-->

Friday, May 29, 2009

ဘူးသီးတောင်ထောင်က အကျဉ်းသားတွေ ကျမ္မာရေး စိုးရိမ်ရ

၈၈ ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်၊ ဗကသ ကျောင်းသားခေါင်းဆောင် ကိုစည်သူမောင် ၊ ကိုပြည့်ဖြိုးလှိုင် (ဘိုကလေး) ၊ ကိုအောင်ဇော်ဦး(ဘိုကလေး) ၊ ညီညီမင်း၊ ဦးဟန်စိန်၊ ကိုကျော်မင်းနဲ့ သံဃာတော်တပါး စုစုပေါင်း နိုင်ငံရေးအကျဉ်းသား ၁၀ ဦးကျော်ဟာ ထောင်ဝင်စာအခက်အခဲ၊ နေထိုင်ရေး၊ ကျမ္မာရေး စောင့်ရှောက်မှု ညံ့ဖျင်းတဲ့အတွက် အကျဉ်းသားတွေမှာ ကျမ္မာရေး အခြေအနေ စိုးရိမ်နေရပါတယ်၊ မေလဆန်းပိုင်က ထောင်ဒဏ် ၂၄ နှစ်ကျခံနေရတဲ့ ကိုပြည့်ဖြိုးလှိုင်ဟာ ထောင်တွင်းက ဒဏ်တွေကြောင့် တီဘီရောဂါခံစားရပြီး ဘူးသီးတောင်ထောင်မှာ ကုမရတဲ့အတွက် စစ်တွေထောင်ကိုပြောင်းပြီး စစ်တွေပြည်သူ့ဆေးရုံကြီးမှာ ၅ရက်လောက်ဆေးကုသခံခဲ့ရတယ်လို့ မိခင်ဖြစ်သူကပြောပါတယ်၊

မိသားစုကို ဘာအကြောင်းမှမကြားပဲ ဆေးကုနေပြီး ဆေးကုသချက်မှတ်တမ်းတွေလည်း မပေးတဲ့အတွက် မိသားစုက အတော်ကို စိုးရိမ်နေရပါတယ်၊ နောက် ကိုအောင်ဇော်ဦး ရဲ့မိသားစုဝင်တွေဟာ မူစလင်ဖြစ်နေတဲ့အတွက် ရခိုင်ပြည်နယ်ကို သွားခွင့်မရလို့ ကိုအောင်ဇော်ဦး အခြေအနေလည်း ပူပန်စရာဖြစ်နေပါတယ်၊ ကိုစည်သူမောင်ကတော့ မိဘ ၂ပါးစလုံး ထောင်ချခံထားရတာကြောင့် ဘယ်သူမှမလာရောက်နိုင်ပါဘူး၊၊ ကျန်တဲ့ အကျဉ်းသားတွေကပဲ မျှတပေးနေရပါတယ်၊
ဘူးသီးတောင်ထောင်က ရာဇ၀တ်အကျဉ်းသားတွေဟာမြေကြီးမှာအိပ်ရပြီး အခွင့်ထူးပေးတဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုတော့ ကြမ်းခင်းပေးအိပ်တယ်လို့သိရတဲ့အတွက် အထူးကျေးဇူးတင်ရမလိုပါပဲ၊ ဆေးမှူးဆိုတာကလည်း ၀န်ထမ်းတယောက်ကို ခန့်ထားတဲ့အတွက် အတော်ကြောက်စရာကောင်းပါတယ်၊ ဆေးထိုးအပ်တွေ ။ ပိုက်တွေကနေ တဆင့်ကူးမှဖြင့် မတွေးဝံ့စရာပါ၊၊ ရန်ကုန်ကနေ ထောင်ဝင်စာသွားရင် ခရီးစရိတ်တင် ရိုးရိုးသွားယုံ ၁သိန်းခွဲလောက်ကုန်ပါတယ်တဲ့ ကူညီနိုင်သူများ ကူညီနိုင်ရန်တင်ပြလိုက်ရပါတယ်

တူဖြစ်တုန်းတော့ နှံထားဦးပေါ့ ပေဖြစ်ရင်တော့ ဒင်းတို့ခံနိုင်အောင်ပြင်ထား

No comments: