အခုနောက်ဆုံးရရှိတဲ့ သတင်းအရ ဗုဒ္ဓဂါယာမှာရှိတဲ့ ဗုဒ္ဓမြတ်စွာဘုရားပွင့်တော်မှုရာ မဟာဗောဓိပင်ရှိတဲ့ မဟာဗောဓိစေတီမှာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေနဲ့ အပေါင်းပါ ၆၀ ကျော်ဟာ ည၈နာရီလောက်ကနေ ၉နာရီထိ တရားထိုင်သွားပါတယ်။ ဗိုလ်ချုပ်မှုးကြီးရဲ့ ကျမ္မာရေးအခြေအနေဟာ အတော်ချို့တဲ့နေပြီး ဘေးတဘက်တချက်က လူ၂ယောက်ကနေ တွဲပြီးလမ်းလျှောက်ရတယ်လို့ မျက်မြင်ဘုရားဖူး တယောက်ကပြောပါတယ်။
ဒေါ်မကြိုင်ကတော့ ၀ပြဲပြီး ဒူးတဘက်နာနေဟန်ရှိသတဲ့။ ဒီခရီးစဉ်မှာ နောက်တန်းက အာဏာသိမ်းလို့မရအောင် ဦးသူရရွှေမန်းနဲ့ ကြင်ယာတော်၊ အတွင်းမှာရေးပြီးမူးတဲ့ အတွင်းရေးမှူး(၁) ၈လုံး သီဟသူရတင်အောင်မြင့်ဦး။ စစ်ရေးချုပ် သူရမြင့်အောင်၊ ငလိမ်ဝန်ကြီး ကျော်ဆန်း။ နိုင်ငံတကာပတ်ညာတဲ့ ဦးဥာဏ်ဝင်း၊ ဘုန်းကြီးသတ်တဲ့ သာသနာရေးဝံကြီး သူရမြင့်မောင်။ စီမံကိန်းတွေရေးပေးပြီး စားနေရတဲ့ စိုးသာ၊ ကုန်ရင်းသွယ်တဲ့ဝံကြီး တင်နိုင်သိန်း၊ ဆရာဝန်တွေအပေါ်ခေါင်းပုံဖြတ်တဲ့ ဒေါက်တိုကျော်မြင့်၊ ဒုဝံကြီး ရမ်းကုပိုင်စိုး၊ နို့ဆီခွက်နဲ့ဆက်သွယ်ရတဲ့ ဆက်သွယ်ရေးဝံကြီး သိန်းဇော်တို့ရဲ့ ပွဲတက်ဇနီးများ တပြုံတခေါင်း ပါကြောင်းပါ။ အိမ်စောင့်အတွက် ဗိုလ်မောင်အေးကို အရက်ချက်စက်ရုံသော့အပ်ခဲ့ကြောင်း ခိုင်လုံတဲ့ သတင်းအရသိရပါတယ်။
မဟာဗောဓိမှာ အကြာကြီးတရားထိုင်တဲ့အတွက် တကယ်များအကျွတ်တရားရသွားလို့ တရားတွေအားထုတ်လေသလား နေ၀င်ချိန်နီးနေလို့ လုပ်ထားသမျှအပြစ်တွေကို ဘုရားဆီမှာ နားပူနားဆာလုပ်လေသလားမသိဘူး စောင့်နေရတဲ့ အိန္ဒိယလုံခြုံရေးတွေကတော့ အတော်စိတ်ပျက်သွားတယ်လို့ ဂါယာသတင်းအရသိရပါတယ်။
မနက်ဖြန်မှာ မြန်မာဘုန်းတော်ကြီးကျောင်းမှာ လက်ရွေးစင်ပင့်ထားတဲ့ သံဃာတော်တွေကို ၀ါဆိုသင်္ကန်းဆက်ကပ်ပြီး ဗာရာဏသီ မိဂဒါဝုန်ကို သွားမယ်လို့သိရပါတယ်။ ဓါတ်ပုံမရတဲ့အတွက် တင်မပေးနိုင်တာကို နားလည်ပေးပါ။
ကဲ ကိုဇော်လင်းရေ လက်စွမ်းကုန် ပညာတွေထုတ်ပြလိုက်ပေတော့
Sunday, July 25, 2010
အိန္ဒိယရောက် ဗိုလ်ချုပ်မှူးကြီးရဲ့ ကျမ္မာရေးနဲ့ နောက်ဆုံးအခြေအနေ
Labels:
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment