-->

Tuesday, August 25, 2009

ဝိဥာဉ်နိုးထလာပြီလေ


အို--- အရှင်
ရာဇ၀င်သမိုင်း ခိုင်းနှိုင်း မော်ကွန်း
နေ၀န်းအာရှ ရေးထိုး ကြ ချိန်
လောက လက်ခမောင်းခတ်ပြီလေ၊
ထလော့ ပြည်သူ ရှင်လူရဟန်း
စီတန်းလက်တွဲ ဥမကွဲ နှင့်
မျှော်ဆဲမှန်းရည် ပန်းတိုင်ဆီသို့
ညီညီညွတ်ကာ သွားကြပါလား
မိန့်မြွက်ကြားသည် သွေးများရဲရဲနီခဲ့ပြီ . . .
ထလော့ပြည်သူ ညီတူညွတ်မျှ
လောကအရေး လွပ်လွပ်ရေးတည့်
အတွေးစိတ်ထဲ မြဲမြဲ မှတ်ထား
နှလုံးသား၌ ဆီးတားမရှိ
ပကတိလေ တမိနစ်မျှ
မမေ့လျှော့နှင့် . . .

ထလော့ပြည်သူ ဦးတည်ချက်နှင့်
ဆက်လက်တိုက်ပွဲ ၀င်ရဲကြလော့
ထောင်ကအပြင် တန်းလျှင်မရှိ
အမိသော်လည်း သားတော်ခဲ၏
တိုက်ရဲသူတွက် အောင်ပွဲကြိုနေ
ယုံကြည်လေပြီ
ရောင်နီဦးသမ်းခဲ့လေထင့် . . .
သူ့ကျွန်ဘ၀ လွတ်မြောက်ရအောင်
ညီမှညွတ်မှ စည်းရုံးမှဟု
ဗူးဝကထွက် မိန့်မြွက်ဆိုတိုင်း
ပြည်သူ့လှိုင်းသည် မြန်မာပြည်မှာ
ချီလာမစဲ တသဲသဲနှင့်
အမြဲထကြွခဲ့ကြရာ . . .
ထလော့ပြည်သူ အိုပြည်သူတို့
ရှင်လူရဟန်း ဖက်ယမ်းနှုတ်ဆက်
မပြုနိုင်သော် ဆရာတော်ကို
ထုတ်ဖေါ်ဂုဏ်ပြု ချီးမွှမ်းမှုနှင့်
တိုင်တည်ဖြင့်လျှင် ထယ်ဝင့်ဝါကြ
လွပ်မြောက်ရချိန်
ပျော်ကြချိမ့်ချိမ့်သဲသဲလေ . . .
အို--အရှင်
ရာဇ၀င်ရိုင်း သွေးမုန်တိုင်းတို့
တိုင်းနှင့်ပြည်နှံ့ သွေးရနံ့နှင့်
ပျံ့ ပျံ့ မြေလူး ရင်၌စူးရ
ညီညွတ် ကျွန်ဘ၀တိုက်ပွဲ
သူရဲကောင်းများ မခံစားတတ်
အားအင်မဲ့သည် မြန်ပြည်လွတ်ရေး
သေချာရေးတွက်
ဝိဥာဉ်ဆက်ကာလာပါလေ . . . . . .

ဆရာတော် ဦးဥတ္တမနေ့အတွက်
ခိုင်အောင်ကျော် (စစ်တွေ) ရေးစပ်သည်။

အညာနွေတမာမြေ

No comments: