အိန္ဒိယ အစိုးရကတော့ နအဖနဲ့ စီးပွားရေးလုပ်ငန်းတွေ၊ စစ်ရေးကူညီမှုတွေစတဲ့ စာချုပ်စာတမ်းတွေ တသီကြီးကို လက်မှတ်ရေးထိုးပြီးသွားခဲ့ပါပြီ။
အိန္ဒိယက မြန်မာ့ဒီမိုကရေစီ အင်အားစုတွေ သံဃာတော်တွေကတော့ ပါလီမန် အဆောက်အအုံနားက ဂျန်တားမန်တားပန်းခြံမှာ ပြည်သူ့မျက်နှာကို မကြည့်တဲ့ သန်းရွှေနဲ့ နအဖကို ကူညီတဲ့ အိန္ဒိယ အစိုးရကို ရှုတ်ချတာဆန္ဒပြတာတွေ ဆက်လုပ်နေတုန်းပါပဲ။
ဒီကနေ့ မှူးကြီးသွားတဲ့ ဟိုက်ဒြာဘတ်မြို့မှာလည်း စစ်အာဏာရှင်ကိုဖိတ်တဲ့ သူတို့အစိုးရကို အိန္ဒိယလူငယ်အဖွဲ့က ဆန့်ကျင်ဆန္ဒပြခဲ့ကြတယ်လို့လည်းသိရပါတယ်
အိန္ဒိယလူမျိုးတွေသောင်းချီဆန္ဒပြနေတော့ လုံခြုံရေးကလည်း မနည်းမနောချထားတယ် ဒီအခြေအနေမှာ ဗမာနဲ့ဒေါ်အောင်ဆန်းစုကြည်ကို လူတွေပိုသိအောင် သန်းရွှေရဲ့မတရားတာတွေ အိန္ဒိယပြည်သူတွေသိအောင် ကျနော်တို့ လုပ်ခဲ့သေးတယ်
သန်းရွှေသာ ပြည်သူ့မျက်နှာ မကြည့်တာ မဟုတ်ပါဘူး။ နိုင်ငံတကာက ကဲ့ရဲ့ရှုတ်ချမှုတွေကြားက ဖက်ဆစ် စစ်အာဏာရှင်ကို ရင်းရင်းနှီးနှီးဆက်ဆံပြလိုက်တဲ့ အိန္ဒိယ အစိုးရဟာ သူ့ရဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားကိုလည်း အရေးမစိုက်ဘူးဆိုတာကို ဒီနေ့နေ့လည် ဂျန်တားမန်တားမှာ ဆန္ဒလာပြတဲ့ အိန္ဒိယ တိုင်းသား သောင်းကျော်တို့က သက်သေပြလိုက်ပါတယ်။
အိန္ဒိယ အစိုးရဟာ Commom Wealth Games ကို မကြာခင် နယူးဒေလီမှာ ကျင်းပခွင့်ပြုခဲ့တာမှာ ကုန်ကျစရိတ်တွေ သန်းနဲ့ချီနေပေမယ့် အိန္ဒိယ နိုင်ငံသားတွေကတော့ အလုပ်လက်မဲ့လူငယ်တွေ တိုးပွားလာတဲ့ ပြဿနာတွေ၊ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတာတွေကို လစ်လျူရှုထားဆိုပြီး အိန္ဒိယ အလယ်လတ်တန်းနဲ့ အခြေခံလူတန်းစားတွေက ဆန္ဒပြကြတာပါ။
သူတို့အဆိုအရ အိန္ဒိယ လက်ရှိအစိုးရဟာ အထက်တန်းလွှာ ရေပေါ်ဆီ အသိုင်းအ၀ိုင်းနဲ့ အစိုးရတရပ်ရဲ့ အကျိုးစီးပွားအတွက်ပဲ လုပ်နေတာလို့ ပြောကြပါတယ်။
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment