အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ဂျနတ်ပူရီအရပ်က မာတာဂျန်နန်ဒေ၀ီ ဆေးရုံမှာ အရေးပေါ် ဆီးချိုသွေးချိုနဲ့ ကျောက်ကပ်ဝေဒနာတွေကို ကုသမှုခံယူနေရတဲ့ မြန်မာစာသင်သားသံဃာတော် အရှင်ဇောတိက အတွက်ကမ္ဘာအရပ်ရပ်က အောက်ပါအလှူရှင်များက ဇီဝိတဒါနကုသိုလ်အဖြစ် လှူတန်းကြပါသည်။
၁။ မဂဓတက္ကသိုလ်သံဃာတော်များမှ ရူ့ပီး ၂၆၈၀၀ နှင့် အမေရိကန်ဒေါ်လာ ၁၀၀
၂။ ဗာရာဏသီတက္ကသိုလ်သံဃာတော်များမှ ရူပီး ၁၇၉၀၀
၃။ နာလန္ဒာတက္ကသိုလ်သံဃာတော်များမှ ရူပီး ၇၆၀၀
၎။ နယူးဒေလီတက္ကသိုလ်သံဃာတော်များမှ ရူပီး ၁၃၄၀၀
၅။ နာဂဇုနတက္ကသိုလ်သံဃာတော်များမှ ရူပီး ၂၅၀၀
၆။ ဘုံဘေတက္ကသိုလ် သံဃာတော်များမှ ရူပီး ၃၇၀၀
၇။ ပုနေးတက္ကသိုလ်သံဃာတော်များမှ ရူပီး ၅၆၀၀
၈။ ဂျမူး ပန်ဂျပ်တက္ကသိုလ်များမှ ရူပီး ၁၅၀၀
၉။ မြန်မာသံရုံးမိသားစုမှ ရူပီး ၁၀၀၀၀
၁၀။ ဒေလီမြို့ အခြားအလှုရှင်များမှ ရူပီး ၈၀၀၀
၁၁။ မဂဓတက္ကသိုလ်အခြားအလှုရှင်များမှ ရူပီး ၂၀၀၀
၁၂။ ပညာသင်မြန်မာရဟန်းတော်များအဖွဲ့မှ စိုက်ထုတ်ငွေ ရူပီး ၃၀၀၀၀
၁၃။ ဒေါက်တာ သောင်းထိုက် ဒေါက်တာကြည်ကြည်ဝင်းဦးဆောင်သော မလေးရှားအလှုရှင်များမှ ရူပီး ၁၆၅၈၇
၁၄။ ဦးရန်စိမ်း ဒေါ်ဖြူဖြူမြင့် ထိုင်ဝမ်မှ အမေရိကန်ဒေါ်လာ ၁၀၀
၁၅။ ဦးသုဇယဥာဏ နာလန္ဒာမှ အမေရိကန်ဒေါ်လာ ၁၀၀
၁၆။ အမေရိကန်ပြည် နယူးယောက်မြို့ ရန်ဒီလင်း ချိုမာလင်းမိသားစုမှ အမေရိကန်ဒေါ်လာ ၁၀၀
၁၇။ သြစတေးလျ ဦးပညာဝရ ၈လေးလုံးဆရာတော်မှ ရူပီး ၁၀၀၀၀
၁၈။ ဒေါ်ဌေးဌေး အင်္ဂလန်မှ ပေါင် ၁၀၀
၁၉။ မသိဂီင်္ဝင်း အမေရိကန်မှ ဒေါ်လာ ၁၀၀
၂၀။ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ်စကိုမြို့ ဦးခေမာဝုဓဦးဆောင်သော ဓမ္မနန္ဒာဝိဟာရ ကျောင်းတိုက်မှ ဆရာတော်များနှင့် ဘေးဧရိယာ ဒကာ ဒကာမများမှ ဒေါ်လာ ၁၂၅၀
၂၁။ ဗုဒ္ဓေါဝါဒကျောင်း ဦးစန္ဒောဘာသာစာရ ဘိုးလင်းဂရင်း ကင်တက်ကီ အမေရိက မှ ဒေါ်လာ ၁၀၀၀
၂၂။ ဦးကောဝိဒ( ပုလော)မှ အမေရိကန်ဒေါ်လာ ၅၀
၂၃။ နယူးဒေလီစာသင်သား နောက်တိုးအလှုရှင်များမှ ရူပီး ၁၀၀၀၀ နှင့် အမေရိကန် ဒေါ်လာ ၅၀
ယခုအချိန်ထိ ဆေးကုသမှုကုန်ကျစားရိတ်သည် ရူပီး ၂၅၃၀၀၀ နှစ်သိန်းငါးသောင်းသုံးထောင်ဖြစ်သည်။ မြန်မာငွေ သိန်း ၅၀ ကျော်ကုန်ကျထားပြီးပါပြီ။ ဆရာတော်ရဲ့ကျမ္မာရေးအခြေအနေဟာ ပျံတော်မူမဲ့ဘေးမှလွတ်သွားပေမဲ့ ကျောက်ကပ်အတွက် စက်ကူပေးရခြင်း ဦးနှောက်အမှေးယောင်ခြင်း အဖျားတက်လိုက်ကျလိုက်ဖြစ်နေခြင်းတို့ကြောင့် အရေးပေါ်ကုသဆောင်မှာပဲ ကုသခံနေရပါတယ်။
ဆရာတော်အတွက် ငွေအားလူအား ကူညီကြသူများကို မြန်မာစာသင်သားများနဲ့ ဒါယကာ ဒါယိကာမများမှ ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။
Rest of your post
အညာနွေတမာမြေ
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment