-->

Thursday, March 18, 2010

ဝံကြီးတွေ စီးလာတဲ့ ရဟတ်ယာဉ် ရခိုင်မှာ ပျက်သတဲ့ ...

ဝံကြီး ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ အဖွဲ့ရဲ့ ရခိုင်ပြည် ရွေးကောက်ပွဲ စည်းရုံးရေး ခရီးစဉ်မှာ အခြား ၀ံကြီးတပါး စီးလာတဲ့ ရဟတ်ယာဉ်တစီး ပျောက်နေတယ်လို့ သိရပါတယ်။

သံတွဲကနေ မာန်အောင်ကျွန်းကို ရဟတ်ယာဉ် ၃ စီးနဲ့သွားတာ ရာသီဥတု မကောင်းလို့ ရဟတ်ယာဉ် မဆင်းနိုင်လို့ တောင်ကုတ်ကို ပြန်လာတာမှာ ၀ံကြီးတပါးနဲ့ လူ ၈ ယောက်ပါတဲ့ ရဟတ်ယာဉ်တစီး က တောင်ကုတ်ကို ရောက်မလာပဲ ပျောက်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။

ဒီသတင်း ဟုတ်မဟုတ်နဲ့ ဘယ်ဝံကြီးလဲ ဘယ်သူတွေပါသွားလည်းဆိုတာ အညာနွေတော့ အတည်မပြုနိုင်သေးဘူးဗျာ။

သိရတာနဲ့ ပြောပြမယ်နော့်။

အညာနွေတမာမြေ

No comments: