-->

Saturday, May 23, 2009

မလေးရှားစမုန်ညှင်းစခန်းက ဒုက္ခသည် တွေအစာငတ်ခံဆန္ဒပြလို့လွတ်မြောက်လာသူများရှိ

မလေးရှားနိုင်ငံ စမုန်ညှင်းဒုက္ခသည်စခန်းအတွင်းက ဒုက္ခသည်တွေဟာ သူတို့ကို ထိမ်းသိမ်းထားတာ ၅လကျော်ရှိပြီး ဆေးဝါးကုသမှု အစားအသောက် မလုံလောက်တဲ့အတွက် မေလ ၁၉ ရက်က စပြီး အစာငတ်ခံဆန္ဒပြခဲ့ပါတယ်။ ။ ဒီလိုအစာငတ်ခံဆန္ဒပြနေတဲ့အတွက် မလေးရှား အခြေစိုက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက လာရောက်စစ်ဆေးပြီး သူတို့အသိမှတ်ပြုပြီး ဒုက္ခသည်တွေကို လာရောက်ထုတ်တဲ့အတွက် မြန်မာနိုင်ငံသား ၄၅ ယောက်လွှတ်မြောက်လာခဲ့ပါတယ်။ လွတ်မြောက်လာတဲ့ထဲက ကိုစောအယ်ဆေးဆိုတဲ့ ကရင်ဗမာ တဦးကတော့ သူတို့လွတ်မြောက်လာခဲ့ပေမဲ့ ယူအန်အိပ်ခ်ျစီအာနဲ့ မလေးရှား လူဝင်မှုကြီးကြပ်ရေးက ခွဲခြားဆက်ဆံပြီး ထုတ်ယူတာတွေရှိတယ်လို့ ပြောပြပါတယ်။


ယူအန်အိပ်ခ်ျစီအာ အနေနဲ့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဥပဒေကိုလိုက်နာ ရပြီး ယူအန်အိပ်ခ်ျစီအာက အသိမှတ်ပြုပြီးသား ဒုက္ခသည်တွေရဲ့ မိသားစုဝင်တွေကို ဒုက္ခသည်အဖြစ် အသိမှတ်ပြုဖို့ဆိုရင် အချက်အလက်အထောက်အထားတွေပြည့်စုံမှ သူတို့အနေနဲ့ကူညီနိုင်မှာဖြစ်တယ်လို့ယူအန်အိပ်ခ်ျစီအာက ရှင်းပြခဲ့ပါတယ်။ ဒီကနေ့လည်း စမုန်ညှင်း ဒုက္ခသည်စခန်းကို ယူအန်အိပ်ခ်ျစီအာက တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးနေတယ်လို့လည်းသိရပါတယ်။ အခုလက်ရှိ စမုန်ညှင်း ဒုက္ခသည်စခန်းမှာ မြန်မာပြည်သား ၅ဝဝ ကျော်ကျန်သေးတယ်လို့ လွတ်လာသူတွေအပြောအရသိရပါတယ်။ ဒီထဲမှာ တချို့က ကြိမ်ဒဏ် ချခံရပြီးသူတွေ ထောင်ဒဏ် ၅ လကျခံပြီးသူတွေလည်းပါသလို ဒီတိုင်း ချုပ်နှောင်ဖမ်းဆီးခံရသူတွေလည်း ရှိတယ်လို့သိရပါတယ်။

အညာနွေတမာမြေ

No comments: