ယခုတလော မြန်မာနိုင်ငံအရေးသည် ကမ္ဘာကြီးတခုလုံးကိုပင် စိတ်နောက်ကျိ ဖြစ်နေစေသည် ။၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘွန်ကီမွန်းကလည်း ကြေညာချက်တွေ ထုတ်ပြန်နေသည်၊။ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကွင်းတားနားလည်း လုံခြုံရေးကောင်စီမှအရေးယူရန်တောင်းဆိုနေသည်။၊ နိုင်ငံတကာမှာ အစိုးရတွေကလည်း စစ်အစိုးရ၏ ဆောင်ရွက်ချက်များကို ပြင်းပြင်ထန်ထန် ကန့်ကွက်ဝေဖန်နေကြသည်၊။ မည်သို့ပင် ဆိုစေ နအဖစစ်အစိုးရမှာ တုပ်တုပ်မျှမလှုပ။်၊ ယင်းမှာ နိုင်ငံတကာနှင့် နအဖစစ်အစိုးရအခြေအနေများဖြစ်သည်။၊
၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ရွေးကောက်ပွဲကို ၀င်ရေး မ၀င်ရေးထက် ပါတီမှတ်ပုံတင်ရေးကိုပါ ယတိပြတ် ဆုံးဖြတ်ချက်မချရသေး၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်။၊ ဇိုမီးအမျိုးသားကွန်ကရက်ပါတီတို့မှာ ရွေးကော်ပွဲမ၀င်သလို ပါတီလည်းမှတ်ပံမတင်ဟု ပြတ်သားစွာ ဆုံးဖြတ်ချက်ချထားကြပြီးဖြစ်သည်၊။ ယင်းမှာ နအဖနှင့် ၉၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရပါတီတို့ အခြေအနေများဖြစ်သည်။
ရွေးကောက်ပွဲဝင်မည်ဟု ပြောနေသော ဦးသုဝေ ၊အေးလွင်၊ နေမျိုးဝေတို့မှာ တနိုင်ငံလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်သော ပါတီတခုကို မည်သို့နည်းနှင့်မျှ စည်းရုံးနိုင်သည့်သူများလည်း မဟုတ်ကြ၊ ရက်ပေါင်း ၆၀ အတွင်း မည်သို့မျှ လူထုကို စည်းရုံးနိုင်အား မရှိချေ။ တချိန်တည်းမှာ တစညပါတီမှာ အကွက်ချကာ စီစဉ်ပြီးသားဖြစ်သည်။၊ ၀န်ကြီးရာထူးနေရာများ အစရှိသည်ဖြင့် နေရာတွေ ရာထူးတွေကို သတ်မှတ်ပြီးစီးနေသည်။၊ ဤသည်မှာ မြန်မာ့နိုင်ငံရေးအခင်းအကျင်းဖြစ်သည်။၊ သည်တော့ နအဖစစ်အစိုးရပြုလုပ်မည့်ရွေးကောက်ပွဲကို တရားမျှတမူမရှိသောကြောင့် အသိအမှတ်မပြုနိုင်ကြ။ တဖက်သတ်ဖြစ်လွန်းနေသည်။
ထို့ကြောင့် ၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူများက မဲပေးခဲ့သော နိုင်ငံရေးပါတီများမှာ သူတို့ကို သူတို့တာဝန်ရှိသည်ဟု လက်ခံယုံကြည်ထားကြသည်။၊ သို့ဖြစ်၍ သူတို့ကို ဤတာဝန်များအား လုပ်ဆောင်ကြပါရန် တိုက်တွန်းရတော့မည်ဖြစ်သည်။၊ ပြသနာမှာ စစ်အစိုးရသည် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သောကြောင့် ပြည်သူ့လွှတ်တော် ခေါ်ယူကျင်းပပေးရမည်ဖြစ်သည်။ မခေါ်ပေးသောကြာင့် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မီတီကို ဖွဲ့စည်းထားခဲ့ပြီးဖြစ်သည်။၊ ပြည်သူ့လွှတ်တော်ခေါ်ယူရန် ယခုအချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ အချိန်မရှိတော့၊ လုပ်စရာ တနည်းသာ ရှိတော့သည်၊။
အနိုင်ရရှိခဲ့သော ပါတီများ၊ နိုင်ငံရေးခေါင်းဆောင်များနှင့် ကြားဖြတ်အစိုးရဖွဲ့စည်းရေးဖြစ်သည်။၊ ကြားဖြတ်အစိုးရဖွဲ့စည်းလိုက်လျှင် အဖမ်းဆီးခံရမည်ဟု ပြောဆိုနိုင်ပါသည။်၊ ရိုးစင်းစွာ ပြောရလျှင် ကျွန်တော်တို့မှာ ပြည်ပကနေ၍ ဤစကားကို လွယ်လွယ်ကူကူ ပြောဆိုနိုင်ခြင်းဟု ထောက်ပြနိုင်သည်။ ကျွန်တော်တို့ကို ဝေဖန်ထောက်ပြသည်ကို ကြေကြေနပ်နပ် လက်ခံပါသည်။ တချိန်တည်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် သေချာစွာ လုပ်ဆောင်ရန် ဤနည်းမှတပါး အခြားမရှိဖြစ်နေသည်ဟု ပြောချင်သည်၊ ထပ်ပြီးတော့တခါ ပြောပြနိုင်ပါသေးသည်။ ဤကဲ့သို့လုပ်ကိုလုပ်ရမည်ဖြစ်ပါသည်။
အဘယ့်ကြောင့်ဆိုသော် အကြောက်တရားမရှိရအောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ဥက္ကဌကအစ ပါတီဝင်အောက်ခြေထုတိုင်အောင် ရှိထားရမည်ဖြစ်သည်။ သွေးစည်းညီညွတ်ရေးကိုလည်း ယခုအချိန်မှာ ပို၍ကျစ်လစ်ခိုင်မာအောင် ဆောင်ရွက်ထားရန်လိုပါသည်။ စစ်အာဏာရှင်စနစ် ကျဆုံးရေးကို ရည်မှန်းချက်ကြီးကြီးနှင့် တိုက်ဖျက်ပစ်ရန် ရည်မှန်းထားရမည်ဖြစ်သည်။ ဤကဲ့သို့ရှိမှသာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မြန်မာနိုငံကို ဦးဆောင်နိုင်မည်ဖြစ်သည်။၊ ဤအချက်များကို လက်ခံလိုက်နာကြပါသလားဟု မေးစမ်းရတော့မည့် အချိန်လည်းဖြစ်သည်။၊ သို့ဆိုလျှင် ကြားဖြတ်အစိုးရကို ဖွဲ့စည်းလိုက်သည်နှင့် မြန်မာနိုင်ငံရေးအခြေအနေ တိုးတက်ပြောင်းလဲသွားမည်လားဟု တွေးတောစရာရှိပါသည်။ ပြောင်းလဲသွားနိုင်လိမ့်မည်ဟု ယုံကြည်သည်ကို အချက်အလက်တခုအနေနှင့် ထောက်ပြလိုသည်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ တွင် အမေရိကန်သံရုံးမှ နိုင်ငံရေးအရာရှိတဦးမှာ ကျွန်တ်ာတို့နှင့် လာရောက်တွေ့ဆုံခဲ့သည်၊ အကြောင်းမှာ မည်သို့သောအကူအညီမျိုးကိုမဆို ထောက်ပံ့ကူညီမည်ဆိုပြီး လာရောက်တွေ့ဆုံခြင်းဖြစ်သည်။၊ ၂၀၀၇ ခုနှစ်ပါတ်ဝန်းကျင်ကဖြစ်သည်။၊ နောက်ပိုင်းတွင် ယင်းအကြောင်းအရာမှာ အဆုံးသတ်ခဲ့ရသည်။ ကျွန်တော်ပြောလိုသည်မှာ အမှန်တကယ် အလုပ်လုပ်ကြမည်လား ဆိုသော မေးခွန်းမှာ မူတည်နေခြင်းကို ပြောလိုခြင်းဖြစ်သည်။၊ လုက်ကိုင်ဆောင်ရွက်မည်ဆိုလျှင် နိုင်ငံတကာအစိုးရတို့မှာ လက်မတွန့်သော သူများဖြစ်ကြောင်ြးေ့ပာချင်သည်။
သည်တော့ ကြားဖြတ်အစိုးရဖွဲ့လျှင် အဖမ်းဆီးခံရမည်လား ဆိုသော မေးခွန်းကို ယင်းစကားနှင့် ဖြေဆိုပြရုံသာရှိသည်။ ၈၈ အရေးအခင်းတုံးက ၀န်ကြီးချုပ်ဟောင်းဦးနု စင်ပြိုင်အစိုးရဖွဲ့တော့ ဖမ်းဆီးမခံရသည်မှာလည်း စဉ်းစားစရာတခုဖြစ်သည်။၊ ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံနေရသောသူများမှာ လူပေါင်းနှစ်ထောင်ကျော်ခန့်မျ ရှိနေပြီဟုသိရသည်၊။ ကြားဖြတ်အစိုးရဖွဲ့စည်းလိုက်လျှင်မူ နောက်ထပ်လူပေါင်း ( ၁၀ ) ဦးခန့်မျှလောက်ကို ဖမ်းဆီးရန် နအဖစစ်အစိုးရမှာ လက်ရှောင်နေမည်ဖြစ်သည်၊။ အကြောင်းမှာ နိုင်ငံရေးကြပ်တည်းမူသည် အထွဋ်အထိပ်သို့ ရောက်ရှိသွားခြင်းကြောင့်ဖြစ်သည်၊။ လက်မရှောင်ပါဘဲ ဖမ်းဆီးမည်ဆိုတော့လည်း ပြည်သူများက အပ်နှင်ထားသော တာဝန်မို့ ဂုဏ်ယူဝင့်ကြွားစွာ အဖမ်းဆီးခံရုံဘဲဖြစ်သည်။
ယင်းသို့မဟုတ်ဘဲ နိုင်ငံရေးပါတီမှတ်ပုံတင်လိုက်သည်နှင့် ရွေးကောက်ပွဲဝင်ရတော့မည်ဖြစ်သည်။ ကိုယ့်ပါတီမှာ မည်သူကိုမဆို ပါဝင်ခွင့် ရှိပါလျှက်ကယ်နှင့် ဟိုလူမပါရ၊ဒီလူမပါရဟု စစ်အစိုးရ သတ်မှတ်နေခြင်းကို လက်ခံပြီး ပါတီမှတ်ပုံတင်ရမည်မှာ လက်ခံနိုင်စရာမရှိ။ ထားတော့ ။ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲကို ၀င်မည်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်တို့ မပါဝင်သည်ကို ထည့်မတွက်နှင့်အုံး။၊ တချိန်လုံးပြေြာေ့ပာနေသော ၂၀၀၈ ရွေေးကာက်ပွဲဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဟု လက်မှတ်ရေးထိုးရတော့မည်မှာ တော်ရုံတန်ရုံ နိုင်ငံရေးဂုဏ်သိက္ခာကျဆုံးမူမဟုတ်ပေ။ ယင်းဂုဏ်သိက္ခာမှာမြောင်းထဲသို့ရောက်သွားမှာမဟုတ်ဘဲ ကမ္ဘာမြေကြီးထဲ မြေမြုပ်သဂြိုလ်ခံရမည်မှာ သေချာသည်။
ထို့ကြောင့် Mandate ရရှိထားပါသည်ဟု ကြွေးကြော်နေကြသော ပုဂ္ဂိုလ်များအနေဖြင့် ယခုအချိန်တွင် နောက်ဆုံးတိုက်ပွဲဖြစ်သည်။ ဤနောက်ဆုံးနောက်ဆုံးတိုက်ပွဲသည် ဖေါင်ဖျက်တိုက်ပွဲဖြစ်သည်။ ကျလျှင်လည်း ရှုံး ၊ ပြန်လာလျှင်လည်း ရှုံး ရမည်ဆိုတော့ နိုင်အောင်တိုက်ရမည့် သဘောကို နိုင်ငံရေးလုပ်သူတိုင်းနားလည်ကြပါသည်။၊ စင်စစ်အမျိုးသားဒီမိုကရေစီအဖွဲံချုပ်မှာ ကနေ့တွင် ပြတ်သားသော ကြေညာချက်ကို ထုတ်ပြန်ပြီး နိုင်ငံရေးလုပ်ရန်လိုအပ်သည်။ အခြားနိုင်ငံရေးပါတီများက ထုတ်ပြန်ပြောနေချိန် ဝေ့လည်လည်လုပ်နေမူမျိုးကို အများပြည်သူတို့ ညီးရှာကြသည်။၊ တိကျရေရာသော ပြည်သူတို့လိုချင်သည့် အဖြေမျိုးကို ကြားချင်နေကြသည်၊။ ဤအချိန်မှာ ပြည်သူတွေကို နိုင်ငံရေးစကားပြောဆိုရန်မလို။ မိမိတို့ပါတီအတွင်းသာ စည်းရုံးရေးစကားပြောရန်လိုသည်။
အကယ်၍ နိုင်ငံရေးပါတီများမှ ကြားဖြတ်အစိုးရကို မဖွဲ့စည်းနိုင်လျင် တပ်မတော်ထဲမှ ဒီမိုကရေစီကို မြတ်နိုးသော တပ်မတော်အရာရှိကြီးများပါဝင်သည့် ကြားဖြတ်အစိုးရကို ဖွဲ့စည်းရန်လိုအပ်နေသည။်၊ အဘယ့်ကြောင့်ဆိုသော် ကြားဖြတ်အစိုးရသည် ကမ္ဘာတခုလုံးမှ လက်မခံသော ၂၀၁၀ ရွေးကောက်ပွဲကို ပယ်ဖျက်ရန်အတွက်ဖြစ်သည်။ တိကျစွာပြောရလျှင် အရပ်သားများ တနည်းအားဖြင့် နိုင်ငံရေးပါတီများကသာ ကြားဖြတ်အစိုးရဖွဲ့စည်းလျင် ပဋိပက္ခများ ၊ သွေးထွေက်သံယိုမူမျိုး၊ ဖြစ်ပေါ်ကောင်းဖြစ်ပေါ်နိုင်သည်။ တပ်မတော်အရာရှိကြီးများက ကြားဖြတ်အစိုးရဖွဲ့စည်းခဲ့လျှင် အနိဌာရုံတို့မှာ တွေ့ချင်မှတွေ့နိုင်ကောင်းမည်ဖြစ်သည်။ ကြားဖြတ်အစိုးရဖွဲ့စည်းပြီး မည်သူမဆိုပါဝင်နိုင်သော ရွေးကောက်ပွဲကို ဖန်တီးပြုလုပ်ပေးရမည်ဖြစ်သည်။ အကျဉ်းထောင်ထဲတွင် နိုင်ငံရေးအကျဉ်းသားတယောက်မျှမရှိစေဘဲ လွပ်လွပ်စွာ မဲဆွယ်စည်းရုံးပိုင်ခွင့်ကို ရရှိစေရန်လိုအပ်သည်။ နိုင်ငံရေးပါတီများတွင် မိမိတို့ပါတီ၌ မည်သူမဆိုပါဝင်နိုင်စေရမည်ဟု သတ်မှတ်ပေးရန်လိုသည်။
ကြားဖြတ်အစိုးရမှ ရွေးကောက်ပွဲသက်တမ်းတွင် နိုင်ငံတော်တာဝန်ကိုထမ်းဆောင်ပြီး ပြည်သူ့လွှတ်တော်မခေါ်မချင်း အုပ်ချုပ်ရေးအာဏာကို ဆောင်ရွက်ပိုင်ခွင့်ရှိသည်။ ပြည်သူ့လွှတ်တော်တွင် အနိုင်ရရှိသော နိုင်ငံရေးပါတီကို ရွေးကောက်ပွဲဥပဒေအရ အာဏာလွှဲပြောင်းပေးရမည်ဖြစ်သည်။ ယင်းရွေးကောက်ပွဲကို နိုင်ငံတကာမှလေ့လာစောင့်ကြည့်ခွင့်ကိုလည်း ရရှိစေရမည်ဖြစ်သည်။၊ သည်တော့ တပ်မတော်မှဖွဲ့စည်းထားသော ယင်းကြားဖြတ်အစိုးရသည် အရပ်သားဒီမိုကရေစီအစိုးရကို အာဏာလွှဲပြောင်းပြီးသည်နှင့် မိမိတို့၏မူလတာဝန်ဖြစ်သော နိုင်ငံတော်ကာကွယ်ရေးအတွက် တန်းလျားကို ပြန်ရမည်ဖြစ်သည်။ ဤသို့မှသာ ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့သော တပ်မတော်သည် ပြည်သူ့သားကောင်းတို့နှင့် ဖွဲ့စည်းထားသော မျိုးချစ်တပ်မတော်ဖြစ်ပေလိမ့်မည်။
ကြားဖြတ်အစိုးရသည် နအဖအုပ်စုနှင့် မည်သို့မျှပါတ်သက်စရာအကြောင်း မရှိစေရ။ အရပ်သားဒီမိုကရေစီအစိုးရနှင့်သာ နောင်အနာဂါတ်၌ မည်သို့မည်ပုံ စာရင်းရှင်းရမည်ကို စောင့်ကြည့်ရုံသာရှိသည်။ အကြောင်းမှာ နအဖစစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖေါက်မူမျိုးမှာ ခွင့်မလွှတ်နိုင်စရာများဖြစ်ရာ နိုင်ငံတကာစစ်ခုံရုံးထိကို တင်ရမည့်အနေအထားရှိနေသည်။ ယင်းအရပ်သားဒီမိုကရေစီအစိုးရမှသာ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြည်သူ့လွှတ်တော်၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ရေးဆွဲရမည်ဖြစ်သည်။ ဤသို့ဆိုလျှင် နိုင်ငံတကာအစိုးရများသည် မြန်မာ့နိုင်ငံရေးကံကြမ္မာကို လှပကောင်းမွန်အောင် ထောက်ပံ့ကူညီပေးနိုင်ကြလိမ့်မည်ဖြစ်သည်။
တခုသာရှိတော့သည်။နိုင်ငံရေးလုပ်ရာ၌ စစ်အစိုးရ၏ ကစားကွက်ထဲတွင်သာ နေမည်ဆိုက အလုပ်မဖြစ်ပေ၊ မိမိတို့၏ ကစားကွက်မှာ နအဖစစ်အစိုးရက လိုက်ပါကစားရန် ဆောင်ရွက်ရန်လိုသည်။ ထို့ကြောင့် ရက်ပေါင်း ( ၃၀ ) အတွင်း စစ်အစိုးရအားဆင်းပေးရန် တောင်းဆိုရမည်ဖြစ်သည်။ အကယ်၍ မဆင်းလျင် ကြားဖြတ်အစိုးရကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် နိုင်ငံရေးပါတီများမှ ဦးဆောင်ပြီး ဖွဲ့စည်းရမည်ဖြစ်သည်။ နိုင်ငံရေးပါတီများမှ မဖွဲ့စည်းနိုင်လျင် တပ်မတော်မှ ကြားဖြတ်အစိုးရဖွဲ့စည်းရန် လှုပ်ရှားဆောင်ရွက်ရန်အရေးကြီးသည်။ ယင်းမှာ နအဖစစ်အုပ်စုကို အာဏာသိမ်းခြင်းလည်းဖြစ်သည်။ ဆိုရလျှင် စစ်အာဏာရှင်အစိုးရကို ဖြုတ်ချခြင်းဖြစ်သည်။
သည်တော့ ရက်ပေါင်း ( ၃၀ ) အချိန်ကာလအတွင်း နအဖစစ်အစိုးရ ဆင်းပေးရန် နေက်ဆုံးထားပြီး မြန်မာနိုင်ငံကိုကယ်တင်ရန် ရာဇသံကို ပေးကြည့်ကြပါစို့လားဟု တိုက်တွန်းပြောဆိုရုံသာ ရှိပါသည်။
ခိုင်အောင်ကျော် ( နယူးယောက် )
အညာနွေတမာမြေ
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment