အင်းစိန်ထောင်မှာ အကျဉ်းကျခံနေရတဲ့ ဒေါ်နော်အုံးလှ ဦးဆောင်တဲ့ အင်္ဂါဆုတောင်းအဖွဲ့ ဆွမ်းကပ်လေ့ရှိတဲ့ မကွေးကျောင်းတိုက်ကို အလှူရှင်တွေ မလာရဲအောင် အာဏာပိုင်တွေက နှောင့်ယှက်မှုတွေ ပြုလုပ်နေတယ်လို့ ကျောင်းထိုင်ဆရာတော်က မိန့်ပါတယ်။
ဒဂုံမြို့သစ်အရှေ့ပိုင်း၊ (၈) ရပ်ကွက်၊ အနော်ရထာလမ်းမှာရှိတဲ့ မကွေးကျောင်းတိုက်ကိုလာတဲ့ အလှူရှင်တွေရဲ့ကားတွေရဲ့ နံပါတ်တွေကို လမ်းထိပ်ကတေ မှတ်သားတာတွေကို ရယက အဖွဲ့ဝင်တွေက ပြုလုပ်နေတာတွေကြောင့် အလှူရှင်တွေ မလာရဲကြသလို၊ ကားသမားတွေကလည်း ကျောင်းတိုက်ကိုလာတဲ့သူကိုဆိုရင် မပို့ရဲကြဘူးလို့ ဆရာတော်က မိန့်ပါတယ်။
ဆရာတော် ဦးပါမောက္ခဟာ ၂၀၀၈ နာဂစ်မုန်တိုင်းကာလအတွင်းက စပြီး မေတ္တာရှင် အခမဲ့ဆေးပေးခန်းကို ကျောင်းတိုက်မှာဖွင့်လှစ်ခဲ့ပါတယ်။ ဒါ့အပြင် မေတ္တာရှင် တက္ကသိုလ်ဝင်တန်း အခမဲ့စာသင်ဝိုင်းကိုလည်း ဖွင့်လှစ်ထားပြီး ရပ်ကွက်တွင်းက ချို့တဲ့ ကျောင်းသူကျောင်းသားတွေကို ပညာဒါန ပြုခဲ့ပါတယ်။
ဆရာတော်ရဲ့ စာသင်ဝိုင်းမှာ တက္ကသိုလ်ဝင်တန်းကျောင်းသားပေါင်း ၈၀ ကျော်ရှိပြီး ပြီးခဲ့တဲ့ စာသင်နှစ်အတွင်းမှာတော့ ကျောင်းသား ၂၀ ရာနှုန်းအောင်မြင်ခဲ့ကြတဲ့ အပြင် ဂုဏ်ထူးတွေလည်း ဆွတ်ခူးခဲ့တယ်လို့ ဆိုပါတယ်။
ဘာသာစုံ ဂုဏ်ထူးရှင် ၆ ဦး၊ ၃ ဘာသာ ဂုဏ်ထူးရှင် ၁၀ ဦး၊ ၂ ဘာသာ ဂုဏ်ထူးရှင် ၁ ဦး၊ ၁ ဘာသာ ဂုဏ်ထူးရှင် ၄ ဦး ပါခဲ့တယ်။ သူတို့လေးတွေအတွက် ဂုဏ်ပြုပွဲကို ၆ လပိုင်း ၂၅ ရက်နေ့က ပြုလုပ်ပေးတုန်းကလည်း ရယက အဖွဲ့ဝင် ရာအိမ်မှူး ဦးမြင့်သိန်းဆိုသူက ဦးဆောင်ပြီး ကျောင်းတိုက်အ၀င် လမ်းထိပ်ကနေ ကျောင်းတိုက်ကိုလာတဲ့သူတွေ၊ ကားနံပါတ်တွေကို မှတ်သားတာတွေလုပ်ပြီး နှောင့်ယှက်ခဲ့တယ်လို့ ဆ၇ာတော်က မိန့်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆရာတော်က မယက၊ ခယက၊ ပြည်ထဲရေး၊ စစ်ဒေသ (၄) ရုံး၊ သံဃနာယက အဖွဲ့တွေကို တိုင်ကြားခဲ့ပေမယ့်လည်း တစုံတရာ အရေးယူခြင်းမရှိတဲ့အပြင် ပြီးခဲ့တဲ့ ၀ါဆိုနေ့ကလည်း ဒီလို စောင့်ကြည့်တာတွေလုပ်ခဲ့တာကြောင့် အလှူရှင်တွေဟာ မကွေးကျောင်းတိုက်ကို မလာရဲကြတော့ပဲ သံဃာတော်တွေလည်း အခက်တွေ့ကြရတယ်လို့ ဆိုပါတယ်။
ဒီလို နှောင့်ယှက်တာတွေဟာ သံဃာတို့၏ သပိတ်မှောက်အင်္ဂါ ၈ ရပ်ထဲက တခုဖြစ်တဲ့ “ရဟန်းတို့အား လာဘ်လာဘ မရအောင်၊ လှူမယ့်တန်းမယ့်ပုဂ္ဂိုလ်တွေ မလာအောင် ပြုလုပ်ခြင်း” ဖြစ်လို့ အဲ့ဒီလိုသာ ဆက်လုပ်နေမယ်ဆိုရင်၊ ဆရာတော်တို့အနေနဲ့ သတင်းကျွတ်လပြည့်နေ့မှာ တနိုင်ငံလုံး ဘုန်းကြီးကျောင်းတိုက်တွေကို ဆော်သြပြီးတော့ အစိုးရကို သပိတ်မှောက်ရပါလိမ့်မယ်လို့ မိန့်ကြားသွားပါတယ်။
အညာနွေတမာမြေ
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
1 comment:
အားပေးပါတယ် ။။။ မှောက်သာမှောက် .. သပိတ် ...
Post a Comment