မဆလ အာဏာရှင်ကို ဖြုတ်ချနိုင်ခဲ့တဲ့ ရှစ်လေးလုံးလူထုလှုပ်ရှားမှုကြီး ၂၂ နှစ်မြောက် နေ့မှာ အိန္ဒိယရောက် ဒီမိုကရေစီအင်အားစုတွေက အောက်ပါသံချပ်ကိုထိုးပြီး ဆန္ဒပြကြမှာဖြစ်ပါတယ်။ ယနေ့ ဖြစ်ပေါ်နေတဲ့ စစ်အစိုးရနဲ့ အတိုက်အခံတွေကြားက အခြေအနေတွေကို ထိုးနှက်သရော်ထားပါတယ်။ ဒီသံချပ်ကို အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများက ရေးစပ်ထားတာပါ။ မည်သူမဆို ဒီမိုကရေစီတိုက်ပွဲအတွက် အသုံးပြုနိုင်ပါတယ်။ မည်သည့်နေရာက ရရှိသည်ဆိုတာကိုတော့ ချီးမြှင့်ပေးပါ။
မိုး မိုး မိုးလား မောင်တို့ ……………………. လေ လေ လေလားမောင်တို့
ရှစ်လေးလုံးကြီးဖြစ်ခဲ့တာ………………….. နှစ်နှစ်ဆယ်ကျော် နှစ်နှစ်စွန်းပေါ့
ဟောဒီလိုမျိုးအချိန်အခါ……………………. တင်ပြချင်တာ မောင်တို့ အမြင်များ
လွန်တာရှိရင် ခွင့်လွှတ်ပါ……………………ပြောမိတာဟာ တိုင်းပြည်အတွက်
မှားတာရှိလည်း ဆုံးမပါ………………………နာခံဖို့ရာ မောင်တို့အသင့်
နိုင်ငံတော်ကြီး ချောက်ကျမှာ………………..စိုးရိမ်မိတာ မောင်တို့သဘော
ပြည်သူအများ ဆင်းရဲတာ…………………….၀မ်းနည်းမိတာ မောင်တို့မနော
တိုင်းပြည်လူထု ကောင်းဖို့ရာ…………………ရည်သန်ပါတယ် မောင်တို့စိတ်ထား
တော်လှန်ရေးကြီး အောင်ဖို့ရာ………………..တင်ပြပါတယ် မောင်တို့အမြင်များ
ရှစ်ဆယ့်ရှစ် ရှစ်ဆယ့်ရှစ်………………………ပြည်သူချစ်တဲ့ ရှစ်ဆယ့်ရှစ်
အာဏာရှင်စံနစ် တိုက်ဖျက်တာ……………..တို့ကျောင်းသားတွေ အစဉ်အလာပေါ့
မဆလကို ဖြိုဖျက်တာ………………………….ခွပ်ဒေါင်းကျောင်းသား သံမဏိအစစ်
သံဃာတော်များ ရှေ့တန်းမှာ…………………တိုင်းရင်းသားအစုံ အုံကြွပါခဲ့
ရှစ်လေးလုံးလို့ ကမ္ဘာကျော်……………………ကျောင်းသားပြည်သူ လက်တွဲညီခဲ့
နအဖကို တိုက်ဖျက်မှာ………………………….ခွပ်ဒေါင်းကျောင်းသား ရဲရဲနီဟေ့
နှစ် (၂၀) ကျော် တိုက်ပွဲဟာ……………………ရှေ့မတိုးပါ နောက်သာဆုတ်ခဲ့
ဆန်းစစ်ကြည့်တော့ ထိပ်ဆုံးမှာ………………..အချောင်သမားတွေ ခွထိုင်လုပ်စား
ဖောက်ပြန်သူတွေ တိုက်ဖို့ရာ……………………တို့ကျောင်းသားတွေ ညီညာကြဟေ့
ဖောက်ပြန်သူက များလိုက်တာ………………….နေရာတကာ သူတို့အပြည့်
ပြောနေတာတော့ တော်လှန်ရေး…………………လုပ်နေတာက ကိုယ့်အရေး
နအဖတော့ ရှုတ်ချခြင်……………………………..ကိုယ့်သောက်ကျင့်တော့ မပြင်ကြဘူး
တိုင်းပြည်ကြီးကို လက်ညှိုးထိုး……………………NGO နဲ့ ပေါင်းကာခိုး
ပြည်သူတွေကို လက်ညှိုးထိုး………………………အလီဘာဘာ ကမ်းပေါ့ဓားရိုး
NGO ကို အဖေခေါ်…………………………………အမေမလိုချင် ဖင်တောင်ကုန်းပေး
NGO များ လာပြီဆို…………………………………အမဲရိုးကို ခွေးဝိုင်းသလိုပဲ
အခွင့်အရေးများ မြင်ပြီဆို………………………….ခိုင်းကြပါနော် ကျနော်ကျမ
ပြောလိုက်တာက ခေါင်းဆောင်ဆို……………….NGO ဆို ဘုရားဘုရား
NGO ကို သူရှိခိုး…………………………………...(သူခိုး သူခိုးပါဗျ)
လူထုအရေး သူချောင်ထိုး…………………………(……..။..…..)
ကားကြီးထဲက ဦးအဝှာ…………………………… (……..။..…..)
ဝိုင်ချိုသောက်တဲ့ ဒေါ်အဝှာ……………………….(……..။..…..)
မျက်မှန်မဲနဲ့ ကိုအဝှာ………………………………..(……..။..…..)
ပါတီပေးတဲ့ မအဝှာ………………………………….(……..။..…..)
သူတို့နားက မောင်ပြာယာ………………………….(……..။..…..)
သူတို့နားက မသံပြာ…………………………………(……..။..…..)
တိုးတိုးပြောပါ မောင်တို့ရယ်NGO တွေ ကြားပါ့မယ်
......သူတို့ကိုတော့မကြောက်ပါသောက်ဖော်စားဖက်ပါ
တိုးတိုးပြောပါ မောင်တို့ရယ်မီဒီယာ တွေ ကြားပါ့မယ်
.....သူတို့ကိုတော့မကြောက်ပါသောက်ဖော်စားဖက်ပါ
တိုးတိုးပြောပါ မောင်တို့ရယ် နအဖ တွေ ကြားပါ့မယ်
.....သူတို့ကိုလည်း မကြောက်ပါသိပြီးသားမို့ပါ
တိုးတိုးပြောပါ မောင်တို့ရယ်ဘေးဝန်းကျင်တွေ ကြားပါမယ်
.....သူတို့ကို မမူပါ ပေးကျွေးဆို့ထားတာ။
မကြောက်တရားတွေ များလိုက်တာ……………သူခိုးသေဖော် ညီလို့ပါလား
ကြောက်တာပေါ့ ကြောက်တာပေါ့………………စားခွက်ပျောက်မှာတော့ ကြောက်တာပေါ့
မကြောက်တရားတွေ များလိုက်တာ…………….သူခိုးသေဖော် ညီလို့ပါလား
ကြောက်တာပေါ့ ကြောက်တာပေါ့……………….လုပ်စားမရမှာတော့ ကြောက်တာပေါ့
မကြောက်တရားတွေ များလိုက်တာ…………….သူခိုးသေဖော် ညီလို့ပါလား
ကြောက်တာပေါ့ ကြောက်တာပေါ့………………..ဒေါ်စုကြားမှာတော့ ကြောက်တာပေါ့
မကြောက်တရားတွေ များလိုက်တာ………………သူခိုးသေဖော် ညီလို့ပါလား
ကြောက်တာပေါ့ ကြောက်တာပေါ့…………………လူထုကြားမှာတော့ ကြောက်တာပေါ့
မကြောက်တရားတွေ များလိုက်တာ……………….တိုင်းပြည်အတွက် သုံးကြည့်ပါလား
ဒါမျိုးကိုတော့ ကြောက်ပါတယ်……………………..ပျော်စရာလေးတွေ ကျန်သေးတယ်
မကြောက်တရားတွေ များလိုက်တာ………………..လူထုအတွက် သုံးကြည့်ပါလား
ဒါမျိုးကိုလည်း ကြောက်ပါတယ်……………………..ဆောရီးပါပဲကွယ်။
ဒါမျိုးကြတော့ ကြောက်ကြသလား………………….ဝါးဟားဟား ဝါးဟားဟား။
လူထုတွက်တော့ ကြောက်ကြသား…………………ဝါးဟားဟား ဝါးဟားဟား။
တိုင်းပြည်တွက်တော့ ကြောက်ကြသား…………….ဝါးဟားဟား ဝါးဟားဟား။
ခိုးတာ ဝှက်တာ ရှက်ဖူးလား…………………………..ဒါလေးများ ဒါလေးများ။
လိမ်တာကောက်တာ ရှက်ဖူးလား…………………….ဒါလေးများ ဒါလေးများ။
ခေါင်းဆောင်အများ အနှိပ်ခန်းသွား…………………..ဒါလေးများ ဒါလေးများ။
ဟောက်စား ချောက်စား အာပလာများ……………….နားနားနား နားနားနား
စားဖား ကြောင်ပါး အချောင်သမား…………………….နားနားနား နားနားနား
မှတ်ထားကြဟေ့ NGO ………………………တကယ်တမ်းဆို အပြင်လူပဲ
ကူညီတာတော့ ကျေးဇူးပါ…………………….ဆရာလုပ်တာ လက်မခံကြနဲ့
ကိုယ့်အရေးမို့ ကိုယ့်ဘာသာ…………………ဖြေရှင်းရမှာ မျိုးချစ်တရားနဲ့
ပြည်သူသည်သာ အဓိက……………………..ပြည်သူသည်သာ အမိအဖ
ကြောက်တတ်ရင်တော့ ပြင်ကြပါ…………….ပြည်သူကိုသာ မျက်နှာမူကြ
ရှက်တတ်ရင်တော့ ပြင်ကြပါ………………….ဒေါ်စုလမ်းညွန် လိုက်နာတိကျ
လူထုဆုံးမ မသက်သာ…………………………အော့နှလုံးနာ ပြည်သူ့ချဉ်ဖတ်
နအဖတို့ နမူနာ…………………………………..ယူတတ်ရင်ကွယ် သင်္ခန်းစာပေါ့
ဘာပဲလုပ်လုပ် အရာမထင် ……………………ရာဇဝင်တွင်ပြီ မိစ္ဆာမျိုးဖျက်
နေဝင်း၊ စောမောင် နိဂုံးချုပ်…………………….ပုပ်ဟောင်လိုက်တာ ခုထိနံတုန်း
မသေခင်က ပုပ်နေတာ………………………….သန်းရွှေမိစ္ဆာ လူသတ်သမား
သူ့အလှည့်ကြ ကြောက်လိုက်တာ……………..ဂါယာကိုလာ ယတြာချေရ
ယတြာချေလည်း မကျေပါ……………………….ငရဲကျမှ အသေအချာပေါ့
မသေခင်က မပုပ်စေချင်………………………….သင်္ခန်းစာယူ ရဲဘော်အပေါင်း
မကောင်းမှုရှောင် ကောင်းမှုဆောင်……………..ဆင်ခြင်ကြကွယ် ရဲဘော်အပေါင်း
သူတို့နမူနာ ယူပြီးကာ ……………………………..တို့ခေါင်းဆောင်တွေ စိတ်ကောင်းမွေးကြ
သူများလုပ်တဲ့ တိုင်းပြည်အကျိုး………………….မပေါင်းချင်နေ မဖျက်ချင်ကြနဲ့
သူများလုပ်တဲ့ လူထုအကျိုး……………………….မကူချင်နေ မနှောင့်ယှက်ကြနဲ့
လူထုအကျိုး သယ်ပိုးချင်…………………………..ကိုယ်ရေးကိုယ်တာ ဘေးချိတ်ထားလိုက်
တော်လှန်ရေးသမား ဖြစ်ချင်ရင်……………………လူထုအကျိုးသာ ဦးထိပ်ထားကွဲ့
တော်လှန်ရေးသမား ဖြစ်ချင်ရင်……………………အချောင်လမ်းစဉ် ရှောင်ကြရှားကြ
တော်လှန်ရေးကြီးအောင်ချင်ရင်……………………ညီညွတ်ရေးကို အရင်လုပ်ကြ
ညီညွတ်ရေးကို လိုချင်ရင်……………………………ညစ်ပုပ်ကပ်ကျယ် မလုပ်ကြနဲ့
ညီညွတ်ရေးကို လိုချင်ရင်…………………………..အခွင့်အရေးတွေ တူမျှစေကွဲ့
ညီညွတ်ရေးကို လိုချင်ရင်…………………………..တိုင်းပြည်အပေါ် ရိုးသားကြကွဲ့
ညီညွတ်ရေးကို လိုချင်ရင်…………………………..အချင်းအချင်းပေါ် ရိုးသားကြကွဲ့
ညီညွတ်ရေးကို လိုချင်ရင်……………………………တာဝန်ကိုယ်စီ ကျေကြစေကွဲ့
မှန်ဘောင်သွင်းပြီး ဘမ်းပြစား........လုပ်စားကြတာ ဒေါ်စုမကြိုက်ဘူး
အမေစုကို ချစ်တယ်ဆို……………………………….နားထောင်လိုက်နာ သူ့ရဲ့စကား
အများတကာတို့ ဆင်းရဲချိန်………………………….ကိုယ်ချမ်းသာတာ ရှက်စရာတဲ့
တာဝန်ကိုယ်စီ ကျေကြရင်…………………………..အောင်ပွဲဆိုတာ အသေအချာတဲ့
စည်းကမ်းရှိပြီး ညီညွတ်ရင်…………………………...ဒီမိုကရေစီ ရမှာမလွဲ
အမေစုစကားတွေ ဦးထိတ်ထား………………………တာဝန်ကိုယ်စီ ကျေကြစို့လား
ရှစ်ဆယ့်ရှစ် ရှစ်ဆယ့်ရှစ် …………………….လူထုအားကိုး ရှစ်ဆယ့်ရှစ်
လူထုအကျိုးသယ်ပိုးတာ………………………ကိုဗဟိန်းတို့ အစဉ်အလာ
မြင်းခွာတချက် ပေါက်ခဲ့ရင်…………………….မီးတောက်ရမယ် ဒို့ရဲ့ဝါဒ
ဖောက်ပြန်မှုတွေ မှန်သမျှ……………………..တိုက်ဖျက်ပစ်မယ် ကင်းစင်အောင်ပ
တိုက်ရဲသေရဲ စွန့်လွတ်တာ……………………တို့ကျောင်းသားဟာ စံပြပါပဲ
တချီတမောင်း လာပြန်ပြီ………………………စည်းကမ်းရှိတဲ့ ဒီမိုကရေစီတဲ့
ဒီ အပြောမျိုးတွေ ရိုးနေပြီ……………………..သုမနကျောမှာ ဒဏ်ရာတွေနဲ့
ဟိုတခေတ်က မဆလ………………………….မြန်မာ့နည်းဟန် ဆိုရှယ်လစ်တဲ့
နှစ် နှစ်ဆယ်ကြာတော့ တို့တိုင်းပြည်………..စာရင်းဝင်ပြီ ကမ်ဘာ့ လူမွဲ
ရွေးကောက်ပွဲလို့ မောင်းထုပြီ…………………စကြဝဠာချီ လိမ်ဖို့ ကောက်ဖို့
အချောင်သမားတို့ ဝင်တန်းစီ…………………ထောက်ခံပါတယ် ဝုတ်ကဲ့ ဝုတ်ကဲ့
တချိုကတော့ လည်ကြသည်…………………..မကန့်ကွက်ပါ NGO မကြိုက်လို့
တော်လှန်ရေးလို့ တကျော်ကျော်………………အနှစ် (၂၀) ကျော် သူတို့အော်ခဲ့
အခုကျတော့ ရှော်လေပြီ………………………..ရွေးကောက်ပွဲဟာ ရီယယ်လတီတဲ့
စစ်ဖွဲ့စည်းပုံ လက်ခံတာ………………………….ကြားရသူမှာ တအံ့တသြ
ကြည့်လိုက်စမ်းပ ဖွဲ့စည်းပုံ………………………အခွင့်အရေးအကုန် စစ်တပ်ယူထား
ရွေကောက်ပွဲက ဟန်ပြပါ…………………………လွှတ်တော်ထဲမှာ စစ်ဗိုလ်တမတ်သား
အကြံပိုင်တဲ့ စစ်ဗိုလ်ငခွေး…………………………မကျေနပ်ယင်တောင် အာဏာသိမ်းမတဲ့
စစ်ဗိုလ်မပါ ပြင်မရပါ……………………………….ဖွဲ့စည်းပုံဟာ စစ်ကျွန်အစစ်
စစ်ကျွန်အောက်က ရွေးကောက်ပွဲ……………...ဒီမိုကရေစီ သင်းကွပ်မဲ့ပွဲ
စစ်ကျွန်အောက်က ရွေးကောက်ပွဲ……………….လူ့သိက္ခာကို ချိုးနှိမ်တဲ့ပွဲ
စစ်ကျွန်အောက်က ရွေးကောက်ပွဲ………………..ဗမာ့သိက္ခာ ချပြမဲ့ပွဲ
စစ်ကျွန်အောက်က ရွေးကောက်ပွဲ………………..လက်ခံနိုင်တာ အာဂအချောင်သမား
ရွေးကောက်ပွဲလဲ ဆိုသေးတယ်…………………….ဟိုလူဒီလူ မပါရဆိုပဲ
ရွေးကောက်ပွဲလဲ ဆိုသေးတယ်…………………….စစ်တပ်မကြိုက်တာ မလုပ်ရဆိုပဲ
ရွေးကောက်ပွဲလဲ ဆိုသေးတယ်…………………….အလံမထောင် လမ်းမလျှောက်ရတဲ့
ပိတ်ပင်ချုပ်ချယ် ကန့်သတ်တယ်…………………..သိန်းစိုးကော်မရှင် ခွေးသာသာပေါ့
ခွေးကော်မီရှင်က လုပ်တဲ့ပွဲ…………………………..ဘယ်မှာလဲဟေ့ ဒီမိုကရေစီ
ခွေးကော်မီရှင်က လုပ်တဲ့ပွဲ …………………………..ဘယ်မှာလဲဟေ့ လူထုဆန္ဒ
ဒေါ်စုမပါတဲ့ ရွေးကောက်ပွဲ……………အတုအယောင် လုပ်ကြံဇာတ်ပွဲ
(၈၈) တွေ မပါတဲ့ ပွဲ……………………အတုအယောင် လုပ်ကြံဇာတ်ပွဲ
တိုင်းရင်းသားတွေ မပါတဲ့ပွဲ…………..အတုအယောင် လုပ်ကြံဇာတ်ပွဲ
လူထုဆန္ဒမပါတဲ့ပွဲ………………………ကန့်ကွတ် ရှုတ်ချ သပိတ်မှောက်ကြဟေ့။
ဒေါ်စုမပါတဲ့ ရွေးကောက်ပွဲ……………ကန့်ကွတ် ရှုတ်ချ သပိတ်မှောက်ကြဟေ့။
(၈၈) တွေ မပါတဲ့ပွဲ…………………….ကန့်ကွတ် ရှုတ်ချ သပိတ်မှောက်ကြဟေ့။
တိုင်းရင်းသားတွေ မပါတဲ့ပွဲ…………..ကန့်ကွတ် ရှုတ်ချ သပိတ်မှောက်ကြဟေ့။
++++++++++++++++++++++++++++++++++++
သန်းရွှေမိစ္ဆာ လူယုတ်မာ …………….အပယ်ငရဲ ကျရမည်
မျိုးဖျက်မိစ္ဆာ စစ်အာဏာ ……………..ဝိုင်းဝန်းချေမုန်း တိုက်ကြမည်
အချောင်သမား လူလိမ်များ…………..ဖော်ထုတ် ရှုတ်ချ မောင်းထုတ်မည်
အတုအယောင် ရွေကောက်ပွဲ…………ကန့်ကွက်ကြ ကန့်ကွက်ကြ
ဒေါ်စုမပါတဲ့ ရွေးကောက်ပွဲ…………….သပိတ်မှောက်ကြ သပိတ်မှောက်ကြ
ဒီမိုကရေစီ ရရှိရေး……………………….ဒို့ အရေး ဒို့အရေး
အာဏာရှင်စနစ် တိုက်ဖျက်ရေး……….ဒို့အရေး ဒို့ အရေး
(ရဲဘော်ကျော်သန်းရေးသားပြီး အောင်ဟိန်း(မုံရွာ) တည်းဖြတ်သည်)
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment