သားစားသည့်ကျား၊သင်ယုံစား၍
မုသားမာယာ၊ပျားသကာကို
သာယာယစ်မူး၊သင်မရူးနှင့်၊
သေနေသည့်ကျား၊အတတ်မှားဖြင့်
ရွတ်ပွားမန္တန်၊ထ ရှင်ပြန်သော်
တဖန်ရန်လုပ်၊အစွယ်ထုတ်၍
ကျားကုတ်ကျားခဲ၊သင့်ပြန်မဲမှာ
မလွဲဧကန်၊ဖြစ်ရပ်မှန်မို့
အကြံကောက်ကျစ်၊မင်းဆိုးညစ်၏
နှစ်ထောင့်တစ်ဆယ်၊ပြည်ပျက်လွယ်မည့်
တွေ့ ဖွယ်မလွဲ၊ရွေးကောက်ပွဲကို
အမြဲမှတ်သား၊သင်ယုံစားက
မှောက်မှားမဆုံးရှိလိမ့်မည်။ ။
ရန်နိုင်ထွန်း
လွတ်မြောက်နယ်မြေ၊ကိုရီးယား
Rest of your post
အညာနွေတမာမြေ
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment