သာကီနွယ်မှာ တင်ထားတဲ့ပုံကို ပြန်လည်ဖေါ်ပြထားတာပါ။
ပူတာအို ထောင်မှာ ထောင်ဒဏ် ၅ နှစ်ကျခံနေရတဲ့ ရွှေပြည်သာ အန်အယ်လ်ဒီ ပါတီဝင် မထက်ထက်ဦးဝေကို ထောင်အာဏာပိုင်တွေ ရိုက်နက်ပြီး ထောင်ဝင်စာတွေ့ခွင့်ပိတ်ပင်ထားပါတယ်။
မထက်ထက်ဦးဝေရဲက သမီး အေးချမ်းပြည့်ဟာ ဇူလိုင် ၁၆ သောကြာနေ့က ထောင်ဝင်စာတွေ့ခဲ့ရာမှ သိခဲ့ရတာပါ။ အေးချမ်းပြည့် က အညာနွေတမာမြေကို ပြောပြတာကတော့
အမေနဲ့မတွေ့ခဲ့ရဘူး ထောင်ဝင်စာပိတ်ထားတယ် ပစ္စည်းတော့ပေးခဲ့ရတယ် အကျဉ်းသူ ၂ယောက်က ကျမ္မာရေးမကောင်းတာကို အလုပ်ခိုင်းတာမလုပ်တဲ့အတွက် ထောင်အာဏာပိုင်တွေက ရိုက်တာကို မလုပ်ပါနဲ့ဝင်ပြောလို့ ဒုတပ်ကြပ်ခင်ဆွေဦးက အမေ့ကိုရိုက်တယ် သူတို့အလုပ်ကိုဝင်ရှုတ်လို့ဆိုပြီး ရိုက်တယ် ဘယ်ဘက်လက်ဖျံမှာ အညိုမဲစွဲသွားတယ်။
နောက်ပြီး ထောင်ဝင်စာပစ္စည်းပေးတဲ့အထဲမှာ ဂျာနယ်ကြားထဲ သခင်ကိုယ်တော်မှိုင်းရဲ့ နိုးဆော်စာပါလို့ဆိုပြီး သမီးကို တရားစွဲလို့ရတယ်လို့ပြောသေးတယ် ၃လ မှတခါတွေ့ရတာကို ခုလိုတွေ့ခွင့် စကားပြောခွင့်မရတော့ စိတ်မကောင်းဘူး ၀မ်းလည်းနည်းတယ် အားလုံးသွားရလာရ စရိတ် ထောင်ဝင်စာပစ္စည်းပါ ပါရင် ၄သိန်းလောက်ကုန်တာ
မထက်ထက်ဦးဝေကို ၂၀၀၈ ၁၂လပိုင်းက နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ချီတက်လမ်းလျှောက်လို့ဆိုပြီး ရွှေတိဂုံဘုရား အနောက်မုခ် လွှတ်တော်အဆောက်အဦးနားမှာ လူငယ် ၉ ယောက်နဲ့အတူ ဖမ်းဆီ့ပြီး ထောင်ဒဏ် ၅ နှစ်ချကာ ပူတာအိုထောင်ကို ပို့ထားတာဖြစ်ပါတယ်။ ပူတာအိုထောင်မှာ မန္တလေးတိုင်း အမာခံ အန်အယ်လ်ဒီတိုင်းစည်း ဒေါ်ဝင်းမြမြ ၊ ၈၈ ကျောင်းသားခေါင်းဆောင် ကိုအောင်သူ၊ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်ဦး။ ဘိုဘိုဝင်းလှိုင်။ ညောင်ဦး ကိုမျိုးမင်းသန့် စတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀ ဦးကျော်ရှိနေပါတယ်ဗျာ
အညာနွေတမာမြေ
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment