ဒီကနေ့ ကျရောက်တဲ့ အာဇာနည်ကျောင်းသူလေး မ၀င်းမော်ဦး ကျဆုံးခြင်း ၂၂ နှစ်ပြည့်အခမ်းအနားကို လှိုင်သာယာမြို့နယ်မှာရှိတဲ့ မ၀င်းမော်ဦးရဲ့ မိဘတွေအိမ်မှာ ကျင်းပခဲ့ပါတယ်။ သံဃာ ၅ ပါးဆွမ်းကပ်ပြီး ကြွရောက်လာတဲ့ ဧည့်ပရိတ်သတ် ၁၀၀ ကျော်ကို မုန်းဟင်းခါးဖြင့် ဧည့်ခံခဲ့ပါတယ်။
အောက်ပုံမှာ အလုံ အန်အယ်လ်ဒီလူငယ် ကိုလူမော်လတ် အပါအ၀င် အန်အယ်လ်ဒီပါတီဝင်တွေ တက်ရောက်အားပေးနေပုံဖြစ်ပါတယ်။
အောက်ပုံမှာ အလုံ အန်အယ်လ်ဒီလူငယ် ကိုလူမော်လတ် အပါအ၀င် အန်အယ်လ်ဒီပါတီဝင်တွေ တက်ရောက်အားပေးနေပုံဖြစ်ပါတယ်။
ဒီပုံကတော မ၀င်းမော်ဦးရဲ့ အဖွား
ဒေါ်နီကို အမှတ်တရ အကူငွေပေးအပ်နေတာပါ။ ဒေါ်နီဟာ ၈၈ နှစ်ရှိပြီဖြစ်ပြီး ၂၀၀၇ စက်တင်ဘာ သံဃအရေးအခင်းမှာ သံဃာတွေနဲ့အတူ လမ်းလျှောက်ချီတက်ခဲ့ပါတယ်။ ရွှေတိဂုံ အရှေ့ဘက်မုခ်မှာ သံဃာတွေကို ၀င်ရိုက်တော့ သံဃာတပါးကနေ အဖွားဒေါ်နီကို ချီပွေ့ပြီးပြေးခဲ့ရပါတယ်။
တက်ရောက်လာသူအားလုံး
မ၀င်းမော်ဦးကို အောင့်မေ့တသ သတိတရရှိကြပြီး အမှတ်တရ စကားတွေပြောဖြစ်ကြပါတယ်။
နေအိမ်အပြင်မှာတော့ ရယကနဲ့
နယ်မြေခံရဲတွေ စောင့်ကြပ်ကြည့်ရှုခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် အောင်မြင်အောင်တော့ ကျင်းပနိုင်ခဲ့တယ်။
အညာနွေမှ ပုံများသတင်းများကို ခွင့်တောင်းစရာမလိုပဲ အခမဲ့ ကူးယူနိုင်ပါတယ်။ ရရှိတဲ့ နေရာလေးကို ဖေါ်ပြပေးခြင်းဖြင့် အားပေးကူညီပါ။
အညာနွေတမာမြေ
No comments:
Post a Comment