-->

Friday, May 14, 2010

ရွှေကိုမလို ရေကိုလိုသည်




သေမတတ်ပူ ရေငတ်သူများကို
မနေတတ်သူများ ကူညီနေရ
အသေသတ်မဲ့သူတွေကတော့
နေတတ်သလိုနေပြီး
သူတို့တာဝန်အရေး သုံးပါးထဲက
အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲရေးကို
အရှက်မဲ့စွာနဲ့ တစိုက်မတ်မတ်လုပ်နေလေရဲ့

ဘယ်သူသေသေ ငရွှေမာနေဖို့
လက်ပါးစေတသိုက်ကို
ဘောင်းဘီချွတ် တိုက်ပုံဝတ်ပြီး
ရွေးကောက်ပွဲ တင်းကုပ်မှာ
ထင်ရာလုပ်ဖို့ စိုင်းပြင်းနေလေရဲ့

နာဂစ်ဖွဲ့စည်းပုံကို အတည်ဖြစ်ဖို့
အမည်တပ်တဲ့ တင်းကုပ်မှာ
ချိုထွက်သူ လူငမိုက်တွေက
နာဂစ်ဥပဒေကို ၀ိုင်းဝန်းစောင့်ရှောက်ပါ့မယ်တဲ့
ဒါမှထွက်ပေါက်အစစ်လို့တောင်
အရှက်မရှိ ဟစ်လိုက်ပြန်သေး

ဒို့ပြည်သူမှာတော့
မှောင်မိုက်တဲ့ညတွေကို လျှောက်လှမ်းဖို့
ဖယောင်းတိုင်နဲ့ လရောင်ကိုအားကိုယ်း
စားစရာထမင်းမပြောနဲ့ သောက်စရာရေတောင်
လှူဒါန်းသူအလာကို ရွာထိပ်မှာထွက်စောင့်နေရ
ဒီကြားထဲလာသေးတာက ဘာကြေးညာကြေး
မသာလေးတောင်မှ ကိုကျော်သူကယ်လို့
သင်္ဂြိုလ်လိုက်ရတယ်။

ဒါတွေဖြစ်နေတာ ဒင်းတို့မသိရော့လေသလား
ကမ္ဘာတည်သရွေ့ ငါရှိနေဖို့လိုတယ်ဆိုပြီး
ရွေးကောက်ပွဲမလုပ်ခင်
နာဂစ်ကိုများ တမ်းတနေမလား

ငါတို့ကတော့ပြောလိုက်မယ်
ရွေးကောက်ပွဲမလို ရေပဲလိုတယ်။


July ကောင်း
Rest of your postအညာနွေတမာမြေ

No comments: