၂၀၀၉ စက်တင်ဘာလက အဖမ်းခံရတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့က လူငယ်၁၁ ဦးအမှုကို ဒီကနေ့အင်းစိန်ထောင်တွင်းမှာရှိတဲ့ အထူးတရားရုံး ခရိုင်တရားသူကြီး ဦးမြင့်ဆန်းကနေ ဒီကနေ့မှာ စီရင်ချက်တွေချမှတ်လိုက်ပါတယ်။
ရခိုင်လူငယ် ၁၁ ဦးကို ထောင်ဒဏ် ၃ နှစ်ကနေ ၉ နှစ်ထိ စီရင်ချက်တွေချမှတ်လိုက်တဲ့အကြောင်း မိသားစုဝင်တဦးက
'နိုင်စိုး၊ ခိုင်ကျော်မိုး၊ ဇော်ထွန်းနိုင် တို့က သင်းဖွဲ့ပုဒ်မ(၅ )နဲ့ ၃ နှစ်စီ နောက် အောင်မိုးဇော်၊ ကျော်စံသိန်း၊ အောင်စံမင်း။ အောင်နိုင် ထွန်းလင်းကျော် နဲ့ကျော်ဝင်းတို့က အသင်းအဖွဲ့ ပုဒ်မ ၇။တရားမ၀င် နယ်စပ်ဖြတ်ကျော် မှု ၁၃(၁) နဲ ၆ နှစ်စီ ဒီထဲမှာ နိုင်စိုးခေါ် မဲလုံးကတော့ အသင်းဖွဲ့ ပုဒ်မ၇၊ ဖောက်ခွဲ ၅ နဲ့၈ နှစ်
ရဲထက်စိုးကတော့ အသင်းအဖွဲ့ပုဒ်မ ၊ ဖောက်ခွဲဖျက်စီးပုဒ်မ နဲ့ ကြေးနန်းအက်ဥပဒေဆိုပြီး ၃ခုနဲ့ ထောင်ဒဏ် ၉ နှစ်ချမှတ်လိုက်သည်ဟု ပြောသည်။
အဆိုပါ ရခိုင်လူငယ် ၁၁ ဦးကို ထိုင်းနိုင်ငံအခြေစိုက် အေအေအက်စ်ဝိုင်စီ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားလူငယ်များကွန်ဂရက်နဲ့ ဆက်သွယ်ပြီး ၊ ဖေါက်ခွဲရေး သင်တန်းသွားရောက်တက်ခဲ့တဲ့အမှု၊ မတရားအသင်းဆက်သွယ်မှု၊ တိုင်းပြည်မငြိမ်မသက်ဖြစ်အောင်လုပ်ဆောင်မှု စတဲ့ အမှု ၅မှုနဲ့ ပြီးတဲ့နှစ် စက်တင်ဘာလက ဖမ်းထားခဲ့ပြီး တရားစွဲဆိုကာ ဒီကနေ့မှ အပြီးသတ် စီရင်ချက်ချမှတ်လိုက်တာပါ။
သူတို့အမှုတွေကို ဦးကျော်ဟိုး ၊ ဦးအေးသိန်း ၊ဦးမောင်မောင်လတ် ၊ဦးမြင့်သောင်း နဲ့ ဒေါ်သီတာမမ တို့က အကျိုးဆောင် ရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်ခဲ့တာပါ။ ရှေ့နေတွေအနေနဲ့ မိသားစုတွေက ခွင့်ပြုချက်ရရင် ဆက်လက်ပြီး အယူခံဝင်သွားမယ်လို့သိရသည်။
Rest of your postအညာနွေတမာမြေ
No comments:
Post a Comment