အန်အယ်လ်ဒီ ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက နိုင်ငံရေးဆက်လုပ်ဖို့ မှတ်ပုံတင်သင့်ကြောင်း မီဒီယာမှာ ပြောလိုက်တဲ့အပေါ် ပဲခူးတိုင်း၊ မကွေးတိုင်း၊ ရန်ုကုန်တိုင်း၊ ရခိုင်ပြည်နယ်က ကန့်ကွက်သံနဲ့ အကြံပေးချက်တွေ
စမ်းချောင်းအန်အယ်လ်ဒီအတွင်းရေးမှူး ဦးဟန်ထွန်း
စမ်းချောင်းမြို့နယ် အန်အယ်လ်ဒီအနေနဲ့ကတော့လေ ဦးခင်မောင်ဆွေပြောတဲ့ သဘောထားနဲ့ပတ်သက်လို့ လုံးဝ လက်မခံနိုင်ပါဘူး၊ ပါတီမှတ်ပုံတင်ခြင်းကိစ္စကို စမ်းချောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့အနေနဲ့ လုံးဝကို လက်မခံနိုင်ပါဘူး။ အဲ့ဒါကိုလည်း ကျနော်တို့ကနေပြီးတော့ ဆုံးဖြတ်ချက်ချထားပြီးပါပြီခင်မျ။ မြို့နယ်အစည်းအဝေးမှာ။ ကျနော်တို့အတွက် စစ်မှန်တဲ့ ဒီမိုကရေစီကို မဖော်ဆောင်နိုင်ဘူးလို့ ယုံကြည်တဲ့အတွက်ကြောင့်မို့လို့ ပါတီမှတ်ပုံတင်ခြင်းကို ကျနော်တို့က လုံးဝ လက်မခံနိုင်ပါဘူးခင်မျ။ ဗဟိုတို့တိုင်းတို့ကို စာပို့မယ်၊ ပါတီရဲ့ ရည်ရွယ်ချက်တွေ။ နောက်တခါ ရွှေဂုံတိုင် ကြေငြာစာတမ်းကိုပါ မျက်ကွယ်ပြုရာ ရောက်နေတာကြောင့် ကျနော်တို့အနေနဲ့ လုံးဝ လက်မခံနိုင်ကြောင်းကို ဆုံးဖြတ်ချက် ချထားပြီးပါပြီခင်မျ။
ပဲခူးတိုင်း သာယာဝတီအန်အယ်လ်ဒီ စည်းရုံးရေးအဖွဲ့ဝင် ဦးသောင်းစိန်
မြို့နယ်အစည်းအဝေး ဆုံးဖြတ်ချက်အရ အကျဉ်းကျနေတဲ့ နိုင်ငံရေးခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်။ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦးနဲ့ ၈၈ ခေါင်းဆောင် ကိုမင်းကိုနိုင်တို့ စတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်ခွင့်မရှိတဲ့ ရွေးကောက်ပွဲကိုလက်မခံကြောင်း ဆုံးဖြတ်ထားတယ်။ ခုပြုလုပ်မယ့် ရွေးကောက်ပွဲမှာ တပ်မတော်က လေးပုံတပုံ ပါမယ်ဆိုတာနော် အဲ့ဒါကြီးကို ဦးခင်မောင်ဆွေတို့နဲ့ ရန်ကုန်တိုင်းကဒေါက်တာဝင်းနိုင်တို့က သူတို့က ဒီရွေးကောက်ပွဲကို ဝင်မယ်ပေါ့နော်။ ဝင်မယ်ဆိုပြီးတော့ သူတို့က စီစဉ်နေတယ်ခင်မျာ၊ အဲ့ဒီလို စီစဉ်မယ်ဆိုရင်တော့ ကျနော်တို့က စကားလုံး ရိုင်းရိုင်းနဲ့ ပြောရမယ်ဆိုရင်တော့ ခွေးတိုးပေါက်က ဝင်တယ်ဆိုတဲ့ သဘောမျိုးပဲ။ ဒီလိုပဲ ပြောရမှာပဲလေ။ ကျနော်တို့ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ရွေးကောက်ပွဲကို လုံးဝ မဝင်ဖို့ ပါတီမှတ်ပုံတင်ဆိုတာလည်း လုံးဝ မတင်ဖို့၊ ဒီရွေးကောက်ပွဲ ဥပဒေကို ထုတ်တဲ့အခါကျတော့လည်း ကန့်သတ်ချက်တွေက အရမ်းတင်းကြပ်လွန်းအားကြီးတဲ့အခါမှာ ဒီနေရာမှာ ကျနော်တို့ကတော့ ဒီထဲကို မဝင်သင့်ဘူးလို့ပဲ ကျနော်တို့ကတော့ ယူဆပါတယ်။ ကျနော်တို့က ဒီဟာပြောတာနဲ့ အဖမ်းခံရမယ်ဆိုရင်လည်း ကျနော်တို့ကတော့ အဆင်သင့်ပဲလေ။
မကွေးတိုင်း ပခုက္ကူခရိုင် စည်းရုံးရေးမှူး ဦးပိုက်ကို
ညသ မနါငျအမအေငသည ပေါ့။ ပါတီခေါင်းဆောင်ကို ထုတ်ပြီးတော့ မှတ်ပုံတင်ရမယ်ဆိုတဲ့ ကိစ္စက ဘယ်လိုမှ ကျနော်တို့လက်ခံနိုင်တဲ့ အရာမဟုတ်ဘူးပေါ့နော်။ ဖြစ်လည်း မဖြစ်သင့်တဲ့ကိစ္စပေါ့။ တကယ်ပြည်သူအများလိုလားတဲ့ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ကိစ္စတခုကို မဆုံးဖြတ်ဖို့ပေါ့နော်။ အဲ့ဒါပဲ အကြံဥာဏ်ပေးချင်တာပါ။
ရခိုင်ပြည်နယ်တွဲဘက်အတွင်းရေးမှုး ဦးသိန်းလှိုင်
ရွှေဂုံတိုင်ကြေငြာစာတမ်းပါ အချက်အတိုင်းပဲ ခိုင်ခိုင်မာမာရပ်တည်မယ်။ အဲ့ဒီအချက်ကို တချက်မှ မလျှော့ဘူး၊ အကုန်လုံးမရဘူးဆိုရင် ဒီရွေးကောက်ပွဲကို ဝင်ဖို့ လုံးဝကို ဆန္ဒမရှိဘူး။ ဒီဗဟို စည်းဝေးလုပ်ပြီးမှ၊ ဆုံးဖြတ်ချက်ချပြီးမှ ကျနော်တို့က အန်အယ်လ်ဒီရဲ့ သဘောထားလို့ ပြောလို့ရတယ်။ ဒီကြားထဲမှာ လူပုဂ္ဂိုလ်တွေကပြောတာက ကျနော်တို့အဖွဲ့အစည်းနဲ့ ဒါလုံးဝ ဆိုင်တယ်လို့ ပြောလို့မရဘူးခင်မျ။ သူတို့ရဲ့ သဘောသာဖြစ်တယ်ခင်မျ။
အညာနွေတမာမြေ
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment