လူမျိုးအရှက်ရစရာ နိုင်ငံဖြစ်မှာစိုးတဲ့အတွက် မကြောက်တရားလက်ကိုင်ပြီး ရဲရဲဝံ့ဝံ့ တော်လှန်ကြဖို့ တိုက်တွန်းသွားပါတယ်။
ကချင်အမျိုးသားများ အစည်းအရုံး (KNO) အနောက်ဘက်ဒေသ တာဝန်ခံ လဖိုင်ဇော်လတ်ကလဲ ဒါဟာတိုင်းရင်းသားအရေးတင်မကပဲ တတိုင်းပြည်လုံးအရေး ဖြစ်တဲ့တွက် အားလုံးပူးပေါင်းကြပါလို့ပြောသွားပါတယ်။
ဒီဆန္ဒပြပွဲကို လူပေါင်း ၁၂ဝ ကျော်တက်ရောက်ပြီး အဖွဲ့ပေါင်း ၂၉ ဖွဲ့ရဲ့ ပူးပေါင်းထုတ်ပြန်တဲ့ ထုတ်ပြန်ကြေငြာချက်တွေကို ဝေငှခဲ့ပြီး သက်ဆိုင်ရာ သံရုံးတွေ အစိုးရရုံးတွေကို လည်း ပေးပို့သွားမယ်လို့ သိရပါတယ်။
ထလော့ မြန်မာ အိုမြန်မာတို့ နီးရာရန်သူ မြန်တိုက်ယူလော့
ကိုယ့်ခွန်ကိုယ့်အား ကိုယ့်အမျိုးသားပဲ အားကိုယ်းစရာ စွဲမှတ်ယူကာ
ရရာလက်နက် စွဲကိုင်တက်လို့ စစ်အာဏာရှင်ပြုတ်ကျဖို့အရေး
ဝိုင်းဝန်းပေးပါ အိုမြန်မာတို့






အညာနွေတမာမြေ

No comments: