-->

Wednesday, June 10, 2009

လူထုတိုက်ပွဲများ မြန်မာပြည်အနှံ့အရှိန်မြှင့်လာ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး မြန်မာပြည်ငြိမ်းချမ်းရေးရရှိဖို့ဆိုပြီး ပဲခူးတိုင်း အနောက်ခြမ်း သာယာဝတီခရိုင်အတွင်းက ဇီးကုန်းမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် အမျိုးသမီး အဖွဲ့ဝင်တွေနဲ့ လူငယ်အဖွဲ့ဝင်တွေက မြို့နယ်တွင်းလှုပ်ရှားမှုတစ်ခု ဒီကနေ့ ဇွန်လ ၁ဝ ရက်နေ့ မနက်ပိုင်းမှာ ပြုလုပ်ခဲ့ကြသည်၊
အဖြူရောင်တီရှပ်ရဲ့ အရှေ့ဖက်မှာ FREE ဆိုတဲ့ အနီရောင်စာလုံးနဲ့ အနောက်ဖက်မှာ PEACE ဆိုတဲ့ အနီရောင်စာလုံးအပြင် ငြိမ်းချမ်းရေးသင်္ကေတအမှတ်အသားဖြစ်တဲ့ ဂျိုးဖြူငှက်ပျံသန်းနေပုံပါတဲ့ အင်္ကျီတွေ ဝတ်ဆင်ပြီး မြို့နယ်တွင်း လူစည်ကားတဲ့ နေရာတွေကို အဖွဲ့ဝင်တွေခွဲပြီး ဒီကနေ့ မနက် ၉ နာရီလောက်က လှည့်လည်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
ဒဂုံမြို့သစ်မှာလည်း ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံတွေ ဖြန့်ဝေခဲ့ကြပါတယ်၊ ရွာသာကြီးတက္ကသိုလ် နဲ့ လှည်းကူးမြို့နယ်တွေမှာလည်း ဓါတ်ပုံကမ်းပိန်းတွေ အရှိန်မြှင့်လာသည်ဟုသိရသည်၊
ဥပဒေဘောင်အတွင်းက ပြည်သူပါနိုင်တဲ့ လှုပ်ရှားမှုမှန်သမျှ အားပေးကူညီကြပါ အကြောက်တရားကိုအရင်ဖယ်ပေးပြီး လူထုပါဝင်လာအောင်စည်းရုံးပြီး တိုက်ပွဲအရှိန်မြှင့်ပေးကြပါ၊


Rest of your post
အညာနွေတမာမြေ

No comments: