-->

Friday, March 26, 2010

အန်အယ်လ်ဒီ အလံနဲ့ဆိုင်းဘုတ်ကို မတရားယူဖို့အကြံရှိနေ

ဗဟိုစီအီးစီထဲက ဒေါ်အောင်ရွှေ။ မခင်မောင်ဆွေ၊ မိသန်းငြိမ်း၊ မယ်သိန်းညွန့် ၊ မ၀င်းနိုင်နဲ့ မိစိန်လှဦးတို့ က ခွေးတိုးပေါက်ကနေဆင်ဖြူတော်စီးဝင်ဖို့ ကြံစည်နေပါတယ်၊ အကြောင်းကတော့ ဦးဝင်းတင် ဦးတင်ဦး အပါအ၀င် ဒေါ်မေ၀င်းမြင့်တို့ က လုံးဝမှတ်ပုံမတင်ရေးပြောပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ဗူးဆိုဖရုံမသီးဘူးလို့ ပြောလိုက်တော့ မာမီအောင်ရွှေတို့ အုပ်စုအကြပ်ရိုက်နေပါတယ်၊ ကြမ်းကျွံတာနုတ်ရပေမဲ့ စကားကျွံတာနုတ်မရတော့ ကြီးကာမှပိုမိုက်တဲ့ ကြီးမိုက်တွေက ချေးတောထဲ ဆက်တိုးဖို့ ကြံလာပြန်တယ်၊ ဒီအကြံကတော့ ပါတီအလံနဲ့ဆိုင်းဘုတ်ကို လုပြီးသူတို့ သွားချင်တဲ့ ချေးတောထဲကို ယူသွားဖို့ ပါပဲ၊
ဒီအကြံကိုသိနေတဲ့ နယ်ကလူငယ်တွေရော ရန်ကုန်လူငယ်တွေပါ ပါတီကိုကာကွယ်ဖို့ လူ ၂၀၀ ကျော်ရောက်နေပါပြီ၊ ဆက်လက်ပြီး သွားနိုင်တဲ့ လူငယ်များ အဖွဲ့ ၀င်များ ပါတီဗဟိုဌာနချုပ်ကို သွားကြပါ၊ ကာကွယ်ကြပါ၊ မိုးကြိုးပြစ်မဲ့ မာမီတို့ အခြောက်အဖွဲ့က အာဏာကို သူတို့ တပ်မက်နေတဲ့ ဟိုဟာကြီးလို အာသာငမ်းငမ်းတက်နေပါတယ်၊ မိသန်းငြိမ်းနဲ့ မခင်မောင်ဆွေတို့ အင်တာဗျူးများနားထောင်ကြည့်ရင်သိနိုင်ပါတယ်၊ ၂၉ ရက်နေ့မှာ ဒေါ်အောင်ရွှေကို ဖြုတ်ချနိုင်ဖို့လိုပါတယ်၊ စစ်သားတွေတာဝန်က သန်းရွှေကို ဖြုတ်ချဖို့ပါ၊ ဒို့လူငယ်တွေက ဒေါ်အောင်ရွှေကို မှဖြုတ်ချမပေးနိုင်ရင် သန်းရွှေကို ဖြုတ်ချဖို့ ဆက်ပြီးမတောင်းဆိုတာကောင်းတယ်၊
ဒို့တာဝန်က သစ္စာဖေါက်လောက်ကောင် ဒေါ်အောင်ရွှေနဲ့ အဖွဲ့ အန်အယ်လ်ဒီဆိုင်းဘုတ်အောက်က အမြန်ထွက်သွားရေး ဒို့အရေးပဲ
တာဝန်ကျေမလား သူငယ်ချင်းတို့

Rest of your post
အညာနွေတမာမြေ

1 comment:

Anonymous said...

ကိုနေလင်း

စာပေအေ၇းအသားကြည့်ခြင်းဖြင့်လည်းကောင်း-တည်ဆောက်ထားသောဘလော့ကိုကြည့်ခြင်းအားဖြင်မွေး၇ပ်မြေကိုမမေ့တဲ့သူဖြစ်ကြောင်းလွမ်းနေကြောင်းပေါ်တယ်
စာတွေကသိပ်မာနေတော့ကိုနေလင်းနိုင်ငံေ၇းစိတ်ဓါတ်မာနေတာပေါ်တယ်။

ကျေးဇူးတင်လျှက်------ဦးအေးမြင့်(လမ်းပြကြယ်)