ဇန်န၀ါရီလ ၆ ရက်နေ့တုန်းက ၂၀၀၈ ဖွဲ့စည်းပုံကို ကန့်ကွက်တဲ့ စာရွက်စာတမ်းတွေနဲ့ ကြံ့ခိုင်ရေးရပ်ကွက် သံဖြူဇရပ်မြို့မှာ ဖမ်းဆီးခံလိုက်ရတဲ့ သံဃာတော် ဦးဥက္ကံသ ခေါ် ကိုဇော်လတ်ကို အင်းစိန်ထောင်တွင်းတရားရုံးက ထောင်ဒဏ် ၁၅ နှစ် ချလိုက်တယ်လို့ သိရပါတယ်။
သူ့ကို မေလ ၇ ရက်နေ့မှာ ရုံးတင်ခဲ့တာဖြစ်ပြီး တောင်ပိုင်းခရိုင် တရားသူကြီး ဦးစိုးလွင်က နိုင်ငံရေးပုဒ်မ ၅၀၅ (ခ)နဲ့ ၁နှစ်၊ ပုံနှိပ်အက်ဥပဒေ ၁၇နဲ့ ၄ နှစ်၊ အီလက်ထရောနစ် ပုဒ်မ ၃၃ (က)နဲ့ ၁၀ နှစ် ထောင်ဒဏ် ချမှတ်လိုက်တာဖြစ်ပါတယ်။
လောလောဆယ်မှာတော့ အင်းစိန်ထောင်မှာပဲ ထားရှိပြီး နယ်ထောင်တွေကို ပြောင်းမပြောင်းကိုတော့ မသိရသေးပါ။
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment