မုံရွာက ချင်းတွင်းရတနာဈေးကြီးမှာ ဒီနေ့မနက် ၃ နာရီလောက်တုန်းက မီးလောင်မှု တခု ဖြစ်ခဲ့လို့ ဆိုင်ခန်း ၄၇၂ ခန်း ပျက်စီးဆုံးရှုံးသွားတယ်လို့ သိရပါတယ်။
မနက် ၈ နာရီလောက်မှာတော့ မီးညွန့်ကျိုးသွားပြီး မီးကြွင်းမီးကျန်တွေကိုတော့ ငြှိမ်းနေရတုန်းပဲလို့ သိရပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က နှစ်ထပ်ပြန်ပြီး ဆောက်လုပ်ထားတဲ့ ဈေးကြီးမှာ ချင်းတွင်းရတနာနဲ့ မြရတနာလို့ နှစ်ပိုင်းခွဲထားတာမှာ အရှေ့ဖက်ခြမ်း ချင်းတွင်းရတနာ တိုက်တန်း ပထမထပ်က မီးစလောင်ခဲ့တာလို့ သိရပါတယ်။
လောင်သွားတဲ့ ဆိုင်ခန်းတွေက အထည်ဆိုင်၊ စတီးပစ္စည်းဆိုင်တွေ၊ ပလတ်စတစ်ဆိုင်တွေ ကုန်စုံဆိုင်တွေပါတယ်လို့ ဆိုပါတယ်။ ဆိုင်ခန်းတွေတန်ဖိုးက ကာလပေါက်ဈေး သိန်း ၂၀၀ နဲ့ ၃၀၀ ၀န်းကျင်မှာ ရှိနေပြီး ဆိုင်တွေထဲက ပစ္စည်းတွေ အပါအ၀င်ဆိုရင်တော့ ဆုံးရှုံးမှုက တဆိုင်ကို သိန်း ၅၀၀ လောက်ရှိမယ်လို့ ဆိုင်ရှင်တွေက ပြောနေကြပါတယ်။
(ပုံကို မိုးမခ အင်တာနက်စာမျက်နှာမှ ကူးယူဖော်ပြသည်)
အညာနွေတမာမြေ
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment