မလေးရှား ၊ဂျပန်၊ ကိုရီးယားက မြန်မာတွေ လူထုခေါင်းဆောင်လွတ်ပေးဖို့ ဆန္ဒပြ
အင်းစိန်ထောင်မှာ ဖမ်းဆီးချုပ်နှောင်ပြီး ရုံးတင်စစ်ဆေးခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလွတ်ပေးဖို့အတွက် ဒီကနေ့မနက်မှာ မလေးရှားရောက် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေက ဦးဆောင်ပြီး မလေးရှားနိုင်ငံကွာလာလမ်ပူ သံရုံးရှေ့မှာ တောင်းဆိုဆန္ဒပြပွဲတရပ်ပြုလုပ်ခဲ့ပါတယ်။ ဒီဆန္ဒပြပွဲအကြောင်းကို ဦးဆောင်ကျင်းပသူတဦးဖြစ်တဲ့ အန်အယ်လ်ဒီအယ်လေမလေးရှားဌာနခွဲရဲ့ ဥက္ကဌကိုကျော်ကျာ် ကပြောပြပါတယ်။
အဓိကတောင်းဆိုချက်သုံးရပ်ကို ကျနော်တို့ကတောင်းဆိုတယ်ပေါ့နော် ကျနော်တို့ရဲ့အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွတ်ပေးဖို့နဲ့ အမှုဆင်ဖမ်းဆီးခြင်းအားချက်ချင်းရပ်ပေးဖို့ရယ် မတရားတဲ့အမိန့်အာဏာများကို ဖီဆန်ကြဆိုတဲ့ ကြွေကြော်သံ ၃ ချက်နဲ့ မြန်မာသံရုံးရှေ့မှာ သွားရောက်တောင်းဆိုပါတယ်။ အန်အယ်လ်ဒီအယ်အေ မလေးရှားကနေ ကြေငြာချက်ထုတ်ပြီး သံရုံကိုသွားပေးတာ သံရုံးအနေနဲ့လုံးဝလက်မခံဘူ ထွက်လည်းမတွေ့ဘူး အဲဒါကြောင့် မလေးရှားအာဏာပိုင်တွေကနေပြီး သူတို့ရဲ့စာတိုက်ပုံးထဲထည့်ခဲ့ပါဆိုလို့ ထည့်ခဲ့ရတယ် မလေးရှားရဲအနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ခုလိုဖမ်းဆီးတာ သူတို့အနေနဲ့ မတရားမှုဖြစ်တယ်ဆိုတဲ့အကြောင်းကို နားလည်သဘောပေါက်အောင် သူတို့ကိုရှင်းပြတဲ့အတွက် ကျနော်တို့ကို နာရီဝက် ဆန္ဒပြခွင့်ပေးလိုက်တဲ့အတွက် တစုံတရာအနှောက်ယှက် အဟန့်အတားတော့မတွေ့ရဘူးခင်များ
မလေးရှားက ဆန္ဒပြပွဲကို ဒီမိုကရေစီရေးအင်အားစု ၁ဝဝ ဝန်းကျင်တက်ရောက်ဆန္ဒပြခဲ့ကြတယ်လို့ပြောပါတယ်။ နောက်ရက်တွေမှာလည်း အဖွဲ့အစည်းပေါင်းစုံပူးပေါင်းပြီး ဆန္ဒပြပွဲတွေဆက်တိုက်ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။မနေ့က ဂျပန်နဲ့ ကိုရီးယားရောက်မြန်မာတွေကလည်း တာဝန်သိသိ ဆန္ဒပြပွဲတွေ ကျင်းပခဲ့တယ်လို့ကြားသိရတဲ့အတွက် အညာနွေတမာမြေမှာ ဂုဏ်ယူပါကြောင်း

အညာနွေတမာမြေ
No comments:
Post a Comment