အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဟံသာဝတီသတင်းစာဆရာကြီး ဦးဝင်းတင်ဟာ မနေ့က ချောင်းတွေဆိုးပြီး အဆုတ်အားနည်းတဲ့အတွက် ဆေးခန်းသွားပြရပါတယ်။ ချောင်းဆိုးပျောက်ဆေးသောက်သော်လည်း မသက်သာပဲ ရင်ကြပ်လာတဲ့အတွက် ဒီကနေ့ မနက်မှာ အာရှတော်ဝင်ဆေးရုံကို တင်လိုက်ရပါတယ်။
အခုအာရှတော်ဝင်ဆေးရုံက အိုင်စီယူအခန်းနံပါတ် ၃မှာ ကုသမှုခံယူနေပါတယ်။ အသက်ရူရလွယ်အောင် အောက်စီဂျင်ပိုက် တပ်ပေးထားတဲ့အတွက် ခုတော့အနည်းငယ်သက်သာလာတယ်လို့ အနီးကပ်ပြုစုသူတွေက ပြောပါတယ်။ ဆရာဝန်ကတော့ အချိန်ယူ နားလိုက်ရင် သက်သာသွားမယ်လို့ပြောပါတယ်။ အခု ဆရာကြီးကို လူမမာသတင်းလာမေးသူတွေများတာကြောင့် စကားပြောရတာ များတဲ့အတွက် မောမောနေတာကြောင့် ဧည့်သည်တွေ့ခွင့်ကို ကန့်သတ်လိုက်တယ်လို့ သိရပါတယ်ခင်များ

အညာနွေတမာမြေ
No comments:
Post a Comment