မြန်မာပြည်မှာ ရထားစီးတဲ့သူတွေတောင် တော်တော်တိုးတက်နေပြီနော်။ ခရီးသွားတာ တိုင်းရင်းသားဝတ်စုံတွေနဲ့ ဟောသလို သွားကြတယ်တဲ့။ ဒီနေ့မနက် မြန်မာ့အမှောင်သတင်းစာက ရှေ့ဆုံးစာမျက်နှာမှာပါတဲ့ ပုံနဲ့စာကို ရှု
ဟင်္သာတ-ဇလွန် ရထားလမ်းဖွင့်ပွဲမှတင် မဟုတ်ပါဘူး။ ဖွင့်ပွဲမှန်သမျှ ကျောင်းသားလေးတွေကို တိုင်းရင်းသားဝတ်စုံတွေဝတ်ခိုင်း၊ လက်အုပ်ချီခိုင်း၊ ပြည်သူတွေကို သူတို့လာမယ့် လမ်းတလျှောက် နေပူထဲ မတ်တပ်စောင့်ပြီး ဒုက္ခခံခိုင်း ပြီးရင်တော့ သူတို့ သတင်းစာထဲမှာ အရှက်မရှိ ပြည်သူတွေက သောင်းသောင်းဖြဖြ ကြိုဆိုပါတယ် ဘာညာနဲ့ ထည့်ရေး။
အခုလည်း ကလေးတွေကို ရထားပေါ်တက် လက်အုပ်ချီခိုင်းပြီး ရထားဖြင့် လိုက်ပါကြမည့်သူများတဲ့ …
အညာနွေတမာမြေ
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
3 comments:
ရကောက် ရထားကြီးပျော်ပျော်စီး ပေါ့ဗျာ။
အရှက်မရှိတဲ့ နေရာမှာတော့ ကမ်းကုန်... ပြောင်လိမ်ပြောင်စားတွေလေ...။
ဘယ်မှာပဲဖြစ်ဖြစ် ဖွင့်ပွဲဆိုတာ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါတယ်...တိုင်းရင်းသားဝတ်စုံနဲ့သူတွေဟာ ဖွင့်ပွဲအတွက်ကြိုဆိုရေးအဖွဲ့အတွက် သီးသန့်လုပ်ထားတဲ့သဘောပါ..ကျန်တဲ့ သာမာန်ခရီးသွားတွေလည်းရှိပါတယ်...
အရှက်မရှိတဲ့သူကတော့ အပေါ်က နကန်းတစ်လုံးမှမသိပဲ အသက်ကြီးပြီး အချိန်မစီး ပြည်ပြေးဝရမ်းပြေး မေငြိမ်းပါပဲ...
Post a Comment