-->

Saturday, June 6, 2009

မျှော်လင့်နေသူတို့ရဲ့ ယုံကြည်ချက်

လက်တွေ့နဲ့ သီအိုရီမှာ ဘယ်ဟာကို အဓိကထားပြီးတော့ ယုံကြည်ရမှာဆိုတာကို ဒီကနေ့ ဖြစ်ပျက်နေတဲ့ ဒို့မြန်မာနိုင်ငံအတွင်းမှာ စေတီပုထိုးတွေ ပြိုကျ၊ နိုင်ငံရေးတွေကလည်း ရှုပ်ထွေးနေတယ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း စွပ်စွဲခံနေရပြီး ဒီကြားထဲမှာ မုံရွာမြို့ ဗောဓိတစ်ထောင်မှာ ဘုန်းကြီးပြုတ်ကျ လူပြုကျနဲ့ဆိုတော့ နိမိတ်လေးမျိုးကို ပြောရမှာလား? ယုတ္တိလေးပါးမှာ အာဂမယုတ္တိ သာဓကယုတ္တိ သဘာဝယုတ္တိ ကာရဏယုတ္တိဆိုတဲ့ အဲဒီလေးပါးမှာ မည်သည့်သမိုင်းရာဇ၀င်ကိုမဆို နှိုင်းယှဉ်ကြည့်နိုင်ရမှာဖြစ်တဲ့အတွက် မြန်မာရာဇ၀င်ကို ယုတ္တိလေးမျိုးနဲ့ စဉ်းစားသင့်တဲ့အချိန်ဆိုတာကို မိုးကလည်းကျ၊ လူထုကလည်း ငတ်မွတ်၊ တစ်နေ့ရမှ တစ်နေ့စားရမှာဆိုတော့ လက်လုပ်လက်စားလူတန်းစားနဲ့ အလွှာအသီးသီးပုဂ္ဂိုလ်တွေအတွက် ဒီကနေ့မိုးတွင်း ရင်လေးစရာဖြစ်နေတဲ့ ဒို့ပြည်သူလူထုတွေဟာ နိုင်ငံရေးဘက်ကို သွားရမလား၊ စီးပွားရေးဘက်ကို သွားရမလား၊ လူမှုရေးဘက်ကို သွားရမလား၊ ဘယ်ဟာကို သွားရမယ်ဆိုတာကို ငေးမောနေတဲ့ ဒို့ပြည်သူတွေဟာ နိုင်ငံရေးယဉ်ကျေးမှုမရှိဘူးဆိုတာ ပြည်သူက မရှိတာလား၊ စစ်ခေါင်းဆောင်တွေက မရှိတာလား၊ ပြည်ပမှာရောက်နေတဲ့ခေါင်းဆောင်အသီးသီးတွေက မရှိတလား၊ ဘယ်သူက မရှိတာလဲ?ဆိုတော့ ဒီကနေ့ ဖြစ်ပျက်နေတဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးကို ဘယ်လိုနည်းမျိုးစုံ၊ ဘယ်လိုပုံစံနဲ့ ထွက်ပေါက်ကို ရှာဖွေကြမလဲ? ထွက်ပေါက်ကို ရှာဖွေတယ်ဆိုတာ စည်းလုံးရမှာလား၊ ညီညွတ်ရမှာလား၊ ဒါမှမဟုတ် ယဉ်ကျေးမှုဆိုတာ ဘာလဲ? ဒါပေမယ့် ယဉ်ကျေးမှုဆိုတာ အမျိုးမျိုးရှိတယ်နော်၊ အဲဒီယဉ်ကျေးမှုဆိုတာ ဘယ်လိုထွက်ပေါက်နဲ့ ရှာဖွေထွက်ကြမလဲဆိုတာကို အညတရဘိက္ခုက အဲဒီမေးခွန်းကို သိချင်ပါတယ်၊ ကျေးဇူးပြုပြီးတော့ မြန်မာ့ဒီမိုကရေစီအရေးအတွက် ၀ိုင်းဝန်းပြီးတော့ ကမ္ဘာ့အကြီးဆုံး ဂေါပကအဖွဲ့ချုပ် ကုလသမဂ္ဂကို အပြစ်တင်ရမှာလား? သူကတော့ စတိတ်မင်းန်လည်း ထုတ်လိုက်၊ စိတ်ညစ်တာနဲ့ စိတ်ပျက်တာနဲ့ ဂေါပကအဖွဲ့ချုပ်ကတော့ တိုင်ပတ်နေပြီ၊ ဆိုတော့ ဂေါပကအဖွဲ့ချုပ်နဲ့ နိုင်ငံတကာမိသားစုတို့က ဒီကနေ့ အဖြေရှာလို့မရသေးဘူးဆိုတော့ နှစ်ပေါင်းကလည်း 40 ကျော်သွားပြီဆိုတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကို ဒီကနေ့ မျိုးဆက်လူငယ်များမှာ တာဝန်ရှိသလား? ယခင်မြန်မာ့အမျိုးသားခေါင်းဆောင်တွေမှာ တာဝန်ရှိသလား? ဟုတ်ပြီ၊ ပြောတော့ကြာတယ်၊ နောက်ကြောင်းမပြန်နဲ့တော့၊ အခု ဘာလုပ်မှာလဲ? မနက်ဖန် ဘာလုပ်မှာလဲ? ဒါ ပစ္စုပ္ပန်အရေးကြီင်္းတယ်၊ ပစ္စုပ္ပန်ကောင်းမှ အနာဂတ်ဆိုတာ မျှော်လင့်နိုင်မှာပါဆိုတာကို မျှော်လင့်နေသူတို့ရဲ့ ယုံကြည်ချက်။ (အညတရဘိက္ခု)

ပေးပို့ သူ စာရေးဆရာ အညတရဘိက္ခု ကိုအညာနွေတမာမြေမှ ကျေးဇူးအတင်ရှိပါတယ်

Rest of your post
အညာနွေတမာမြေ

No comments: