နယူးဒေလီရောက် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေဟာ မိစ္ဆာခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အိန္ဒိယနိုင်ငံကို လာရောက်လည်ပတ်တာနဲ့ပတ်သက်ပြီး ဇူလိုင် ၂၅ ရက်နေ့ ဒီကနေ့မနက်မှာ ကန့်ကွက်ဆန္ဒပြကြပါတယ်။
၂၀၀၇ စက်တင်ဘာ သံဃလှုပ်ရှားမှုမှာ ဘုရားခေါင်းဖြတ် ဘုန်းကြီးသတ်တဲ့ မောင်သန်းရွှေဟာ အတုမရှိ အတူမရှိတဲ့ ဗုဒ္ဓမြတ်စွာပွင့်တော်မှုရာ ဗုဒ္ဓဂါယာအရပ်ကိုလာပြီး ဘုရားဒကာ အယောင်ဆောင် ကြည်ညိုပြနေတာဟာ သေကာနီးရိက္ခာယူသလို ငရဲသွားဖို့ ဗီဇာလာယူတာနဲ့တူပါတယ်။
သန်းရွှေဟာ ဒီမနက်မှာ ဘီဟားပြည်နယ်ဂါယာကိုရောက်ပြီး မနက်ဖြန်မှာ ငြိမ်းချမ်းရေးဗိသုကာ မဟတ္တမဂန္ဒီရဲ့ ဂူဗိမာန်ကို အလေးပြုမယ်ဆိုတာဟာလည်း မတန်မရာ ရာဇပလ္လင် ခွေးတက်သလိုပါပဲ
အိန္ဒိယအစိုးရကတော့ သူ့ကိုယ်ကျိုးသူကြည့်ပြီး မြန်မာပြည်က သဘာဝဓါတ်ငွေ့ပါအ၀င် အိန္ဒိယက အစုတ်ပလုပ်တွေကို မြန်မာပြည်ထိုးရောင်းဖို့ ချော့ခေါ်တယ်။ ဗာလသန်းရွှေကလည်း သူ့ကိုတရားဝင်အစိုးရဖြစ်အောင်လုပ်မဲ့ ၂၀၁၀ ရွေးကောက်ပွဲကို အိန္ဒိယက ထောက်ခံလာအောင်ပြောမယ်။ ဒီနေ့ဆန္ဒပြတဲ့ပွဲမှာ ခါတိုင်းထက် လုံခြုံရေးက ပိုချထားတယ်။ ကျနော်တို့က သူတို့အကြမ်းဖက်သလိုမဖက်ပါဘူး (လက်နက်မရှိလို့ပါ)
ဘာပဲပြောပြောဗျာ ကျုပ်တို့ကတော့ ရွေးကောက်ပွဲဆိုတာမလိုဘူး သန်းရွှေကို ဆန့်ကျင်သလို ဒီမိစ္ဆာကို အလည်ဖိတ်တဲ့ အိန္ဒိယအစိုးရကိုလည်းကန့်ကွက်တယ်။ ၁၉၉၀ ရလဒ်အသိအမှတ်ပြုပြီး ဒေါ်စုအပါအ၀င် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ မဆွေးနွေးမချင်း လေရှိလေနဲ့တိုက်မယ် ရေရှိရေနဲ့ပက်မယ် ကြည်ဆံရှိကြည်ဆံနဲ့ပစ်မယ်။ မကြာခင်လာမဲ့ တိုက်ပွဲအတွက် အားလုံးအားသစ်တွေထပ်မွေးထားဖို့လိုပါတယ်။
မကြာမှီလာမည်မျှော်။
လွတ်လပ်စွာကူးယူဖေါ်ပြနိုင်သည်။ မီဒီယာကျင့်ဝတ် စည်းကမ်းသိရင်တော့ ဘယ်နေရာကရတယ်ဆိုတာ ပြောပြရင် လုပ်ရတာ အားရှိတာပေါ့
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment