-->

Saturday, June 13, 2009

ဒေါ်အောင်ဆန်းစုကြည် ထောင်မကျသေးခင် ဘာလုပ်မလဲ

စစ်အစိုးရက ထောင်ချချင်သည်။သည်တော့ ဒေါ်အောင်ဆန်းစုကြည် မုချထောင်ကျမှာ သေချာသည် ထောင်မကျခင် ဘာလုပ်ကြမှာလဲဆိုသော မေးခွန်းကို ဖြေရတော့မည်ဖြစ်သည်။့
ရှေးဦးစွာ နိုင်ငံရေးပါတီတွေက ဒီအချိန်မှာ ပြည်သူတွေကို ဦးဆောင်စည်းရုံးပြီး လှုပ်ရှားဖို့ အရေးကြီးသည်။ နိုင်ငံရေးပါတီများမှ ပြည်သူတွေ ဒေါသတွေ ပေါက်ကွဲနေပြီ။ထကြွကြတော့မည် ဆိုသောအပြောတွေ ရှက်စရာကောင်းလောက်အောင် ကြားနေရသည်။ ယင်းမှာ ပကတိ မျက်မှောက်ကါလနှင့် မည်သို့်မျှ မဆိုင်သော စကားလုံးဖြစ်သည်။
ပြည်တွင်းတွင် NLD,SNLD,ALD တို့သည် အဓိက အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ထောင်မချခင် ထောင်ထဲမှ ဆွဲထုတ်နိုင်ရမည်ဖြစ်သည်။ မိမိတို့ခေါင်းဆောင်ကို ထောင်ထဲမှ ဆွဲထုတ်အောင် ပြည်သူတွေကို စနစ်တကျ ဦးဆောင်ရန်သာ အရေးကြီးသည်။
ယင်းပြသနာမှာ မလွယ်ဟု ဆိုလျှင် အတိတ်က အကြောင်းတွေကို လေ့လာကြည့်ရန်လိုသည်။ ၁၉၆ရ ခုနှစ် စစ်တွေမြို့ ဆန်ပြသနာအရေးအခင်းကို လူတိုင်းလိုလို သိရှိကြသည်။။ယင်းနေ့တွင် ကျွန်တော်ရေးယူလာသော ဆိုင်းဘုတ် မှာ ((( ဆန်ပြသနာ ဖြေရှင်းပါ။ ရခိုင့်အရေးတော်ပုံ အောင်ရမည် ))) ဖြစ်သည်။


အကယ်စင်စစ် ကျွန်တော်သာ ယင်းဆိုင်းဘုတ်ဖြင့် မသွားဖြစ်ခဲ့လျှင် သည်ပြသနာဖြစ်မည် မဟုတ်။ ပြီးတော့ အကျဉ်းထောင်ကိုလည်း နိုင်ငံရေးအကျဉ်းသာများ လွှတ်ပေးပါဟု တောင်းဆိုဖြစ်မှာ မဟုတ်ခဲ့။ထောင်ထဲမှ လူတွေလည်း လွတ်လာစရာ အကြောင်းမရှိ။
၁၉၈၈ ခုနှစ် အရေးအခင်းတွင်းမှာ စစ်တွေ ထောင်ကိုဖွင့်ချလိုက်ကြရာ လူတွေအားလုံးလွတ်မြောက်သွားကြသည်။ တနိုင်ငံလုံးလိုလို ထောင်ကိုခါလိုက်နိုင်ကြသည်မို့ သင်ခန်းစာ ယူတတ်ဖို့သာလိုသည်။ နိုင်ငံရေးးပါတီများသည် အခြေအနေ ကောင်းလျှင် အစိုးရဖြစ်သွားနိုင်သည်မို့ ဒီအချိန်မှာ လှုပ်ရှာားဖို့သာလိုသည်။ယင်းကဲ့သို့ လှုပ်ရှားယုံနှင့် ဒေါ်အောင်ဆန်းစုကြည်လည်း လွတ်မြောက်ပြီး နိုင်ငံကိုခေါင်းဆောင်သွားလိမ့်မည်မှာ သေချာသည်။။သို့ဆိုလျှင် မည်သို့လှုပ်ရှားရမည်နည်းဟု မေးခွန်းထုတ်စရာတွေ ပေါ်လာနိုင်သည်။
ကျွန်တော်တို့မှာ လက်တွေ့လှုပ်ရှာခဲ့ဖူးသူများဖြစ်ရာ အဖြေကို ချက်ချင်းပေးနိင်သည်။
နိုင်ငံရေးပါတီများမှတယောက် မကျန် တနိုင်ငံလုံးရှိ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ အပါအ၀င် အင်းစိန်ထောင်ရှေ့ သွားပြီး ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွှတ်ပေး ရန် လှုပ်ရှားဖို့လိုသည်။ ပြည်သူများကို လှုပ်ရှားရန် သွေးမထိုးလိုက်ပါနှင့်။
ပြည်သူတွေက သူတို့လမ်း သူတို့ လျှောက်တတ်သည်။ဒီနောက်ဆုံး တိုက်ပွဲမှာ ခေါင်းဆောင်တွေပေါ် လာနေပြီ။
နအဖ ကို ဖြုတ်ချဖို့ ဒေါ်အောင်ဆန်းစုကြည် ထောင်မကျဖို့ အရေးကြီးသည်။
ဒေါ်အောင်ဆန်းစုကြည် ထောင်မကျဖို့ နိုင်ငံရေးပါတီတွေ အရေးကြီးသည်။
ဒေါ်အောင်ဆန်းစုကြည် အတွက် နိုင်ငံရေးပါတီတွေမှာ တာဝန်ရှိနေပြီ။
နိုင်ငံရေးပါတီတွေ နိုးထကြလော့။။။
နိုင်ငံရေးသမားတွေ နိုးထကြလော့။။။
ပြည်သှူ့လွှတ်တော်ကိုယ်စားလှယ်တွေ နိုးထကြလော့။။။။
ငါတို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အတွက် အင်းစိန်ထောင်ကို အမြန်သွားကြ။
အင်းစိန်ထောင်ဗူးဝတွင် အားလုံးဖမ်းဆီး ခံရလျှင် ယင်းနေ့သည် ဒီမိုကရေစီ ရရှိသောနေ့ဖြစ်မှာ သေချာသည်ဟုဆိုက မှားအံ့မထင်။။။။။။။။။
ခိုင်အောင်ကျော်(စစ်တွေ)

အညာနွေတမာမြေ

No comments: