-->

Sunday, March 28, 2010

၂၉-၃-၂ဝ၁ဝ ဗဟိုဦးစီး အစည်းအဝေးသို့ မိတ္ထီလာ-မြင့်မြင့်အေး၏ တင်ပြချက် - စာတမ်း

ကျွန်မတို့ ဘာလုပ်ကြမည်နည်း ?

စစ်အစိုးရက ၂ဝဝ၈ ဖွဲ့စည်းပုံစည်းမျဉ်းအရ ၂ဝ၁ဝ ရွေးကောက်ပွဲကို ကျင်းပရန်အတွက် ရွေး
ကောက်ပွဲဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ တို့ကို ထုတ်ပြန်လိုက်ပါပြီ။ ဒီဥပဒေများဟာ အဖွဲ့ချုပ် NLD ပါတီအား တရားဝင် ရပ်စဲရေး၊ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်
NLD ပါတီတို့အား ခွဲခြားပြစ်ရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေး တပ်ဦးပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် NLD အား စစ်အာဏာရှင်အစိုးရရဲ့ နောက်လိုက်တပည့်အဖြစ် ပြောင်းလဲပြစ်ရေး၊ တို့အတွက်
ရည်မှန်းချက်ရှိရှိနဲ့ လုပ်ဆောင်လိုက်တာပါ။ ဒီဥပဒေများကိုပြဌာန်းပြီး စစ်အစိုးရဟာအမျိုးသားဒီမိုကရေ
စီအဖွဲ့ချုပ်အား အပြီးသတ်ချေမှုန်းရေးအတွက် ထိုးနှက်တိုက်ခိုက်လိုက်တာလည်းဖြစ်ပါတယ်။

ဒီစိန်ခေါ်မှုကို ကျော်လွှားနိုင်ဖို့ရန်အတွက် ဗဟိုခေါင်းဆောင်များ ခက်ခဲစွာရင်ဆိုင်နေကြရတယ်
ဆိုတာကို ကျွန်မတို့နားလည်ပါတယ်။ ဒီအခက်အခဲများကို ကျော်လွှားနိုင်ဖို့ တိုးချဲ့ဖွဲ့စည်းပြီး၊ ပထမဆုံး
အကြိမ်ကျင်းပမဲ့ ဗဟိုဦးစီးအစည်းအဝေးကို ၂၉-၃-၂ဝ၁ဝ နေ့မှာ ခေါ်ယူထားပြီးဖြစ်ပါတယ်။ ဒီအစည်း
အဝေးမှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကျရေးဟာ ကျွန်မတို့ NLD ပါတီအတွက် အရေးတကာ့အရေးအကြီး
ဆုံး ကိစ္စရပ်ဖြစ်နေပါပြီ။ ဒါ့ကြောင့် ကျင်းပတော့မဲ့ ဗဟိုဦးစီးအစည်းအဝေးမှာ ထည့်သွင်းစဉ်းစားရန်နဲ့ အဖွဲ့ချုပ်အဖွဲ့ဝင်များ စဉ်းစားနိုင်ရန်တို့အတွက် ကျွန်မ-မိတ္ထီလာ မြင့်မြင့်အေးရဲ့အမြင်ကိုတင်ပြလိုက်ပါ
တယ်။

စစ်အစိုးရက NLD ပါတီအား အပြီးသတ်ချေမှုန်းရေးတိုက်ခိုက်လာတာဟာ ကျွန်မတို့အတွက်
အံ့သြစရာမဟုတ်၊ ကြိုတင်မျှော်လင့်ပြီးသားလို့ပြောလိုပါတယ်။ ဒီအန္တရာယ်ကို ဗဟို CEC နဲ့အောက်ခြေ
ပါတီဝင်များ ပူးပေါင်းကာကွယ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ကြဖို့ - နိုင်ငံလုံးဆိုင်ရာ ညီလာခံခေါ်ပေး
ပါ။ CEC, C.C. တိုးချဲ့ ပြင်ဆင်ဖွဲ့စည်းပေးပါ။ ဟုတောင်းဆိုခဲ့ပါသည်။ ဒီတောင်းဆိုချက်များကို ဗဟိုက
ငြင်းဆန်ပြီး တောင်းဆိုသူတို့ကို အရေးယူတာရှိခဲ့ပါသည်။ ဗဟိုက ဘာမှကြိုတင်ပြင်ဆင်မှုမလုပ်ခဲ့လို့ -
ဒီကနေ့ နဖူးတွေ့၊ဒူးတွေ့ ဖြစ်လာမှ လှုပ်လှုပ်ရှားရှား ဖုတ်ပူမီးတိုက် အခက်အခဲများနဲ့ရင်ဆိုင်ကြရတာပါ။


ကျွန်မတို့အဖွဲ့ချုပ် NLD ဟာ ဒီစိန်ခေါ်မှုကိုရင်ဆိုင်နိုင်ဖို့ဆိုရင် ပထမဦးစွာ အတွေးရှင်း၊ အမြင်
ရှင်းပါမှ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချနိုင်ပါလိမ့်မယ်။ အတွေးရှင်း၊ အမြင်ရှင်းဖို့ဆိုတာ- ကျွန်မတို့မြန်မာ
နိုင်ငံအတွင်းဖြစ်နေတဲ့ ပဋိပက္ခဟာ စစ်အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီစနစ် ဖြစ်ပါတယ်။ ဒီစနစ်(၂)ခုဟာ
စေ့စပ်လို့ မရနိုင်ပါဘူး။ စစ်အာဏာရှင်စနစ်ကိုပြုပြင်ပြီး ဒီမိုကရေစီကို ဖော်ဆောင်လို့မရနိုင်ပါဘူး။ စစ်
အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီစနစ်ပူးပေါင်းပြီးတော့ ဒီမိုကရေစီစနစ်ကိုဖော်ဆောင်လို့လည်း မရနိုင်ပါ
ဘူး။ ဒီလို အမြင်ရှင်းနေရပါလိမ့်မယ်။ ပြည်သူလူထုက ဒီမိုကရေစီအစိုးရကို လိုချင်ပါတယ်။ စစ်အရာရှိ
ကြီးများက စစ်အာဏာရှင်အစိုးရကို လိုချင်တာပါ။ ဒါဟာ ပြည်သူလူထုနဲ့ စစ်အရာရှိကြီးများရဲ့ဆက်ဆံ
ရေးမြင်ကွင်းပါဘဲ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူလူထုကြီးရှေ့ကခေါင်းဆောင်နေပါတယ်။ စစ်အာဏာ
ရှင်စနစ်ဖယ်ရှားရေး။ ဒီမိုကရေစီစနစ်ဖော်ဆောင်ရေး တိုက်ပွဲကိုဝင်နေကြရတာပါ။ ဒါ့ကြောင့် စစ်အစိုးရ
က NLD ကိုရန်သူလို့သတ်မှတ်ပြီး မလှုပ်နိုင်အောင် အကြပ်ကိုင်ထားတယ်။ အမှဲ့ချွေ ချွေတယ်။ အခု
အပြီးသတ်ချေမှုန်းနိုင်ပြီလို့ ယူဆလို့ အပြီးသတ်ချေမှုန်းရေး တိုက်ပွဲဆင်လိုက်တာပါဘဲ။
ကျွန်မတို့ ရှင်းရှင်းနားလည်ထားကြရမှာက ၂ဝဝ၈ အခြေခံဥပဒေဆိုတာ နိုင်ငံတော်မှာ စစ်အာ
ဏာရှင်စနစ်ထူထောင်ရေး၊ စစ်အစိုးရက ဖွဲ့စည်းပုံနဲ့အုပ်ချုပ်နိုင်ရေးတို့အတွက် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ
ဥပဒေဖြစ်ပါတယ်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ဆိုတာ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်နေ
တဲ့ ဒီမိုကရေစီအင်အားစုပါတီများကို အပြီးသတ်ချေမှုန်းဖို့ ထုတ်ပြန်ထားတဲ့ ဥပဒေဆိုတာပါဘဲ။
ပါတီတည်မြဲရေးအတွက် ပါတီမှတ်ပုံတင်ရမယ်။ ရွေးကောက်ပွဲဝင်ရမယ်။ ဆိုတဲ့ အဆိုပြုချက်
ကို အတည်ပြုလိုက်ရင် - - -
- ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို NLD ပါတီကနေထုတ်ပြစ်ရပါမယ်။
- ၂ဝဝ၈ ဖွဲ့စည်းပုံကို ထိန်းသိမ်းစောင့်ရှောက်ပါမယ်လို့ သစ္စာဆို ဝန်ခံကတိပြုလက်မှတ်ရေးထိုး
ရပါမယ်။ လက်နက်ချရပါမယ်။
- ပါတီမှတ်ပုံတင်မယ်၊ ရွေးကောက်ပွဲဝင်မယ်၊ ဒီအလုပ်တွေကို လုပ်လိုက်တာနဲ့ NLD ပါတီဟာ
ပျက်သွားပါပြီ။ မြန်မာနိုင်ငံမှာ NLD ပါတီဆိုတာ မရှိတော့ပါဘူး။ ပါတီတည်မြဲရေးဆိုတာ အဓိပ္ပါယ်မဲ့တဲ့
အဆိုပြုချက်ဘဲ ဖြစ်ပါတယ်။ ဒီအဆိုကိုတင်သွင်းခဲ့တဲ့ အဆိုရှင်နဲ့အဆိုထောက်ခံသူများဟာ အမျိုးသား
သစ္စာဖောက်၊ ဒီမိုကရေစီရေး သစ္စာဖောက်၊ စစ်အာဏာရှင်အစိုးရထံ လက်နက်ချတဲ့လူတစ်စု၊ စစ်အုပ်
စုနောက်လိုက် ဂိုဏ်းတစ်ဂိုဏ်းသာဖြစ်သွားပါတော့တယ်။ ၎င်းအဆိုရှင်နဲ့ နောက်လိုက်နောက်ပါတို့ဟာ
၂၁ နှစ်ကြာ ကိုယ်ကျိုးစွန့်အနစ်နာခံတိုက်ခိုက်ကြရာက ကိုယ်ကျိုးအရိုးအရင်းကလေးတောင်မှ မကိုက်
လိုက်ရဘဲ နိုင်ငံရေး “ကျားသေ” များဖြစ်ကြရမှာ သေချာပါတယ်။ စစ်အာဏာရှင် ဆန့်ကျင်ရေးတိုက်ပွဲ
မှာ “ဝိဓူရ” ဘွဲ့ရခဲ့ပြီး၊ စစ်အာဏာရှင်နဲ့ ဆက်ဆံရေးအမှားတစ်ချက်ကြောင့် “ဝိဓူရ” ဘွဲ့နဲ့ “ခွေးကတက်”
ဘွဲ့ အလဲခံရပြီး နိုင်ငံရေး “ကျားသေ” ဘဝနဲ့ ဇာတ်သိမ်းခဲ့ရတဲ့ အတိုက်အခံနိုင်ငံရေးသမိုင်းကို သတိရ
ကြပါလို့ ၊ အချိန်မှီပြင်ဆင်နိုင်ရန် ရဲဘော်ရဲဘက်စိတ်ထားနဲ့ သတိပေးလိုက်ရပါတယ်ရှင့်။
အဖွဲ့ချုပ်ခေါင်းဆောင်ကြီးများရှင့် - - -
၁။ ၂၉-၃-၂ဝ၁ဝ ဗဟိုဦးစီးအဖွဲ့အစည်းအဝေးမှာ “ပါတီ တည်မြဲရေး” အတွက်၊ မှတ်ပုံတင်-ပြန်
တင်ရမယ်၊ ရွေးကောက်ပွဲဝင်ရမယ်၊ ဆိုတဲ့အဆိုကို ဗဟိုဦးစီးအဖွဲ့ဝင်များက တညီတညွတ်တည်း ပယ်
ချလိုက်ကြပါလို့ အလေးအနက် တိုက်တွန်းတောင်းဆိုအပ်ပါတယ်။
၂။ အဆိုရှင်နဲ့ နောက်လိုက်နောက်ပါများကိုလည်း ယင်းတို့၏အဆိုများးကိုအချိန်မှီပြန်လည်ရုပ်
သိမ်းရန်နှင့် လမ်းမှားမလိုက်မိကြပါစေနဲ့လို့ အနူးအညွတ်မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်။
၃။ အကယ်၍ ဒီအဆိုကိုမဲခွဲဆုံးဖြတ်ရမည်ဆိုပါရင် အဆိုရှင်နှင့် ထောက်ခံသူများ၊ ကန့်ကွက်
သူများသည် နိုင်ငံရေးခေါင်းဆောင်များပီပီ လျှို့ဝှက်မဲပေးစနစ်ကို မကျင့်သုံးကြရန်နှင့် မိမိတို့၏ ရပ်
တည်ချက်ကို ရဲရဲတင်းတင်း ပွင့်ပွင့်လင်းလင်း ဗြောင်(ပြောင်) မဲပေးစနစ်နဲ့ ပြသကြပါလို့ တောင်းဆိုပါ
တယ်ရှင့်။
၎။ ကျွန်မတို့ မိတ္ထီလာမြို့နယ်ကတော့ “ဒေါ်အောင်ဆန်းစုကြည်နဲ့အတူရပ်တည်မယ်” လို့ ကြေ
ငြာလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်တည်ရေး-
NLD အဖွဲ့ချုပ် ရပ်တည်ရေးကို ဆက်လက်တင်ပြပါမယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဘယ်
လိုရပ်တည်နိုင်တယ်။ မြဲနိုင်တယ်ဆိုတာကို “လုပ်ဖော်ကိုင်ဖက်များနှင့်အဖွဲ့ချုပ်ခေါင်းဆောင်ကြီးများသို့”
ဆိုတဲ့ ကျွန်မရဲ့ပန်ကြားချက်စာတမ်းမှာ အပြည့်အစုံတင်ပြထားပါတယ်။ ဒီပန်ကြားချက်-စာတမ်းထဲက
လိုအပ်သလို ကောက်နှုပ်ဖော်ပြပါမယ်။
ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှာ-
- မှန်ကန်တဲ့ “တရား” ၊ မှန်ကန်တဲ့ “နိုင်ငံရေးလမ်းစဉ်” ရှိပါတယ်။
- မြန်မာ့နိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေးမှာ ဖယ်ထားလို့မရတဲ့ နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရှိပါတယ်။
- ပြည်တွင်းမှာ လူမျိုးစု၊ လူမျိုးစုံနဲ့ ပြည်သူလူထုကြီးရဲ့ ထောက်ခံမှုကိုအပြည့်အဝရရှိထားပြီး
ဖြစ်ပါတယ်။
- ကုလသမဂ္ဂနဲ့ ကမ္ဘာ့နိုင်ငံတကာ ဒီမိုကရေစီအင်အားစုကြီးများ၊ ကမ္ဘာ့နိုင်ငံကြီး၊ နိုင်ငံငယ်
ပေါင်းစုံက ကျွန်မတို့ NLD ဘက်မှာရပ်တည်နေပါတယ်။
- ကျွန်မတို့ NLD ပါတီမှာ ဒီမိုကရေစီယုံကြည်ချက်အပြည့်နဲ့ ၂၁-နှစ်တိုင်တိုင် ကြံ့ကြံ့ခံရပ်
တည်ခဲ့တဲ့ သံမဏိစိတ်ဓါတ်နဲ့ ပါတီဝင်များလည်းရှိနေကြပါတယ်။
ဒါ့ကြောင့် ဘယ်အာဏာရှင်ရဲ့ ဘယ်အမိန့်အာဏာနဲ့မှ ကျွန်မတို့ NLD ပါတီကို ချေမှုန်းလို့မရနိုင်ပါဘူး။ ကျွန်မတို့ ဒီကနေ့ ထိပ်တန်းတင်ရမှာက “ပါတီတည်မြဲရေး” ဖြစ်ပါတယ်။ ပါတီတည်မြဲရေးအတွက်
လက်နက်ချရမှာမဟုတ်ဘူး။ စစ်အာဏာရှင်ပြုသမျှငုံ့ခံရမှာမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို
ထုတ်ပြစ်ရမှာမဟုတ်ဘူး။ ပါတီတည်မြဲရေးအတွက် တိုက်ပွဲဝင်ရမယ်။ ခုခံတိုက်ကြရမယ်။ ဒေါ်အောင်
ဆန်းစုကြည်ရဲ့ “မတရားတဲ့အမိန့်အာဏာဟူအမျှ တာဝန်အရဖီဆန်ကြ” - လမ်းညွှန်မှုကို လိုက်ကြရမှာ
ဖြစ်ပါတယ်။
ပထမဆုံး နိုင်ငံရေးပါတီများ ရက်ပေါင်း(၆ဝ)အတွင်းမှတ်ပုံတင်ရမယ်ဆိုတဲ့ ဥပဒေကို ရှေ့တန်း
တင် တိုက်ရပါမယ်။ ပါတီရဲ့ တခြားပေါ်လစီတွေကို ယာယီချိုထားရပါမယ်။ အခွင့်သာမှ ရှေ့ထုတ်သင့်
တဲ့အခါမှ ထုတ်ရပါမယ်။
(၁).. နိုင်ငံရေးပါတီများမှတ်ပုံတင်ရေးကို ကန့်ကွက်ရပါမယ်။ ဖျက်သိမ်းပေးဖို့တောင်းဆိုရပါမယ်။ နိုင်ငံ
ရေးပါတီများမှတ်ပုံတင်ရေးဆိုတာ မြန်မာနိုင်ငံမှာ မရှိခဲ့ဘူးပါ။ ဗိုလ်ချုပ်မှူးကြီးစောမောင် မာရှယ်လော
အုပ်ချုပ်ရေးခေတ်မှာမှ စပေါ်လာတာပါ။ “မာရှယ်လောအုပ်ချုပ်ရေး” ဆိုတာ စစ်ဗိုလ်ချုပ်ကြီးရဲ့ စိတ်သ
ဘောဆန္ဒအလျှောက်၊ အလိုဆန္ဒအတိုင်း အုပ်ချုပ်တာဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးစောမောင်ကရှင်းပြပါ
တယ်။ လက်ရှိအုပ်ချုပ်ရေးက စစ်အစိုးရဆိုပေမဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီပါ၊
ကောင်စီအဆင့်ဆင့်နဲ့အုပ်ချုပ်တာပါ။ “မာရှယ်လောအုပ်ချုပ်ရေး” မဟုတ်တော့ပါဘူး။ ရွေးကောက်ပွဲနဲ့၊
လွှတ်တော်နဲ့၊ သမတနဲ့၊ ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းစည်းကမ်းဥပဒေနဲ့ပါ။ ဒါ့ကြောင့် ဒီအုပ်ချုပ်ရေးစနစ်
အောက်မှာ မာရှယ်လောစစ်အုပ်ချုပ်ရေးစနစ်လက်အောက်က လုပ်ခဲ့တဲ့ “နိုင်ငံရေးပါတီများမှတ်ပုံတင်
ရေး” ကိုလက်မခံနိုင်ကြောင်း၊ ကန့်ကွက်ကြောင်းနဲ့ ဖျက်ပေးဖို့တောင်းဆိုကြောင်းကို အဖွဲ့ချုပ်ကပြုလုပ်
ရပါမယ်။ ( နိုင်ငံရေးပါတီများကို လွတ်လပ်စွာ ဖွဲ့စည်းခွင့် ပေးရပါမယ်။ နိုင်ငံတော်ကို ဖျက်ဆီးတဲ့ ပါတီ ပေါ်လာမှ မတရားသင်းဥပဒေနဲ့ အရေးယူဖျက်သိမ်းရမှာဖြစ်တယ်ဆိုတဲ့ ဥပဒေကရှိပြီးသားဖြစ်ပါတယ်။
နိုင်ငံရေးပါတီများဟာ တည်ဆဲဥပဒေဘောင်အတွင်း ရပ်တည်နေသမျှ တရားဝင်တည်ရှိခွင့်ပေးရပါမယ်
ပါတီမှတ်ပုံတင်တင်၊ မတင်တင် ဖျက်သိမ်းခွင့်မရှိပါ။)
(၂)… နိုင်ငံရေးပါတီများဟာ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမယ်
လို့ ဝန်ခံကတိပြုလက်မှတ်ထိုးရမယ်။ ဒါမှ ပါတီမှတ်ပုံတင်ခွင့်ပေးမယ်။ ရွေးကောက်ပွဲဝင်ခွင့်ပေးမယ်။ ဆိုတဲ့ စည်းမျဉ်းကို ကန့်ကွက်ရပါမယ်။ ဖျက်သိမ်းပေးဖို့တောင်းဆိုရပါမယ်။ ဒီ နအဖရဲ့ စည်းမျဉ်းကန့်
သတ်ချက်ဟာ “ပါတီစုံစနစ်”မဟုတ်ဘူး။ တစ်ပါတီစနစ်ရဲ့ အမိန့်အာဏာဖြစ်နေပါတယ်။ “ပါတီစုံစနစ်”
ဆိုတာဘာလဲ? ဝါဒစုံ၊ လမ်းစဉ်စုံ၊ ကိုင်စွဲထားတဲ့ပါတီပေါင်းစုံကို လွတ်လပ်စွာ ပါတီထူထောင်ခွင့်၊ တည်
ရှိခွင့် ပေးထားတဲ့စနစ်ဖြစ်ပါတယ်။ ဦးနေဝင်းရဲ့ မဆလအစိုးရလက်ထက်မှာ တခြားပါတီတွေကို ဥပဒေ
ပြဌာန်းပြီးဖျက်သိမ်းခဲ့ပါတယ်။ အဲဒါကို မဆလ တစ်ပါတီအာဏာရှင် အစိုးရလို့ခေါ်ပါတယ်။ တရုပ်ပြည်
ဟာ ကွန်မြူနစ်ပါတီ တစ်ပါတီထဲဘဲရှိလို့ အဲဒါ တစ်ပါတီအာဏာရှင်စနစ်ဘဲ ဖြစ်ပါတယ်။
လက်ရှိ ၂ဝဝဂ ဖွဲ့စည်းပုံကို စစ်အာဏာရှင်စနစ်ထူထောင်တဲ့ ဖွဲ့စည်းပုံစည်းမျဉ်းဥပဒေလို့ NLD
နဲ့ ဒီမိုကရေစီအင်အားစုများက ကန့်ကွက်နေကြတာဖြစ်ပါတယ်။ ဒီမိုကရေစီဝါဒ လက်ခံထားတဲ့ ပါတီ
တွေကို ၊ စစ်အာဏာရှင်စနစ်တည်ဆောက်ရန် ရေးဆွဲပြဌာန်းထားတဲ့ ၂ဝဝ၈ အခြေခံဥပဒေကို ထိန်း
သိမ်းစောင့်ရှောက်ပါမယ်လို့ ထောက်ခံပါမှ ပါတီတွေ ဖွဲ့ခွင့်ပေးမယ်ဆိုတာဟာ ပါတီစုံစနစ်နဲ့ ဆန့်ကျင်
နေပါတယ်။ ဘာပါတီ၊ ညာပါတီနဲ့ ပါတီအမည်တွေ ကွဲနေသော်လည်းဘဲ စစ်အာဏာရှင်စနစ် တစ်ခု
တည်းက လက်ခံထူထောင်ခွင့်ရထားတဲ့ ပါတီတွေဖြစ်နေလို့မို့ တစ်ပါတီစနစ်ဘဲဖြစ်ပါတယ်။ မဆလ ပါ
တီတစ်ခုထဲကျင့်သုံးခဲ့တဲ့မြန်မာပြည်နဲ့၊ ကွန်မြူနစ် တစ်ပါတီထဲကျင့်သုံးနေတဲ့ တရုပ်ပြည်မှာ တစ်ပါတီ
အာဏာရှင်စနစ်ဆိုပေမဲ့ မဆလကိုထောက်ခံတဲ့၊ တရုပ်ကွန်မြူနစ်ပါတီကိုထောက်ခံတဲ့ အလုပ်သမား
သမဂ္ဂ၊ လယ်သမားသမဂ္ဂ၊ တေဇလူငယ်၊ လမ်းစဉ်လူငယ်၊ ကွန်မြူနစ်လူငယ်၊ ဘာအဖွဲ့ ညာအဖွဲ့ ဆိုတဲ့
ပါတီအဖွဲ့အစည်းများ တစ်ပါတီထက်ပိုပြီး တစ်ဖွဲ့ထက်ပိုပြီး ရှိကြပေမဲ့၊ ဆိုလိုတာက ဒါဟာ ပါတီစုံ
မဟုတ်ဘူး။ “ဒီ ၂ဝဝ၈ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါ့မယ်လို့ ဝန်ခံကတိပြု လက်မှတ်ရေး
ထိုးထောက်ခံပြီးမှ ပါတီထူထောင်ရတာဟာ ပါတီစုံစနစ်နဲ့ မကိုက်ညီဘူး။ တစ်ပါတီစနစ်ဘဲဖြစ်လို့ အဖွဲ့
ချုပ်ဗဟိုက ကန့်ကွက်ရပါမယ်။ ဖျက်သိမ်းပေးရန်တောင်းဆိုရပါမယ်။”
(၃)… နိုင်ငံရေးပါတီများ ရွေးကောက်ပွဲဝင်ရမယ်။ မဝင်ရင် ပါတီမှတ်ပုံတင်ရုတ်သိမ်းမယ်ဆိုတဲ့ အမိန့်
အာဏာကို ကန့်ကွက်ရပါမယ်။ ဖျက်သိမ်းပြစ်ဖို့တောင်းဆိုရပါမယ်။ ဘာ့ကြောင့်လဲဆိုတော့ နိုင်ငံရေး
ပါတီဖွဲ့တယ်ဆိုတာဟာ နိုင်ငံအတွင်းမှာရှိတဲ့ လူအပေါင်းတို့ရဲ့အရေးကိုလုပ်ဖို့ဖြစ်ပါတယ်။ နိုင်ငံရေးလုပ်
ရာမှာ နိုင်ငံတော်အာဏာကို ရယူပြီး နိုင်ငံရေးလုပ်မဲ့ပါတီက ရွေးကောက်ပွဲကိုဝင်ပြီး အာဏာယူရပါမယ်
နိုင်ငံရေးအာဏာမယူဘဲ နိုင်ငံရေးလုပ်မဲ့ပါတီအဖွဲ့အစည်းက ရွေးကောက်ပွဲကိုမဝင်ဘူး။ ဝင်စရာမလိုဘူး
ဥပမာ-လယ်သမားပါတီ၊လယ်သမားအဖွဲ့က လယ်သမားအရေးဘဲလုပ်မယ်။ အလုပ်သမားပါတီ၊အလုပ်
သမားအဖွဲ့က အလုပ်သမားအရေးလုပ်မယ်။ သူတို့က အာဏာယူလုပ်မှဖြစ်မယ်ဆိုရင် ရွေးကောက်ပွဲ
ဝင်မှာပေါ့။ အာဏာမယူဘဲ လုပ်လို့ရတဲ့နိုင်ငံရေးဆိုရင် ရွေးကောက်ပွဲမဝင်ဘဲ အလုပ်လုပ်လို့ရပါတယ်။
ရွေးကောက်ပွဲဝင်မှ နိုင်ငံရေးပါတီဖွဲ့ရမယ်ဆိုတဲ့ အမိန့်အာဏာဟာ အဓိပ္ပါယ်မရှိပါဘူး။ ဒီအမိန့်အာဏာ
ဟာ နိုင်ငံရေးနားမလည်လို့ထုတ်တဲ့ အမိန့်အာဏာဖြစ်ပါတယ်။ ၎င်းအမိန့်အာဏာကိုကန့်ကွက်ကြောင်း
နဲ့ ဖျက်သိမ်းရန်တောင်းဆိုကြောင်းအဖွဲ့ချုပ်ကလုပ်ရပါမယ်။
(၄)… ရွေးကောက်ပွဲကော်မရှင်ဟာ ယ္ခုကျင်းပမဲ့ရွေးကောက်ပွဲအား တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ရေး
အတွက် စီမံခန့်ခွဲရန် ဖွဲ့စည်းရခြင်းဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ ပြဿနာပေါ်လာရင် တရားမျှတစွာ
ရှင်းပေးရပါမယ်။ ရွေးကောက်ပွဲအောင်မြင်စွာပြီးဆုံးတာနဲ့ ရွေးကောက်ပွဲကော်မရှင်က အစိုးရထံအစီရင်
ခံစာတင်ပြီးတာနဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့တာဝန် ကုန်ဆုံးတာဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်
ဟာ အုပ်ချုပ်မှုအခွင့်အာဏာ တရားစီရင်မှုအခွင့်အာဏာ မရှိပါ။ ဒီအခွင့် အာဏာများဟာ လက်ရှိအုပ်
ချုပ်နေတဲ့ အစိုးရမှာသာ ရှိပါတယ်။ ရွေးကောက်ပွဲကော်မရှင်ကို စတင်ဖွဲ့စည်းသည်မှ နောက်ရွေး
ကောက်ပွဲဖြစ်သည်အထိ နိုင်ငံအတွင်းရှိ ပါတီအဖွဲ့အစည်းများအား ဖွဲ့စည်းခွင့်ပေးခြင်း၊ စီမံအုပ်ချုပ်ခြင်း၊
အရေးယူအပြစ်ပေးခြင်း ၊ ဖျက်သိမ်းခွင့်ရှိခြင်း စသည့် အခွင့်အာဏာများကို နအဖက လွှဲအပ်ထားခြင်း
ဟာ နိုင်ငံအတွင်းမှာ နအဖက အစိုးရတစ်ဖွဲ့ ထပ်ဖွဲ့စည်းပေးခြင်းဖြစ်ပါတယ်။ ရွေးကောက်ပွဲကတက်
လာတဲ့ အစိုးရကိုပါ အစိုးရသက်တမ်းတစ်ရပ်အတွင်း အုပ်ချုပ်ခြင်း၊ တရားစီရင်ခြင်း ပြုလုပ်နိုင်တဲ့ ရွေး
ကောက်ပွဲကောက်မရှင်အစိုးရကို နအဖကဖွဲ့စည်းပေးထားခြင်းဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲကော်မရှင်
ကို ဖွဲ့စည်းပြီး အာဏာအပ်နှင်းခြင်းနှင့် ဥပဒေပြဌာန်းခြင်းဟာ မြန်မာနိုင်ငံအတွင်းမှာ အစိုးရတစ်ရပ်ထူ
ထောင်ပေးထားတာဖြစ်ပါတယ်။ ဒါ့ကြောင့် နအဖစစ်အစိုးရရဲ့ ဥပဒေမဲ့ ဒီလုပ်ဆောင်ချက်ကို လက်ခံ
ကြရမည်မဟုတ်ပါ။ ကန့်ကွက်ရပါမယ်။ ဖျက်သိမ်းဖို့တောင်းဆိုရပါမယ်။ ဖျက်သိမ်းပေးတဲ့အထိတိုက်ပွဲ
ဝင်ရပါမယ်။
ကျွန်မတို့ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပါတီဝင်ထုနဲ့ပြည်သူလူထု
ကို မှာကြားချက်များမှာ တရားမျှတမှုမရှိတဲ့ ဒီလိုဥပဒေမျိုးကို တညီတညွတ်တည်း တုန့်ပြန်ကြဖို့ လို
ကြောင်း ၊ လက်ရှိနိုင်ငံရေးအကြပ်အတည်းတွေ များလာတာဟာ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်တွေကို
ပိုပြီးထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့အတွက် ခွန်အားဖြစ်စေတဲ့အကြောင်း ဒီဥပဒေတွေကြောင့်
ပါတီဝင်ရပ်တည်ခွင့် ၊ ပါတီရပ်တည်ခွင့်တွေနဲ့ ပတ်သက်ပြီးစိုးရိမ်ဖို့မလိုကြောင်း မှာကြားချက်နဲ့အညီ
ကျွန်မတို့ အဖွဲ့ချုပ်အဖွဲ့ဝင်ပါတီဝင်ထုတစ်ရပ်လုံးက ပါတီရပ်တည်နိုင်ရေးအတွက် ဥပဒေဘောင်အတွင်း
မှ နိုင်ငံရေးလမ်းကြောင်းအရ ညီညီညွတ်ညွတ် ရင်ဆိုင်ရပ်တည်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါသည်။



မိတ္တူကို- ဒေါ်မြင့်မြင့်အေး
-CEC အဖွဲ့ဝင်များ အတွင်းရေးမှူး
-C.C. အဖွဲ့ဝင်များ မြို့နယ်စည်းရုံးရေးအဖွဲ့
-မြို့နယ်အဖွဲ့ချုပ်အဖွဲ့ဝင်များ အမျိုးသားဒီမိုကရေစီအဖွဲ့
မိတ္ထီလာမြို့နယ်။
သို့/ ၂၆ - ၃ - ၂ဝ၁ဝ
………………………………………………………..
…………………………………………………………


အညာနွေတမာမြေ

No comments: