ဒီကနေ့အန်အယ်လ်ဒီပါတီရဲ့အနေအထားဟာ အမှန်စင်စစ် မှတ်ပုံမတင်တဲ့အတွက် ပါတီဟာပုံသဏ္ဍန်
အရ ပုံဖော်ထားတာမဟုတ်ပေမဲ့ အနှစ်သာရအရ အခိုင်အမာတည်ရှိနေတယ်။ အင်အားပိုမိုကြီးလာ
တယ်လို့ ပေါ်လွင်လာတယ်။ တဖြည်းဖြည်းတော့ထင်ရှားလာမှာဘဲ။
နိုင်ငံတကာက NLD ရွေးကောက်ပွဲပါဝင်နိုင်ရေး တွန်းအားပေးနေတာ အဝေးကရှုမြင်ချက်ဆို
တော့ NLD ပျောက်သွားမှာကိုစိုးရိမ်လို့ဖြစ်မယ်။ စစ်အစိုးရကလည်း ရွေးကောက်ပွဲကိစ္စကို “ချိန်” နေပုံ
ရတယ်။ ရွေးကောက်ပွဲကို ဇွတ် တရွတ်သီထိုးလုပ်ရင်ဖြစ်မယ်။ ဒါပေမဲ့ နောက်ထပ်ဖြစ်လာမဲ့ အကျိုး
ဆက်တွေကိုသူတို့ထည့်တွက်ရမှာပါ။ စစ်အုပ်စုခြေလှမ်းကြည့်ရင် “ဦးခင်ညွန့်နဲ့ပြန်စေ့စပ်တယ်။ဦးထွန်း
ကြည်တို့ ဦးကျော်ဘတို့အုပ်စုနဲ့လည်း ပြန်စေ့စပ်ပုံရတယ်။ ဦးထွန်းကြည်လင်မယား မင်္ဂလာဆောင်နှစ်
လည်ဓါတ်ပုံနဲ့ကြော်ငြာတာတွေ့ရတယ်” ။ စေ့စပ်တာဟာ ယာယီတော့ဖြစ်နိုင်ပေမဲ့၊ အခြေခံအရတော့
မဖြစ်နိုင်ဘူးထင်ပါတယ်။ ဥပမာ- အနာဂါတ် ထိပ်ဆုံးမှာ ရွှေမန်းဖြစ်မယ်။(သို့) အခုဆိုရင် ဦးသန်းရွှေနဲ့
ဆွေမျိုးနီးစပ် မြင့်ဆွေဖြစ်နိုင်တယ်လို့တောင်ခန့်မှန်းနေကြတယ်။ ဒါကို ခင်ညွန့်၊ ထွန်းကြည်တို့က ကျေ
နပ်စရာ၊ ကြည်စရာအကြောင်းမရှိဘူး။ ငြိမ်းချမ်းရေးတွေနဲ့ ပြည်တွင်းစစ်ပြန်ဖြစ်မဲ့ပြဿနာလည်း သူတို့
ကိုင်တွယ်ရတာခက်နေတယ်။ သတ်မှတ်ရက်ကုန်တာအကြိမ်ကြိမ်ဖြစ်နေပြီ။လက်တွေ့တိုက်ပွဲမှာလည်း
စစ်တပ်ဘက်က အကျအဆုံးများနေတယ်။ စစ်ရပ်စဲရေးကာလမှာ ငြိမ်းအဖွဲ့တွေက အင်အားပြန်ထူ
ထောင်လာတာ အင်အားကြီးလာတယ်။ စစ်အစိုးရဖက်ကစစ်တပ်တိုးချဲ့တာကြီးမားပေမဲ့ အရည်အချင်း
ဖြစ်လာမှု “အားနည်း” နေတာတွေ့ရတယ်။သန်းရွှေကနေ၀င်းလို နိုင်ငံရေးမကစားတတ်ဘူး။သန်းရွှေက
အာဏာအင်အားနဲ့ဖိတာ အဓိကထားတာတွေ့ရတယ်။ ဖိထားနိုင်တဲ့အချိန်လောက်ဘဲ။ ဖိထားတာလက်
ပန်းကျလို့ ရော့သွားရင် ပေါက်ကွဲမှုကရှစ်လေးလုံးလူထုပေါက်ကွဲမှုထက်ကြီးထွားနိုင်တယ်။ လက်နက်
ကိုင်ပေါက်ကွဲမှုကြီးပါ ပါလာနိုင်တယ်။
အခုစစ်တိုင်းမှူးတွေနဲ့ ၄-လပါတ်မှာဘာတွေဖြစ်လာမယ်မသိဘူး။ အလားအလာကတော့လျှော့
မဲ့လက္ခဏာမရှိဘူး။ အခုစစ်တိုင်းမှူးတွေကလည်း ၂၀၀၀ ခုနှစ်ဝန်းကျင်မှာ ဗိုလ်ကြီးအဆင့်အတန်းတွေ
ကို ဗိုလ်ချုပ်အထိမြှင့်တင်ထားတာတွေဖြစ်တယ်။
NLD မှာ ခေါင်းဆောင်မှုအားနည်းတယ်ဆိုပေမဲ့ ပါတီမှတ်ပုံမတင်ဖို့ဆုံးဖြတ်ချက်ကျတာဟာ -
“ခေါင်းဆောင်မှုအင်အား အစစ်အမှန်” ပြလိုက်တာဘဲ။ အင်အားနည်းတာကလူအရေအတွက်ပါ။ ဥပမာ- ဒီဆုံးဖြတ်ချက်ကျဖို့
ဦ၀င်းတင်မှာ ၄ယောက်ခွဲပဲရှိတယ်။ ဒါ CEC ၂၀မှာ ၄ယေက်ခွဲအင်အားက
အကြီးမားဆုံးဖြစ်လာတာဘဲ။ NLD ပါတီမှတ်ပုံမတင်ပေမဲ့ အင်အားပိုကြီးလာတယ်။ တရိပ်ရိပ်အင်အား
တက်လာတာ နေ့စဉ်တွေ့နေရတယ်။ တဖြေးဖြေးမြင်သာလာတဲ့ တိုးတက်မှုကို ကြည့်တတ်ရင်တွေ့နိုင်
ပါတယ်။ NLD ရဲ့ကွဲပြန့်နေတဲ့အင်အားတွေစုမိပြီး အစိုင်အခဲဖြစ်လာရင် သမိုင်းတကွေ့ပြောင်းသွားနိုင်ပါ
တယ်။ အလားအလာကလည်း အားမရနိုင်ပေမဲ့ ရှေ့သို့ရွေ့လျှားလာတဲ့ အလားအလာကို တွေ့နေရပါ
တယ်။ ဒါအရေအတွက်အရတိုးတက်မှုဖြစ်ပေမဲ့ အရည်အချင်းကိုပြောင်းလဲမဲ့တိုးတက်မှုဘဲ။ အရည်အ
ချင်းဖြစ်လာတာနဲ့ တရှိန်ထိုး တိုးတက်ပြောင်းလဲသွားနိုင်တယ်။
စစ်အာဏာရှင်ဘက်အခြေအနေက “၆၂ စစ်တပ်က အာဏာသိမ်းတယ်။ စစ်အာဏာရှင်စနစ်
ထူထောင်တယ်။” ဒီတုံးကစစ်တပ်ကိုစည်းရုံးထားတာက “နိုင်ငံရေးသမားတွေအသုံးမကျလို့ တိုင်းပြည်
ပျက်နိုင်တယ်။ ဒါ့ကြောင့် ဒို့စစ်တပ်ကကယ်တင်ရမယ်၊” ဆိုတဲ့-အယူအဆထူထောင်ပြီး တပ်ကိုစည်းရုံး
ထားတာ။ အဲဒါ-အားကုန်သွားပြီ။ အခု စစ်တပ်ကိုစည်းရုံးထားတာက တဖက်က ဗိုလ်ချုပ်မှူးကြီးအသုံးချ
ရမဲ့စစ်အရာရှိကြီးတွေကို မတန်တဲ့ ရာထူး-အဆင့်တွေ ခုန်ပျံကျော်လွှားပြီးမြှင့်တင်ပေးထားတယ်။
မတန်တဲ့ အခွင့်အရေးတွေ ပေးထားတယ်။ သူတို့ကို စစ်တပ်ချုပ်ကိုင်ထားစေတယ်။ ချုပ်ကိုင်ပုံက စစ်
တပ်ဆိုတာ အထက်အမိန့်ကိုနာခံရတယ်။ မနာခံရင် လုပ်ရိုးလုပ်စဉ် စစ်ဥပဒေနဲ့အရေးယူတာမျိုးမဟုတ်
တော့ဘူး။ ဘ၀ကိုဖျက်ပြစ်တယ်။ မြောင်းထဲတွန်းချလိုက်တယ်။ စစ်တပ်ထဲမှာလည်း အပြင်လူထုခံရသ
လို စစ်အာဏာရှင်ကြီးနဲ့ သူ့အုပ်စု အနည်းစုက ဖိနှိပ်ချုပ်ကိုင်ထားမှုကို မွန်းကြပ်နေအောင် ခံနေကြရ
တာဖြစ်တယ်။ ဒီနည်းနဲ့စစ်တပ်ကို စည်းရုံးထားတာချုပ်ကိုင်ထားတာဖြစ်တယ်။
၆၂ ခု ဗိုလ်ချုပ်ကြီးနေ၀င်းက လူထုကိုစည်းရုံးထားတာက တိုင်းပြည်တွင်းမှာ နိုင်ငံရေးအဖွဲ့အစည်း
အားလုံးလိုလိုက ဆိုရှယ်လစ်စနစ်ကို လိုလားတယ်။ အာဏာရဆိုရှယ်လစ်ပါတီကလည်း ဆိုရှယ်လစ်စ
နစ်ဘဲ။ နိုင်ငံရဲ့ဖွဲ့စည်းပုံမှာ ဆိုရှယ်လစ်စနစ်ဘဲ။ ဗန္ဓုလပန်းခြံထဲက လွတ်လပ်ရေးကျောက်တိုင်ကမ္ဗည်း
မှာ ဖတ်ကြည့်ပါ။ ဆိုရှယ်လစ်စနစ်နဲ့ မြန်မာနိုင်ငံထူထောင်မယ်လို့ အတိအလင်း တွေ့ရပါလိမ့်မယ်။ ဒါ့
ကြောင့် ဗိုလ်နေ၀င်းက အများကြိုက်ဆိုရှယ်လစ်စနစ်နဲ့ - နိုင်ငံရေးပါတီများနဲ့ လူထုကို စည်းရုံးလိုက်
တယ်။ အဲဒီစည်းရုံးမှုဟာ အားကုန်သွားပြီ။ လူတွေလုံးဝလက်မခံတော့ဘူး။ ဒီကနေ့လူထုကြီးအတွင်း
ဘ၀ပျက်နေကြပြီ။ လူထုကြီးကို မလှုပ်သာနိုင်အောင် ကြောက်နေအောင် အစွမ်းကုန်ဖိနှိပ်ထားတယ်။
အခုရွေးကောက်ပွဲဝင်မဲ့ပါတီတွေကိုကြည့်ပါ။ မင်းလိုလိုက်မင်းကြိုက်ဆောင်မဲ့ ဘုစု ခရု ပါတီ
တွေချည့်ဘဲ။ တကဲ့ဘယ်နိုင်ငံရေးပါတီတွေမှမပါဘူး။ တ.စ.ည. ဆိုတာ နိုင်ငံရေး ကျားသေပါတီ ဖြစ်
တယ်။ ဒီပါတီ ဘုစု ခရု တွေထဲကနေ ကြံ့ဖွံ့ နိုင်ငံရေးပါတီထောင်တာ ရွေးကောက်ပွဲဝင်တာကို ပြောင်
ပြောင်ဆန့်ကျင်ပြောရဲလာတာတွေ့နေရတယ်။ ဦးနု ဦးဗဆွေ ဦးကျော်ငြိမ်း သမီးတွေကို အသုံးချပြီး ဦးသုဝေက စစ်အာဏာရှင်ရေစီးမျောလိုက်ပြီး ရလိုရငြား အချောင်နှိုက်ဖို့ကြိုးစားနေတာ တွေ့နိုင်တယ်။
ဒါဟာရွေးကောက်ပွဲဝင်မဲ့ အတိုက်အခံအင်အားစုတွေရဲ့ အလားအလာတွေဘဲဖြစ်တယ်။ ဒါတွေဟာ
ပါတီစထောင်ကတည်းက အားကုန်နေတဲ့ ပါတီတွေရဲ့မြင်ကွင်းလည်းပဲဖြစ်တယ်။
စစ်အုပ်စုဟာ အာဏာမြဲရေးအတွက် ၂၀၀၈ နာဂစ်အခြေခံဥပဒေနဲ့ မြဲအောင်အားထုတ်ပြီး -
ပါတီမှတ်ပုံတင်ဥပဒေထွက်လာတယ်။ အဲဒါ “ဖောင်း” ဘဲ။
ကြံ့ဖွံ့က ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်တာလည်း “ဖောင်း” ဘဲ။
ငြိမ်းအဖွဲ့တွေကို နယ်ခြားစောင့်တပ်ဖွဲ့ရေးစီစဉ်တာလည်း “ဖောင်း” ဘဲ။ သူတို့လုပ်သမျှ “ဖောင်း” တွေချည်းဖြစ်နေတာ တွေ့နိုင်တယ်။
သူတို့ Road Map ၇ချက်နဲ့ အာဏာစွဲကိုင်ထားရေး Plan ကသူတို့ကိုယ်တိုင်မရဲတရဲဖြစ်နေပုံပါ
ဘဲ။ သူ့ ဘေးအန္တရာယ် ကင်း မကင်း စိတ်မချဖြစ်နေတာသေချာတယ်။
မဖြစ်ဘူးတဲ့ ဗုံးခွဲမှုတွေပေါ်နေတယ်။ အသေခံဗုံးခွဲမှုတွေအထိ ရှေ့တက်လာတာတွေ့ရတယ်။ ဒီကနေ့
ရွေးကောက်ပွဲအတွက် မင်္ဂလာယူနေတဲ့အချိန်မှာ လွတ်ငြိမ်းချမ်းသာခွင့်တွေပေးရမဲ့အစား ဖမ်း
ဆီးမှု ထောင်ချမှုတွေ မရပ်မနားဆက်လုပ်နေတာဟာ သူ့ရဲ့ကြောက်ရွံ့ထိန့်လန့်မှုတွေကိုဖော်ပြနေတာ
ဖြစ်တယ်။
ရွေးကောက်ပွဲရက်ကို မကြေငြာရဲသေးဘူး။ ဆုတ်သာ တက်သာအောင် ထိန်းထားရတဲ့ပုံစံဘဲ။
အခြေအနေမလှဘူးဆိုရင် တိုင်းပြည်ဗုံးခွဲမှုမတည်ငြိမ်မှုတွေကြောင့် ရွေးကောက်ပွဲရွှေ့ဆိုင်းပြီး အာဏာ
ကို ဆက်ဆုပ်ကိုင်ထားတဲ့နည်းကိုသုံးနိုင်ပါတယ်။ ဒါ့ကြောင့် ကြားဖြတ်အစိုးရဖွဲ့ပြီး ရွေးကောက်ပွဲ ကျင်း
ပရမဲ့အစား အစိုးရအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးတွေက ဘောင်းဘီချွှတ် အစိုးရအာဏာ ဆက်ယူထားပြီး ရွေး
ကောက်ပွဲဝင်ဖို့ မှတ်ပုံတင်တဲ့နည်းကိုသုံးတယ်။ ယခင်ကြားနေခဲ့ရတဲ့သတင်းက နိုင်ငံရေးပါတီတွေနဲ့ အရပ်သားတွေ
အိမ်စောင့်အစိုးရဖွဲ့မယ်သတင်းကြားခဲ့ရပါတယ်။ ဦးအောင်ရွှေတောင်မှ အိမ်စောင့်အစိုး
ရထဲပါသလိုလို ကောလဟာလ ဖြစ်ခဲ့ပါသေးတယ်။
ဒါတွေကြည့်လိုက်ရင် စစ်အစိုးရဘက်မှာ အခြေအနေပိုဆိုးနေတယ်။ အခြေအနေအကောင်း
ကြီးမဟုတ်ဘူး။ NLD က မလုပ်တတ် မကိုင်တတ်တာဘဲရှိတယ်။ “ဖောင်း” မဖြစ်သေးဘူး။
Dr.သန်းငြိမ်း NDF ကလည်း ဘောလောကြီး ပေါ်လာပြီး ဒါနဲ့တော့ NLD ကိုဖျက်လို့မရနိုင်ပါ
ဘူး။ NLD တွေရှေ့လောမကြီးဖို့နဲ့ အကြောက်မလွန်ဖို့လိုပါတယ်။ ဦးအောင်ရွှေအုပ်စု အန္တရာယ် ရှိနေ
သေးပေမဲ့ အင်အားချိနဲ့သွားပြီလို့ဆိုရမယ်။
ဒီမိုကရေစီရေး မုချအောင်ရမည်။
ဖိုးပြောချင်
အညာနွေတမာမြေ
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment