-->

Wednesday, May 27, 2009

မော်လမြိုင်မြို့မှာ ဒီနေ့ ဗုံး ၂လုံးဆက်တိုက်ကွဲ

ဒီကနေ့ မေလ ၂၇ ရက်နေ့မနက် ၉နာရီဝန်းကျင်က မွန်ပြည်နယ်ရဲ့မြို့တော် မော်လမြိုင်မြို့မှာ မြန်မာ့စီးပွားရေးဘဏ် အနီးနဲ့ မောရ၀တီပန်းခြံနားက အစိုးရဧည့်ဂေဟာ ရှေ့တွေမှာ ဗုံး ၂လုံး ရှေ့ဆင့်နောက်ဆင့်ကွဲခဲ့တယ်လို့သိရပါတယ်၊ ဒီဗုံးကွဲမှုကြောင့် အထိခိုက်အဆုံးရှုံးလည်း မကြားမိဘူးလို့မြို့ခံတွေကပြောပါတယ်၊ တိုက်ဆိုင်တာတခုကတော့ ဒီကနေ့ ရန်ကုန်အန်အယ်လ်ဒီရုံးချုပ်ရှေ့မှာ ကားတစီးက စာရွက်တွေဖြန့်ဝေသွားတဲ့ထဲမှာ နယ်စပ်ကနေ ဖေါက်ခွဲရေးသမားတွေ ၀င်လာနေပြီလို့ အန်အယ်လ်ဒီအမှတ်တံဆိပ်ပါတဲ့ စာရွက်တွေဖြန့်ကျဲသွားတာနဲ့ ဆက်စပ်နိုင်ပါတယ်၊ ၀ိုင်းဝန်းစဉ်းစားပေးကြပါ၊

အညာနွေတမာမြေ

No comments: